← Chapters

အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်း

Vol. 20 Ch. 309

အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်း

Vol. 20 Ch. 309

ရွှီချင်းသည် တွေးတွေးဆဆဖြင့် ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။

ခေါင်းဆောင်သည်လည်း ရွှီချင်းကို ပြုံး၍ ကြည့်လိုက်သည်။

“ ဒီတားမြစ်နယ်မြေက နည်းနည်းထူးဆန်းနေသလို ရှိပေမဲ့ ခြုံပြောရရင် ဘာမှမဖြစ်ဘူး ”

ရွှီချင်းက ပြောလိုက်သည်။

“ အာ ကောင်းတယ် ကောင်းတယ်။ ငါက ပင်လယ်ထဲကိုပဲ အသွားများတာ၊ တားမြစ်နယ်မြေကို အဲဒီလောက် မသွားဖူးဘူး။ တားမြစ်နယ်မြေကို အခု လှည့်ပတ်ကြည့်ကြတာပေါ့ ”

ခေါင်းဆောင်က ရယ်မော၍ ပြောလိုက်သည်။

သူတို့နှစ်ယောက်သည် အစောပိုင်းက စကားကို မေ့သွားကြသည့်အလား အလိုလို စကားလမ်းကြောင်းပြောင်းလိုက်ကြပြီး တားမြစ်နယ်မြေထဲသို့ ဝင်သွားကြသည်။

ထိုအကြောင်းကို သူတို့ ဆက်ပြော၍ မသင့်သည်ကို သူတို့ ကောင်းကောင်း သိသည်။ ယင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ အကြံအစည်နှင့် ဆက်နွှယ်နေသောကိစ္စကြီးတစ်ခုဖြစ်သည်။ သေသေချာချာ စုံစမ်းကြည့်ပါက ထိုကိစ္စနောက်ကွယ်တွင် မိုးမြေတုန်ဟီးစေနိုင်သော ရည်ရွယ်ချက်များရှိနေသည်ကို သူတို့ ခံစားမိနေသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခု ရှိပါသော်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် စတင်ဖြစ်ပေါ်ကတည်းကဆိုလျှင် ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခုသာ ရှိသည်ဟု မဆိုနိုင်ပေ။

ရှေးခေတ်က ဘိုးဘေးရုပ်အလောင်းရုပ်ထုများ ပို၍ များပြားစွာ ရှိနေပေလိမ့်မည်။ သို့သော်လည်း ပြဿနာအမျိုးမျိုး ကြုံခဲ့ရပြီး ထိုရုပ်ထုများကို တခြားမျိုးနွယ်များက လေ့လာရန် ယူသွားခဲ့ကြပေမည်။ အဆုံးသတ်တွင် သဲလွန်စများ၊ အဖြေများ ထွက်မလာသည့်တိုင်အောင် ထိုမျိုးနွယ်များက ရုပ်ထုများကို ပြန်ထားရန် ပျက်ကွက်ခဲ့ကြပေမည်။

လက်ရှိဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခုသည်သာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ထိန်းသိမ်းထားနိုင်စွမ်းရှိခဲ့သည့် ရုပ်ထုများ ဖြစ်တန်ရာသည်။

ရွှီချင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ စစ်ပွဲနှင့် ဆဋ္ဌမမြောက်တောင်စစ်ခံတပ်ကြီး သက်ဝင်မလှုပ်ရှားသေးသည့်အကြောင်းရင်းကို တွေးတောကြည့်လိုက်သည်။ အမှတ်ခြောက်သခင်ကြီးက ထိုခံတပ်ကြီးကို အသုံးပြုခဲ့ပါသော်လည်း ထိန်းထိန်းသိမ်းသိမ်းဖြင့် သာမန်အစွမ်းကိုသာ ထုတ်ဖော်ပြသခဲ့သည်။

ထိုကိစ္စ၏ နောက်ကွယ်မှ အဓိပ္ပာယ်က အလွန် နက်ရှိုင်းသည်။

ရွှီချင်းသည် ထိုကိစ္စကို ရင်ထဲတွင် သိမ်းဆည်းထားလိုက်ပြီး မည်သည့်အတွက်ကြောင့် ခေါင်းဆောင်က သူ့နောက်သို့ အရှက်မရှိ အတိုက်အခံပြောကာ လိုက်ခဲ့သည်ကို နားလည်သွားသည်။

