← Chapters

အစိမ်းရောင်ယွိဟန်.....

Vol. 15 Ch. 207

အစိမ်းရောင်ယွိဟန်.....

Vol. 15 Ch. 207

ဝှစ်....ဝှစ်.......

အစိမ်းရောင်လေပြင်းများ အေးစက်ပြင်းထန်စွာ ရုတ်တရက် တိုက်ခတ်လာသောကြောင့် ခုခံဖို့ပင်မလွယ်ကူနိုင်ပေ။

အားလုံး၏ မျက်စိရှေ့မှောက်မှာတင် စမ်းသပ်ခံမည့်လူငယ်အားလုံးကို အစိမ်းရောင်လေပြင်းများက ဝါးမျိုသွားခဲ့လေပြီ။

ထိုအချိန်တွင် ဇူရွှမ်း၏ အနီရောင်တောက်လောင်နေသော စွမ်းအားသည် အစိမ်းရောင်

လေပြင်းများကြားတွင် တောက်ပ အသက်ဝင်လာသည်။

အဆင့်ရှစ် အဆင့်နိမ့် မီးပဲ့တင်ထပ်သံ.......

ကြယ်နှစ်ပွင့်ခန်းမ၏ ထူးချွန်ကျောင်းသားပီသစွာ ဇူရွှမ်း၏ သန်မာမှုသည် စိတ်ကူးထားသည်ထက်ပင်ကျော်လွန်နေသည်။

ထို့နောက် ရဲချူတင်း ၊မိုလင်း၊ ဝမ်ဟေးကျူ၊ဒူဇီပိုင်ရွှမ်းတို့ကလည်း  ပဲ့တင်ထပ်သံစွမ်းအားများကို အသီးသီးထုတ်ဖော်ပြီး လေပြင်းများကို ခုခံနေကြသည်။

ဝှစ်......ဝှစ်...ဝှစ်........

အချို့သော သူများသည် ပဲ့တင်ထပ်သံစွမ်းအားများ ထုတ်ဖော်ကာကွယ်ထားသော်လည်း ပြင်းထန်တိုက်ခတ်လာသောလေပြင်းများ၏ ထိုးဖောက်မှုကြောင့် နာကျင်စွာအော်ဟစ့သံများလည်း အစီအရီထွက်ပေါ်လာခဲ့လေ၏။

ရွှမ်း.....

တခဏအတွင်းမှာပင် အသားများစုတ်ပြဲကုန်ပြီး သွေးများစီးကျလာကြသည်။

အစိမ်းရောင်ယွိဟန်သည် ထင်ထားသည်ထက်ပင် ပိုပြင်းထန်နေ၏။

သို့သော်လည်း နာကျင်မှု၏နောက်ကွယ်တွင် မက်မောဖွယ် ဆုလာလ်များရှိနေသောကြောင့် မည်သူမျှ အရှုံးမပေးကြသေးပေ။

လီလော့သည် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာအချို့ကိုကြည့်လိုက်ပြီး.....

" အားကောင်းတဲ့ လေပြည်လေညှင်းလေးလိုပါပဲ......"

ယုဟုန်ရှီ ဖန်တီးထားသော အစိမ်းရောင်ယွိဟန်သည် အစစ်အမှန်ထက် များစွာအားနည်းနေသော်လည်း ကာကွယ်ထားသော စွမ်းအားများကို ထိုးဖောက်နိုင်သည်အထိ ပြင်းထန်နေ၏။

ဤသည်မှာ အစမျှသာရှိသေးသည်.........

အစိမ်းရောင်လေပြင်းများသည် အချိန်နှင့် အမွ် စွမ်းအား အကာကြယ္မ်ားကို ထိုးဖောက်နေပြီဖြစ်သောကြောင့် အစပိုင်းတွင် တောင့်ခံနိုင်ကြသော်လည်း တဖြည်းဖြည်းနှင့် ရှုံ့မဲ့လာကြလေပြီ......

