လျှို့ဝှက်သော့များအတွက် တိုက်ခိုက်ကြခြင်း.......
Vol. 15 Ch. 206
ညနေစောင်းလာသည်နှင့်အမျှ သက်ဝင်လှသော တီးတိုးစကားသံများ တဖြည်းဖြည်းလျော့ပါးလာပြီး ဂီတသံ ရပ်သွားသည့်အချိန်တွင် ယုဟုန်ရှီ စင်ပေါ်လာခဲ့လေပြီ......
လျှို့ဝှက်သော့များအကြောင်း ကြေငြာတော့မည်ဖြစ်သောကြောင့် အကုန်လုံးက သူမကိုစိတ်ဝင်တစားကြည့်နေကြသည်။
"သမီးလေးရဲ့ မွေးနေ့ပွဲကို တက်ရောက်ပေးသူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်....အခု..အားလုံး သိချင်နေကြတဲ့
ရွှေနဂါးလျှို့ဝှက်သော့အကြောင်း ပြောပြပေးပါ့မယ်....."
" ဒီတစ်ခေါက် တာအိုနယ်မြေထဲကို ဆရာသခင်အဆင့်တွေပဲ ပေးဝင်ဖို့ကန့်သတ်ထားတယ်.....ကျွန်မတို့ရဲ့ ရွှေနဂါးတာအိုနယ်မြေကို ပြိုင်ဘက်ကင်းတယ်လို့ မဆိုနိုင်ပေမယ့် အတော်လေး ကောင်းမွန်တာကိုတော့ အာမခံပေးနိုင်ပါတယ်....."
ယုဟုန်ရှီက ထိုသို့ပြောနေရင်းကနေ နဂါးပုံသဏ္ဍာန်ရွှေသော့တစ်ချောင်းကို အများသူငှာ မြင်တွေ့န်ိုင်အောင် ထုတ်ပြလာခဲ့သည်။
တဖိတ်ဖိတ်လက်နေသော ထိုသော့ကို မြို့စားအဆင့်များကပါ လောဘတကြီးစိုက်ကြည့်နေကြသည်။
ရွှေနဂါးတာအိုနယ်မြေဆိုသည်မှာ သီးခြားဖြစ်တည်နေသော ကျင့်ကြံရေးနယ်မြေဖြစ်ပြီး အဆင့်တိုင်းအတွက် သီးသန့်နယ်မြေများ
ခွဲခြားပေးထားသည်။ ထိုနယ်မြေထဲကျင့်ကြံခြင်းသည် အပြင်လောကတွင် ကျင့်ကြံသည်ထက်များစွာအကျိုးထူးသောကြောင့် လျှို့ဝှက်သော့၏ ဆွဲဆောင်မှုကို မြို့စားအဆင့်များပင်မလွန်ဆန်နိုင်ကြပေ။
သို့သော်လည်း ထိုနယ်မြေသည် ရွှေနဂါးဘဏ်တိုက်၏ပိုင်ဆိုင်မှုဖြစ်သောကြောင့် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နိုင်ဖို့ မဖြစ်နိုင်ပေ။
"အဲ့တာက...ရွှေနဂါးလျှို့ဝှက်သော့လား...."
လီလော့က ယုဟုန်ရှီလက်ထဲက သော့ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ ရွှေနဂါးတာအိုနယ်မြေအကြောင်း သေချာမသိသေးသော်လည်း ထိုသို့သော နယ်မြေတစ်ခုတည်ဆောက်နိုင်ခြင်းကပင် မယုံနိုင်စရာကောင်းနေခဲ့သည်။
"ရွှေနဂါးတာအိုနယ်မြေကိုတည်ဆောက်နိုင်တာတစ်ခုတည်းနဲ့တင် ရွှေနဂါးဘဏ်တိုက်အင်အားစုရဲ့ ချမ်းသာကြွယ်ဝမှုကို ခန့်မှန်းကြည့်နိုင်တယ်....."
