ရွှေနဂါးလျှို့ဝှက်သော့.....
Vol. 15 Ch. 202
"သခင်လေး၊ ရလဒ်ကိုတောင်မကြည့်ဘဲ ထွက်သွားတာ သိပ်မိုက်တာပဲ...ဒါပေမယ့် တခုခုလွဲချော်သွားမှာမစိုးရိမ်ဘူးလား....."
ချိုင်ဝေက လီလော့ကို နောက်ပြောင်နေသည်။
"တန်ယွမ် ဒါမှမဟုတ် လုရှောင်ဖန်းသယဝင်ပြိုင်မယ် စိုးရိမ်ကောင်း စိုးရိမ်မိလိမ့်မယ်.....ဒါပေမယ့် အဆင့်သုံးပညာရှင် လျူဖူလောက်ကို ခေါင်းထဲထည့်နေစရာတောင်မလိုဘူး " ဟု လီလော့ က ပြန်ဖြေခဲ့သည်။
သူသည်အဆင့်သုံးပညာရှင်ဖြစ်ရန် ခြေတစ်လှမ်းသာလိုတော့ပြီး ရေအလင်းပဲ့တင်ထပ်သံလည်း ရှိနေသေးသည်မဟုတ်လော....ထိုရေအလင်းပဲ့တင်ထပ်သံမှရရှိသည် လျှို့ဝှက်ရေအရင်းမြစ်ကို ရှီးယန်ရုံးချုပ်အတွက် ထောက်ပံ့ပေးနေခြင်းဖြစ်သောကြောင့် မည်သည့်အကြောင်းနှင့်မျှ ရှုံးစရာမရှိပေ။
အကယ်၍များရှုံးခဲ့ပါလျှင် ပဲ့တင်ထပ်သံပြုပြင်ခြင်းပညာရပ်များကို ဘယ်သေယအခါမျှ ဆည်းပူးလေ့လော့တော့မည်မဟုတ်။
ယန်လင်းချီက လီလော့ကို အဓိပ်ပါယျပါပါစိုကျကွညျ့လိုကျပွီး .....
"ပထမအကျော့မှာကတည်းက သူတို့ကို အပြတ်နင်းချေတော့မယ်ပေါ့....."
လီလော့ ပြုံးလိုက်သည်။
"ကျွန်တော် သူတို့ကို အနိူင်ယူလိုက်တယ်ဆိုတာကလည်း ရှီးယန်ရုံးချုပ်ရဲ့ အနာဂတ်နဲ့ အလားအလာတွေကို ပြသလိုက်တာနဲ့အတူတူပါပဲ.....ဒီလိုအလားအလာရှိတဲ့အနာဂတ်မျိုးကို ဖေဟောင့်ဘက်က စွမ်းဆောင်ပေးနိုင်မှာမဟုတ်မှန်းသိသွားကြာလိမ့်မယ်....ဒုတိယအကျော့ကျရင် ပိိုလိုတောင် စိတ်လှုပ်ရှားနေကြဉီးမှာ မြင်ယောင်နေပြီ....ကြောကျူားကြောကျစိုငျတှတေောငျ တိုက်ပါများရင် နဲ့လာသေးတာပဲ....သူတို့လည်းဉီးနှောက်ရှိတယ်ဆို ဘယ်သူ့ကိုရွေးရမလဲ နားလည်ကြမှာပါ....."
ကျန်းချင်းအာက....
"ပြောတော့သာလွယ်တာ...လက်တွေ့လုပ်ဖို့ခက်ခဲတယ်နော်....."
"အစ်မကြီချင်းအာ....ဒူဇီအိမ်တော်က ဖိအားပေးနေတဲ့အတွက် ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူး... ဒါက ပညာရှင်တွေရဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်နေတယ်....ရှီးလင်းကပညာရှင်တွေကိုသာ သိမ်သွင်းနိူင်ရင် စိမ့်အိုင်စံအိမ်ကို သိပ်မကြာခင်ပခုံးချင်းယှဉ်နိုင်လာမှာသေချာတယ်.... "
"ဒါပေမယ့် စစ်ဆေးမှုရလဒ်သတင်းက မကြာခင် ဖေဟောင်ဆီ ရောက်သွားမှာပဲ...အဲ့တော့ နင့်အကြံအစည်တွေကိုလည်း သိနေလောက်ပြီ......"
ကျန်းချင်းအာက ဖြစ်နိုင်ချေများကို တွက်ချက်ပြီး ထောက်ပြပေးနေသည်ကို လီလော့ ခေါင်းညိတ်လိုက်သည်။
သူသည်လည်း ထိုအချက်ကို စဉ်းစားခဲ့ဖူးပါသည်။သူ့ဘက်က ပညာရှင်များကို ပွင့်ပွင့်လင်းလင်း ဆွဲဆောင်ထားသည့်အတွက် ဖေဟောင်ဘက်က ညစ်ပတ်လှသည့်အကြံအစည်များ ကြံစည်ဉီးမည်သာ.....
