← Chapters

အလဟဿသေဆုံးခြင်း

Vol. 1 Ch. 4

အလဟဿသေဆုံးခြင်း

Vol. 1 Ch. 4

ကန့်လန့်ကာများကို ဖယ်လိုက်ကာ အပြင်ဘက်ရှိ ရာသီဥတုကို လေ့လာလိုက်ပြီး သူမ၏ မျက်ခုံးများမှာ ပေါ့ပါးစွာ မြင့်တက်သွားလေသည်။

“ကျွန်မမှာ လုပ်စရာလေးတွေရှိနေသေးလို့ ဒီည

ဒီတောင်ပေါ်မှာ တစ်ညလောက်အိပ်လို့ရမရအခြေနေကြည့်လိုက်ဦးမယ်လို့ သခင်မကိုပြောပေးပါ ” ရှဲ့ချောင် လှမ်းပြောလိုက်သည်။

ခရီးသွားရင်း စခန်းချခြင်းသည် ပုံမှန်လုပ်ဆောင်နေကြအရာတစ်ခုဖြစ်သည်။

ရထားလုံးဆရာသည် ရထားလုံးကိုရပ်လိုက်ပြီး သခင်မလု၏ နံဘေးသို့ ပြေးသွားကာ တိုးတိုးပြောလိုက်သည်။

သခင်မ၏မျက်နှာတွင် မကျေနပ်မှုအား ဖော်ပြနေပြီး

"ဘာတွေများ ဒီလောက်အရေးကြီးနေမှာလဲ ရိုင်းစိုင်းပြီး လှည့်စားဖို့ လာသရုပ်ဆောင်ပြနေတာပဲဖြစ်ရမယ်”

"ဒါဆို သမီးတို့ရထားလုံးကိုရပ်သင့်လား အမေ ဒီနယ်က နာမည်ကြီးကျောက်စိမ်းထွက်တဲ့ နေရာလို့ကြားဖူးတယ်… မြို့ရဲ့ ဈေးနေရာတိုင်းမှာ ကျောက်မျက်ရတနာတွေရှိတယ်တဲ့ သမီးတို့သာမြို့ကို စောစောရောက်ရင် ရတနာတွေ လိုက်ကြည့်ဖို့ အချိန်ရလောက်တယ်”

ဖေဝမ်ယွဲ့သည် သူမ၏ခေါင်းအား တစ်ဖက်သို့စောင်းကာအကြံပြုလေသည်။

သူမ၏ အသံမှာနူးညံ့နေသဖြင့် သူမကိုပို၍ပင် ချစ်စဖွယ် ဟုမြင်စေသည်။

သခင်မလုသည် သူမ၏သမီးနှင့် အချိန်မဖြုန်းရသည်မှာ နှစ်အနည်းငယ်ကြာမြင့်နေပြီဖြစ်သဖြင့် သူမကို အလွန်သတိရနေလျက်ရှိရာ သေချာပေါက် သူမသမီး၏ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးလိမ့်မည်ပင်။

“အရေးမကြီးတာကို အပျော်အပါးမဖြစ်စေနဲ့ ဒီလိုပဲလျှောက်ရပ်ခိုင်းနေရင် ကိုယ့်ဘာသာပဲ မြို့ထဲကို လမ်းလျှောက်ဝင်ရလိမ့်မယ်လို့ ပြောလိုက်”

သခင်မလုသည် အလွန်တင်းမာစွာ စည်းကမ်းတင်းကြပ်ဟန်ဖြင့် ပြောခိုင်းလိုက်သည်။

သူမသည် ထိုမိန်းမပျို၏မိခင်အရင်းမဟုတ်သော်လည်း ယခင်ဇနီးဖြစ်သူကွယ်လွန်ပြီးနောက် ရှဲ့နျိုရှန်းမှ သူ၏ဇနီးဖြစ်ရန်အတွက် လှည်းဖြင့် ခေါ်ဆောင်လာခြင်းခံရသူဖြစ်သည်။

