ဒေါသထွက်နေသောလူးဝစ်
Vol. 1 Ch. 2
"လျှာကဝေ စနစ်?"
လင်းချီ တုန်လှုပ်သွားပြီး နှုတ်မှ ရုတ်တရက် ထွက်သွားသည်။
ကူးပြောင်းခြင်း ခံရသူတိုင်း ပြိုင်ဘက်ကင်းသော အရှင်သခင်စနစ်၊ အင်မော်တယ် ဓားစနစ်၊ သို့မဟုတ် အလိုအလျောက် အဆင့်တက်ခြင်းစနစ် အစရှိသော ပြိုင်ဘက်ကင်း စနစ်များ နိုးထတတ်ကြသော်လည်း
လင်းချီအလှည့်တွင်မူ ချက်ပြုတ်ခြင်း စနစ် နိုးထလာသည်။
သူက ဒီအစားအသောက်တွေနဲ့ ရန်သူတွေကို နှိမ်နင်း ရမယ်ပေါ့။ ဘယ်လိုတောင် ရယ်စရာကောင်းလိုက်လဲ!
[စနစ်က ချိုမြိန်ပြီး အရသာကောင်းမွန်တဲ့ အစားအသောက်တွေကို ထောက်ပံ့ပေးပါမယ်။ စနစ်ရှင် ကျေးဇူးပြု၍ အလုပ်ကြိုးစားပြီး စနစ်ရဲ့ အရသာရှိတဲ့အစားအသောက်တွေကို ကုန်းမြေအနှံ့ ပျံ့နှံ့အောင် ဆောင်ရွက်ပေးပါ! ထိုသို့ ပြုလုပ်ပါက စနစ်ပိုင်ရှင်မှာ မမျှော်လင့်သော လက်ဆောင်များကို ရရှိလာမှာ ဖြစ်ပါတယ်]
[ ဒင်! ...သင်သည် လူသစ် လက်ဆောင်ထုပ်ကို ရရှိပြီးပါပြီ ]
[လူသစ်လက်ဆောင်ထုပ်: ၀က်ကလေး၏လှပသောအိပ်မက်၊ ကြီးထွားဆေးရည်၊ အစေ့အိတ်၊ အရသာရှိသော စတိတ်ခ် (×100)၊ ဝမ်ယွီ အမဲသား (100 ပေါင်)၊ အရသာရှိသော ဟင်းခတ် အမွှေးအကြိုင်များ...]
လူသစ် လက်ဆောင်ထုပ်မှ ပစ္စည်းများကို စနစ်၏ သိုလှောင်နေရာတွင် သိမ်းဆည်းထားသည်။ လင်းချီမှာမူ ထို ပစ္စည်းများကို ဖွင့်ကြည့်ဖို့နေနေသာသာ ရှိတယ်လို့တောင် မတွေးချင်ပေ။
"ငါ့ ဖ-င် ကို ပဲ အရသာ ရှိနေလိုက်"
သူသည် မကြာမီ လေနက်ရဲတိုက်၏ စမ်းသပ်မှုကို ရင်ဆိုင်ရတော့မည်။ ထို့ကြောင့် ရှင်သန်နိုင်ရေးအတွက် ခွန်အားလိုအပ်သည်။ ဤကဲ့သို့ သောက်သုံးမကျသော ဟင်းချက်ပစ္စည်းများကို မဟုတ်!
