← Chapters

လက်နက်.....

Vol. 15 Ch. 210

လက်နက်.....

Vol. 15 Ch. 210

တိုင်အကွယ်နောက်တွင် ပုန်းနေသော လုချင်းအာကိုမြင်လိုက်ရသောကြောင့် လီလော့ နည်းနည်းတော့ လန့်သွားခဲ့သည်။

" နင်...နင်အကုန်ကြားလိုက်တယ်ပေါ့...."

" အင်း....လော့လန်သခင်လေး ငါ့ကိုရောင်းစားတော့မယ်ထင်ပြီး စိတ်ပူနေတာ...."

စောနက ပြောခဲ့သည့်စကားများကို လုချင်းအာ အကုန်ကြားသွားမှန်းသာ ဇူရွှမ်း သိလျှင် အတော်စိတ်မကောင်းဖြစ်နေလိမ့်မည်။

" ဇူရွှမ်းက ဂျိယအိမ်တော်သခင်လေးဆိုပေမယ့် အဆင့်အတန်းသိပ်မရှိမယ့်ပုံမပေါ်ဘူး....ပြီးတော့ ကလေးကလားတောင်းဆိုမှုတွေ လာတောင်းဆိုသွားသေးတယ်....နင် သူနဲ့ကြည့်ပေါင်းဉီး......"

" သူ့ဘာသာ ရိုးသားသည်ဖြစ်စေ၊ကောက်ကျစ်သည်ဖြစ်စေ ငါကတော့ တာအိုနယ်မြေထဲဝင်ရင်သူနဲ့တဖွဲ့တည်း မနေဘူး....."

" အိုး...ဟိုကောင်ကြားရင် ကြေကွဲနေတော့မှာပဲ....."

" ဟွန့်...သူတို့က ငါ့အမေကို ကပ်ဖားရပ်ဖားလုပ်ပြီး ရွှေနဂါးဘဏ်တိုက်နဲ့မိတ်ဖွဲ့ချင်နေကြတာ...."

" မိန်းမလှလေးကိုရော ချမ်းသာကြွယ်ဝမှုပါ ရမယ့်အရေးကို ဘယ်သူလက်လွှတ်ချင်မှာလဲ....သူ့ဘက်ကတွေးရင် ဟုတ်နေတာပဲလေ....."

" အော်....​တော်တော် စိတ်ကူးယဉ်တတ်တယ်ပေါ့.....ဒါနဲ့....လီလော့...နင့်ကို တခြားသူတွေသွေးဆောင်လာရင် နင်ငါ့ကို နောက်ကျောဓားနဲ့ထိုးမှာလား.....တာအိုနယ်မြေအကြောင်းသေချာမသိပေမယ့် တခြားတိုင်းပြည် ရုံးခွဲကလူတွေလည်း ရောက်လာဉီးမယ် ကြားထားတယ်....ဒါ့ကြောင့် ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ပဲ အသင်းဖွဲရမယ်...."

" ချင်းအာ...စိတ်မပူနဲ့....ငါတို့သာ စည်းလုံးမယ်ဆို ဂျိယအိမ်တော်က ငရှုပ်လောက်ကို ခေါင်းထဲထည့်နေစရာတောင်မလိုဘူး...."

" ဒါနဲ့....နင် ဒီဓား​မြှောင်ကို သုံးနိုင်ပြီလား....."

လီလော့က လုချင်းအာ ခါးတွင်ချိတ်ထားသော ရေခဲဓားမြှောင်ကို မေးငေါ့ပြပြီး မေးသလိုက်သည်။

" အော်...ဒါလား....အထင်မလွဲပါနဲ့ သစ်သီးခွဲဖို့ ယူလာတာပါ...."

လုချင်းက ပြောပြောဆိုဆိုနဲ့ ကြုံရာ

သစ်သီးတစ်လုံးကို အခွံခွာပြီး လီလော့လက်ထဲ ထိုးထည့်ပေးလိုက်သည်။

"နင့်ရဲ့ ရေခဲပဲ့တင်ထပ်သံ အဆင့်ရှစ်ရောက်နေပြီမလား....."

" ဟုတ်တယ်....."

" ငါ နင့်ကို မနာလိုဖြစ်မိတယ်...."

လုချင်းအာ သုံးခဲ့သော ဝိဉာဉ်ရည်ပမာဏကို လီလော့စိတ်ကူးကြည့်ရုံသာတန်နိုင်ခဲ့သည်။

သေလောက်အောင် ချမ်းသာသော ယုဟုန်ရှီကို ယောက်ခမ မတော်ချင်သူ မည်သူရှိမည်နည်း.......