အနည်းဆုံးတော့ သူမ၏သားသမီးများကို ဆုံးမလမ်းညွှန်ပေးပိုင်ခွင့်ရှိသည်။

ရထားလုံးဆရာမှ ယင်းကိုအကြောင်းပြန်ပေးလေသည်။ ထိုစကားကိုကြားသောအခါ ရှဲ့ချောင်သည် သူမ ခေါင်းကိုခါယမ်းလိုက်သည်။ထို့နောက်သူမ၏ကြုံ့နေသောမျက်ခုံးများက ပုံမှန်တိုင်း ညင်သာစွာဖြောင့်စင်းသွားတော့သည်။

"သာ့ရှုန်း ရထားလုံးပေါ်ကဆင်းရအောင်"

ရှဲ့ချောင်က ကြက်ဖကြီးအားပြောလိုက်သည် ။

ထိုစကားကိုပြောပြီးနောက် သူမ၏လေးလံလှသော ဝါးသေတ္တာအား သယ်၍ ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်သည်။

“ဒါဆိုရင် ရှင်အမေနဲ့ အတူတူသွားလိုက်တော့ သူတို့နဲ့မနက်ဖြန်မနက်ကျမှ ဆုံကြမယ်”

ယင်းမတိုင်မီက သူမသည် သခင်မလု၏ မျက်နှာဟန်ပန်ကို ဂရုမစိုက်ခဲ့ပေ။ သူမအား တစ်ချက်သာ ကြည့်ဖူးလေသည်။

သို့သော် သူမ၏ မျက်နှာသွင်ပြင်မှာ မွဲခြောက်နေပြီး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေကာ မျက်လုံးများမှာလည်း အလျင်းတောက်ပခြင်းမရှိကြောင်းရှဲ့ချောင်အတတ်ပြောနိုင်သည်။

ထို့အပြင် သူမ၏ နှာထိပ်သည် နီရဲနေပြီး သူမ၏ မျက်နှာပေါ်ရှိ ကံကြမ္မာအရိပ်အယောင်များ မှာ ထိုင်းမှိုင်းနေသည်။ ဤအရာအားလုံးသည်ကံကြမ္မာဆိုး၏ အငွေ့သက်များဖြစ်ပေသည်။

သူမရပ်လိုက်သည့်နေရာတွင်ရေနှင့်သစ်သားဒြပ်စင်များ အများဆုံးပါဝင်သည်ဟု ယူဆနိုင်သည်။ လေမှာ လန်းဆန်းပြီး စိုစွတ်လျက်ရှိသည်။ မထွက်ခွာခင် တစ်ညလောက်သာ တရားထိုင်နိုင်လိုက်လျှင် စိတ်အညစ်ကြေးများ သေချာပေါက် ရှင်းလင်းသွားမည်ဖြစ်သည်။ သူမမျက်နှာပေါ်က ကံကြမ္မာဆိုး၏အရိပ်အယောင်များလည်းပျောက်ကွယ်သွားလိမ့်မည်။

သူမမည်မျှ ကြိုးစားကာရှင်းပြနေပါစေ လူအချို့ကငြင်းဆန်ကြမှာပင်။ တကယ်တော့...

ရှဲ့ချောင်မှ မျက်လုံးများကို မှိတ်လိုက်ပြီး ခဏမျှ စဉ်းစားလိုက်သည်။

သခင်မလုထွက်သွားသောအခါ  ကံကြမ္မာဆိုးအားကြုံတွေ့ရနိုင်သော်လည်း ဘေးဥပဒ်ကို ရှောင်ရှားနိုင်လောက်ပေသည်။ ၎င်းသည်လည်း ကောင်းသောအရာတစ်ခုပင်။

ရထားလုံးဆရာမှာ ခဏတာ အံ့ဩသွားသော်လည်း ရှေ့မှရထားလုံးကို ကြည့်လိုက်သောအခါ အစောက သခင်မ၏စကားအား အမှတ်ရပြီး ပထမသခင်မလေးအား စောင့်နေရန်

မသင့်တော်ဘူးဟု သတ်မှတ်ခဲ့သည်။

ထို့နောက် ရှဲ့ချောင်တစ်ယောက် ဝါးသေတ္တာကို သူမ၏ နောက်ကျောပေါ်တွင် တင်ကာ တောအုပ်ဆီသို့ ဦးတည်သွားခဲ့သည်။

