← Chapters

တောတွင်းလမ်း

Vol. 1 Ch. 6

တောတွင်းလမ်း

Vol. 1 Ch. 6

လူတိုင်း အနံ့ရနေတဲ့နေရာကို ကြည့်လိုက်ချိန်မှာတော့ လင်းချီနဲ့ သူ့အစောင့်တွေဟာ အငွေ့တထောင်းထောင်းထနေသော အမဲသားကင်ကို စားသောက်နေကြသည်အား တွေ့လိုက်ကြရသည်။

ထိုမြင်ကွင်းဟာ သူတို့အားလုံးကို ကြက်သေ သေသွားစေခဲ့သည်။ လူးဝစ်က သူ့လက်ထဲက စားချင်စဖွယ်မကောင်းတဲ့ အစာခြောက်တွေကို ကြည့်ပြီး မကျေနပ်သလို ခံစားလိုက်ရသည်။

တစ်ဖက်တွင် လင်းချီသည် လူသစ်လက်ဆောင်ထုပ်လေးမှ ရ‌သော ဝမ်ယွီ အမဲသားကို ထုတ်ယူရန် လျှာကဝေစနစ်ကို အသုံးပြုနေခဲ့သည်။

ဤစမ်းသပ်မှုအတွင်း တစ်ချိန်ချိန်တွင် တောကြီးမျက်မည်းထဲ၌ တစ်ညတာကုန်ဆုံးရမည်အား သူသေချာသိထားသောကြောင့် မီးညှိနိုင်သည့်ပစ္စည်းတွေကို အမြဲဆောင်ထားခဲ့သည်။

"သခင်လေးက ဒီတစ်ချိန်လုံး အစားအသောက်ကောင်းတွေ ဖွက်ထားတာ ကျွန်တော်တောင် သတိမထားမိဘူး!"

"ဟုတ်တယ် ကဲ အခု ကျွန်တော်တို့ အစောင့်တွေကို တစ်ဖန်ကူညီစောင့်ရှောက်ပေးဖို့က သခင်လေးအလှည့်ပဲနော်!"

လင်းချီ မျက်လုံးကို ဝေ့ကြည့်လိုက်သည်။ သူ အခုအချိန်၌ အရင်လိုမဟုတ်တော့ပေ။

‌

ထိုသို့ ဆိုပေကာမူ သူ စမ်းသပ်မှုကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ဖို့ မသေချာသေးပေ။

နောက်ဆုံး နေ့ရက်တစ်ရက်တော့ ပြီးဆုံးသွားပြီဆိုသော်ငြား လမ်းခရီးမှာ ‌ရှည်လျားစွာ ဆက်သွားရပေဦးမည်။ ရှေ့လျှောက် မည်သို့သော အန္တရာယ်တွေ ကြုံတွေ့ရမည်ကိုလည်း မပြောနိုင်ပါလေ။

ဤသို့ဖြင့် လင်းမိသားစုသည် သူတို့၏ဝမ်းကို အပြည့်ဖြည့်ပြီးနောက်တွင် အိပ်မောကျသွားခဲ့ကြသည်။

လူးဝစ်ဘက်ခြမ်း၌သော်ကား သူတစ်ဦးတည်းသာ ရိက္ခာခြောက်တွေကိုစားသုံးခဲ့သည်။ သူ့ အစောင့်များမှာတော့ လင်းမိသားစုက အစောင့်များ ကောင်းမွန်စွာစားသောက်နေကြခြင်းကို ငေးမောကြည့်ပြီးနောက် ဗိုက်ဟောင်းလောင်းဖြင့် အိပ်စက်သွားခဲ့ကြသည်။

နောက်တစ်နေ့

လမ်းကြောင်းအတိုင်း လျှောက်ခဲ့ပြီးနောက်တွင် ဆန်းသစ်လတောအုပ်သို့ ရောက်ရှိခဲ့ကြသည်။ အစောင့်ခေါင်းဆောင်က ဝင်ပေါက်ရှေ့တွင် ရပ်တန့်လိုက်သည်။

"လူတိုင်း ဂရုစိုက်ကြပါ ငါတို့ အခု ဆန်းသစ်လတောအုပ်ထဲကို ရောက်နေကြပြီ ဒီထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာသားရဲကောင်ကြီးတွေ ကျက်စားနေကြတယ် ဒါကြောင့် သတိချပ်ပြီးနေကြ"

‌

ထင်ရှားသော မိသားစုသုံးခု၏ အစောင့်များမှာ သတိကြီးကြီးထားနေကြသည်။

"ဒီကောင်တွေဘယ်လောက် ကြမ်းတမ်းနိုင်မှာမလို့လဲ ငါ့လို သန်မာတဲ့ အဆင့်မြင့်ဓားသခင်ရဲ့ ဓားသွားအောက်မှာ လှုပ်ရဲမှာတောင် မဟုတ်ဘူး"

