ပျောက်ဆုံးသွားသောသိုးငယ်လေး
Vol. 1 Ch. 7
ထိုမကောင်းဆိုးဝါးဝိညာဥ်သည် ကသိကအောက်ဖြင့် ပြုံးလိုက်ပြီး
'ဒီ ဆရာသခင်က တော်တော်လေးကို လှပါတယ် ဒါပေမဲ့ ဒီအလှက အခုလိုညသန်းခေါင်အချိန်မျိုးမှာတော့ ဘယ်ယောင်္ကျားတစ်ယောက်ကိုမှ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး!'
'လူသူမရှိတဲ့တောထဲမှာ ပေါ်လာတဲ့ လှပမှုတွေက နတ်ဆိုး ဒါမှမဟုတ် တစ္ဆေ တွေပဲဖြစ်နိုင်မယ်မလား အဲ့တာကို ထွက်မပြေးတဲ့လူတွေ ကတော့ ရူးနေတာပဲ ဖြစ်လိမ့်မယ်!'
'ဒီတွင်းကို ပြီးအောင်ဖို့နိုင်ဖို့ ငါ သူမကို ကူညီသင့်လား?'
'ဟမ့်! တကယ်လို့ ငါ ကူလိုက်ရင် ငါ့ရဲ့ အရိုးတွေကို မြုပ်နှံတာနဲ့ပြန်ပြီး အဆုံးသတ်မှာပဲ'
~~~
ကျောက်ရွှမ်ကျင်းသည် အမျိုးသမီးတစ္ဆေ၏ ပုံရိပ်ကို မြင်တွေ့လိုက်သောအခါ သူ၏ မျက်နှာမှာ တောင့်တင်းသွားလေသည်။
သို့သော် တစ်ခဏအကြာတွင် သူမ၏ဘေး၌ ကြက်ဖကြီး တစ်ကောင်နှင့် ဝါးသေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။
'တစ္ဆေတွေ အပြင်ထွက်တဲ့အခါ သူတို့က အထုတ်တွေပါ သယ်လာတတ်ကြတာလား?'
'အဲ့တာထက် ကြက်ဖတွေက မကောင်းတဲ့ ဝိညာဉ် တွေကို ဖယ်ရှားနိုင်ပြီး ကံဆိုးမှုတွေကိုလည်း ဖယ်ရှားနိုင်တယ်ဆို? ဘာလို့ ဒီကြက်ဖက တစ္ဆေတစ်ကောင်ရဲ့ ဘေးမှာ အေးဆေးနေနေရတာလဲ'
........
"သူမက လူသားတစ်ယောက်ပါပဲ မင်းတို့အကုန် မလိုအပ်ပဲ စိတ်လှုပ်ရှားနေကြတာ"
ကျောက်ရွှမ်ကျင်းသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်သော်လည်း သူ၏ အသံမှာ အနည်းငယ် အထက်စီးဆန်နေခဲ့သည်။ ထို့နောက် သူသည် ရှဲ့ချောင် ရှိရာသို့ ဘာမှမဖြစ်ဟန်ဖြင့် လျှောက်သွားခဲ့သည်။
ရှဲ့ချောင်သည် သူမ၏နေရာတွင်ပင် ရပ်၍ စောင့်နေသောကြောင့် သူတို့အားလုံး ရှဲ့ချောင်အနီးသို့ နီးကပ်လာသည် နှင့်အမျှ သူမကို ပို၍ ရှင်းလင်းစွာ မြင်လာခဲ့သည်။
သူတို့ အမှန်တကယ်ပင် ထူးဆန်းသော အခိုက်အတန့်ကို ကြုံတွေ့ခဲ့ရတာဖြစ်နိုင်သည်။
'ဒီ မိန်းကလေးက ညသန်းခေါင်ကြီးမှာ တစ်ယောက်တည်း တွင်းတူးနေတာလား သူမရဲ့ ရာသီခွင်က ခွေးမို့လို့လား?'
"မင်း ဘယ်သူလဲ? ညလယ်ခေါင်ကြီးမှာ ဘာလုပ်နေတာလဲ?"