တစ်ဖက်တွင် ခေါင်းဆောင်မှာ လူတစ်ယောက်ကို အတင်းအကြပ် ပြောပြချင်နေသည့် အာသီသရှိနေပေမည်။ ထိုကဲ့သို့ လျှို့ဝှက်ချက်ကို သိပြီးနောက် ကြွားလုံးမထုတ်ဘဲ နေရလျှင် သူ စိတ်ကသိကအောက် ဖြစ်နေမည်ဖြစ်သည်။

တခြားတစ်ဖက်တွင် ချီရွှဲ့ထုံဂိုဏ်း၌သာ ဆက်နေပါက ဂိုဏ်းက အကြောင်းပြချက်တစ်ခုခုပေး၍ လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန် သူ့ကို အချိန်အတော်ကြာ ချုပ်နှောင်ထားပေမည်။

ရွှီချင်း ခေါင်းယမ်းလိုက်သည်။ ထိုကိစ္စ မည်မျှကြီးမားသည်ဖြစ်စေ သူနှင့် ဘာမှမသက်ဆိုင်ပေ။ ထို့အပြင် စစ်ပွဲက မကြာခင် အဆုံးသတ်တော့မည်ဖြစ်သည်။

သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခံစားချက်အားလုံးကို ရုတ်သိမ်းကာ တားမြစ်နယ်မြေတောအုပ်ထဲ လျှောက်သွားလိုက်သည်။

ဤတောအုပ်ထဲသို့ ယခင်က သူ ကြိမ်ဖန်များစွာ လည်ပတ်ခဲ့ဖူးပြီး အလွန် ရင်းနှီးနေပြီဖြစ်သည်။ မျက်လုံးမှိတ်ထားလျက် တောအုပ်ထဲ သူ လျှောက်သွားနိုင်သည်။ တောအုပ်ထဲရှိ အသီးအရွက်များက သူ့မှတ်ဉာဏ်များထဲ ရှိနေသေး၏။

တောအုပ်ထဲ ရောက်သည်နှင့် သူ အရှိန်တင်လိုက်သည်။ သူသည် တစ္ဆေတစ်ကောင်အလား တောအုပ်တစ်လျှောက် ဖြတ်သန်းသွားနေသည်။ ခေါင်းဆောင်က ဘေးပတ်လည်ကို သိချင်စိတ်ဖြင့် စူးစမ်းနေသည်။

တားမြစ်နယ်မြေများထဲသို့ သူ အမှန်ပင် သွားခဲသည်။ သူ သွားသည့် တစ်ခုတည်းသော တားမြစ်နယ်မြေမှာ ဂိုဏ်းဘေးရှိ ဖီးနစ်တားမြစ်နယ်မြေသာ ဖြစ်သည်။ ထိုဖီးနစ်တားမြစ်နယ်မြေသို့ နတ်အစွမ်းတချို့ နားလည်ရန် သူ သွားခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။

ရွှီချင်းက အရှိန်တင်လိုက်သည်ကိုမြင်၍ သူလည်း အနည်းငယ် အရှိန်တင်လိုက်သည်။ သူက ရွှီချင်း၏ ခြေလှမ်းများအတိုင်း ထပ်ကြပ်မကွာလိုက်ကာ တူညီသောနေရာများတွင် ဆင်းသက်လေသည်။ သူသည် သွားလာရင်းဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုကာ အတွေးနက်နေသည်။

“ ဒီတော့ သင်ယူစရာတွေ အများကြီး ရှိတာကိုး ”

ခေါင်းဆောင်သည် တောအုပ်ထဲ နိမ့်ချည်မြင့်ချည် ပျံသန်းနေသော ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏လေ့လာမှုက အလွန် အသေးစိတ်သည်။ သူသည် လေထဲတွင် ပျံသန်းနေသော ဓာတ်နှောများကိုမူ ဂရုမစိုက်ပေ။