ဒဏ်ရာများမှထွက်ကျလာသော သွေးစများပင် လေပြင်းထဲရောပါလာသည်အထိ အခြေနေဆိုးနေခဲ့ပြီဖြစ်သည်။

အချို့ဆိုလျှင် လေပြင်းများနှင့် လွှင့်ပါတော့မတတ်အားအင်ချည့်နဲ့နေကြပြီ။

အကယ်၍ နယ်နိမိတ်သတ်မှတ်ထားသော အလင်းဖန်းသားပြင်ကိုကျော်လွန်လာပါက ပြိုင်ပွဲမှ နှုတ်ထွက်ရပေမည်။

သန္မာလွေသာ ဇူရွှမ်းနှင့် ရဲချုတင်းတို့သာလျှင် ကျောက်ဆူးချထားသလို မြဲမြံစွာ မတ်တပ်ရပ်နေနိုင်ကြသည်။

ဆရာသခင် ဒုတိယအဆင့်များကတော့ နောက်ယိုင်နေကြလေပြီ.....

ထိုအထဲတွင် လီလော့လည်းပါဝင်နေသည်။

လီလော့၏ ရှေ့တွင်ရှိနေသော ဒူဇီပိုင်ရွှမ်းနှင့် ဝမ်ဟေးကျူတို့၏ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်နေသော ပြတ်ရှရာပေါင်းများစွာရှိနေပြီး လေပြင်းများကြောင့်တဖြည်းဖြည်း နောက်ဆုတ်ပေးနေရသည်။

" လီလော့... မင်းအရင်ဆုံး ထွက်ရတော့မယ်ထင်တယ်....."

လီလော့ကိုမြင်သည်နှင့် ဒူဇီပိုင်ရွှမ်းက လေပြင်းများကို အံကြိတ်တောင့်ခံနေသည့်ကြားကနေ လှမ်းအော်လိုက်သည်။

//သေလိုက်ပါလား... သူ့ဟာသူတောင် အနိုင်နိုင်ကို ရန်လာစနေသေးတယ်...တစက်လေးမှအရှက်မရှိတဲ့ကောင်....//

လီလော့ ဤသည်ကို လျစ်လျူရှူထားလိုက်ပြီး သွေးထွက်ဒဏ်ရာများနေသော်လည်း ကြံ့ကြံ့ခိုင်စွာ မတ်တပ်ရပ်နေသေးသော ချင်ဇူလုဆီ အကြည့်လွှဲလိုက်လေ၏။

ချင်ဇူလုသည် အဆင့်ရှစ် အဆင့်မြငိ့ နတ်ဆိုးကျားရဲပဲ့တင်ထပ်သံပိုင်ဆိုင်ထားသောကြောင့်သာ ထိုမျှလောက်ထိ တောင့်ခံနိုင်ခြင်းဖြစ်သည်။

ချင်ဇူလုအပြင် ယခုချိန်ထိ တောင်ခံနိုင်သူ နောက်ထပ်ငါးယောက်ခန့်ရှိနေသေးသည်။

တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေရသော လီလော့ကို ဖန်သားပြင် အပြင်ဘက်ကနေ စိတ်ဝင်တစား ကြည့်နေသော ကျန်းချင်းအာကို မင်းသမီးကြီးက.......

"ကျင့်ကြံမှု အားနည်းသေးတာကြောင့်ပါ...."

" ဒါပေမယ့် အခုချိန်ထိ အဆင်ပြေနေသေးသားပဲ....."

ကျန်းချင်းအာ၏ အပြောကြောင့် မင်းသမီးကြီး၏ ဖီးနစ်သဏ္ဍာန် မျက်ဝန်းများတောက်ပလာပြီး.....

" အိုးး ဝှက်ဖဲတွေ ဘာတွေများရှိနေလို့လား....စိတ်ဝင်စားလာပြီနော်.. "

ပါးနပ်လွန်းလှသော မင်းသမီးကြီးသည် သူမ၏ ပေါ့ပေါ့ပါးပါး ပြန်​​ဖြေဆိုမှုကနေ အရိပ်အမြွက်အချို့ ဆွဲထုတ်လိုက်နိူင်သောကြောင့် ကျန်းချင်းအာ ပြုံးလိုက်မိသည်။

စင်ပေါ်တွင်.......

လုချင်းအာသည်လည်း လီလော့၏ အခြေနေကို အသည်းတထိတ်ထိတ်ဖြင့် စောင့်ကြည့်နေသည်။လီလော့ ​​ခြေတလှမ်းနောက်ဆုတ်လိုက်ရတိုင်း၊ ဒဏ်ရာရသွားတိုင်း သူမ၏ စိုးရိမ်ပူပန်မှုများလည်း တရိပ်ရိပ်တိုးမြင့်လာပါသည်။

ယခုချိန်တွင် လီလော့ လျှို့ဝှက်သော ရနိုင်မည် မရနိုင်မည်ထက် ဒဏ်ရာမရဖို့ကိုသာ တွေးနေမိသည်။

ထိုအချိန်တွင် လီလော့ အသက်အပြင်းပြင်းရှိုက်လိုက်ပြီး.....