နန်းတွင်းသက်တော်စောင့်ကျို့ ချက်ချင်း မေးလိုက်၏။
ထိုသို့ မေးပြီးနောက် သူသည် မြေကြီးပေါ်ရှိ မသင်္ကာစရာကောင်းသော အဝတ်ထုပ်ကို တစ်ချက်ကြည့်လိုက်ပြီး
"ဒါကဘာလဲ"
"အဟမ်း" ရှဲ့ချောင်သည် အနည်းငယ် ချောင်းဆိုးလိုက်မိသည်။
ထို့နောက် ရပ်တန့်လိုက်ပြီး အရေးမကြီးဟန် မော့၍ ကြည့်လိုက်ကာ
"ဒီနားကို ဖြတ်သွားရင်း မူမမှန်တဲ့ အနံ့တစ်မျိုး ရလို့ တွင်းကို စတူးခဲ့တာပါ ဒါပေမယ့် ဒီလောက်ထိ တူးမိသွားမယ်လို့ မထင်ခဲ့ဘူး။ အချိန်ကုန်တာမြန်တော့ ညသန်းခေါင်တောင် ရောက်သွားတယ်။ နောက်တော့ ကျွန်မ ဒီလောက်ကြီးတဲ့ တွင်းကြီး လုပ်မိသွားရော။ ဒီတွင်းကို ဒီမှာ ဒီတိုင်းထားလို့တော့ မဖြစ်ဘူး။ ရှင်တို့က အချိန်မှန် ရောက်လာတာပဲ။ တစ်ယောက်ယောက်များ ဒီတွင်းကို ပြန်ဖို့ပေးဖို့ ကူပေးလို့ ရမလား?"
ရှဲ့ချောင် စကားပြောပြီးပြီးချင်း အေးမြသော လေသည် သူတို့အားဖြတ်တိုက်သွားလေသည်။
ဤနွေညသည် အလွန်ပူပြင်းနေခဲ့သည်။ သို့သော်လည်း လေအေး ဖြတ်တိုက်သွားသောအခါမှာတော့ သူတို့မှာ မတတ်သာဘဲ ကျောချမ်း၍ တုန်တုန်ယင်ယင် ဖြစ်နေကြသည်။
လူတိုင်းသည် မသိစိတ်က တံတွေးများအား ပြိုင်တူမြိုချမိလိုက်ကြ၏။
"ရှင်တို့ ကောင်းတာလုပ်ရင် ကောင်းချီးပေး ခံရလိမ့်မယ်"
ရှဲ့ချောင်က တည်ကြည် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မိန်းကလေး မင်းမြေကြီးထဲက ဘာကိုတူးနေတာလဲ"
ကျောက်ရွှမ်ကျင်းသည် သူမ၏ မျက်နှာကို စူးစိုက်ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။
ရှဲ့ချောင်သည် သူမ၏ မျက်ခုံးများကို ကျုံ့လိုက်ပြီး "အဲ့တာက အရေးမကြီးပါဘူး ပျောက်သွားတဲ့ သိုးငယ်လေး တစ်ကောင်ပါပဲ မနက်ဖြန်ကျ အဲ့တာကို ကောင်းချီးမင်္ဂလာမြေဆီ ယူသွားဖို့ ပြင်နေတာ"
ကျိုးရွှမ်ကျင်း သည် သူ၏ မျက်ခုံးများအား မြှင့်ကာ
"ပျောက်သွားတဲ့ သိုးငယ်လေး?"
ထိုစကားအားကြားလိုက်သော လူတိုင်းသည် ပို၍ ကြောက်လန့် လာကြသည်။
လက်ဆွဲမီးအိမ်သည် အလယ်တွင် ရပ်နေသော အမျိုးသား၏နေရာတွင် တောက်ပစွာ လင်းနေခဲ့ပြီး ထိုလူအား ပို၍ ထင်ရှားအောင် လုပ်ပေးသလိုဖြစ်နေလေသည်။
ရှဲ့ချောင်သည် ထိုလူအား ကြည့်လိုက်သောအခါ ငယ်ရွယ်ပုံပေါ်နေသည် ကို တွေ့ရှိခဲ့သည်။ သူသည် အသက် နှစ်ဆယ်ခန့်ရှိပြီး သန့်စင်သော ဝိဉာဉ်နှင့် သန်မာသော အရိုးများရှိသည်။ သူ၏ ရုပ်ရည်သွင်ပြင်သည် လွင့်မြောနေသော တိမ်နှင့် တူသည်။ သူသည် ခိုင်မြဲစွာ မတ်မတ်ရပ်နေခဲ့ပြီး စိမ်းပြာရောင်ကျောက်နှင့်တောင် ဆင်တူနေသလိုပင်။
သူ၏ မျက်လုံးများမှာ ကြယ်များကဲ့သို့ တောက်ပနေပြီး ဖြောင့်ဆင်းနေသော နှာတံ၊ အထင်ကြီးလောက်ဖွယ်ရာ အရပ်အမောင်း နှင့် ချောမွေ့သော အသားအရေတို့ကို ပိုင်ဆိုင်ထားသည်။
ရှည်လျားသော မျက်ခုံးများမှာ ဖျတ်လတ်တက်ကြွပုံနှင့် အမှန်တကယ်ပင် မြင့်မြတ်သော စရိုက်လက္ခဏာရှိသည်။
'ငါ့ရဲ့ ခရီးအစမှာပဲ ဒီလို ရှားပါးတဲ့လူမျိုးနဲ့ တွေ့ရမယ်လို့ မမျှော်လင့်ခဲ့ဘူး'
'တော်တော် ကြည့်ကောင်းတဲ့ လူပဲ'
'သူ့မှာ မြင့်မြတ်တဲ့ အသွင်အပြင်ရှိပေမယ့် အဲ့တာအပြင် အခြား ဘာတွေရှိမလဲဆိုတာ ငါမပြောနိုင်တော့ဘူး'
'မဟုတ်ရင် သူ့ဘေးမှာ အစောင့်အရှောက်တွေ ဒီလောက်အများကြီးရှိမှာ မဟုတ်ဘူး..'