သူ့မ၏ခန္ဓာကိုယ်သည် ပိန်ပိန်ပါးပါးလေးဖြစ်ကာ မကြာခဏ ချောင်းဆိုးတတ်သေးသည်။ ဤဝါးသေတ္တာမှာ သူမ၏ကျောရိုးအား အချိန်မရွေး ကျိုးသွားနိုင်စေသလိုပင်။

ထိုအချိန်တွင် ကြက်ဖကြီးသည် သူမ၏အနောက်နားတွင် ကပ်နေလေသည်။ မြင်ရတာ လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းတစ်ခုဖြစ်နေလေသည်။

ရှဲ့ချောင်သည် နေရာတစ်ခုသို့ရောက်ရန်တစ်နာရီခန့် လမ်းလျှောက်ခဲ့ရသည်။

ရုတ်တရက်ဆိုသလို သူမ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

"ဒီနေရာလား ရှင်မြင်တဲ့အတိုင်း ကျွန်မကပျော့ညံ့တယ် ဒီအလုပ်တွေတွေအကုန်လုံးက ကျွန်မကို ပင်ပန်းစေနိုင်တယ် ကျွန်မတို့သာနေရာအမှားကြီးကို တူးမိရင် ပြန်စနိုင်တော့မှာ မဟုတ်ဘူး”

ရှဲ့ချောင်သည် လေထဲသို့ ပြောလိုက်သည်။

သူမ စိုက်ကြည့်နေတဲ့ လမ်းကြောင်းတွင် လွင့်မျောနေတဲ့ ပုံသဏ္ဍာန်တစ်ခု ရှိနေသည်။

အတော်အသင့်ဖျက်လတ်သော ယောက်ျားတစ်ယောက်ပုံစံရှိသည်။ တစ်ခုတည်းသောအချက်မှာ ၎င်းသည် ငြိမ်သက်နေသောပုံစံရှိနေခြင်းဖြစ်ပေသည်။

ကန့်လန့်ဖြတ်အမာရွတ်တစ်ခုကသူ၏မျက်နှာတလျှောက် ၌တည်ရှိနေသည်။ သွေးချင်းချင်းနီနေကာ သူ့မျက်လုံးများကလည်း ပေါက်ထွက်မတတ်ပြူးနေသေးသည်။ ထိုသူသည် သာမာန်အဝတ်အစားကို ၀တ်ထားသည်။

သို့သော်လည်း ရှဲ့ချောင် တစ်ဦးတည်းသာ ဤမြင်ကွင်းကို မြင်နိုင်သည်။

“ဒီမှာပါ”

ထိုမကောင်းဆိုးဝါးဝိညာဉ်၏အသံမှာ အက်ကွဲ၍  အလွန်ကြောက်စရာကောင်းနေသည်။

ပြောပြီးနောက် လေထဲတွင်လွင့်ပျံပြီး ခေါင်းအား ဆန့်ထုတ်လိုက်သည် ။ အလွန်အမင်း ပင်ပန်းနေပုံရသည်။

အနီးနားတစ်ဝိုက် လူရှိနေခဲ့လျှင်တောင် ဤအက်ကွဲနေသော အသံအားမကြားနိုင်လောက်ပေ။ အေးစိမ့်သောလေနုအေးဖြတ်သွားမှသာ ၎င်း၏ အငွေ့သက်ကိုခံစားရပြီး ကြားနိုင်မည် ဖြစ်ပေသည်။

"ကျွန်မနဲ့ဝေးဝေးနေ မဟုတ်ရင် ရှင့်ကို အစွဲချွတ်ရလိမ့်မယ်”

ရှဲ့ချောင်သည် ထိုမကောင်းဆိုးဝါးဝိညာဥ်အားမျက်စောင်းထိုးလိုက်သည်။

“ရှင့်ကိုယ်ရှင်တော့ အလဟဿသေသွားတယ်လို့ ထင်နိုင်ပေမယ့် ကျွန်မမျက်လုံးထဲမှာတော့ အရာအားလုံးကအကြောင်းတစ်ခုခုကြောင့် အကျိုးဖြစ်လာတာချည်ပဲ”

••••••••••••••

All Chapters