ထို့ကြောင့် လာမည့်ရက်အနည်းငယ်အတွင်း အထူးသတိထားရပေလိမ့်မည်။
"မနက်ဖြန် လုချင်းအာရဲ့ မွေးနေ့ဆိုတော့ ယုဟုန်ရှီက အိမ်တော်သခင်လေးတွေကို ဖိတ်ထားတဲ့အပြင် လက်ဆောင်တွေလည်း ပေးဉီးမယ်တဲ့......"
"ဘာလက်ဆောင်လဲ..."
လီလော့သည် ထိုစကားကြောင့် စိတ်ဝင်တစား မေးလိုက်သည်။
"ရွှေနဂါးလျှို့ဝှက်သော့"
"ရွှေနဂါးလျှို့ဝှက်သော့?"
တခါမှ မကြားဖူးသေးပေ.....
"ရွှေနဂါးဘဏ်တိုက်က ရွှေနဂါးတာအိုနယ်မြေလို့ ခေါ်တဲ့ လျှို့ဝှက်ကျင့်ကြံရေးနယ်မြေတစ်ခု ဖန်တီးထားတယ်လို့ ပြောကြတယ်....အဲ့နယ်မြေမှာ ကောင်းကင်နဲ့မြေပြင်ရဲ့စွမ်းအားတွေ ကြွယ်ဝတာကြောင့် ရွှေနဂါးဘဏ်တိုက်က မိသားစုဝင်တွေရဲ့သားမီသမီးတွေကိုပဲ ကျင့်ကြံဖို့ခွင့်ပြုထားတယ်....."
လီလော့ အတော်အံ့သြမိနေလေပြီ..... ရှပြည်ထောင်စုရှိ ရွှေနဂါးဘဏ်တိုက်သည် ရုံးခွဲတစ်ခုအဆင့်သာရှိသော်လည်း ကြီးကျယ်ခမ်းနားလှသောအရာများကို ပိုင်ဆိုင်ထားနိုင်သည်ဆိုခြင်းကြောင့် ပင်မရုံးချုပ်ဆိုပါက မည်မျှလောက်အထိ ခမ်းနားနေမည်နည်း.....
ယုဟုန်ရှီ အုပ်ချုပ်နေရသော ရွှေနဂါးဘဏ်တိုက်သည် ရှပြည်ထောင်စုတွင် အကြီးမားဆုံး အင်အားစုများထဲက တစ်ခု ဖြစ်နေသည်မဟုတ်လော......
ရွှေနဂါးတာအိုနယ်မြေကို တစ်နှစ်မှာ တလလောက်ပဲ ဖွင့်ပေးကြတာ... ရွှေနဂါးလျှို့ဝှက်သော့ရှိမှသာ အဲ့ထဲမှာ ကျင့်ကြံလို့ရမှာ.....ရွှေနဂါးလျှို့ဝှက်သော့ကို ပုံမှန်ဆို အာဏာရှိသူတွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုပဲ လက်ဆောင်ပေးလေ့ရှိတယ်... ဒါပေမယ့် တခါတလေကျရင်လည်း အပြင်လူတွေကိုပါပေးတတ်တယ်....လုချင်းအာရဲ့မွေးနေ့မှာ ယုဟုန်ရှီက Hongxi က လျှို့ဝှက်သော့တွေလက်ဆောင်ပေးမယ်လို့ ကြေငြာထားတာကြောင့် ရှမြို့တော်က ထိပ်တန်းအင်အားစုတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ....."
" အစ်မကြီးချင်းအာ...နင်လည်း စိတ်ဝင်စားတယ်မလား"
လီလော့က ကျန်းချင်းအာကို လှမ်းမေးလိုက်သည်။
" စိတ်ဝင်စားတာပေါ့.....ဒါပေမယ့် ရွှေနဂါးတအိုနယ်မြေက အင်မတန်ကျယ်ပြောတဲ့အပြင် အဆင့်တွေပါခွဲထားသေးတယ်....ဒီတစ်ခါ ပေးမယ့် သော့တွေက ဆရာသခင်အဆင့်တွေအတွက်ပဲဆိုတော့ ယုဟုန်ရှီက လုချင်းအာအတွက် သတို့သားလောင်းပါရွေးပေးချင်လို့ တစ်ချက်ခုတ် နှဈခကွပြှတစြီစဉလြြိုကတြာနဲ့တူတယြ...."
"ဆရာသခင်အဆင့်တွေ...????"
ကျန်းချင်းအာ၏ ခန့်မှန်းချက်များ မှန်ကောင်းမှန်နိုင်သည်။
"အော်....ငွေကြေးရဲ့စွမ်းအားတွေပါလား...."