လူးဝစ်သည် မာန်ချီပြီး လက်ပိုက်ကာ ရှေ့မှထွက်ခွာသွားသည်။ သူ့ပုံစံမှာ အလွန်အမင်း ယုံကြည်မှုပြင်းထန်နေပုံ ရသည်။

သို့သော် မနေ့က အဖြစ်အပျက်ပြီးနောက်မှာတော့ မည်သူကမှ လူးဝစ်ကို ယုံကြည်ခြင်းမရှိကြတော့ပေ။

"ဟုတ်ပါပြီ အဆင့်မြင့် ဓားသခင်ကြီးရယ် အရင်ဆုံး မင်းရဲ့ဓားကို ပြင်သင့်တယ်နော်" လင်းချီက ဒီအတိုင်း ရပ်မကြည့်နိုင်တော့ဘဲ အရွှန်းဖောက်လိုက်သည်။

အားလုံးရယ်မောလိုက်ကြသည်။

လူးဝစ်ရဲ့မျက်နှာသည်လည်း အနီရောင်သို့ပြောင်းသွားခဲ့ပြီး အံကိုကြိတ်ကာ လင်းချီကို စိုက်ကြည့်နေခဲ့သည်။

'လင်းချီ မင်းမနေ့ကမှ ချီးမွမ်းထိုက်တာလေးနည်းနည်းလုပ်ခဲ့တာနဲ့များ ငါ့ကို လှောင်ပြောင်ရဲတယ်ပေါ့ မင်းစောင့်ကြည့်နေလိုက် ငါအခွင့်အရေးရတာနဲ့ မင်းသေပြီပဲ!'

လူးဝစ်ကို အားကိုးလို့မရမှန်း ဆက်ခံသူလူရွယ်အားလုံး သိကြသည်။ ဒါကြောင့် သူတို့အားလုံး လင်းချီရဲ့ ဦးဆောင်မှုနောက်သာ လိုက်ပါလာကြသည်။

သူတို့ တောထဲသို့ လမ်းလျှောက်ဝင်လာခဲ့ကြသည်။ မျှော်လင့်ထားသလိုပင် လေထဲ၌ ခြောက်ခြားဖွယ်အငွေ့အသက်ကြီးကို ခံစားလိုက်ရသည်။ သူတို့ ဤတောထဲသို့ ဝင်ရောက်လိုက်ရုံရှိသေး မျှော်လင့်ချက်မဲ့မှု စိတ်ဓာတ်ကျမှုတို့ကို ခံစားလိုက်ရသည်။

သို့သော် အံ့ဩစရာ‌ကောင်းသည်မှာ ယင်းတောအုပ်ထဲတွင် တစ်နာရီကျော်ကြာ လမ်းလျှောက်လာသော်လည်း သာမန်ထက် ထူးထူးခြားခြားဖြစ်သည်ကို ဘာမှ မတွေ့ခဲ့ရပေ။ ငှက်တွန်သံကိုတောင် မကြားရ။

"ဒါက ထူးဆန်းတယ်"

အစောင့်ခေါင်းဆောင်က လမ်းလျှောက်ခြင်းကို ရပ်လိုက်ပြီး အသက်ကို တစ်ဝရှူသွင်းလိုက်သည်။ "တစ်ခုခုတော့မှားနေပြီ ဆန်းသစ်လတောအုပ်က မိစ္ဆာသားရဲတွေ ခိုအောင်းကျက်စားတဲ့နေရာပဲ။ ကြယ်သုံးပွင့်အထက်နဲ့ မိစ္ဆာသားရဲ‌တွေကို ဒီနေရာမှာမတွေ့နိုင်ဘူးဆိုပေမယ့် ကြယ်တစ်ပွင့်နဲ့ ကြယ်နှစ်ပွင့်မိစ္ဆာသားရဲ‌တွေတော့ လှည့်ပတ်သွားလာနေသင့်တယ်"

"ဟုတ်တယ် ဒါဖြင့် အခုသူတို့ကို မတွေ့ရတာ ဘာကြောင့်များလဲ"

လင်းချီမှာ ဘာတွေဖြစ်နေလဲ နားမလည်ပေမယ့် မိစ္ဆာသားရဲတွေနဲ့ ရင်ဆိုင်ရတာနည်းလေ ပိုကောင်းလေလို့ တွေးနေမိတယ်။

"ဒီမှာ မိစ္ဆာသားရဲတွေ မရှိဘူးဆိုမှတော့ ဘာလို့ မြန်မြန်မလျှောက်ကြတာလဲ"

လင်းချီ အကြံပေးလိုက်သည်မို့ အားလုံး သဘောတူကြသည်။ သူတို့အားလုံး အရှိန်မြှင့်လိုက်ကြသည်။

