← Chapters

လျှာစောင်းထက်ပြီးတည့်တိုးဆန်သောအမတအရှင်ရှဲ့

Vol. 1 Ch. 8

လျှာစောင်းထက်ပြီးတည့်တိုးဆန်သောအမတအရှင်ရှဲ့

Vol. 1 Ch. 8

မကောင်းဆိုးဝါးဝိဉာဉ်မှာ ယခုအချိန်တွင် အလွန်စိတ်တိုနေပြီ ဖြစ်၍ သူနှင့် ပြောဆိုဆက်ဆံရန် ခက်ခဲလေသည်။

အဘယ်ကြောင့်ဆိုသော် ဤလုပ်ရပ်က ဆိုးရွားလွန်းသောကြောင့် ဖြစ်သည်။

ထိုအချင်းအရာသည် ဖြူစင်သန့်ရှင်းသောလူတစ်ယောက်ကို လူအများရှေ့၌ အဝတ်အစားများချွတ်ချစေကာ အရိုးများကို မြင်သာအောင်ပြစေပြီး သူတို့၏ သနားကြင်နာမှုကို ခံယူစေသည် နှင့်ပင် တူလေသည်။

ဘယ်လိုလုပ် သူ စိတ်မတိုပဲ နေနိုင်မလဲ?

နန်းတွင်းသက်တော်စောင့်ကျို့သည် လမ်းလျှောက်သွားကာ အထုပ်အား ဖွင့်လိုက်လေသည်။ အမှန်တကယ်ပင် မကောင်းဆိုးဝါးဝိဉာဉ်၏ မျက်နှာအမူအရာမှာ မှောင်မိုက်သွားတော့သည်။

ထိုအခါ အမဲရောင်မီးခိုးငွေ့များ စတင်ပြန့်နှံ့လာကာ ယင်းသည် ယင်စွမ်းအင်များ ဖြစ်၍ ရှဲ့ချောင်မှ လွဲ၍ တစ်ခြားလူများ မမြင်နိုင်ပေ၊ သူမသည် ထိုယင်စွမ်းအင်အား သဘောမကျပါ၊ သူမအတွက်တော့ ထိုယင်စွမ်းအင်များသည် မျက်စိစူးစရာပင်ဖြစ်လေသည်။

မကောင်းဆိုးဝါးဝိဉာဉ်သည် သိပ်အစွမ်းမထက်သောကြောင့် ထိုယင်စွမ်းအင်များ ပြန့်နှံ့သွားသော်လည်း ကြီးမားသော ပြသာနာအားမဖြစ်စေပဲ၊ ကံဆိုးမှုများကို ရက်အနည်းငယ်ခံစားရနိုင်ပေမဲ့ အသားကျသွားသောအခါ အဆင်ပြေသွားမည်ဖြစ်သည်။

နန်းတွင်းသက်တော်စောင့်ကျို့သည် တုန်လှုပ်သွားခဲ့၏။

"သခင်လေး ဒါတွေက လူအရိုးတွေပဲ" နန်းတွင်းသက်တော်စောင့်ကျို့က ချက်ချင်း ဖြေလိုက်သည်။

ကျောက်ရွှမ်ကျင်းသည် ဤမိန်းကလေးမှာ သံသယဖြစ်ဖွယ်ကောင်းကြောင်း သိသွားသဖြင့်

"မိန်းကလေး အခုက ည‌နက်နေပြီ၊ ပြီးတော့ မင်းက ဒီမှာ အရိုးတွေတူးနေတယ်၊ မင်းဘာလုပ်ချင်နေတာလဲ? မင်း သင်္ချိုင်းဂူ ဖောက်နေတာလား?" ကျောက်ရွှမ်ကျင်းသည် သူ၏ မျက်ခုံးများကို တွန့်ကာ မေးမြန်းလိုက်သည်။ သူ၏ အသံမှာလည်း အနည်းငယ် အေးစက်နေသည်။

သို့သော် ဆင်ခြင်တုံတရားအနည်းငယ်ရှိသော မည်သူမဆို ထိုအမျိုးသမီးတွင် ထူးခြားသော ဝါသနာတစ်ရပ်ရပ် ရှိနေလိမ့်မလားဟု သံသယဝင်မိကြပေလိမ့်မည်။

သင်္ချိုင်းဂူဖောက်ခြင်းကဲ့သို့သော အလုပ်မျိုးက ထိုအမျိုးသမီး၏ ပုံပန်းသဏ္ဍာန်နှင့် အမှန်တကယ်ပင် မအပ်စပ်ချေ။