ပင်လယ်ထဲရှိ ဓာတ်နှောများက ဤနေရာထက် ပို၍ သိပ်သည်းထူထပ်သည်။ ချီရွှဲ့ထုံဂိုဏ်း၏ ကျင့်ကြံခြင်းအတတ်သည် ဓာတ်နှောများကို ဖယ်ထုတ်ရာ၌ အတော်လေး ကောင်းမွန်သည်။ အန္တရာယ်ရှိသောအခြေအနေသို့ မရောက်မချင်း ဂိုဏ်းကြီးများမှ ဂိုဏ်းသားများအနေဖြင့် ခန္ဓာကိုယ်များထဲ ဓာတ်နှောများ ဝင်ရောက်မည့်အခြေအနေကို ကြုံရခဲသည်။

ရွှီချင်းသည် ခေါင်းဆောင်ကို ဂရုစိုက်မနေပေ။ ထိုအချိန်၌ သူ၏မှတ်ဉာဏ်ဟောင်းများထဲ သူ နစ်မြုပ်နေ၏။ သူ ရှေ့ဆက်သွားနေရင်း အတိတ်ပုံရိပ်များက သူ့စိတ်ထဲ လက်ခနဲ ဖြတ်ပြေးနေသည်။ သူ၏ဦးတည်ရာနေရာနှင့် နီးကပ်လာသည်နှင့်အမျှ သူ့စိတ်ထဲမှာ ခံစားချက်လှိုင်းများ ပို၍ ပေါ်လာလေပင်။

ခဏအကြာ ရွှီချင်း၏ ခြေလှမ်းများ နှေးသွားသည်။ သူက ချုံထူထူတစ်အုပ်ကို ကျော်ဖြတ်ပြီး ထီးထီးကြီး တည်ရှိနေသော ဂူတစ်လုံးကို မြင်လိုက်ရသည်။

အထိမ်းအမှတ်ကျောက်တိုင်မှာ ပေါင်းပင်များဖြင့် ပြည့်နှက်နေသော်လည်း ကျောက်တိုင် ပျောက်မသွားသေးဘဲ မားမားမတ်မတ် ရှိနေဆဲပင်။ ( ၂ ) နှစ်ကျော်ကြာ ကုန်လွန်သွားပြီဖြစ်သော်လည်း ရတနာမုဆိုးစခန်းတွင် ရွှီချင်း လုပ်ဆောင်ခဲ့သည့်အဖြစ်အပျက်များကြောင့် ထိုသတင်းစကားကို ကြားသွားသည့် ရတနာမုဆိုးများမှာ ထိုအုတ်ဂူကို လေးစားကြသည်။

ပေါင်းပင်များကို သူတို့ မရှင်းပေးကြသည့်တိုင်အောင် အုတ်ဂူကို မဖျက်ဆီးကြပေ။

သူတို့အားလုံး ရတနာမုဆိုးများ မဟုတ်ပါလား။ သေလွန်ပြီးနောက် မြေမြှုပ်ခံရခြင်းသည် အလွန် ကောင်းမြတ်သောကိစ္စတစ်ခုဖြစ်သည်။ ထိုအုတ်ဂူအား အကျိုးမရှိဘဲ မည်သည့်အတွက် အသက်နှင့်ရင်း၍ ဖျက်ဆီးရမည်နည်း။

ရွှီချင်းသည် အုတ်ဂူကို လှမ်းကြည့်လိုက်ပြီး ပို၍ နီးကပ်သည်အထိ လျှောက်သွားသည်။ သူက အုတ်ဂူရှေ့တွင် ထိုင်ချလိုက်ပြီး ဘေးပတ်လည်မှ ပေါင်းပင်များကို တစ်ပင်ချင်း ရှင်းလင်းလိုက်သည်။ နောက်ဆုံးတွင် သေရည်ပုလင်းကို မြှောက်လိုက်ပြီး တစ်ကျိုက်သောက်လိုက်သည်။ ထို့နောက် အုတ်ဂူပေါ်သို့ သေရည်အနည်းငယ် လောင်းချလိုက်၏။

“ ခေါင်းဆောင်လဲ့၊ သမားတော်ကြီးပိုင်လည်း ထွက်သွားပြီ ”