မေရီနှင့် ဒီးနစ်ခ်ျမှာ လင်းချီ၏ အမူအရာ အံ့ဩရာမှ ဒေါသထွက်နေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာ ဖြူလျော်သွားပြီး
'သခင်လေးက သခင်ကြီးသူ့ကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးနေတယ်လို့ ထင်နေတာတော့ မဟုတ်ဘူး မလား'
အစေခံမလေးမှာ ပျာယာခတ်သွားပြီး အမြန်ရှင်းပြတော့သည်။ "သခင်လေး စိတ်မဆိုးပါနဲ့ သခင်ကြီးက စိတ်ဆိုးလို့ မဟုတ်ပါဘူး တကယ်လို့ သခင်ကြီးက မလုပ်စေချင်ရင်တောင် ဒါက ရှောင်လွှဲလို့ မရမယ့် အရာဖြစ်နေတာ"
လင်းချီ ကြက်သေသေသွားသည်။
ဒီဆန်းသစ်လမြို့တော်ထဲမှာ သူ့အဖေ ၊ ဂုဏ်ရှိန်ဝါကြီးမားတဲ့ လင်းမိသားစုတောင် မငြင်းဆန်နိုင်တဲ့ အရာများရှိနေလို့လား သူမှတ်မိသလောက်တော့ သူ့အဖေက သူမလုပ်ချင်သော အရာများကို ယနေ့ထက်ထိ ဘယ်တုန်းကမှ ဖိအားပေးခဲ့တာမှ မဟုတ်ဘဲ။
ထို့နောက် မေရီမှ ထပ်ပြောလိုက်သည်။ "သခင်လေး တစ်ယောက်တည်းမှ မဟုတ်ဘူး ဆန်းသစ်လမြို့ထဲမှာရှိတဲ့ မိသားစုကြီးတွေရဲ့ ဆက်ခံသူတိုင်း အရွယ်ရောက်ပြီးသားဆိုရင် အနက်ရောင်လေရဲတိုက်ရဲ့ စမ်းသပ်ချက်ကို ရင်ဆိုင်ဖို့ စေလွှတ်ခံရတယ်"
"ပြောကြတာတော့ ... အနိုင်ရတဲ့သူက ဆန်းသစ်လမြို့ရဲ့ အရှင်သခင်အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံရမယ်တဲ့"
လင်းချီ အခြေအနေကို ချက်ချင်း နားလည်သွားသည်။
ဆန်းသစ်လမြို့တော်တွင် မှော်ဆရာများက မြင့်မြတ်သော တည်ရှိမှုဆိုသည်မှာ လူတိုင်းအသိပင်။သူတို့တွင် ကြွယ်၀သော မြေနေရာနှင့် အရင်းအမြစ်များ အလျှံအပယ်ရှိသည်။သို့သော် နိုင်ငံရေးတွင်တော့ ပါ၀င်ပတ်သက်လေ့မရှိ။ ထို့ကြောင့် လေနက်ရဲတိုက်၏ စမ်းသပ်မှုက မှော်ဆရာများကို မြို့အရှင်သခင်နေရာအတွက် တိုက်ခိုက်ရယူနိုင်ရန် အခွင့်အရေးပေးခြင်းဖြစ်သည်။
"ဒါပေမဲ့ သခင်လေး......သခင်လေးရဲ့ မှော်ပညာနဲ့ သိုင်းပညာတွေက ပါ၀င်သူတွေထဲမှာဆို အဆိုးဆုံးဘဲ ဒါကြောင့် သခင်လေး ရှင်သန်နိုင်မယ့်အခွင့်အရေးက အရမ်းနည်းတယ်နော်" တီနာမှာ မျက်ရည်လေး တွဲလဲနှင့် ဝမ်းနည်းစွာ ပြောလိုက်သည်။
"........"လင်းရီမှာ ဆွံ့အသွားခဲ့သည်။
ထိုစကားလုံးများက သူ၏ စိတ်အခြေအနေကို ဆိုးရွားသွားစေပြီး သူမကို စိတ်ဆိုးစွာ ကြည့်ကာ "မင်းကငါ့ကို ဘယ်လိုတောင် အထင်သေးရဲတာလဲ ငါမင်းတို့ နှစ်ယောက်စလုံးကို ဝါးစားပစ်လိုက်မယ် "
အစေခံမလေးနှစ်ဦးမှာ ချက်ချင်းပင် စက္ကူတစ်ရွက်ကဲ့သို့ ဖြူလျော်သွားပြီး ကြောက်ရွံ့သွားသော ယုန်ကလေးများကဲ့သို့ အဝေးသို့ အမြန်ထွက်ပြေးသွားတော့သည်။
လင်းရီလည်း လှပသော ပုံရိပ်ကလေးနှစ်ခု ကြောက်လန့်တကြားပြေးသွားတာကိုကြည့်ရင်း ကူကယ်ရာမဲ့စွာ ရယ်လိုက်မိသည်။ ထို့နောက် သူ၏အတွေးများ လေနက်ရဲတိုက်ဆီသို့ တစ်ဖန်ပြန်ရောက်သွားပြီး "ကြည့်ရတာ အဖေတောင်မှဒီ အစဉ်အလာ ကိုမလွန်ဆန်နိုင်ဘူးနေမှာ" ဟု တီးတိုး ရေရွတ်လိုက်သည်။
အဲ့လိုဆိုရင်တော့ သူ့တွင်ရွေးချယ်စရာမရှိ သွားရပေတော့မည်။
ကံကောင်းစွာဖြင့် စနစ်၏ အကူအညီဖြင့် အရာအားလုံး အဆင်ပြေရန် မျှော်လင့်မိ၏။
.......