"သခင်လေး အမြင်အာရုံများ ချို့ယွင်းနေတာလား? ဒီနေရာက သင်္ချိုင်းကမ္ဗည်းကျောက်စာတိုင်တွေ မရှိတဲ့ အုတ်ဂူလေ တကယ်လို့ ကျွန်မ သင်္ချိုင်းဖောက်ချင်ရင်တောင် ဒီလိုမျိုး ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်မျိုးနဲ့ သေဆုံးသွားရတဲ့ လယ်သမား တစ်ယောက်ရဲ့ အုတ်ဂူကို တူးဖော်နေမှာမဟုတ်ဘူး... ငွေတစ်တုံးနှစ်တုံးလောက် ရှိတာ မှန်ပေမဲ့ သူက ရက်ရက်စက်စက်နဲ့ သေဆုံးခဲ့ရတာ၊ ကျွန်မ အဲ့ငွေတုံး‌တွေကို အသုံးမပြုခင် သူရဲ့ မကောင်းတဲ့ကံတွေကို ဖယ်ရှားဖို့အတွက် ရက်အနည်းငယ် လိုတယ်၊ အဲ့လိုမှမဟုတ်ရင် သူတို့က တစ်ခြားလူတွေအပေါ်မှာလည်း ကံဆိုးမှုတွေ သယ်ဆောင်လာလိမ့်မယ်"

သူမ၏ အသံသည် ညင်သာပျော့ပျောင်းကာ ဆွဲဆောင်မှုရှိစွာ ပေါ့ပါးဟန်ရသော်လည်း သူမပြောသော စကားလုံးများမှာ အနည်းငယ် ကြမ်းတမ်းလေသည်။

ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းထောင့်များမှာ တွန့်ချိုးသွားသည်။

သူက မမြင်နိုင်ဘူးတဲ့လား?

"အဲ့တာက သင်္ချိုင်းကမ္ဗည်းကျောက်စာတိုင် မရှိတဲ့ အုတ်ဂူဖြစ်‌နေတာတောင်မှ မင်းက သူ လယ်သမားမှန်း ဘယ်လိုသိတာလဲ? မင်း ခိုးဖို့အတွက်လာတာမဟုတ်ဘူးဆိုရင် ဘာလို့ ငွေတုံးတွေကို သိမ်းထားတာလဲ? မင်းပြောတဲ့ပုံနဲ့ မင်းလုပ်တဲ့ပုံစံက ဘာလို့ မကိုက်ညီနေရတာလဲ"

ကျောက်ရွှမ်ကျင်းသည် သူမအား အကဲဖြတ်နေသော အကြည့်မျိုးဖြင့် ကြည့်လိုက်သော်လည်း အသံအနေအထားမှာမူ အလေးအနက်မထားသည့်ဟန်ဖြင့်။

"ဒါ ကျွန်မရဲ့ တွက်ချက်မှုကနေ သိတာ"

ရှဲ့ချောင်သည် လိုရင်းတိုရှင်း နှင့် နိဂုံးချုပ်လိုက်သည်။ သူမသည် ယခင်ကကဲ့သို့ပင် အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။

ကျောက်ရွှမ်ကျင်းသည် အလွန် အံ့ဩသွားတော့သည်။

သူသည် မေးခွန်းများကိုဆက်၍ မေးခါနီးအချိန်တွင် ဝါးခြင်းတောင်းပေါ်သို့ သူ၏ အကြည့်က ရောက်သွားခဲ့သည်။ ထိုအထဲတွင် အဝါရောင် အဆောင်လက်ဖွဲ့များ ရှိနေသည့်ပုံပင်၊ ထို့အပြင် သံလိုက်အိမ်မြှောင်များလည်းရှိကာ ထိုကဲ့သို့ ပုံစံတူ ပစ္စည်းများစွာရှိနေလေသည်။

သူသည် ရုတ်တရက် အံ့ဩမှင်တက်သွားပြီး "မင်းက နတ်ဆရာအယောင်ဆောင်လား?"

လိမ်စားနေတဲ့ နတ်ဆရာအယောင်ဆောင်တစ်ယောက်က ဒီလောက်တောင် ချောမောလှပတယ်? ဒါမျိုးက ရှားပါးတယ် မဟုတ်လား?

ရှဲ့ချောင်သည် မျက်မှောင်ကြုံ့လိုက်မိသည်။

ထိုသို့အခေါ်ခံရသည်ကို သူမ မကြိုက်ပေ။

"ငါ့ကို အမတအရှင် လို့ခေါ်" ဟု ပြောပြီး သူမသည် ခေါင်းငြိမ့်ပြလိုက်ကာ ရုတ်တရက်ငုံ့ပြီး သူမ၏ ဗေဒင် နဖူးစည်းစာတန်းပါသော အဝတ်ကို ဆွဲထုတ်လိုက်သည်။ ထို အဝတ်ပေါ်တွင်ရေးထားသည်က "လျှာစောင်းထက်ပြီး တည့်တိုးဆန်သော အမတအရှင်ရှဲ့" ဟူ၍ပင်ဖြစ်သည်။