ရွှီချင်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူသည် ဘေးရှိ သစ်ပင်ကြီးကို မှီလိုက်ပြီး သစ်ပင်ကြားမှနေ၍ ကောင်းကင်ရှိ တိမ်မည်းများကို မော့ကြည့်လိုက်သည်။

ခေါင်းဆောင် ငြိမ်သက်သွားသည်။ သူက အုတ်ဂူကို ကြည့်လိုက်ပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။ သူ စကားတစ်ခွန်းမပြောသလို အနီးသို့လည်း ကပ်မသွားပေ။ ထိုအစား အဝေးသို့ သူ လျှောက်သွားသည်။ လက်ရှိတွင် ရွှီချင်းက တစ်ယောက်တည်းနေရန် လိုအပ်သည်ကို သူ သိသည်။

ရွှီချင်းသည် အမှန်ပင် တစ်ယောက်တည်း နေချင်နေ၏။ သူက သစ်ပင်ကြီးကို မှီရင်း သေရည်ကို တိတ်ဆိတ်စွာ သောက်လိုက်သည်။ ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မည်းလာသောအခါတွင် ခေါင်းမော့၍ တားမြစ်နယ်မြေတောနက်ထဲသို့ ကြည့်လိုက်သည်။ တောနက်ထဲတွင် ဘာမှမရှိပေ။

“ ခေါင်းဆောင်လဲ့ အဲဒီတုန်းက သီချင်းညည်းသံကို ကြားဖူးတဲ့လူက အဲဒီသီချင်းညည်းသံကို ဒုတိယတစ်ခေါက်ပြန်ကြားရရင် ကိုယ် တွေ့ချင်တဲ့လူကို တွေ့ရတယ်လို့ ပြောခဲ့တယ်နော် ”

“ကျနော် သတိရတာ လူနည်းနည်းပဲ ရှိတယ်။ တစ်နေ့ကျ သီချင်းသံကို ကျနော် တကယ်ကြားရရင် ကျနော်တွေ့ချင်တဲ့လူတွေအားလုံးကို မြင်ရမလား သိချင်တယ် ”

ရွှီချင်းသည် ခပ်တိုးတိုးရေရွတ်လိုက်ပြီး သေရည်နောက်တစ်ကျိုက် သောက်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ပကတိတိတ်ဆိတ်ငြိမ်သက်နေသည်။ ကောင်းကင်ကြီးသည်လည်း တဖြည်းဖြည်း နက်မှောင်လာခဲ့ပြီး တောအုပ်တစ်ခုလုံးသည်လည်း မှောင်မည်းလာခဲ့ပြီ ဖြစ်သည်။

ရွှီချင်း တိတ်ဆိတ်စွာ ထိုင်လိုက်သည်။

တစ်နာရီကျော်ကြာပြီးနောက် သူ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး အုတ်ဂူကို ကန်တော့လိုက်သည်။ သူက ထရပ်လိုက်ပြီးနောက် သေရည်ပုလင်းကို မြေကြီးပေါ်မှာ ချထားလိုက်သည်။

“ ကောင်းကင်ကြမ္မာပန်းပွင့်ကို အခုထိ ကျနော် ရှာမတွေ့သေးဘူး ”

ရွှီချင်းက အုတ်ဂူကို ကြည့်လိုက်သည်။ ခဏအကြာ သူ အဝေးသို့ လျှောက်သွားသည်။

တစ်လှမ်းချင်းဖြင့် နောက်ဆုံးတွင် ညအမှောင်ထုကြီးထဲ သူ ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် ရှေ့ဆက်သွားနေစဉ် သူ့နောက်မှ ခြေသံတရှပ်ရှပ်ပေါ်လာသည်။ ယင်းခြေသံပိုင်ရှင်မှာ ခေါင်းဆောင် ဖြစ်သည်။

“ ရွှီချင်း၊ နောက်ကြုံရင် ငါ အိမ်ပြန်ရင် အဖော်လိုက်ခဲ့။ ငါလည်း အရိုအသေမပေးဖြစ်တာ အတော်ကြာနေပြီ ”

