← Chapters

မွေးနေ့ပွဲ......

Vol. 15 Ch. 203

မွေးနေ့ပွဲ......

Vol. 15 Ch. 203

လုချင်းအာ၏ မွေးနေ့ပွဲကို ရွှေနဂါးဘဏ်တိုက်နှင့်ဆက်သွယ်ထားသော ဗီလာတစ်ခု၏ ဉပစာရှေ့တွင် ခမ်းခမ်းနားနား ပြင်ဆင်ပေးထားခြင်းဖြစ်သည်။

ယခုချိန်တွင် ရှမြို့တော်ရှိ အထက်တန်းလွှာလူတန်းစားများ၏ ခန့်ညားထည်ဝါလှသော ရထားလုံးများသည် ရွှေနဂါးဘဏ်တိုက်ရှိရာဆီသို့သာ ဉီးတည်မောင်းနှင်နေကြသည်။

ရွှေနဂါးဘဏ်တိုက်သည် လွတ်လပ်သောအဖွဲ့အစည်းတစ်ခုဖြစ်သောကြောင့် လူကုန်ထံအထက်တန်းအသိုင်းအဝိုင်းများက မွေးနေပွဲကို အကြောင်းပြု၍ မိတ်ဆွေဖွဲ့ဖို့ စုဝေးနေကြသည်။

ဖိတ်ကြားခံရသူများထဲတွင် လေးစားခံထိုက်သော တော်ဝင်မိသားစုများကလည်း မပါမဖြစ်ပင်......

လီလော့နှင့်ကျန်းချင်းအာတို့ရောက်လာချိန်တွင် အားလုံး၏ အကြည့်များသည် ကျန်းချင်းအာထံသို့သာ စုပြုံကျရောက်လာခဲ့သည်။

သို့သော်လည်း မိန်းမလှလေးများ၏ အကြည့်သည် ကျောင်းဝတ်စုံမဟုတ်ဘဲ တမျိုးတဖုံတောက်ပနေသော ဝတ်စုံ ဝတ်ဆင်ထားသော လီလော့ထံတွင်သာ ကပ်ငြိနေလေ၏။

လီလော့သည် မိဘနှစ်ပါး၏ ရုပ်ရည်အမွေကို ဆက်ခံထားသည့်အပြင် ကိုယ်ပိုင်ထူးချွန်မှု၊ တောက်ပသောဂုဏ်သတင်းများကြောင့် လူအများ၏ အာရုံစိုက်စရာ ပစ်မှတ်တစ်ခုဖြစ်နေလေ၏။

ထိုအချိန်တွင် ယနေ့ပွဲအတွက် အဓိကဇာတ်လိုက်နှစ်ဉီးဖြစ်သော ယုဟုန်ရှီတို့သားအမိရောက်လာသောကြောင့် အားလုံး ဝင်ပေါက်ရှိရာဆီကိုသာ အာရုံပြောင်းသွားကြပြန်သည်။

လုချင်းအာသည် အရောင်ဖျော့သော ဝတ်စုံကိုဆင်မြန်းထားပြီး ခြေတံရှည်များတွင် ဇာအနားကွပ်ထားသောအဖြူရောင်ခြေအိတ်ရှည်များကို ဝတ်ဆင်ထားသည်။

သူမ၏ အစိမ်းရောင်ပိုးသား ခါးစည်းရှည်သည် လေအဝှေ့တွင် မိုးမခကိုင်းများသဖွယ်လွန့်လူးနေလေ၏။

လုချင်းအာတို့ သားအမိသည် ပွဲရှင်ပီပီ ဧည့်သည်တော်များကို ပြုံးရွှင်စွာ နှုတ်ဆက်စကားဆိုနေကြသည်။

ယုဟုန်ရှီသည် အနီရောင်ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သမီးဖြစ်သူနှင့်အပြိုင် လှပနေလေ၏။