.......
နောက်တစ်နေ့ ၊ မျှော်လင့်ခြင်းတောင်ကြား၌။
အမျိုးမျိုးသော မိသားစုကြီးများမှာ သူတို့၏ ဆက်ခံသူများကို လိုက်ပါပို့ဆောင်ရင်း အနီရောင် အလံများကို လေထဲတွင် လွှင့်ထူထားကြသည်။ ထိုမြင့်မြတ်သောမိသားစုများမှာ တော်၀င်မဆန်ဘဲ ကုန်သည်များကဲ့သို့ မရပ်မနား စကားပြောနေကြသည်။ ထို့ကြောင့် လေထုအခြေအနေမှာ စည်ကားသိုက်မြိုက်နေသော ဈေးတစ်ခုသို့ ရောက်နေသည့်အလားပင်။
ထိုအထဲတွင် ထင်ရှားသော အိမ်တော်ကြီးသုံးခုမှ ဆက်ခံသူသုံးဦးမှာ လူပင်လယ်ကြီးထဲတွင် ကွက်ကွက်ကွင်းကွင်း ထင်ရှားနေသည်။
ပထမဦးဆုံးအနေနဲ့ လူး၀စ်၊ သက်ပြည့်အခမ်းအနားပြီးကာ အရွယ်ရောက်သည်နှင့် ကျွမ်းကျင်ဓားသခင်ဖြစ်လာသူ။
ဓားသမားတစ်ဦး ဖြစ်ရခြင်းမှာ အဆင့်နိမ့် မှော်ဆရာများအတွက် လွန်စွာ အကျိုးရှိသည်။အဘယ်ကြောင့်ဆိုသော် ယင်းအဆင့်နိမ့်မှော်ဆရာများတွင် လုံလောက်သော မှော်ပညာ မရှိသောကြောင့်ဖြစ်သည်။ ထပ်ပေါင်းအနေဖြင့် ဓားသမားတစ်ဦး၏ ခွန်အားမှာ မှော်ဆရာ၏ မှော်စွမ်းအားများနှင့်အတူ တိုးပွားလာနိုင်သည်။ထို့ကြောင့် မှော်ဓားဆရာများ စွမ်းအားကြီးလာသည်နှင့်အမျှ သူတို့၏ ဓားရေးစွမ်းပကားမှာလည်း အဆများစွာ တိုးတက်လာသည်။
သို့သော်လည်း လူး၀စ်မှာ ဤမျှငယ်ရွယ်သော အသက်၌ပင် သာမန်ဓားသမားမှ အဆင့်မြင့်ဓားသခင်အဆင့်သို့ ရောက်ရှိနေသောကြောင့် သူ၏ပါရမီကို ပြသပြီးဖြစ်သည်။
သူ၏ လေးစားဖွယ် အဆင့်အတန်းကိုလည်း မည်သူမျှ အံ့မတုနိုင်ပေ။
လူး၀စ်သည် ရွှေဝါရောင် ဆံပင်၊ အပြာရောင်မျက်လုံးတို့နှင့် လွန်စွာချောမောခန့်ညားလှပြီး မိန်းကလေးအားလုံး၏ နှလုံးသည်းခိုင် မင်းသားလေးတစ်ပါးဖြစ်သည်။
နောက်ထပ် ထင်ရှားသော အမွေခံသခင်လေးမှာတော့ ရေမှော်ဆရာ ယွီမုန့် ပင်။ သူ၏မျက်နှာကို အနက်ရောင်ဇာပဝါဖြင့် ဖုံးအုပ်ထားပြီး တစ်ကိုယ်လုံးမှာလည်း အရိပ်ကဲ့သို့ မည်းနက်ပြီး ဆန်းကြယ်သော အရှိန်အဝါများ ၀န်းရံနေသည်။ ထို့ကြောင့် အားလုံးမှာ သူနှင့် တိုက်ရိုက် အကြည့်ဆုံခြင်းကို ရှောင်ကြဉ်ကြသည်။