ကြည့်ရှုနေသူများမှာ သူတို့၏ မျက်လုံးများ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

ကျောက်ရွှမ်ကျင်း၏ မျက်ခွံများမှာသည်ပင် တဆတ်ဆတ် တုန်ရီသွားခဲ့သည်၊ သူသည် အတော်လေး တည်ငြိမ်နေဟန်ရသော်လည်း ရှဲ့ချောင်ကို ကြည့်သည့် သူ၏ အကြည့်များမှာမူ သံသယများနှင့် ပြည့်နေခဲ့သည်။

"ဗေဒင်ဟောတတ်တဲ့ တာအိုကျင့်ကြံသူ လား" ဟု မေး၍ ကျောက်ရွှမ်ကျင်းသည် ပြုံးကာမေးလိုက်၏။

ရှဲ့ချောင်သည် ဤသို့မေးမြန်းခြင်းအပေါ် စိတ်မသက်မသာ ခံစားရသော်လည်း သူမသည် စိတ်မပါစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် မြေကြီးပေါ်ရှိ အရိုးများအား ညွှန်ပြလိုက်ရင်း "သူက ဒီနေရာမှာ သေဆုံးသွားခဲ့တာ၊ ဒါပေမဲ့ဒီနေရာက မသန့်ရှင်းဘူး၊ အဲ့ဒါကြောင့် သူ့အတွက် ဂူအသစ်တစ်လုံး ဆောက်ပေးချင်လို့ သူ့ရဲ့အရိုးတွေကို ရွေ့နေခဲ့တာ၊ အခု‌ မင်းတို့ သူ့အရိုးတွေ မြင်သွားပြီဆိုတော့ သူပျော်တော့မှာ မဟုတ်တော့ဘူး၊ အဲ့တာကြောင့် မင်းတို့ကို ငါ့နောက် လိုက်ခဲ့စေချင်တယ်၊ သူ့အရိုးကို မြင်လိုက်တဲ့လူ အားလုံး သူ့ကို ပြန်မြုပ်နှံပေးရမယ်"

ကျိုးရွှမ်ကျင်းသည် အစက မယုံကြည်ခဲ့ပေ။

သူသည် ယခင်က ဗေဒင်ဟောသော အမျိုးသမီး တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ဖူးပေ။

သို့သော်လည်း သူမသည် ထိုအလုပ်အား သူမသိနေသကဲ့သို့ ပြောနေပြီး သိမ်မွေ့နူးညံ့ကာ သင့်လျော်စွာ ဝတ်ဆင်ထားသည်၊ မည်သို့ပင်ကြည့်စေကာမှုသင်္ချိုင်းဂူဖောက်သည့် သူခိုးနှင့် လုံးဝတူမနေချေ၊ အမှန်တိုင်ပြောရရင် သူမသည် ကိုယ်တိုင်ကိုယ်ကျ ထိုအရာအား လုပ်ဆောင်သွားသည့်ပုံမှာ အလွန် ထက်မြက်လွန်းသည်။

"မင်းက ဗေဒင်ဟောတတ်တယ်လို့ ပြောတယ်..ငါ မင်းကို ဘယ်လိုယုံကြည်ရမှာလဲ? ဒီလိုဆိုရင်ရော ငါ့ရဲ့ လက်အောက်ခံ တစ်ချို့ရဲ့ ကံကြမ္မာကို ဖတ်ပေးရမယ်၊ တကယ်လို့ မင်းဖတ်တာ မှန်ရင် မင်းပြောတဲ့အတိုင်း ငါတို့လုပ်မယ်၊ တကယ်လို့ မင်းပြောတာမှားရင်တော့ မင်းကို တရားရုံးကို ပို့ရလိမ့်မယ်" ဟုပြော၍ ကျောက်ရွှမ်ကျင်းက ရုတ်တရက် ပြုံးလိုက်သည်။

ရှဲ့ချောင်သည် သက်ပြင်းချလိုက်မိသည်။

ထိုကဲ့သို့ပြောရသည့် အကြောင်းကို သူမ နားလည်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် သူမက အယောင်ဆောင်နှင့် တူနေသောကြောင့် သူမနှင့် ပထမဦးဆုံး ဆွေးနွေးသည့်လူတိုင်းက သူမကို ထိုသို့ပြောလေ့ရှိကြသည်။

"ကောင်းပြီ..ဒါပေမဲ့ ကျွန်မ လူအများကြီးကိုတော့ ဖတ်ပေးမှာမဟုတ်ဘူး၊ ဒီနေ့... ကျွန်မ လူ သုံးယောက်ရဲ့ ကံကြမ္မာကိုပဲ ဖတ်ပေးမယ်၊ ပြီးတော့ အသေးစိတ် ဖတ်ပေးမှာ မဟုတ်ဘူး" ဟု ရှဲ့ချောင်က ပြောလိုက်သည်။

••••••••••

All Chapters