လီလော့ သက်ပြင်းချလိုက်မိသည်။ထိုသော့များသည် ထိပ်တန်းအင်အားစုများကိုပါ ကောင်းကောင်းကြီးဆွဲဆောင်နိုင်နေသည်မဟုတ်ပေလော။
မြင့်မြတ်သော ကျင့်ကြံရေးနယ်မြေတစ်ခုတည်ဆောက်ခြင်းမျိုးကို ဘုရင်အဆင့်ကျွမ်းကျင်သူများကသာ ဖန်တီးနိုင်လိမ့်မည်။
"နင်လည်း ရွှေနဂါးလျှို့ဝှက်သော့ ရရင်ကောင်းမယ်....အဲ့နယ်မြေထဲမှာ ကျင့်ကြတာနင့်အတွက် အကျိုးရှိတယ်...."
လီလော့သည် ယခုအချိန်တွင် အချိန်လုနေရသူတစ်ဉီးဖြစ်နေသောကြောင့် ကျန်းချင်းအာထိုသို့ပြောလိုက်ခြင်းဖြစ်သည်။
" ငါလည်း ရမယ်ဆို လိုချင်တာပေါ့....ဒါပေမယ့် ရမှာမဟုတ်မှန်းကြိုသိနေတယ်....."
"ဘာလို့မရရမှာလဲ...လုချင်းအာဆီက တိုက်ရိုက်တောင်းလိုက်ပေါ့...သူက နင်မတောင်းလည်း ပေးမယ့်သူပါ...."
ယန်ချင်းအာ ကျီစယ်သည်ကို ကျန်းချင်းအာက ငြင်းဆန်သည့်အနေဖြင့် ခေါင်းခါပြလိုက်ပြီး.....
"ဒါတွေအကုန် ယုဟုန်ရှီ စီစဉ်တာဆိုတော့ လုချင်းအာလည်း ကူညီနိူင်လောက်မယ်မထင်ဘူး....."
လီလော့ ခါးသီးစွာ ရယ်လိုက်မိသည် ။ သူသည် လော့လန်အိမ်တော်သခင်လေး ဖြစ်နေသော်လည်း အချို့သောအရာများကို မစွမ်းဆောင်နိုင်သေးပေ။
"ယုဟုန်ရှီက ထူးချွန်တံလူငယ်တွေ အများကြီး ဖိတ်ထားတာကြောင့် လျှို့ဝှက်သော့တွေရဖို့ စစ်သပ်စစ်ဆေးမှုတွေ လုပ်ခိုင်းဉီးမယ်ထင်တယ်....."
လီလော့ ခေါင်းညိတ်လိုက်သည်။ ရွှေနဂါးလျှို့ဝှက်သော့များထဲမှ တစ်ခုကို တကယ်ရနိုင်လျှင် ကောင်းပေလိမ့်မည်။ ယခုချိန်တွင် ငါးနှစ်အတွင်း မြို့စားအဆင့်ဖြစ်ရန် အပူတပြင်း လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ကောင်းမွန်သည့် အခွင့်ရေးတိုင်းကို လက်လွှတ်ခံလို့မရပေ။
မည်သို့ပင်ဆိုစေ လျှို့ဝှက်သော့ ရလိမ့်မည်ဟု ကြိုတင်ခံစားနေမိသည်။
..................................
ရှမြို့တော်၏ ဆိတ်ငြိမ်သည့်နေရာတစ်ခုတွင်......
ဖေဟောင်သည် ဖန်းချန်းချီ ပြေညပြနေသည့် ရှီးယန်ရုံးချုပ်တွင် ဖြစ်ပျက်ခဲ့သမျှအားလုံးကို မျက်မှောင်ကြုံ့ပြီး နားထောင်နေသည်။
"လီလော့က သူတတ်ကျွမ်းထားတဲ့ အရည်အချင်းတွေ ထုတ်ပြပြီး ရုံးချုပ်ကလူတွေကို ကောင်းကောင်းကြီးဆွဲဆောင်ထားတယ်....."
ဖေဟောင်သည် ဖန်ချန်းချီအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီး.....
"အားလုံး စီစဉ်ထားတဲ့အတိုင်းပဲ မဟုတ်လား"
"သခင်လေး ဖေဟောင်.....တန်ယွမ်တို့က အပြည့်အဝ သစ္စာခံထားတဲ့သူတွေမဟုတ်တော့..လီလော့ဘက်ကိုသာ ဘက်ပြောင်းသွားရင် ဘယ်လိုလုပ်ကြမလဲ.... ဘာကြီးပဲ ဖြစ်ဖြစ် လီလော့က အမွေဆက်ခံခွင့်ရထားတဲ့သခင်လေးပဲလေ...."
"ကျုပ်သိတယ်....."
ဖေဟောင် ခေါင်းညိတ်လိုက်သည်။
ဖန်ချန်းချီသည် ဖေဟောင် ငြိမ်နေသည့်အတွက် အံ့သြနေမိသည်။
"သခင်လေးဖေဟောင်မှာ တခြားအစီအစဉ်ရှိနေလို့လား....."
ဖေဟောင်က ဘာမှပြန်မဖြေဘဲလက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး.....
"ဘာမှ အလျင်စလို နေစရာမလိုဘူး.....လီလော့ကို ခဏလောက် ပျော်ခွင့်ပေးလိုက်ပါ....."