တော်ဝင်မျိုးနွယ်ဝင်ဖြစ်သော မင်းသမီးကြီးပင် တအံတသြရေရွတ်ရသည်အထိ အံ့သြစရာကောင်းနေပေသည်။
မင်းသမီးကြီး၏ အံ့သြနေမှုကြောင့် ကျန်းချင်းအာပင်ဇဝေဇဝါဖြစ်နေမိသည်။
// မင်းသမီးကြီးတောင် အံသြနေတယ်ဆိုတော့...ရွှေနဂါးဘဏ်တိုက်အင်အားစက တကယ်ကြောက်ဖို့ကောင်းတာပဲ....."
သို့သော်လည်း ကျန်းချင်းအာက မင်းသမီးကြီးကို မှတ်ချက်ပေးမနေတော့ဘဲ လီလော့ကိုသာ......
" ကြည့်ရတာ နင်တော်တော် ကြိုးစားရမယ့်ပုံပဲ....."
" အင်း....ဟုတ်လောက်မယ်...."
ယုဟုန်ရှီက ဆရာသခင်အဆင့်တိုင်းကို ဝင်ပြိုင်နိုင်သည်ဟု ကြေငြာထားသော်လည်း ကြယ်သုံးပွင့်ခန်းမမှစီနီယာများပါရှိနေသောကြောင့် ဤသည်မှာ ပွင့်ပွင့်လင်းလင်း ဘက်လိုက်ထားသလိုပင်.......
"ဒီသော့တွေရဖို့ ထင်သလောက်ရိုးရှင်းမှာမဟုတ်လောက်ဘူးထင်တယ်.....
"ဟုတ်တယ်...ဒါပေမယ့် အခုက လုချင်းအာရဲ့မွေးနေ့ဆိုတော့ ရုတ်ရုတ်သဲသဲတိုက်ခိုက်တာမျိုးတွေတော့ လုပ်ခိုင်းလောက်မှာမဟုတ်ဘူး.....တခြားနည်းလမ်းတစ်ခုနဲ့ ယှဉ်ပြိုင်ခိုင်းမယ်ထင်တယ်....."
ကျန်းချင်းအာ၏ သုံးသပ်ချက်ကို မင်းသမီးကြီးရော လီလော့ကပါခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
" လျှို့ဝှက်သော့တွေအတွက် လက်သီးသုံးပြီးတိုက်ခိုက်စရာမလိုပါဘူး.....တခြားနည်းလမ်းသုံးပြီး ယှဉ်ပြိုင်ခိုင်းမှာပါ....."
ယုဟုန်ရှိသည် ထိုသို့ပြောပြီးသည်နှင့် စွမ်းအားများကို လူအုပ်ထဲသို့ စီးဆင်းစေပြီး ကျယ်ဝန်းလှသောနေရာလွတ်တစ်ခုကို ဖန်တီးလိုက်သည်။ထိုအခါ ကြီးမားလှသော အလင်းဖန်သားပြင်တစ်ခုဖြစ်ပေါ်လာလေ၏။
" တာအိုနယ်မြေက မင်းတို့ထင်သလို အန္တာရာယ်မကင်းဘူး.....အဲ့အထဲမှာ အစိမ်းရောင်ယ်ွိဟန်လို့ခေါ်တဲ့ ပြင်းထန်တဲ့ လေစွမ်းအားတိုက်ခိုက်မှုနဲ့ မကြာခဏကြုံတွေ့ရလိမ့်မယ်....ရွှေနဂါးသော့ကသာ မင်းတို့ကို ကာကွယ်ပေးနိုင်မှာ....... ဒီစမ်းသပ်မှုက အစိမ်းရောင်ယွိဟန်ကို ပုံတူကူးထားတာပါ.....ယှဉ်ပြိုင်ချင်သူတိုင်း ရှေ့က ဧရိယာထဲကို ဝင်သွားလိုက်ပါ.....အကြာဆုံး တောင့်ခံနိုင်သူသာ ရွှေနဂါးလျှို့ဝှက်သော့ ရနိုင်လိမ့်မယ်......"
ယုဟုန်ရှီ သတ်မှတ်ပေးထားသေယ နေရာလွတ်ကို ကြည့်ပြီး လူငယ်များ သွေးပွက်ပွက်ဆူကုန်ကြပြီ.......