"အဆင့်ရှစ် အဆင့်မြင့်ပဲ့တင်ထပ်သံနှစ်ယောက်ကိုတောင် အနိုင်ယူခဲ့တဲ့  ပဲ့တင်ထပ်သံနှစ်ခုရှိတဲ့ သခင်လေးက ငါ့ရဲ့ သာမန်အဆင့်ရှစ်ပဲ့တင်ထပ်သံကို မနာလိုဖြစ်နေတယ်တဲ့လား.....ဟားးဟားးးး"

နှစ်ဉီးသား ရယ်ရယ်မောမော စကားပြောကြစဉ်  ယုဟုန်ရှီက အစေခံတချို့ လွှတ်ပြီး လုချင်းအာကို ခေါ်ခိုင်းလိုက်သောကြောင့် လူစုခွဲလိုက်ရသည်။

ယနေ့သည် သူမ မွေးနေ့ပွဲဖြစ်သောကြောင့် လုချင်းအာ မသွားချင်သွားချင်နှင့် လိုက်သွားရရှာသည်။

ထိုအခါမှသာ ကျန်းချင်းအာရှိရာဆီ လီလော့ပြန်လာနိုင်ခဲ့သည်။

"မွေးနေ့ပွဲပြီးရင် အချိန်နည်းနည်းလောက်ရမလား....."

ကျန်းချင်းအာနှင့်အတူရှိနေသည့် မင်းသမီးကြီးက ဧကရာဇ်ကို ကုသပေးဖို့ ခွင့်တောင်းနေလေ၏။

ချည်ပြီး တုပ်ပြီး မေးသောမေးခွန်းဖြစ်နေသည့်အတွက် ခေါင်းညိတ်လိုက်ရုံမှတပါးအခြားမရှိ......

မည်သို့ပင်ဆိုစေ ဤသည်မှာ ​တော်င်မိသားစုနှင့် ရင်းနှီးနိူင်သော အခွင့်ရေးဖြစ်နေသည့်အတွက် ငြင်းစရာလည်း ဘာအကြောင်းမှမရှိပေ။

...........................................................

ထွန်းညှိထားသော ဖယောင်းတိုင်များ ကုန်ဆုံးလာသည်နှင့်အမျှ ဧည့်သည်များလည်း တဖွဲဖွဲပြန်ကုန်ကြလေပြီ......

လူရှင်းသွားမှသာ မင်းသမီးကြီးက ယုဟုန်ရှီနှင့် သွားတွေ့ပြီး.......

" အခုလိုနေရာထိုင်ခင်း စီစဉ်ပေးတဲ့အတွက် ကျေးဇူးပါ ဉက္ကဌရယ်....."

"ဒီလူနဲ့ဒီလူ ဒါမျိုးတွေပြောနေစရာလား....ကျွန်မက မင်းကြီး ပျင်းနေမှာကိုစိတ်ပူနေတာ....."

"နန်းတော်အပြင်သာ ထွက်နေရရင် သူ့အတွက်က အကုန်စိတ်ဝင်စားစရာတွေချည်းပဲမို့ ပျင်းဖို့အချိန်တောင်ရှိမှာမဟုတ်ဘူး....."

" ကဲ....ဒီလမ်းအတိုင်းလိုက်ခဲ့ပါ....."

ယုဟုန်ရှီက ကျန်းချင်းအာ၊ မင်းသမီးကြီးနှင့်လီလော့တို့ကို ဗီလာအတွင်းပိုင်းရှိ အခန်းတစ်ုဆီသို့ ဉီးဆောင်းလမ်းပြပေးခဲ့သည်။

အမှောင်ထဲတွင် ပုန်းအောင်းနေသူများကို လီလော့ အာရုံခံမိနေသည်။

ထိုသူများသည် ရွှေနဂါးဘဏ်တိုက်၏ အစောင့်များနှင့် တော်ဝင်သက်တော်စောင့်များသာပင်.....

လီလော့တို့ အခန်းထဲဝင်သွားသည့်အခါ လုချင်းအာက အသံခပ်အုပ်အုပ်ဖြင့်.....

" အမေ....သူတို့ ဘာလုပ်နေကြတာလဲ....."

" ဧကရာဇ်ကို ကုသပေးဖို့ လီလော့ကို အကူအညီတောင်းထားတာ...."

" ဟမ်....သမီးကြားထားသလောက်ဆို မြို့စားအဆင့်တွေ​တောင် ကုသပေးလို့မရတာကို လီလော့က ဘယ်လိုလုပ်ကုသပေးနိုင်မှာလဲ......"

" ဟင်းးးဟင်းးးး တကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်တွေကြောင့်ပေါ့......"

သမ္ဘာရင့်နေသော ယုဟုန်ရှီ၏အမြင်တွင် လီလော့ကို လက်နင်တစ်ခုအဖြစ်အသုံးချနေသည်ဟုသာ မြင်နေမိသည်။

All Chapters