သူတို့သားအမိကို ကြည့်ရသည်မှာ ညီအစ်မဟုပင်ထင်ရလောက်သည်။

လီလော့နှင့်ကျန်းချင်းအာတို့ကလည်း ယုဟုန်ရှီကိုတွေ့သည်နှင့် လူယဉ်ကျေးတို့ထုံးစံအတိုင်း နှုတ်ဆက်လိုက်ကြသည်။

" ကျွန်တော်က လော့လန်အိမ်တော် သခင်လေး လီလော့ပါ....အခုလို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်...... "

ယုဟုန်ရှီက ပြုံးနေသော်လည်း အကြည့်များကတော့ လီလော့ထံတွင်သာ စက္ကန့်အတော်ကြာသည်အထိ ကပ်ငြိနေလေ၏။

// ဒီကောင်လေးက လီတိုင်ရွှမ်နဲ့တူလိုက်တာ........ပြီးတော့ တန်တိုင်လန်နဲ့ရောပဲ.....//

" တက်ရောက်ချီးမြှင့်ပေးတဲ့အတွက် အန်တီတို့ကသာ ကျေးဇူးတင်ရမှာပါ....လာပါ...အထဲဝင်ကြလေ....."

ယုဟုန်ရှီ၏ လေသံသည် မနူးညံ့သလို မာကျောနေခြင်းမျိုးလည်း မဟုတ်ပေ။

" လာလေ...ငါလိုက်ပို့ပေးမယ်...."

သမီးဖြစ်သူ၏ ဖြတ်ဖြတ်လူးနေမှုကြောင့် ယုဟုန်ရှီ မျက်နှာပျက်သွားပြီး......

" သမီး...နင်က ဒီပွဲရဲ့လအဓိကအိမ်ရှင်နော်....အခုထိ နှုတ်ဆက်ရမယ့် ဧည့်သည်တွေအများကြီးကျန်နေသေးတာကို ဒီအတိုင်းထားပြီး ထွက်သွားမလို့လား....ဒါ ယဉ်ကျေးတဲ့အပြုအမူမဟုတ်ဘူးနော်....."

"သမီးဘယ်သူ့ကိုမှ မသိဘူးလေ....."

လုချင်းအာကလည်း အထွန့်တက်နေပြန်သည်။

လီလော့က တချက်ပြုံးလိုက်ပြီး.....

" ဧည့်သည်တွေကို ဧည့်ခံလိုက်ပါဉီး...ပြီးတော့မှ လိုက်လာခဲ့လေ......"

ထိုသို့ပြောပြီးသည်နှင့် ကျန်းချင်းအာနှင့်အတူ ခန်းမထဲသို့ ဝင်သွားခဲ့လေ၏။

ဆူပုတ်ပုတ်နှင့်ကျန်ခဲ့သော လုချင်းအာသည် ဧည့်သည်တသုတ်ရောက်လာသည်နှင့်.......

" အမေ...ဧည်သည်တွေရောက်လာပြီ... ဟိုမှာ..ဟိုမှာ...."

အမေဖြစ်သူကို အာရုံလွှဲသည့်အနေဖြင့် စကားလမ်းကြောင်းလွှဲလိုက်ရသည်။

ခန်းမထဲတွင် လှပသော မီးဆိုင်းများချိတ်ဆွဲထားသောကြောင့် နွေးထွေးသက်ဝင်နေသည်ဟုထင်ရသည်။

" နင် ယုဟုန်ရှီကို ဘယ်လိုမြင်လဲ....."

" သူ ငါ့ကို မနှစ်မြို့ဘူးနဲ့တူတယ်.....သူ့ဆီကနေ ဖိအားတွေ ခံစားနေရတယ်....."

