အမျိုးသမီးတစ္ဆေ
Vol. 1 Ch. 6
ရှဲ့ချောင် ဤတွင်းအား တူးနေသည်မှာ နာရီ အတော်ကြာပင် ရှိပြီဖြစ်သည်။
ပတ်ဝန်းကျင်မှာလည်း မှောင်နေလေပြီ။
အနီးအနားသစ်ပင်ပေါ်၌ ချိတ်ဆွဲထားသော မီးအိမ်တစ်လုံးသာ ရှိလေသည်။ လေညှင်း တိုက်ခတ် လိုက်သောအခါ မီးတောက်သည် တလှုပ်လှုပ် ဖြစ်သွားခဲ့ကာ မီးစုန်းများ ကခုန်နေသည်နှင့်ပင် တူသည်။
"ကြည့်ရတာ ငါတို့ အရိုးတွေအထိ ရောက်ပြီထင်တယ်"
ရှဲ့ချောင်သည် သိုးမွေးသားရေ လက်အိတ်တစ်စုံကို ဝတ်ဆင်လိုက်ပြီး အရိုးများကို တွင်းထဲမှာ ဖြေးညှင်းစွာ ထုတ်ယူလိုက်သည်။
ဤအလောင်းသည် လွန်ခဲ့သော တစ်နှစ်ခွဲခန့် ကမှ သေဆုံးခဲ့သည် ဖြစ်သောကြောင့် အရိုးများမှာ အတော်လေး သန့်ရှင်းနေခဲ့သည်။
အကယ်၍ ပုတ်သိုးဆွေးမြေ့နေသော အလောင်းသာ ဖြစ်ခဲ့လျှင် ထိုသို့ပြုလုပ်သည်မှာ သိက္ခာမရှိသော လုပ်ရပ် ဖြစ်သည်။
ရှဲ့ချောင်သည် အထူးဂရုစိုက်၍ အရိုးများကို ရွေ့နေခဲ့သည်။
"တ တစ္ဆေတစ်ကောင်" ဟု တစ်စုံတစ်ယောက်က ရုတ်တရက် မလှမ်းမကမ်း မှ အော်လိုက်သည်။
ထို့နောက် သူတို့သည် အလုအယက် ထွက်ပြေးသွားခဲ့ကြသည်။
ရှဲ့ချောင်သည် ထိုအသံကြားသောအခါ နောက်သို့ လှည့်ကြည့်လိုက်ပြီး
"ဒါ...မကောင်းဘူး တစ်ယောက်ယောက် မင်းကို တကယ် မြင်သွားတာ ဖြစ်နိုင်တယ်"
မကောင်းဆိုးဝါးဝိညာဥ်၏ မျက်လုံးမှာ ပြူးသွားခဲ့သည်။
မဟုတ်ဘူး..ထို ကြောက်လန့်နေသော လူ အော်ပြောခဲ့သော တစ္ဆေမှာ သူမဖြစ်နိုင်ပေ။ သူ ပြောနေခဲ့သည်မှာ ဤဆရာသခင်အကြောင်းဖြစ်နိုင်သည်။
ထို လူသည် အမှန်တကယ်တွင် ဆီးသွားရန် နေရာတစ်ခု ရှာဖွေလိုခဲ့ခြင်းဖြစ်သည်။ ထိုအစား သူသည် ကြောက်လန့်တကြားဖြင့် သူ၏ ဘောင်းဘီများကိုပင် ပြန်ပင့်တင်ရန် မေ့လျော့ကာ ဒယိမ်းဒယိုင်ဖြင့်ပင် သူ၏ အဖွဲ့ဆီသို့ ပြန်လှည့်ပြေးလာခဲ့သည်။
"တ တစ္ဆေ! ပေတစ်ရာကျော်အကွာလောက်မှာ အမျိုးသမီး တစ္တေ တစ်ကောင်ရှိနေတယ်!"