တခဏအကြာတွင် ယုံကြည်မှုရှိရှိ ပထမဆုံး ဝင်သွားသူမှာ ဇူရွှမ်းဖြစ်နေသည်။
ဇူရွှမ်း ဝင်သွားပြီးနောက် ရဲချူဒင်း၊မိုလင်း၊ဝမ်ဟေးကျူ၊ဒူဇီပိုင်ရွှမ်းတို့က အစဉ်လိုက် ဝင်သွားခဲ့ကြသည်။
မိနစ်အနည်းငယ်ကြာတွင် မျိုးဆက်သစ်လူငယ် ဆယ်ယောက်ကျော် စမ်းသပ်ခံရန် ဝင်သွားခဲ့ကြပြီဖြစ်သည်။
"အဲ့လိုလား......."
လီလော့ ပြုံးလိုက်မိသည်။ လက်ရည်ချင်းယှဉ်ရမည်ဆိုပါ ကောလိပ်၏ ထိပ်တန်းကျောင်းသားများကို ယှဉ်နိုင်မည်မဟုတ်သော်လည်း ယခုလို စမ်းသပ်မှုမျိုးကိုတော့ အောင်မြင်နိုင်လိမ့်မည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ကျန်းချင်းအာ၏ ရိုက်နှက်ခြင်းကို ခံရပြီးနောက် ဖန်တီးထားသည့် ခိုင်မာသည့်ဖွဲ့စည်းပုံကို ထုတ်သုံးနိုင်သည်မဟုတ်လော....
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး"
ကျန်းချင်းအာ၏ စကားသံကြောင့် လီလော့ မျက်မှောင်ကြုံလိုက်မိသည်။
// သေလောက်အောင် ရိုက်နှက်ထားတာတောင် ကျေးဇူးတင်ခံချင်နေသေးတယ်.....နှလုံးသားမဲ့လိုက်တာ.....//
လီလော့ ဘာမှဆက်မပြောတော့ဘဲ စမ်းသပ်ခံဧရိယာထဲသို့ တစ်လှမ်းချင်းလှမ်းဝင်သွားခဲ့သည်။
လီလော့ ပါဝင်ယှဉ်ပြိုင်သည်ကို မြင်သည့်အခါ လုချင်းအာ၏အကြည့်များသည် လီလော့ထံတွင်သာကပ်ငြိနေပြီး စိတ်လှုပ်ရှားနေသောကြောင့် လက်သီးဆုပ်ထားမိသည်။
ထိုအချင်းအရာများသည် ယုဟုန်ရှီ၏အကြည့်အောက်မှ ပြေးမလွတ်ခဲ့ပေ။
မည်သို့ပင်ဆိုစေ ဆရာသခင် ပထမအဆင့်သာရှိသေးသည့် လီလော့အတွက် မျှော်လင့်ချက်မရှိမှန်း ကြိုသိနေသောကြောင့် ထွေထွေထူးထူးပြောမနေတော့ပေ။
လီလော့ အထဲသို့ရောက်သွားသည့်အခါ ချင်ဇူလုကို ဘေးနားတွင် မြင်လိုက်ရသည်။
" မင်းလည်း ရွှေနဂါးတာအိုနယ်မြေကိုစိတ်ဝင်စားနေတယ်ပေါ့......"
" မဟုတ်ပါဘူး..... ငါ့အဖေ အတင်းလွှတ်လိုက်လို့ လာရတာ.....သော့မရလာခဲ့ရင် သူကိုယ်တိုင် ငါ့ကို ဆောင်ကြာမြိုင်လိုက်ပို့မယ်တဲ့......."
" အိုးးးး မင်းအဖေ ရူးနေတာလား....မင်းက သူ့သားရောဟုတ်ရဲ့လား......"
ထိုအချိန်တွင် ယုဟုန်ရှီက ကျောက်စိမ်းပုလင်းတစ်ခုကို ဖွင့်ပြီး ပဲ့တင်ထပ်သံစွမ်းအားများဖြင့်ဖွဲ့စည်းထားသော ပုတီးစေ့များကို စမ်းသပ်ခံမည့်သူများဆီသို့ ပစ်လွှတ်လိုက်လေသည်။
" အသင့်ပြင်ထားကြတော့........."