ယုဟုန်ရှီသည် အပြစ်ကင်းသောအပြုံးမျိုး ပြုံးပြခဲ့သော်လည်း ထိုအပြုံးသည် အသက်မဲ့လွန်းလှသည်။

"ဘာပဲဖြစ်ဖြစ်.. သူက ရှပြည်ထောင်စုမှာရှိတဲ့ အားအကောင်းဆုံးမြို့စားအဆင့်တွေထဲက တစ်ယောက်ဖြစ်တဲ့အပြင် ရွှေနဂါးဘဏ်တိုက်ရဲ့ ဉက္ကဌဆိုတော့ ချမ်းသာရုံတင်မကဘူး သြဇာအာဏာလည်းရှိတယ်....​တော်ဝင်မျိုနွယ်က မင်းသမီးကြီးတောင် သူ့ကိုတလေးတစားဆက်ဆံရတယ်.....သူ့အလှမှာ မြောမနေနဲ့ဉီး......"

" အင်းပါ...သူ့ကိုကြည့်ရတာ အေးစက်နေတာလား...အင်တင်တင်ဖြစ်နေတာလားပဲ....."

" နင့်မိဘတွေဆီကအမွေရထားတဲ့ရုပ်ရည်ကိုပဲ အပြစ်ပြောရမလိုဖြစ်နေပြီ....အသည်းမာလှပါပြီဆိုတဲ့ ယုဟုန်ရှီကို အသည်းခွဲနိုင်တာဆိုလို့ နင့်မိဘတွေပဲရှိတယ်....သူလည်း စိတ်နာရင်စိတ်နာနေလောက်မှာပေါ့....."

//ဘုရားရေ....အရင်မျိုးဆက်က ရန်ညှိုးတွေကို ဘယ်ဝဋ်ကြွေးတွေကြောင့် ခံစားနေရမှာလဲ......ယုဟုန်ရှီလို အမျိုးသမီးဆီက မျက်မုန်းကျိုးခံရလို့ကတော့ ပွဲသိမ်းပြီပဲ.....//

" ဒါနဲ့ လုချင်းအာကို ကြည့်ရတာ နည်းနည်းပြောင်းလဲနေသလိုပဲ....သူ့ရေခဲစွမ်းအားတွေက အရင်ကထက်ပိုသန့်စင်လာတယ်.....ကြည့်ရတာ သူ့ပဲ့တင်ထပ်သံ အဆင့်ရှစ်ဖြစ်သွားပြီထင်တယ်......"

ကျန်းချင်းအာက စကားလမ်းကြောင်းလွှဲလိုက်ပြီး လုချင်းအာအကြောင်းဆီဉီးတည်လိုက်သည်။

" အဆင့်ရှစ်...ဟုတ်လား...."

လီလော့အတော် အံ့သြမိနေသည်။ ပဲ့တင်ထပ်သံတစ်ခု အဆင့်မြှင့်ဖို့ မည်မျှခက်ခဲကြောင်း သူကိုယ်တိုင် ကြုံတွေ့ဖူးသောကြောင့် သေချာသိနေပေသည်။

"ဘာမှ အံ့သြနေစရာမလိုဘူး....သူ့အမေက ရွှေနဂါးဘဏ်တိုက် ဉက္ကဌဆိုတော့ အဆင့်ခုနှစ်ဝိဉာဉ်ရည်တွေ ရဖို့ ခက်ခဲမနေဘူး......ရေတံခွန်လို ပေါများတဲ့ အဆင့်ခုနှစ်ဝိဉာဉ်ရည်တွေ ရနေမှတော့ အဆင့်ရှစ်ပဲ့တင်ထပ်သံထိ အဆင့်မြှင့်နိုင်တာ ထူးဆန်းမနေတော့ဘူး....."

" အော်....ပိုက်ဆံ..ပိုက်ဆံ....."

ထိုအချိန်တွင် သူတို့နားသော လှပသောမိန်းမပျိုတစ်ဉီးရောက်ရှိလာလေ၏......

" ခုနကတည်းကနင်တို့နှစ်ယောက်ကိုကြည့်နေတာ....ဘာတွေများပြောနေကြတာလဲ....."

ထိုမိန်းမပျိုသည် မင်းသမီးကြီးသာပင်......

All Chapters