သူသည် အကိုက်ခံရမည်ကို ကြောက်နေခဲ့သည်။
သူ၏ အသံသည် စခန်းချရာနေရာ၌ အနား ယူနေကြသော အဖွဲ့တစ်ဖွဲ့လုံးကို နှိုးနိုင် လောက်အောင် ကျယ်လောင်နေခဲ့ပေသည်။
"ဘာတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတာလဲ"
ကျောက်ရွှမ်ကျင်း မေးလိုက်သည်။
"သခင်လေး ဒီနေ့ည အပြင်မှာတော်တော်လေးမှောင်နေတယ် အဲဒါကြောင့် သူက သတ္တိနည်းပြီး သူ့သာသာ ကြောက်နေတာပါ ကျွန်တော် လူတစ်ချို့ ကို ကြည့်ဖို့အတွက် စေလွှတ်ပြီးပါပြီ"
လက်အောက်ငယ်သားတစ်ယောက် က ချက်ချင်း ပြန်ဖြေလေသည်။
သိပ်မကြာခင်မှာပင် ထို လက်အောက်ငယ်သား စေလွှတ်လိုက်သော လူတစ်ချို့ ပြန်ရောက်လာသည်။ ထိုသူတို့မှာလည်း တုန်လှုပ်၍ ကြောက်လန့် နေကြသည်။
ဒီနေ့ညတော့ အိပ်လို့ရမှာ မဟုတ် ဟု သူပြောနိုင်သည့် အတွက်ကြောင့် ကျောက်ရွှမ်ကျင်း သည် ထိုလူများကို တဲအတွင်း သို့ ခေါ်ဆောင်သွားခဲ့သည်။
"သ သခင်လေး ကျွန်တော် စောင့်နေတဲ့ နေရာနဲ့ မလှမ်းမကမ်း နေရာမှာ အမျိုးသမီး တစ္ဆေ တစ်ကောင်ကို တွေ့ခဲ့တယ်။ သူမ ဘေးပတ်ပတ်လည်မှာလည်း လွင့်မျောနေတဲ့ မီးစုန်းတွေရှိတယ် ကျွန်တော် ချောင်းကြည့်လိုက်တာ သူမ တစ်ခုခုကို ကိုက်ဝါးနေတဲ့ပုံပဲ ပြောင်ရှင်းနေတဲ့ အရိုးဖြူဖြူတွေပဲ ကျန်ခဲ့တယ်"
ထိုလူကြီးများ၏ မျက်နှာများမှာ သူတို့မြင်ခဲ့ရသော မြင်ကွင်းကို ပြန်အမှတ်ရသကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်ကုန်ခဲ့ ကြသည်။ သူတို့ အမှန်တကယ်ပင် သည်းမခံနိုင်ပေ။
သူတို့သည် သတ္တိနည်းသည့်သူများမဟုတ်ကြပေ။ အဲဒါကဒီအတိုင်း… လူဆိုးလူမိုက်တစ်ယောက်ဆိုလျှင်တောင် သူတို့သည် ဘာမျှထပ်၍ မတွေးပဲ ချက်ချင်း ကိုင်တွယ်နိုင်လိမ့်မည်ပင်။
ဒါပေမဲ့ အဲဲဒါက ဘာလဲဆိုတာ ဘယ်သူ သိမှာလဲ!
ပြောပြသူဖော်ပြသည့်အထဲတွင် တစ်ချို့ မရှင်းလင်းသော အရာများ ရှိသည်။ သရဲမ စားနေခဲ့သည်မှာ လူတစ်ယောက်က လွဲပြီး ကျန်တာမဖြစ်နိုင်ဘူးဟု သူသည် တွေးထင်ခဲ့သည်။
ဥပမာ သူ သည် သူမကို တစ်ချက်လှမ်းကြည့် လိုက်သောအခါ သူမသည် ကျန်ရှိနေသော အရိုးများကို မြေကြီးထဲကို ပစ်ထည့်နေသည်ကို မြင်ခဲ့သည်ဟု ထင်မိသည်။
"စစ်ဆေးဖို့အတွက် ငါ့ကို အဲ့နေရာကို ခေါ်သွား"
ကျောက်ရွှမ်ကျင်းသည် တစ်ဖြည်းဖြည်း စိတ်ဝင်စားစရာ ကောင်းလာပြီ ဟု တွေးကာ ချက်ချင်း မတ်တပ်ထရပ် လိုက်သည်။
သူက ထိုသို့ ပြောလိုက်သောအခါ သူ၏ လက်အောက်ငယ်သားများ၏ အမူအရာမှာ ပြောင်းလဲ သွားခဲ့သည်။
"သခင်လေး မသွားသင့်ဘူး။ တကယ်လို့ သခင်လေးမှာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်မျိုးတို့ သခင်ကြီးကို ဘယ်လိုရှင်းပြရမှာလဲ"
