မင်းသားများအနက်....
Vol. 15 Ch. 204
မင်းသမီးကြီးသည် တန်ဖိုးကြီးသော ဘရိုကိတ်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ၏ဆံပင်ကို ရွှေရောင်အဆင်တန်ဆာများဖြင့် သပ်ရပ်စွာ ထုံးဖွဲ့ထားသောကြောင့် လမ်းလျှောက်လိုက်တိုင်း တဖိတ်ဖိတ်တောက်ပနေလေ၏။
သူမ၏ တသိမ့်သိမ့်တုန်သော ရွှေရင်အစုံသည် သူမ၏ တောက်ပမှုကို ပိုမိုပံ့ပိုးပေးနေသည့်နှယ်.....
မင်းသမီးကြီးသည် ကြယ်တာယာခရီးရှည်ကောလိပ်ရှိ ကျောင်းသူများအနက် ကျန်းချင်အာနှင့် ယှဉ်နိူင်သည့် လူနည်းစုထဲမှ တစ်ဉီးဖြစ်နေသည်ကို ဝန်ခံရပေမည်။
ယခုချိန်တွင် သူမသည် လီလော့တို့ကို ဖော်ရွေရင်းနှီးစွာ ပြုံးပြနေလေ၏။
"တွေ့ရတာ ဝမ်းသာပါတယ် မင်းသမီးကြီး....."
သူမသည် ကျန်းချင်းအာနှင့် ပျော်ရွှင်စရာစကားအနည်းငယ်ပြောပြီးနောက် အပြုံးတစ်ပွင့်ဖြင့် သူ့ဘက်သို့ လှည့်ကြည့်လာသည်။
"လီလော့....ငါပြောတဲ့ကိစ္စသိပြီးပြီမလား...."
ဧကရာဇ်ကို ကုသပေးရမည့် ကိစ္စကိုရည်ညွှန်းနေမှန်း သဘောပေါက်နေသောကြောင့် လီလော့ သိပြီးပြီးဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးမှာပါ...ဒါပေမယ့် အရမ်းကြီးတော့လည်း မျှော်လင့်မထားပါနဲ့..... "
" မကြောက်ပါနဲ့.....ဒါတွေအကုန်လုံးကို လွန်ခဲ့တဲ့နှစ်တွေကတည်းက သေချာနားလည်ထားပြီးပါပြီ....."
မင်းသမီးကြီးသည် ကျန်းချင်းအာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်လိုသည့်အတွက် စကားစမြည်ဆက်ပြောနေခဲ့ကြသည်။
" ငါတို့တွေ အထဲဝင်ကြတော့မလား....."
မင်းသမီးကြီးသည် သူတို့နှစ်ယောက်ကို ပြုံးပြုံးရွှင်ရွှင်နှင့် အဆောက်အဦးထဲကို ခေါ်သွားခဲ့လေသည်။
ကျယ်ဝန်းသော ခန်းမကြီးတစ်လျှောက်တွင် ဧည့်သည်တော်များသည် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲဖြင့် အုပ်စုငယ်ဘေးများ ကွဲနေကြသည်။ ၎င်းတို့တစ်ဖွဲ့ချင်းစီသည် အင်အားကြီးမားသော အဖွဲ့အစည်းများကို ကိုယ်စားပြုထားကြသည်။
" ကျန်းချင်းအာ.....လော့လန်အိမ်တော်မှာ ဒီလောက်ပြသာနာတွေများနေတာတောင် အေးရာအေးကြောင်းပွဲတက်နိုင်သေးတယ်နော်......"
ရန်လိုသောအသံဖြင့် သူတို့ကို နှုတ်ဆက်လာသူသည် ဒူဇီဟုန်လျန်မှလွဲ၍ မည်သူဖြစ်နိူင်ဉီးမည်နည်း.........
