← Chapters

နင်းချေပစ်ခြင်း.....

Vol. 15 Ch. 201

နင်းချေပစ်ခြင်း.....

Vol. 15 Ch. 201

ရှီးယန်ဌာနချုပ်တွင်.........

အဆင့်ခုနှစ် အဆင့်မြင့် လျှို့ဝှက်ရေအရင်းမြစ်နှင့် ထိတွေ့ခွင့်ရနေသောကြောင့် ရုံးချုပ်တွင် အလုပ်လုပ်ရသည်ကို ရှီလင်းဌာနခွဲမှသူများ ပျော်ရွှင်နေကြသည်။

သူတို့၏လက်အောက်ငယ်သားများ ယခုလောက်ထိ တက်ကြွနေသည်ကို တခါမှမမြင်ဖူးသောကြောင့်တန်ယွမ်နှင့်လုရှောင်ဖန်းတို့ သက်ပြင်းချမိလိုက်ကြသည်။

မျှော်လင့်ချက်ရှိသည့်နေရာတိုင်းတွင် သက်ဝင်လှုပ်ရှားမှုများရှိနေသည်မှာ သဘာဝပင်........

ဖြစ်နိုင်မည်ဆိုလျှင် ရုံးချုပ်တွင်သာဆက်လက် နေထိုင်ချင်ကြသော်လည်း ဖေဟောင့်ဘက်တော်သားများအဖြစ် တံတိပ်ကပ်ခံထားရသောကြောင့် ထင်သလောက်ရိုးရှင်းမည်မဟုတ်ပေ။

ရုံးချုပ်ဘက်က သဘောတူထားသည့်အတိုင်း လျှို့ဝှက်ရေအရင်းအမြစ်များထောက်ပံ့ပေးထားသော်လည်း  အနီးကပ်စောင့်ကြည့်ခံနေရသည်ဟု ခံစားနေမိသည်။

ထိုသို့စောင့်ကြည့်ခံရသည့်အတွက် လီလော့ကိုလည်း အပြစ်ပြော၍မရပေ။ ဖေဟောင့်ဘက်တော်သားများဖြစ်သည့်သူတို့ကို လိိုလိုလားလား လက်ခံထားသည်မှာပင် လွန်လှချေပြီ။

သို့သော်လည်း ဖေဟောင် ဘာတွေကြံစည်နေသလဲ ဘယ်သူမှ မသိနိုင်ခဲ့ပေ။ သူတို့သည်လည်း ရုံးချုပ်သို့သွား ဟူ၍ အမိန့်ပေးလာလို့သာ လာခဲ့ကြခြင်းဖြစ်သည်။

သူတို့အဖြစ်သည် ပဲလှော်ကြားဆားညှပ်ဆိုသလို ဖြစ်နေလေပြီ။

တန်ယွမ်သည် အတွေးများကို ဘေးဖယ်ထားလိုက်ပြီး.....

"ဒီနေ့ ပထမဆုံးစစ်ဆေးမှုစတင်လိမ့်မယ်....မင်းဘာတွေကြားထားသေးလဲ...."

လုရှောင်ဖန်းက တချက်စဉ်းစားလိုက်ပြီး.....

" သခင်လေး သန့်စင်တဲ့ အဆင့်တစ်ဝိဉာဉ်ရည်ရဲ့သန့်စင်မှုနှုန်းက 64% လို့ကြားထားတယ်.....ဒါကလည်း လျှို့ဝှက်ရေအရင်းအမြစ်ကြောင့် ဖြစ်လိမ့်မယ်ထင်တယ်..... လျို့ဝှက်ရေအရင်းမြစ်သာမသုံးရင် အလွန်ဆုံး 62% လောက်ပဲသန့်စင်နိူင်လိမ့်မယ်.....

တန်ယွမ် ခေါင်းညိတ်လိုက်သည်။

"ဒီစစ်ဆေးမှုမှာ ကျုပ်တို့လည်း ဝင်ပြိုင်နိုင်တယ်ဆိုပေမယ့် အရမ်း ရုပ်ပေါက်နေလိမ့်မယ်......"

"ဟုတ်တယ်....ဒါဆို ကျုပ်တို့တွေ ဘယ်သူ့ကိုဝင်ပြိုင်ခိုင်းမှာလဲ....."

