ဇူရွှမ်း.......
Vol. 15 Ch. 205
မွေးနေ့ရှင် ရောက်ရှိလာပြီဖြစ်သောကြောင့် သံစုံတီးဝိုင်းများတီးမှုတ်ကာ အခမ်းအနား တရားဝင် စတင်ကြောင်း ကြေငြာခဲ့လေပြီ......
ယုဟုန်ရှီသည် အခမ်းအနားပွဲကို ကျေနပ်အားရသော ကြည့်များဖြင့် ကြည့်နေရာကနေလုချင်းအာကို လှည့်ကြည့်လိုက်သည်။ သူမသည် လက်ရှိတွင် အရည်အချင်းပြည့်မီသော လူငယ်များစွာဖြင့် ဝန်းရံထားသည်။ ဇူရွှမ်း၊နင်းကျောက်၊ဝမ်ဟေးကျုတို့သည် လက်ရှိမျိုးဆက်၏ အလားအလာရှိသော မျိုးဆက်သစ်များဖြစ်ကြသည်။
"ဉက္ကဌယု......ကျုပ် သားကို ဘယ်လိုသဘောရလဲ....."
ဂျိယန်အိမ်တော်သခင် ဇူချင်းဟောင်သည် ယုဟုန်ရှီနားကပ်၍ မေးလာသည်။
"ဇူရွှမ်းက အလားလာရှိတဲ့ လူငယ်တစ်ယောက်ပါ.... "
ယုဟုန်ရှီ ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဟားးးဟားးး ကျုပ်ကတော့ သူတို့နှစ်ယောက်ကို လိုက်ဖက်တယ်လို့မြင်နေမိပြီ....."
"ကလေးတွေ သူတို့ဘာသာ ဆုံးဖြတ်ကြပါစေ.....သူတို့သာ အချင်းချင်းနှစ်သက်တယ်ဆို ကျွန်မတို့တွေ အပြည့်အဝထောက်ခံပေးကြတာပေါ့......"
ယုဟုန်ရှီက ခေါင်းယမ်းရင်း ပြောလိုက်သည်။
ဇူချင်းဟောင်က နားလည်သည့်အနေဖြင့်ခေါင်းညိတ်လိုက်သည်။
ယုဟုန်ရှီ ၏ အဖြေသည် မရေရာသော်လည်း တိုက်ရိုက် ငြင်းဆန်ခြင်းမဟုတ်ခဲ့ပေ။ ဆိုလိုသည်မှာ ဇူရွှမ်းသာ လုချင်းအာကို စိတ်ဝင်စားပါက သူမ ကန့်ကွက်မည်မဟုတ်ပေ။
လုံလောက်ပါသည်။
ဇူချင်းဟောင်က ပြုံး၍ ဖန်ခွက်ကို မြှောက်လိုက်သည်။ ရွှေနဂါးဘဏ်နှင့်ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခြင်းသည် ဂျိယန်အိမ်တော်အတွက် ကောင်းမွန်သည့်ရလဒ်များကိုသာ ယူဆောင်လာပေလိမ့်မည်။
အကယ်၍ ဇူရွှမ်းသာ လုချင်းအာနှင့် ပေါင်းဖက်နိုင်မည်ဆိုပါက ရွှေနဂါးဘဏ်တိုက်၏ အရှိန်အဝါဖြင့် ဂျိယန်အိမ်တော် ထွန်းတောက်လာတော့မည်သာ......
"ဒီတစ်ကြိမ် ရွှေနဂါးဘဏ်တိုက် လျှို့ဝှက်သော့တွေ ထုတ်ပေးတယ်ဆိုတာ ချင်းအာနဒ့အတူ ရွှေနဂါးတာအိုနယ်မြေထဲ အဖော်လိုက်ပေးဖို့ လူငယ်တစ်ချို့ရွေးချင်လို့ပါ....ခက်ခဲတဲ့အတွေ့အကြုံတွေကို အတူဖြတ်သန်းကြတဲ့အခါ လူငယ်အချင်းချင်း ရင်းနှီးမှုပိုတိုးစေတယ်လေ....."
အိမ်တော်သခင်တစ်ယောက်အနေဖြင့် ဇူချင်းဟောင်သည် သူမ ဆိုလိုသည့်အဓိပ္ပါယ်ကို သဘာဝကျကျနားလည်ခဲ့ပါသည်။
"ဟုတ်တယ်......စိတ်မပူပါနဲ့ ဥက္ကဌယု၊ ကျူပ်သားကို အကောင်းဆုံးလုပ်ဖို့ ပြောထားပြီးသားပါ....."