တတိယ အမွေခံသခင်လေးကတော့ ဆန်းသစ်လမြို့တော်တွင် အင်အားအကြီးမားဆုံးသူ၏ သားဖြစ်သူ လင်းချီပင်။ သို့သော်လည်း သူ့အဖေနှင့် ခြားနားစွာပင် လင်းချီတွင် မှော်ပညာ၌ ပါရမီလည်း မပါ၊ ဓားရေးလည်း မလေ့ကျင့်။ ဓမ္မဓိဋ္ဌာန်ကျကျ ဆိုသော် သူ့ကို သတိထားမိသူပင် မရှိပေ။
လင်းချီသည် အစပိုင်းတွင် အနည်းငယ် ရှက်နေသော်လည်း ကြာလာသည်နှင့်အမျှ နေသားကျသွားသည်။
မည်သို့ပင်ဆိုစေ လေနက်ရဲတိုက်၏ စမ်းသပ်မှုမှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်ပြီး အသက်ရှင်သန်ခြင်းနှင့် သူ့အဖေ၏ ရာထူးကို အမွေဆက်ခံခြင်းသာလျှင် သူ၏ပန်းတိုင်အစစ်ဖြစ်သည်။
"ကံကောင်းပါစေ" လင်းရှီရှုန်းတစ်ယောက် လင်းချီ၏ ပခုံးကို လေးပင်စွာ ပုတ်လိုက်ခြင်းက လင်းချီကို မျက်နှာရှုံ့မဲ့သွားစေသည်။ "အဖေလည်း သားကို ဒီနေရာမှာ ကူညီလို့မရဘူး မင်းဘာအောင်မြင်မှုမှ ရစရာမလိုဘူး အသက်ရှင်လျက် ပြန်လာခဲ့ရင်ကို အဖေကျေနပ်ပြီ"
ဤသည်မှာ လင်းရှီရှုန်း၏ တစ်ခုတည်းသော မျှော်လင့်ချက်လေးပင်။
လင်းချီမှာ ခေါင်းတစ်ချက် ညိမ့်လိုက်ပြီး ငယ်ရွယ်သော ဆက်ခံသူသခင်လေးများနောက် လိုက်ရင်း မျှော်လင့်ခြင်းတောင်ကြားထဲသို့ ၀င်သွားသည်။
"ဟားဟား...ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ မင်းလိုအမှိုက်ကို ဒီလွှတ်လိုက်တယ်ဆိုတော့လင်းမိသားစုမှာ ကိုယ်စားပြုဖို့ တစ်ခြားသူတွေ မရှိတော့ဘူးလား "
ဆက်ခံသူ သခင်လေးတွေ ရှေ့သွားနေတုန်း လှောင်ပြောင်သံများ ရုတ်တရက် လေထုထဲတွင် ပြန့်နှံ့လာသည်။
"တကယ်လို့ ငါသာ လင်းမိသားစုခေါင်းဆောင်သာဆို မင်းလို့ အမှိုက်ကို ပို့မဲ့ အစား ဘယ်သူ့ကိုမှ ပို့မှာမဟုတ်ဘူး"
လူး၀စ်မှာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏မျက်လုံးထဲတွင် အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
လင်းချီမှာ အခြေအနေကို နားမလည်မီ ကြက်သေသေသွားခဲ့သည်။
'ငါဒီကောင့်ကို တစ်ခါမှလည်း ရန်မစဖူးပါဘူး ဘာလို့ ငါ့ကို လာလှောင်နေတာလဲဟ'
'ဒီကောင်က အဲ့လောက်လည်း မချောဘဲနဲ့.. သူ့မှာ ရွှေရောင်ဆံပင် အပြာရောင်မျက်လုံးတွေရှိလည်း ဘာအရေးလဲ?'