" အရင်တစ်ခေါက် ပြိုင်ပွဲမှာ ဝက်ဝက်ကွဲရှုံးခဲ့တဲ့နင်တောင် ပွဲတက်နိုင်သေးတာပဲလေ....."
ကျန်းချင်းအာ ပက်ကနဲပြောလိုက်သည့်စကားကြောင့် ဒူဇီဟုန်လျန် ရှုံ့မဲ့သွားလေ၏။
" ဟုန်လျန်...ပတ်ဝန်းကျင်ကိုအားနာပါဉီး..."
မင်းသမီးကြီးက ခပ်ပြုံးပြုံးလေးနှင့် ဝင်ဟန့်လိုက်သည်။
မည်သို့ပင်ဆိုစေ မင်းသမီးကြီးကို လေးစားရမည်ဖြစ်သော်ကြောင့် ဒူဇီဟုန်လျန်တစ်ယောက် ဒေါသများကို အနိူင်နိုင်ချုပ်တည်းပြီး လှည့်ထွက်သွားလေတော့သည်။
" အကြိမ်ကြိမ်ရှုံးထားရတော့ သူလဲ ဒေါသဘယ်ထိန်းနိူင်ပါ့မလဲ....."
"ခွန်အားနဲ့ အနိုင်မရလို့ နှုတ်ရေးလာကြွယ်ပြနေတာပဲ....နောက်တစ်ခါဆို အသံမထွက်နိုင်အောင် ပိုရိုက်ပေးလိုက်ရမယ်....."
ကျန်းချင်းအာ၏ တုံးတိတိ ပြန်ဖြေသံကြောင့် မင်းသမီးကြီးပင် လန့်ဖြန့်သွားရှာသည်။ထို့ကြောင့် စကားလမ်းကြောင်း လွှဲလိုက်ပြီး.....
"လျှို့ဝှက်သော့ရဖို့ ထူးချွန်တဲ့လူငယ်တွေ အများကြီး စုဝေးနေကြပြီ....လီလော့...နင်လည်းဝင်ပြိုင်သင့်တယ်နော်....."
" အင်းပါ....အခွင့်ရေးရရင် ကြိုးစားကြည့်ချင်ပါသေးတယ်....."
စကားပြောနေစဉ်တွင် ခပ်မှိန်မှိန်မီးရောင်အောက်တွင် ရင်းနှီးသောရုပ်သွင်ကို ရုတ်တရက်တွေ့လိုက်ရသည်။
ထိုသူသည် ကြမ်းတမ်းသော သားရဲတစ်ကောင်နှင့်တူနေပြီး မည်သူနှင့်မျှ ရောနှောနေခြင်းမရှိပေ။
ချင်ဇူလု.......
// သူလဲ ဖိတ်ကြားခံရတာပဲလား....အင်းလေ...သူ့ဖေက ထိပ်တန်းဗိုလ်ချုပ်ဆိုတော့ ဖိတ်ကြားခံရတာ မထူးဆန်းတော့ဘူး.... //
ချင်ဇူလူ၊ ဝမ်ဟေးကျူတို့လိုကျောင်းသားသစ်များအပြင် ကြယ်နှစ်ပွင့်ခန်းမမှကျောင်းသားများကိုလည်း တွေ့နေရသည်။
ကျန်းချင်းအာကို စကားလာပြောဖူးသည့် ရဲချူတင်း.....စုန်ချီယုနှင့်အတူ ထျန်ရှုသို့ ပါလာဖူးသော မိုလင်း.....စသည်..စသည်ဖြင့် လူစုံတက်စုံ ရောက်ရှိနေကြသည်။
ထိုအချိန်တွင် တော်ဝန်ဆန်စွာ ဝတ်စားထားသော ကုန်းရှန်ကျွင်း သူတို့နားသို့ရောက်လာပြန်သည်။
"ဂျူနီယာကျန်းနဲ့ ဂျူနီယာလီလော့တို့လည်း ရောက်နေကြတာပဲ.....လွမ်ယု နင့်ကို ဂျူနီယာကျန်းနားမှာ ခဏခဏတွေ့နေရတယ်နော်....တော်တော်ရင်းနှီးနေကြတယ်ပေါ့......"