ယုဟုန်ရှီ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ အမှန်တော့၊ သူမသည် အခြားသော စိတ်လှုပ်ရှားနေသော မိဘများစွာနှင့် အတူတူပင် စကားစမြည်ပြောခဲ့ဖူးသည်။
သမီးဖြစ်သူသည် လီလော့အပေါ် တစ်နေ့ထက်တစ်နေ့ တိမ်းညွှတ်လာသည်နှင့်အမျှ မိခင်ဖြစ်သူအနေဖြင့် စိုးရိမ်မှုပိုတိုးလာခဲ့လေပြီ။
လီလော့၏မိဘများနှင့်သူမ၏ရန်ငြိုးများကို ဘေးဖယ်ထားလိုက်လျှင်တောင် လီလော့သည် ကျန်းချင်းအာနှင့် စေ့စပ်ထားပြီးဖြစ်သောကြောင့် သမီးဖြစ်သူ၏ အချစ်ရေးကို စွက်ဖက်ရပေလိမ့်မည်။
သို့သော် သူမ၏ သမီးသည် သူမ၏ကန့်ကွက်မှုကို ကန့်လန့်တိုက်နေလေသည်။
လုချင်းအာသည် ထျန်ရှုစီရင်စုတွင် အနေများခဲ့သောကြောင့် အနူတောက လူချောဖြစ်သူ လီလော့ကို စွဲလမ်းနှစ်သက်သွားခြင်းဖြစ်ပေလိမ့်မည်။
ယခုလို သက်တူရွယ်တူ ထူးချွန်ဆချာမောသည့် လူငယ်များနှင့် တွေ့ဆုံပေးလိုက်ပါက လီလော့အပေါ် ထားရှိသော ခံစားချက်များ မှေးမှိန်သွားလိမ့်မည်သာ......
ထိုအတွက် လျှို့ဝှက်သော့များကို ရင်းလိုက်ရသည်။
ဇူရွှမ်းနှင့် နင်းကျောက်တို့လို လူငယ်များသာ လျှို့ဝှက်သော့ရရှိ လုချင်းအာနှင့်အတူ တာအိုနယ်မြေထဲသို့ လိုက်ပါခွင့်ရခဲ့မည်ဆို လူငယ်အချင်းချင်း ပိုမိုရင်းနှီးလာလိမ့်မည်။
သမီးဖြစ်သူ မိမိလမ်းစဉ်မလိုက်စေရန် အတတ်နိုင်ဆုံး ကာကွယ်ရပေမည်။
မည်သို့ပင်ဆိုစေ လီလော့သည် ကြယ်သုံးပွင့်ခန်းမနှင့်ကြယ်နှစ်ပွင့်ခန်းမမှ ကျောင်းသားများနှင့် အပြိုင် ရွှေနဂါးလျှို့ဝှက်သော့ကိုလုနိူင်လိမ့်မည်ဟုလည်း ထင်မထားမိပေ။
..........................
"ချင်းအာ မွေးနေ့မှာ ပျော်ရွှင်ပါစေ...."
ဝမ်ဟေးကျူသည် ပကတိရိုးသားသူတစ်ဉီးသဖွယ် သရုပ်ဆောင်နေသည်။
"ကျောင်းကကိစ္စတွေကို အပြင်ဘက်ထိသယ်မလာဖို့ မျှော်လင့်ပါတယ်....."
လုချင်းအာ မနှစ်မြို့သော်လည်း မျက်နှာမပျက်စေရန် အားတင်းပြုံးပြလိုက်ပြီး တချိုးတည်းလှည့်ထွက်လာခဲ့လိုက်သည်။
ဝမ်ဟေးကျူသည် သူမ ထွက်သွားသည်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
"လီလော့ဆီသွားတာပဲဖြစ်ရမယ်....ကျောင်းမှာဆိုလည်း တပူးတွဲတွဲနဲ့....."
နင်းကျောက်က မျက်မှောင်ကြုတ်လိုက်ပြီး.....
" သာမန်ခင်မင်ကြရုံလောက်ပဲနေမှာပါ.....
သူတို့နှစ်ယောက်က နန်ဖန်းမှာတုန်းကတည်းက ကျောင်းနေဖက်တွေပဲဟာ....ဒီလောက်တော့ရင်းနှီးကြမှာပေါ့....."
"ဟုတ်မှာပေါ့...... ဒါပေမယ့် ချင်းအာ က တစ်ခါတလေ ကျောင်းမှာ လီလော့အတွက် မနက်စာ ဝယ်ပေးတယ်လို့ ကြားတယ်....."