ထိုအခိုက် လင်းချီ လူး၀စ်မျက်လုံးထဲမှ မနာလိုမှုတစ်စွန်းတစ်စကို မြင်တွေ့လိုက်ရပြီး သူပြောသောစကားများ၏ နောက်ကွယ်မှ အကြောင်းအရင်းကို နားလည်သွားတော့သည်။
သိသာစွာပင် လူး၀စ်မှာ လင်းမိသားစု၏ စွမ်းအားကို မနာလိုနေခြင်းဖြစ်၏။
လူး၀စ်၏ အချက်အလက်များ သူ့စိတ်ထဲတွင် ပေါ်လာပြီး သူ့နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။ လူး၀စ်၏ မိသားစုမှာ လင်းမိသားစု၏ ဆယ်ပုံ တစ်ပုံမျှသာရှိပြီး လူး၀စ်မှာ သူ့မိသားစု၏ တစ်ဦးတည်းသော မျော်လင့်ချက်ပင်။
"မင်းနာမည် လူး၀စ် ဟုတ်တယ်မလား? မိသားစုဝင် လက်တစ်ဆုပ်စာလောက်ပဲ ရှိတဲ့ မိသားစုသေးသေးလေးရဲ့ ဆက်ခံသူအနေနဲ့ မင်းက ဘယ်လိုလုပ် ငါနဲ့ စကားပြောဖို့ ထိုက်တန်မှာလဲ။ မင်းသိရမှာက ငါတို့မိသားစု အစေခံတွေက မင်းတို့ တစ်မိသားစုလုံး ပေါင်းတာထက် သုံးဆလောက်များတယ်ကွ နားလည်လား"
ထိုစကားလုံးများက သူ၏ မာနကို တိုက်ရိုက် တိုက်ခတ်သွားသည်။
လူး၀စ်၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး သွေးများဆူပွက်လာကာ သူ့မျက်နှာတွင် အမုန်းတရားများ ယှက်သန်းလာသည်။ ထို့နောက် မုန်းတီးနေသော လေသံဖြင့် "လျှာစောင်းတော့ ထက်သားပဲ လေနက်ရဲတိုက်ကို ရောက်ရင်တော့ မင်းမာနကြီးရဲမှာ မဟုတ်တော့ဘူး အဲ့အခါကျရင်တော့......"
"ငြင်းနေတာတွေရပ်ပြီး အရှေ့ကို ကြည့်လိုက်ဦး"
သူ့စကားမဆုံးမီ ကြည်လင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ ယွီမုန့် ပတ်၀န်းကျင်ကို သတိကြီးကြီးဖြင့် စစ်ဆေးလိုက်ပြီး သူ့လက်ထဲတွင်ရှိသော မှော်လက်နက်မှာ အပြာရောင် အလင်းတန်းများဖြင့် တဖျတ်ဖျတ် တောက်ပလာသည်။
သူ၏ ရေအမျိုးအစား မှော်ပညာကို ထုတ်လွှတ်ရန် အဆင်သင့်ပင်။
လူတိုင်း အသက်အောင့်ထားမိလိုက်ကြပြီး လင်းချီမှာလည်း သတိအပြည့်နှင့်။ သူတို့ လေနက်ရဲတိုက်ကို မရောက်သေးသော်လည်း ချောင်းမြောင်းနေသော မိစ္ဆာသားရဲများ ထွက်ပေါ်လာပြီဖြစ်၏။ စမ်းသပ်မှုမှာ စတင်ပြီးဖြစ်ပြီး ဤကဲ့သို့ အသက်တမျှ အရေးကြီးနေသော အချိန်တွင် မည်သူမျှ ဟာသမလုပ်ရဲကြပေ။
မြက်ဖုတ်ထဲတွင် လှုပ်ရှားမှုအချို့ထွက်ပေါ်လာသည်။ တရှပ်ရှပ်မြည်နေသံက အထဲတွင် သားရဲတစ်ကောင်ကောင် ရှိနေသည့်အလား။
"အဲ့မှာ သေချာပေါက် မိစ္ဆာသားရဲတွေရှိတယ် လူတိုင်း သတိထားကြဟေ့!"
ဝှစ်....
အစောင့်များအားလုံး ဓားရှည်များ ဆွဲထုတ်လိုက်ပြီး မပေါ့ဆရဲပေ။
အကယ်၍ သန်မာသော မိစ္ဆာသားရဲများနှင့်သာ ရင်ဆိုင်ရမည်ဆိုပါက သူတို့ပါ လျောသွားနိုင်သည်။
••••••••••