"လျူဖူကိုပဲ လွှတ်လိုက်ကြရအောင်....သူက အဆင့်သုံးပညာရှင်ဆိုတော့ သခင်လေးထက် တစ်ဆင့်သာတယ်......သူရဲ့ အဆင့်တစ်ဝိဉာဉ်ရည်သန့်စင်မှုနှုန်းက 60% ဆိုတော့ သခင်လေးနဲ့ သိပ်မကွာလောက်ဘူး...."

လုရှောင်ဖန်း ခေါင်းညိတ်လိုက်သည်။

"ရုံးချုပ်ကလူတွေ ကျုပ်တို့ကို ပိုမုန်းတော့မှာမြင်ယောင်နေပြီ....."

အတွေးကိုယ်စီ စီးမြောနေချိန်တွင် လီလော့နှင့်ကျန်းချင်းအာတို့ ရောက်လာခဲ့လေပြီ.....

"နေရတာအဆင်ပြေရဲ့လား.... လူကြီးမင်းတို့.."

လီလော့က နွေးထွေးစွာ မေးလိုက်သည်ကို တန်ယွမ်တို့က အဆင်ပြေကြောင်းခေါင်းညိတ်ပြလိုက်ကြသည်။

" ကဲ...ဒါဆိုလည်း စစ်ဆေးမှုအတွက် ယူလာတဲ့ ပါဝင်ပစ္စည်းတွေ တစ်ချက်စစ်ကြည့်ပေးပါဉီး....."

တန်ယွမ်နှင့် လုရှောင်ဖန်းတို့က လီလော့ကို ယုံကြည်ကြောင်းပြသည့်အနေဖြင့် မစစ်ဆေးလိုတော့ကြောင်း ခေါင်းခါလိုက်ကြသည်။

"ခင်ဗျားတို့ဘက်က ဘယ်သူ ဝင်ပြိုင်မှာလဲ...."

တန်ယွမ်က အရှက်ပြေချောင်းဟန့်လိုက်ပြီး....

"ကျုပ်တို့ဘက်က အဆင့်သုံးပညာရှင် လျူဖူကို လွှတ်လိုက်တယ်...."

ဟင်......

ရုံးချုပ်ဘက်က ပညာရှင်များ ဒေါသထွက်ကုန်ကြလေပြီ......

"တကယ် အရှက်မဲ့ပြီး အရေထူတဲ့သူတွေပဲ....."

အကြီးအကဲကျန်းကလည်း အော်ဟစ်လိုက်သည်။

"သခင်လေးက အခုမှ အဆင့်နှစ်ပဲရှိသေးတာကို အဆင့်သုံးပညာရှင်နဲ့ပြိုင်ခိုင်းမယ်ပေါ့.....မင်းတို့ကိုယ်တိုင် ဘာလို့ဝင်မပြိုင်တာလဲ....."

ရုံးချုပ်ဘက်မှပညာရှင်များ၏ ခနဲ့တဲ့တဲ့ အော်သံကြောင့် တန်ယွမ်တို့ခင်မျာ မချိပြုံးသာပြုံးနေရရှာသည်။

" ရပါတယ်....အဆင့်သုံးနဲ့ အဆင့်သုံးအောက် ဘယ်ပညာရှင်မဆိုစေလွှတ်နိုင်တယ်လို့ ပြောထားပြီးပြီပဲ.....အဆင်ပြေပါတယ်....."

လီလော့၏ သဘောထားကြီးမှုကြောင့် ရုံးချုပ်ဘက်ကပညာရှင်များ တန်ယွမ်တို့ကို ဒေါသပိုထွက်လာကြသည်။

တခဏအကြာတွင် လီလော့တို့သည် ပြိုင်ပွဲယှဉ်ပြိုင်ရမည့်နေရာသို့ ပါဝင်ပစ္စည်းများနှင့်အတူ ရောက်ရှိသွားကြပြီဖြစ်သည်။

တရားမျှတမှုရှိစေရန် သန့်စင်ရမည့် ဝိဉာဉ်ရည်အမျိုးအစားကိုပင် မဲနှိုက်ရွေးချယ်ခဲ့ကြသည်။

ဝိဉာဉ်ရည်သန့်စင်ခြင်းစတင်လေပြီ......