" ဟေးးး.မိန်းကလေးချင်း ခင်မင်ရင်းနှီးတာကို မနာလိုဖြစ်နေတာလား....."
မင်းသမီးကြီးက ဟာသနှောမှုကို ခပ်တိုးတိုးရယ်မောလိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့်.....
" အနီးအနားမှာ တော်ဝင်သက်တော်စောင့်တွေ တွေ့နေရတယ်....နင် မင်းကြီးကိုပါခေါ်လာတာလား....."
" အိုးးး နင်တော်တော် သတိရှိတာပဲ....."
" သတိဆိုတာ ပိုတယ်မရှိဘူး....နင် လီလော့နဲ့ပေးတွေ့ဖို့ ခေါ်လာခဲ့တာမဟုတ်လား....ဒီတစ်ခါတော့ ရှိစေတော့....နောက်တစ်ခါဆို နန်းတွင်းထဲမှာပဲခေါ်တွေ့.....အပြင်ကို ခေါ်ထုတ်လာတာ အန္တရာယ်များတယ်..."
" အင်းပါ...နောက်ဆိုသတိထားပါ့မယ်....."
ကုန်းရှန်ကျွင်းက မင်းသမီးကြီးဆီကနေ လီလော့ဆီ အကြည့်ပို့လိုက်ပြီး.....
" ငါတို့တွေ မင်းအပေါ် အကြွေးတင်နေမိပြီ.....ဘာမှ ဖိအားများနေစရာမလိုဘူး....လုပ်နိုင်သလောက်သာ လုပ်ခဲ့ပါ....."
ထို့နောက် အားလုံးကို ပြုံးပြပြီး လှည့်ထွက်သွားလေ၏။
"စီနီယာကုန်းရှန်ကျွင်းက တကယ့်ကို တောက်ပတဲ့ မီးရှူးတန်ဆောင်တစ်ခုလိုပဲနော်.....တော်ဝင်နန်းတော်က သူ့ကို ပိုင်ဆိုင်ရတာ ကံကောင်းပါတယ်"
မင်းသမီးကြီးက ကျန်းချင်းအာ၏ ချီးကျူးမှုကို.ဘာမျှ မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေလေ၏။
ကြီးမြတ်လွန်းခြင်းသည် အမြဲတမ်းအတွက်ကောင်းမနေပေ။
ထိုအချိန်တွင် ယုဟုန်ရှီတို့သားအမိ ခန်းမထဲဝင်လာကြသဖြင့် ဧည့်သည်တော်များ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။
ဉီးဆောင်လျှောက်လှမ်းလာသော ယုဟုန်ရှီ၏နောက်တွင် အနီရောင်တောက်တောက်ဆံပင်များနှင့် သက်လတ်ပိုင်းလူတစ်ဉီး လိုက်ပါလာပြီး၊လုချင်းအာနံဘေးတွင်လည်း ဆံသားအနီရောင်များနှင့်နတ်ဆိုးဆန်ဆန်ချောမောခန့်ညားသည့် လူငယ်တစ်ဉီး ပါလာခဲ့သည်။
" ယုဟုန်ရှီနောက်မှာပါလာတဲ့ လူကြီးက ဂျိယန်အိမ်တော်သခင် ဇူချင်းဟောင်.....လုချင်းအာဘေးက ကောင်လေးက လပတ်စစ်ဆေးမှုမှာ ပထမရထားတဲ့ မီးနတ်သမီးအဖွဲ့ခေါင်းဆောင် ဇူရွှမ်း....."
ကျန်းချင်းအာက လီလော့ ထိုသူမျာကို မသိမှန်း နားလည်နေသောကြောင့် လေသံခပ်အုပ်အုပ်ဖြင့်ရှင်းပြပေးနေသည်။