ခေါင်းဆောင်က ပြတ်တောင်းပြတ်တောင်းလေသံဖြင့် ပြောလိုက်သည်။

ရွှီချင်း ခေါင်းညိတ်လိုက်သည်။

ညအမှောင်ထုကြီးထဲ သူတို့နှစ်ယောက်သည် တောအုပ်တစ်လျှောက် ခရီးဆက်နေသည်။ ထိုအတောအတွင်း သန္ဓေပြောင်းသားရဲတစ်ကောင်မှ ပေါ်မလာခဲ့ပေ။ ယနေ့ တောအုပ်ထဲ ပေါ်လာခဲ့သည့် လူနှစ်ယောက်က ပုံမှန် ရတနာမုဆိုးများနှင့် မတူသည်ကို သားရဲများ အလိုလို သိနေကြသည်။

ညသန်းခေါင်ယံအချိန်တွင် လျှိုမြောင်ဆီသို့ ရွှီချင်း ရောက်သွားပြီး အထဲဝင်သွားသည်။ ယခင်က သွေးများစွန်းထင်းခဲ့သော နေရာများတွင် ချုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နှက်နေသည်။ ပြီးခဲ့သည့် ( ၂ ) နှစ်၊ ( ၃ ) နှစ်အတွင်း ခုနစ်ရွက်မြက်ပငပ်များစွာ ပြန်ပေါက်လာခဲ့ပြီး တစ်ယောက်မှ ခူးဆွတ်ခဲ့ဟန် မတူပေ။

ဤလျှိုမြောင်ကို တခြားရတနာမုဆိုးများ ယခုတိုင်အောင် ရှာမတွေ့သေးသည်မှာ သေချာသည်။

မနီးမဝေးရှိ ပြိုလဲနေသော သစ်သားတဲလေးကို ကြည့်၍ ထိုတဲလေးထဲတွင် ဆေးဖော်ခဲ့သည့်နေ့ရက်များကို သူ ပြန်တွေးမိလိုက်သည်။ အရိပ်လေးမှာလည်း ခံစားချက်အနည်းငယ် ပေါ်လာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ဤနေရာသို့ ရွှီချင်း လာကတည်းက ငြိမ်သက်တိတ်ဆိတ်နေခဲ့၏။

ရွှီချင်းသည် လျှိုမြောင်တစ်လျှောက် ဖြတ်သန်းလာပြီးနောက် အဝေးရှိ ဘုရားကျောင်းအစုအဝေးကို ကြည့်လိုက်သည်။

ညသန်းခေါင်ယံတွင် ကောင်းကင်ယံ၌ လျှပ်စီးများ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။ ထိုလျှပ်စီးအလင်းများ၏ အကူအညီဖြင့် ရွှီချင်း၏မျက်လုံးများထဲ ဘုရားကျောင်းအစုအဝေး ပေါ်လာသည်။ ထိုဘုရားကျောင်းများသည် ယခင်ကနှင့် ကွဲပြားသွားခြင်း မရှိပေ။

အချိန်များ ပို၍ ကုန်လွန်လာခဲ့ပြီး အပြင်ဘက်ရှိ ရတနာမုဆိုးစခန်းမှာ မျိုးဆက်များစွာ ပြောင်းလဲသွားခဲ့သည့်တိုင်အောင် ထိုဘုရားကျောင်းအစုအဝေးကြီးက ယခင်အတိုင်း ရှိနေဆဲဖြစ်မည်ကို သူ မှန်းဆကြည့်နိုင်သည်။

“ အမ် ဒီမှာလည်း အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်း ရှိနေတာပါလား ”

ရွှီချင်းက ဘုရားကျောင်းများအား ကြည့်နေသည်ကို မြင်၍ ခေါင်းဆောင်က အံ့အားသင့်စွာ ပြောလိုက်သည်။

“ အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်းလား ”

ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ အခုမှ မှတ်မိတယ်။ အရင်က ကောင်းကင်ဓားမော့ဓားချက်နဲ့ ဆင်တူတဲ့ နတ်အစွမ်းတစ်မျိုး မင်း ထုတ်သုံးလိုက်တာကို ငါ မြင်ခဲ့တယ်။ အဲဒီတုန်းက ရင်းနှီးနေသလိုလို ငါ ခံစားခဲ့ရတာ။ ကြည့်ရတာ ဒီနေရာက အစွန်းရောက်ကောင်းကင်ဓားမော့ဓားချက်ကို မင်း နားလည်သွားခဲ့တာလား ”