လီလော့သည် အဆင့်နှစ်ပညာရှင်ဖြစ်သောကြောင့် အဆင့်သုံးပညာရှင်ဖြစ်သော လျူဖူသည် ယခုပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေရန်မလိုပေ။

သို့တိုင် စိတ်အခြေနေအရ လီလော့သည် အနည်းငယ်ငြိမ်သက်နေပုံရပြီး လျူဖူသည် အမှားလုပ်မိမှာကြောက်၍ ဂနာမငြိမ်ဖြစ်နေလေ၏။

ပြိုင်ပွဲသည် ဆယ့်ငါးမိနစ်ခန့်သာကြာမြင့်ခဲ့သည်။

ရလဒ်ကို စစ်ဆေးလိုက်သည့်အခါ သန့်စင်မှု 61% ရှိသောကြောင့် လျူဖူ ဂုဏ်ဆာနေလေ၏။

ပညာရှင်များကလည်း.ထိုရလဒ်ကို ကျေနပ်နေကြသည်။

လျှို့ဝှက်ရေအရင်းမြစ်မသုံးဘဲ လီလော့မည်သို့ သန့်စင်မည်မှန်း မသိသေးသောကြောင့် အကြီးအကဲကျန်း မျက်မှောင်ကြုံနေလေ၏။

သူတို့စိုးရိမ်နေချိန်တွင် လီလော့သည် သန့်စင်မှုပြီးဆုံးသည်နှင့်.....

"ကဲ...သန့်စင်မှုပြီးဆုံးပြီ....လုပ်စရာလေးတွေရှိလို့ အရင်ပြန်နှင့်တော့မယ်....."

ထိုသို့​ပြောပြီးသည်နှင့် ကျန်းချင်းအာနှင့်အတူ လှည့်ပြန်သွားလေတော့သည်။

လီလော့ ရုတ်တရက် ထွက်ခွာသွားခြင်းကြောင့် အကြီးအကဲကျန်းတို့လည်း တုန်လှုပ်နေကြလေ၏။

သခင်လေး ထိုမျှလောက်ထိ ယုံကြည်မှုရှိနေသည်လော.....

တန်ယွမ်တို့ဘက်ကလည်း ရလဒ်ကိုသိချင်နေပြီဖြစ်သောကြောင့် လှုပ်လှုပ်ယွယွဖြး်နေကြသည်။

"အကြီးအကဲကျန်း..သခင်လေးရဲ့ ရလဒ်ဘယ်လောက်လဲ....."

အကြီးအကဲကျန်းလည်း သိလိုစိတ်ပြင်းပြစွာဖြင့် သန့်စင်မှုတိုင်းတာသည့်အပ်ကို လီလော့ သန့်စင်ထားသည့် ဝိဉာဉ်ထဲ နှစ်လိုက်သည့်အခါ.....

68%........

အကြီးအကဲကျန်းသည် မျက်လုံးများကို ပွတ်သပ်ကာ သေချာ ပြူးပြဲဲကြည့်နေရသည်။

အဆင့်တစ်ဝိဉာဉ်ရည်ကို 68% ထိသန့်စင်​အေယင် သန့်စင်နိုင်သူမျိုး အခုထက်ထိမတွေ့ဖူးသေးပေ။

သူသည် တန်ယွမ်နှင့် အခြားသူများထံ သန့်စင်မှုတိုင်းတာသည့်​​အပ်တစ်ချောင်းကို ကမ်းပေးလိုက်သည်။

အချိန်အကြာကြီး စိုက်ကြည့်ပြီးမှ ဝိဉာဉ်အရည်ထဲကို ပြန်ထည့်လိုက်ကြတယ်။ နောက်တဖန်။ နောက်တဖန်။ နောက်ဆုံးတော့ လက်လျှော့လိုက်ရလေပြီ......

လီလော့ ထွက်သွားသည့်ဘက်ကို ကြည့်လိုက်ကြသည်။

ယခုတော့ လီလော့ဘာကြောင့် ဒီလောက်မြန်မြန် ထွက်သွားသည်ကို သူတို့ သဘောပေါက်သွားကြသည်။

သခင်ငယ်လေး ထိုလောက်ထိ​ကြောက်စရာကောင်းသည်မှန်း မသိခဲ့ရိုးအမှန်ပါ......

All Chapters