"ထျန်ရှုမှာရင်းနှီးခဲ့တဲ့ သံယောဇဉ်တွေကြောင့်ဖြစ်ပါလိမ့်မယ်....အခု ရှမြို့တော်ရောက်နေပြီဆိုတော့ မျက်စိပွင့်နားပွင့် ဖြစ်လာခဲ့ရင် တဖြည်းဖြည်း ပြောင်းလဲသွားမှာပါ...ရွှေနဂါးလျှို့ဝှက်သော့တစ်ခုရလို့ တာအိုနယ်မြေထဲသာ အတူဝင်ခွင့်ရမယ်ဆို ချင်းအာနဲ့ပိုရင်းနှီးလာမှာပဲလေ......"
နင်းကျောက်သည် ဇူရွှမ်းကို မမြင်ဖူးသူတစ်ယောက်လို ငေးကြည့်နေလေ၏။ ရွယ်တူတန်းတူ ဖြစ်သောကြောင့် ဇူရွှမ်း အကြောင်း ကောင်းကောင်းကြီး သိနေသောကြောင့် ဇူရွှမ်းသာ လုချင်းအာနှင့်အတူရှိနေဖို့ အခွင့်အရေးရခဲ့ရင် သူ့အတွက်တော့ မျှော်မှန်းစရာမဲ့လေပြီ။
" ဒါဆို ဉက္ကဌယုက ဘာလို့ သော့ကိစ္စကြေငြာထားတာလဲ......"
ဇူရွှမ်း စိတ်ထဲကနေထိုသို့ငြီးတွားနေမိလေသည်။
သူ၏ဖခင်သည် ယုဟူန်ရှီနှင့် ခင်မင်ရင်းနှီးသူ ဖြစ်သောကြောင့် လုချင်းအာကဲ့သို့ အလိုရှိတိုင်း ရွှေနဂါးလျှို့ဝှက်သော့များကို တိုက်ရိုက်ရရရှိနိူင်သည်မဟုတ်လော။
သို့သော် ယုဟုန်ရှီသည် ပွင့်လင်းသော ပြိုင်ဆိုင်မှုတစ်ခုအဖြစ် ကြေငြာထားသောကြောင့် ပြိုင်ဘက်များစွာနှင့် ယှဉ်ပြိုင်ရပေဉီးမည်။
...............................................
ဇူရွှမ်းတို့ အတွေးများနေချိန်တွင် လုချင်းအာကတော့ လီလော့တို့နားရောကသွားခဲ့လေပြီ။.
"မင်္ဂလာပါ အစ်မချင်းအာ...."
" မင်္ဂလာပါ ဂျုနီယာချင်းအာ...."
"ဒီနေ့ ဧည့်သည်တွေ အရမ်းများနေတော့ ဧည့်ဝတ်မကျေသလိုဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်......ငါ ..ကျောက်ခွော်နဲ့ယုလန်တို့ကိုလည်း ဖိတ်ပါသေးတယ်....သူတို့က ငြင်းလိုက်ကြတယ်...."
"ဒီလိုအခြေအနေမျိုးမှာ သူတို့ နည်းနည်း အဆင်မပြေဖြစ်လိမ့်မယ်"
လီလော့က ရှင်းပြလိုက်သည်။
ယနေ့ပွဲသို့တက်ရောက်လာသူတိုင်းသည် လုကုန်ထံအသိုင်းဝိုင်းများဖြစ်သောကြောင့် ယုလန်တို့အတွက် နေခက်နေလိမ့်မည်။
"အင်းပါ....ငါနားလည်ပါတယ်...."
"ဒါဆိုလည်း အားလပ်ရက်ပြီးရင် သူတို့အတွက် သက်သက် တစ်ပွဲထပ်လုပ်ပေးလိုက်ပေါ့....."
လီလော့၏ အပြောကြောင့် လုချင်းအာ၏ မျက်လုံးများသည် ခဏတာ တောက်ပသွားသော်လည်း မြန်မြန် ဖုံးကွယ်ထားလိုက်သည်။
"အင်း..ကောင်းပြီ....."
"နင် ရွှေနဂါးလျှို့ဝှက်သော့ကို စိတ်ဝင်စားလား ..ဆရာသခင်အဆင့်တွေလည်း တာအိုနယ်မြေထဲဝင်လို့ရတယ်တဲ့......"
လီလော့ အတွက် သူမအမေဆီက တောင်းကြည့်သော်လည်း တရားမျှတစွာယှဉ်ပြိုင်မှသာ ရမည်ဟု အပြောခံထားရသည်။
လီလော့နှင့်လုချင်းအာတို့ စကားပြောနေချိန်တွင် တချိန်လုံးငြိမ်သက်နေသည် ကျန်းချင်းအာကို မင်းသမီးကြီး စနောက်လိုက်သည်က......
" လီလော့က သူ့အဖေလို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပဲနော်......."