ခေါင်းဆောင်က ပြောလိုက်ရင်း သူ့မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားသည်။

“ မင်းရဲ့ ဓားမော့ဓားချက်ကို ပြန်တွေးမိလေလေ ပိုတူလေလေပဲ။ ငါ ပြောတာ ဟုတ်တယ်မလား ”

“ အဲဒါ အစွန်းရောက်ကောင်းကင်ဓားမော့လား။ ခေါင်းဆောင်က အစွန်းရောက်ကောင်းကင်ဓားမော့ကို သိတယ်ပေါ့။ အံ့သြစရာပဲ ”

ရွှီချင်းက ခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။ ခေါင်းဆောင်၏ အထူးတဆန်း လုပ်တတ်သောအမူအရာကို သူ ရင်းနှီးနေပြီ ဖြစ်သည်။ ခေါင်းဆောင်ကို သူ မေးကြည့်လိုက်သည်နှင့် ဝိညာဉ်ကျောက်တုံးများ အကြွေးတင်သွားမည်ကိုလည်း သူ သိသည်။ ထိုကဲ့သို့ ဝါသနာကို ဖြေရှင်းရန် မသိချင်သလို ဟန်ဆောင်ရမည်ကိုလည်း သူ သိသည်။ ခေါင်းဆောင် မထိန်းချုပ်နိုင်သောအခါ ပွင့်အံလာမည်သာ ဖြစ်သည်။

သူသည် အကြည့်လွှဲလိုက်ပြီး ဘုရားကျောင်းအစုအဝေးဆီသို့ လျှောက်သွားသည်။ ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး တအံ့တသြအမူအရာဖြင့် လျှောက်သွားသည်။

“ အံ့သြစရာပဲ ”

“ ဝါး ”

“ လက်ဖျားခါရလောက်တယ်ဟေ့ ”

သူပြောနေစဉ် ရွှီချင်းသည် ဘုရားကျောင်းအစုအဝေးနေရာသို့ ရောက်သွားသည်။ ရွှီချင်းသည် ယခင်က ဓားမော့ဓားချက်ကို နားလည်ခဲ့သော ဘုရားကျောင်းကို တွေ့သွားပြီး အထဲသို့ ဝင်လိုက်သည်။ ထို့နောက် ဘုရားကျောင်းထဲရှိ ရုပ်ထုကို မော့ကြည့်လိုက်ပြီး ဘေးတွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

ခေါင်းဆောင်လဲ့ကို အရိုအသေပေးခြင်းအပြင် ဤဘုရားကျောင်းထဲရှိ ဓားမော့ဓားချက်ကို ထပ်မံနားလည်သွားပြီး အစွမ်းကို တိုးတက်အောင် လုပ်နိုင်ဦးမလား ဆိုသည်ကိုလည်း သူ သိချင်နေခဲ့သည်။

“ ထင်ထားတဲ့အတိုင်း အစွန်းရောက်ကောင်းကင်တာအိုရုပ်ထု ဖြစ်နေတာပဲ ”

ခေါင်းဆောင်က ဘုရားကျောင်းထဲ ဝင်လိုက်သည်နှင့် ရုပ်ထုကို ချက်ချင်း စိတ်ဝင်စားသွားသည်။ ရုပ်ထုကို သူ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ဘေးတွင် ထိုင်ကာ တစ်ခုခုကို နားလည်ရန် ကြိုးပမ်းနေဟန်တူသည့် ရွှီချင်းကို ကြည့်လိုက်သည်။ ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး မခိုးမခန့်ပြုံးလိုက်ပါသော်လည်း တစ်ခွန်းမှ မဆိုပေ။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားပြီး တစ်ညတာ ကုန်လွန်သွားသည်။