" ခိုင်မာသည့်ဖွဲ့စည်းပုံ......"

ထိုသို့ခပ်အုပ်အုပ် ကြုံးဝါးလိုက်သည့်အခါ ခန္ဓာကိုယ်တွင်းရှိ ပဲ့တင်ထပ်သံမျိုးစေ့နှစ်ခုသည် ပြင်းထန်စွာ တုန်ခါလာပြီး အပြာရောင်နှင့်အစိမ်းရောင် ရောယှက်နေသော စွမ်းအားများ ထွက်ပေါ်လာလေ၏။

ရေစွမ်းအင်နှင့်သစ်သားစွမ်းအင်တို့သည် အစိမ်းရောင်လေပြင်းများကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများကို မြန်ဆန်စွာ ကုစားနေပြီး လီလော့ကို ခုခံအားပိုကောင်းလာစေပြီး ရှေ့သို့ဆက်တိုးနိုင်အောင် ထောက်ပံ့ပေးနေကြသည်။

"ဟမ်....."

လီလော့၏ ရုတ်တရက်ဆန်ဆန် ပြောင်းလဲမှုကြောင့် အကုန်လုံး အံ့အားသင့်ကုန်ကြသည်။

အချို့သော ဆရာသခင်ဒုတိယအဆင့်များပင် မခုခံနိုင်သေယအရာကို လီလော့က ဆရာသခင်ပထမအဆင့်လောက်ဖြင့် ခုခံနိုင်သည်ဆိုခြင်းမှာ အတော်ပင်ထူးဆန်းနေပြီ။

လေပြင်းများကို အေးအေးဆေးအေး ခုခံနိုင်ပြီဖြစ်သောကြောင့် ဒူဇီပိုင်ရွှမ်းတို့ထက်ပင် ရှေ့ရောက်နေခဲ့ပြီဖြစ်သည်။

" မဖြစ်နိုင်ဘူး....."

// ဒီကောင် ငါတို့ထက်တောင် အားနည်းနေရက်နဲ့ ဘာလို့ကျော်တက်သွားနိုင်တာလဲ.....//

လီလော့သည် ဘာကိုမျှအာရုံမထားဘဲ ချင်ဇူလုကို ဖြတ်ကျော်နိုင်သည်အထိ တစ်လှမ်းချင်း ရှေ့တိုးသွားခဲ့သည်။

ချင်ဇူလုကတော့ လီလော့ကို လျှာသပ်ပြီး လောဘတကြီးကြည့်နေလေ၏။

//ဒီကောင် လုပ်လိုက်ရင်အထူးအဆန်းတွေချည်းပဲ.....//

သူတကယ်ပဲ လီလော့၏ ပဲ့တင်ထပ်သံနှစ်ခု မည်မျှအစွမ်းထက်ကြောင်း အကဲစမ်းချင်နေပြီ။

ချင်ဇူလု အသက်ပြင်းပြင်းရှိုက်ပြီး ခပ်အုပ်အုပ် ဟိန်းဟောက်လိုက်သည့်အခါ ရွှေရောင်တောက်ပနေသော ကျားရဲကြီးတစ်ကောင် သူ့ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံသွားလေ၏။

အစိမ်းရောင်လေပြင်းများနှင့် ရွှေရောင်ကျားတစ်ကောင်တို့ တိုက်ခိုက်နေကြပြီ.....

လီလော့ သူ့နောက်သို့ လိုက်မှီလာသော ချင်ဇူလုနှင့်အတူ ရပ်နေပြီး ရှေ့ဆက်မတိုးတော့ပေ......

ထိုအချိန်တွင် ယုဟုန်ရှီကလည်း လေပြင်းများကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်လိုက်လေပြီ.....

ဤတစ်ကြိမ်တွင် ရွှေနဂါးလျှို့ဝှက်သော့ ရယူပိုင်ဆိုင်နိုင်မည့်သူကို ရွေးချယ်တော့မည်...........

All Chapters