ကျောက်ရွှမ်ကျင်း သည် ထိုစကားကို နားမထောင်ပဲ ခြေလှမ်း ခပ်ကျဲကျဲ ဖြင့် ထွက်သွားခဲ့သည်။
ထိုလူများလည်း သူ့နောက်မှ လျင်မြန်စွာ လိုက်ခဲ့ကြသည်။ တဖျပ်ဖျပ်တောက်လောင်နေသည့် မီးတုတ်များအား ကိုင်ဆောင်ထားသော လူခြောက်ယောက်မှာ ကျောက်ရွှမ်ကျင်းကို ဝန်းရံလျက် အတူတကွ သွားနေကြသည်။ ထို ကိုယ်ရံတော်များအားလုံးမှာ ဓားရှည်များကို သေချာစွာ အဆင်သင့်ကိုင်ဆောင်ထားကြပြီး သူတို့၏ မျက်နှာများမှာလည်း တိုက်ပွဲဆင်နွှဲရန် ပြင်ဆင်ထားပြီး သကဲ့သို့ သတိရှိနေကြသည်။
ကျောက်ရွှမ်ကျင်းမှာလည်း အမှန်တကယ် စိတ်လှုပ်ရှားခြင်း မရှိသည်တော့ မဟုတ်ပေ။
တစ္ဆေသရဲများ နတ်ဆိုးများ နတ်ဘုရားများ အစရှိသော သသာဝလွန် ဖြစ်ရပ်များနှင့် ကြုံတွေ့ရ သောအခါ ထိုကိစ္စများအတွင်းသို့ ဝင်မပါခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်။
သို့သော်လည်း သူသာ အောက်ခြေကိစ္စများအထိ ဝင်မပါခဲ့လျှင် ကိုယ်ရံတော်များ မှာလည်း ပရမ်းပတာ အခြေအနေ ဖြစ်နေပေလိမ့်မည်။
ထွက်ပြေးမည့် အစား ကိုယ်တိုင် ဘာလို့ အတွေ့အကြုံမယူကြည့်ရမှာလဲ?
ခြေတစ်လှမ်းပြီး တစ်လှမ်း လှမ်းရင်း သူသည် အမျိူးသမီး တစ္ဆေ ရှိသည် ဆိုသော နေရာသို့ တစ်ဖြည်းဖြည်း နီးကပ်လာခဲ့သည်။
"လူတစ်ချို့ လာနေပြီ" ဟု မကောင်းဆိုးဝါးဝိညာဥ်
သည် ရှဲ့ချောင်အား မပွင့်တပွင့် ပြောလိုက်သည်။
သူ၏ တစ်ကိုယ်လုံးမှာလည်း မြေကြီးပေါ်၌ ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ ကြည့်ရတာ သူသည်လည်း မတ်တပ်ရပ်၍နေရခြင်းကြောင့် ပင်ပန်းနေပုံပေါ်သည်။
ရှဲ့ချောင်မှာလည်း အလောင်းကောင်၏ အရိုးများအားလုံး ကောက်၍ ပြီးသွားခဲ့လေပြီ။
"ခရပ်, ခရပ်, ခရပ်.."
အဝတ်အပိုင်းအစ တစ်ခုဖြင့် အရိုးများအား ထုပ်လိုက်သည်။
အရိုးများတစ်ခုနှင့်တစ်ခု တိုက်မိသောအခါအချင်းချင်းထိခတ်မိ၍လုံးထွေးနေသည့်မသဲကွဲသောအသံများ ထွက်ပေါ်နေခဲ့သည်။
ထိုအရာများသည် သူ၏ အရိုးများသာဖြစ်သည်။ သို့သော်လည်း သူသည် ဆရာသခင်၏ ဖြူဖျော့၍ ရက်စက်ယုတ်မာပုံပေါ်သော မျက်နှာကို မြင်လိုက်သောအခါ ဘာ့ကြောင့် ကြောက်လန့် နေမိပါလိမ့်။
"ကောင်းလိုက်တာ! ငါလည်း စပြီးပင်ပန်းလာပြီ။ ဒီမှာ ဒီလိုကြီးတဲ့ တွင်းတစ်တွင်း ရှိနေတော့ ဒီထဲကို တစ်ယောက်ယောက်များ ပြုတ်ကျရင် တော်တော် ဆိုးဆိုး ဖြစ်သွားနိုင်တယ် ဒီတွင်းကို ပြန်ဖြည့်ဖို့ ငါတို့ သူတို့ကို အကူအညီ တောင်းသင့်တယ်မလား"
ရှဲ့ချောင်သည် သူမ ဒရွတ်တိုက် ဆွဲလာသည့် သူမ ကိုယ်တိုင် ထုပ်ထားသော အထုပ်ကို တွေဝေစွာ ကြည့်လိုက်သည်။ သူမ ငေးကြည့်နေသည်မှာ အာရုံစိုက်နေသည့်ပုံ မပေါ်ခဲ့ပေ။
••••••••••