ရွှီချင်း အနည်းငယ် နောင်တရသွားသည်။ ထိုဓားချက်ကို နားလည်ချင်ပါက ထူးခြားသောအချိန်မှသာ လာရမည်ဖြစ်ကြောင်း သူ တွေးတောမိလိုက်သည်။ ထို့အပြင် ထိုအချိန်၌လည်း ထိုဓားချက်ကို လေ့လာနိုင်မည်ဟု မပြောနိုင်ပေ။ ထိုဓားချက်ကို လေ့လာနိုင်မည့်အချိန်က လအနည်းငယ် သို့မဟုတ် ဆယ်စုနှစ်များစွာလည်း ဖြစ်သွားနိုင်သည်။

ထို့ကြောင့် အပြင်ဘက်လောကကြီးမှ မနက်ခင်းနေရောင်ခြည်တန်းများ ကျဆင်းလာသောအခါတွင် ရွှီချင်း မတ်တတ်ရပ်လိုက်သည်။ ခေါင်းဆောင်က ရယ်မောလိုက်၏။

“ မင်း မအောင်မြင်ဘူးမလား။ ငါ ထင်ပါတယ်။ မင်း အောင်မြင်သွားရင်သာ ထူးဆန်းနေမှာ ”

“ ဘာလို့လဲ ”

ရွှီချင်းက အံ့အားသင့်စွာ ပြောလိုက်သည်။

“ မင်း မထိန်းချုပ်နိုင်တော့ဘူးမလား။ ငါ့ကို မေးလည်း ရပါတယ်ကွ။ ဘာလို့ ဒီလောက်ကြာအောင် ထိန်းချုပ်ထားရတာတုံး ”

ခေါင်းဆောင်က သူ့ကိုယ်သူ ဘဝင်ခိုက်နေသည့်လေသံဖြင့် ပြောလိုက်သည်။

ရွှီချင်းသည် ခေါင်းဆောင်၏ မျက်လုံးများကို ကြည့်လိုက်ပြီး ဆက်မပြောတော့ပေ။

ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပါသော်လည်း တစ်ခွန်းမှ မဟပေ။

ခဏအကြာ ရွှီချင်း သက်ပြင်းချလိုက်သည်။

“ ဂိုဏ်းတူအစ်ကို၊ အဲဒီအကြောင်း ကျနော့်ကို ပြောပြပေးပါ ”

ခေါင်းဆောင်က အော်ရယ်လိုက်ပြီး သူ့ကိုယ်သူ အလွန် ဘဝင်ခိုက်နေဟန် ဖြစ်သွားသည်။

“ ဒါဆိုလဲ ငါ ပြောပြမယ်။ ဒါပေမဲ့ မင်း ငါ့ကို ဝိညာဉ်ကျောက်တုံးငါးသောင်းပေးရမှာ မမေ့နဲ့နော် ”

ထိုသို့ ပြောပြီးသည်နှင့် ခေါင်းဆောင်က အဖြေကို ပြောလိုက်သည်။

“ အစွန်းရောက်ကောင်းကင်တာအိုကျောင်းတော်က အစွန်းရောက်ကောင်းကင်ခေတ်က အစွန်းရောက်ကောင်းကင်တာအိုတိုင်းပြည်ကနေ အစပြုခဲ့တာလို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒီတာအိုတိုင်းပြည်အကြောင်း သမိုင်းမှတ်တမ်းက နည်းနည်းပဲ ရှိတော့တယ်။ တားမြစ်နယ်မြေတချို့မှာပဲ ဒီလိုတာအိုဘုရားကျောင်းတွေ ရှိတတ်တာ။ တာအိုဘုရားကျောင်းတွေထဲက ရုပ်ထုတွေကလည်း အတူတူတွေပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူတစ်ယောက်က ဒီတာအိုဘုရားကျောင်းတွေမှာ မျိုးနွယ်တိုင်း အသုံးပြုလို့ရတဲ့ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ် ရှိနေတယ်ဆိုတာ တွေ့ရှိခဲ့တယ် ”