'ကြည့်လိုက်မှ...သူ့ရဲ့ ညာဘက်လက်မှာ တစ်ခုခုဖြစ်နေတဲ့ပုံပဲ'
ရှဲ့ချောင်သည် သူ့အား အချိန်ခဏကြာအောင် ငေးကြည့်နေခဲ့သော်လည်း သူသည် တည်ငြိမ်ဆဲပင်။ ထို့နောက်တွင် မေးမြန်းချင်နေသော အမူအရာများ သူ၏ မျက်နှာပေါ်တွင် စတင်၍ ပေါ်လာခဲ့သည်။
အတိတ်တွင်လည်း လူများစွာထံမှ ထိုကဲ့သို့ ကြည့်ခြင်းအား ခံခဲ့ရပြီး ထိုသို့ငေးမောကြည့်ရှုခြင်းများက သူ့အတွက် စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။ သို့သော် ရှေ့မှ အမျိုးသမီးတွင်တော့ အကြောင်းပြချက်တစ်ချို့ကြောင့် ပုဂ္ဂိုလ်ရေးအရ ကြည့်ရှုနေသည် ဟု မခံစားခဲ့ရပေ။
သို့သော်လည်း... သူမ ကြည့်နေသည့်ပုံမှာ သူမသည် စာအုပ် တစ်အုပ်ကို ဖတ်နေသည့်ပုံ၊ ပန်းချီတစ်ခုကို နှစ်လိုစွာကြည့်ရှုနေသည့်ပုံနှင့်တူသည်။
သူမ၏ ငေးကြည့်နေမှုထဲတွင် မကောင်းသော ရည်ရွယ်ချက်များအား မခံစားမိသောကြောင့် စိတ်မတိုခဲ့ခြင်း ဖြစ်နိုင်သည်။
ရှဲ့ချောင်သည် ငေးမောနေခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ ခေါင်းအားငုံ့လိုက်ကာ ယခင်ပုံစံသို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။
"ရှင်တို့ ပျောက်ဆုံးသွားတဲ့ သိုးငယ်လေးကို ကြည့်ချင်တယ်ဆိုရင်တော့ကြည့်လို့ရတယ်။ ဒါပေမဲ့ ဒီပိတ်စကို ဖယ်လိုက်မယ်ဆိုရင်တော့ မထိသင့်တဲ့ မကောင်းတဲ့စွမ်းအင်တစ်ခုနဲ့ ထိတွေ့ရလိမ့်မယ်။ ပြီးတော့ ရှင်တို့ အဲ့တာကို ပြန်မြုပ်နှံရလိမ့်မယ်။ အဲ့လိုမလုပ်ခဲ့ရင် လာမဲ့ ရက်အနည်းငယ် အတွင်းမှာ ရှင်တို့ ကံဆိုးလာလိမ့်မယ်"
သူမ၏မျက်နှာပေါ်တွင် အလေးမထားသည့်ပုံမျိုး ပေါ်နေခဲ့ပြီ ဤကိစ္စသည် သူမအတွက် သေးငယ်သော ကိစ္စကဲ့သို့ သူမ၏ အသံသည်လည်း တည်ငြိမ်နေခဲ့သည်။
'ဒီမှာ လူအများကြီးရှိတယ် သူတို့ ဒါကို ကြည့်ချင်တယ် ဆိုရင်တော့ ငါလည်းတားနိုင်မှာ မဟုတ်ဘူး'
'ခက်တာက ဒီဝိညာဥ်က စိတ်တိုလွယ်တာလေးတစ်ခုပဲ'
'တကယ်လို့ ဒီဝိညာဥ်သာ ဒေါသထွက်သွားမယ်ဆိုရင်တော့ သေချာပေါက် သူတို့ဆီကို ကံဆိုးမှုတွေ ကျရောက်မှာ မလွဲမသွေပဲ '
••••••••••