“ ဒါပေမဲ့ အဲဒါကို နားလည်ဖို့က အင်မတန် ခက်ခဲပြီး ကံကြမ္မာအပေါ်မှာ မူတည်တယ်။ တာအိုဘုရားကျောင်းတိုင်းမှာရှိတဲ့ ဓားမော့သိုင်းကွက်တွေက မတူညီကြလို့ အဲဒီဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်မှာ ဓားမော့ဓားကွက်ဘယ်နှစ်ကွက်ရှိမှန်း တစ်ယောက်မှ မသိခဲ့ကြဘူး။ ဒါပေမဲ့ လူတစ်ယောက်က ဓားမော့ဓားကွက်တစ်ကွက်ကို နားလည်နိုင်သလို တခြားတစ်ယောက်က ဓားမော့ဓားကွက်သုံးကွက်၊ လေးကွက်ကိုလည်း နားလည်နိုင်တယ်လို့ ငါ ကြားတယ်။ ဒီတော့ လူတစ်ယောက်ကို အလွန်ဆုံး ဓားမော့ဓားကွက်ခြောက်ကွက်၊ ခုနစ်ကွက်အထိ နားလည်နိုင်တဲ့ပုံပဲ ”

“ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဓားကွက်ရဲ့အစွမ်းကို သံသယဖြစ်စရာမရှိဘူး။ ဓားကွက်သုံးကွက်ထက်ပိုပြီး နားလည်သွားရင် ဧကရာဇ်တစ်ပိုင်းအဆင့်ကို ယှဉ်ပြိုင်နိုင်တဲ့အစွမ်း ရှိလာမယ်။ ခြောက်ကွက်၊ ခုနစ်ကွက်အထိ နားလည်သွားရင် ဧကရာဇ်အဆင့်နတ်အစွမ်းလို့ သေချာပေါက် ပြောလို့ရတယ် ”

“ ချီရွှဲ့ထုံဂိုဏ်းဘေးက ဖီးနစ်တားမြစ်နယ်မြေထဲက မြို့ပျက်ကြီးအလယ်မှာ ဒီလိုမျိုး အစွန်းရောက်ကောင်းကင်ဘုရားကျောင်းရှိတယ်။ အရင်က ငါ နားလည်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ နောက်ကျ အခွင့်ကြုံရင် အဲဒီကို မင်း သွားလေ့လာကြည့်ပေါ့ ”

ထိုနေရာအရောက်တွင် ခေါင်းဆောင်၏ မျက်နှာအမူအရာက အနည်းငယ် တစ်မျိုးဖြစ်သွားပြီး ဆက်ပြောလိုက်သည်။

“ ပြီးတော့ အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်းက ဓားမော့သိုင်းကို လူတစ်ယောက် နားလည်သွားတာနဲ့ အဲဒီဘုရားကျောင်းထဲက ရုပ်ထုရဲ့ တာအိုဓာတ်တွေ ပျောက်ကွယ်သွားတယ်။ နောက်ထပ်နှစ်ပေါင်းသုံးဆယ်ကြာမှပဲ အဲဒီတာအိုကျောင်းထဲက ဓားမော့အတတ်ကို ပြန်နားလည်နိုင်တာ။ ဒါကြောင့် မနေ့ညက မင်း မအောင်မြင်လိုက်တာ။ ငါ မင်းကို မပြောပြတာ မဟုတ်ဘူးနော်။ မင်းက ငါ့ကို မမေးလို့ မပြောပြတာ။ တကယ်တော့ မနေ့ညက မင်း ဘာလုပ်နေတာလဲ ငါ သိချင်နေတာ ”

ရွှီချင်း၏ နဖူးကြောများ ထောင်သွားသည်။

ခေါင်းဆောင်သည် ချောင်းတဟွတ်ဟွတ်ဆိုးသွားပြီး ထပ်ပြောလိုက်သည်။

“ တကယ်က အဲဒီနှစ်သုံးဆယ်မပြည့်ခင် တာအိုဓာတ်ကို သိုလှောင်လို့ မရတာ မဟုတ်ဘူး။ ဓားကွက်ကို နားလည်သွားခဲ့တဲ့သူကို သူ နားလည်သွားခဲ့တဲ့ရုပ်ထုရှေ့မှာ သတ်လိုက်ရုံပဲ။ အဲဒါဆိုရင် တာအိုဓာတ်တွေ ချက်ချင်း ပြန်ပြည့်သွားပြီး နောက်ထပ် နားလည်အောင် လုပ်လို့ရသွားတယ် ”

All Chapters