ညအချိန်ရောက်နေသော်လည်း နတ်ဆိုးသားရဲတစ်ကောင်ကိုမှ မတွေ့ကြရသေးပေ။ နေဝင်စပြုနေပြီမို့ ယွီမုန့်က စခန်းချဖို့ အကြံပြုသည်။

အနီးနားတွင် မြစ်ငယ်တစ်စင်းရှိပြီး ရေရယူရန် သူတို့အတွက် အဆင်ပြေသည်မို့ ထိုနေရာတစ်ဝိုက်တွင်သာ စခန်းချရန် ဆုံးဖြတ်လိုက်ကြသည်။

လူးဝစ် ရေသောက်ရန် ထသွားသောအခါ ရုတ်တရက် မြေပြင်ပေါ်ကအရာတစ်ခုကို သတိပြုမိလိုက်သည်။

"အား"

သူ့အော်သံက လူတိုင်းကို လန့်ဖြတ်သွား‌စေခဲ့ပြီး သူတို့အားလုံးအပြေးအလွှားလာခဲ့ကြသည်။

လူးဝစ်ရဲ့ မျက်နှာသည် ဖြူဖျော့နေပြီး သူ့ခြေထောက်များပင် တုန်ရီနေသည်။ ပြီးတော့ သူ့ဘေးက ကြီးမားတဲ့ ခြေရာကြီးကို ညွှန်ပြလိုက်ကာ

"ဒီ... ဒီမှာ နတ်ဆိုးသားရဲတစ်ကောင်ရှိကို ရှိရမယ်!"

ယွီမုန့်တည်ငြိမ်စွာ လျှောက်လာပြီး ဂရုတစိုက် ကြည့်ရှုသည်။ "ဒီခြေရာက သုံးမီတာရှည်တယ် သူပြောတာ မှန်တယ် ဒါက ကြယ်လေးပွင့် နတ်ဆိုးသားရဲရဲ့ ခြေရာပဲ!"

သူမပြောပြီးသည်နှင့် အားလုံးက တုန်လှုပ်ခြောက်ခြားကာ စိုးရိမ်တကြီးဖြင့် ဘေးဘီကို လှည့်ပတ်ကြည့်‌နေကြသည်။

သို့သော်လည်း လင်းချီမှာ သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည် "အားလုံးပဲ မစိုးရိမ်ကြပါနဲ့"

"မစိုးရိမ်နဲ့ ဟုတ်လား?" လူးဝစ်က လှောင်ပြောင်ပြီး အေးစက်စွာပြောသည်။ "ဒီခြေရာကို ကြည့်စမ်းပါ ဒီပတ်ဝန်းကျင်မှာ ကြယ်လေးပွင့် နတ်ဆိုးသားရဲတစ်ကောင်ရှိ‌နေတာလေ!"

လင်းချီ သူပြောတာကို လျစ်လျူရှုလိုက်ပြီး ကြီးမားတဲ့ ထိုခြေရာရှေ့တွင် ရပ်လိုက်သည် "ဒီမှာမတွေ့ဘူးလား ဒီခြေရာထဲမှာ ဗွက်ရေတွေရှိနေပေမယ့် အဲဒါရဲ့ဘေးပတ်လည်မှာကျ ရေမရှိနေဘူး ဒါက မိုးရွာထားတာကြောင့် ဖြစ်လာတဲ့ဗွက်အိုင်ပဲ"

လူးဝစ်မှာ လက်မခံချင်သေး။ "အဲ့တော့ ဘာဖြစ်လဲ?"

"စဉ်းစားကြည့်လေ မနေ့က မိုးရွာ‌လို့လား? တနေ့ကရော?"

လူတိုင်းက တစ်ချက်စဉ်းစားပြီး ခေါင်းယမ်းလိုက်ကြသည်။ "မရွာဘူး နောက်ဆုံးအကြိမ် မိုးရွာတာက လွန်ခဲ့တဲ့အပတ်က"

"အတိအကျပဲ!"

ထို့နောက် လင်ချီက ကိုက်ဖြတ်ခံထားရတဲ့ အရိုးပုံရယ် ပြန့်ကျဲနေတဲ့ ငှက်မွေးတွေရယ်ကို ညွှန်ပြကာ

"ကြည့်"

ယွီမုန့်မျက်မှောင်ကြုတ်လိုက်သည် "ဒီလို နတ်ဆိုးသားရဲကောင်တွေကို သတ်နိုင်စွမ်းရှိတယ်ဆိုရင် ဒါဟာ အရမ်းသန်မာတဲ့ ပြိုင်ဘက်ဖြစ်မှာ သေချာတယ်"

လင်းချီ ခေါင်းညိတ်လိုက်သည်။ "မှန်တယ် ဒီနတ်ဆိုးသားရဲက ဒီပတ်ဝန်းကျင်မှာ တစ်ခုတည်းသော တကယ့်အန္တရာယ်အစစ် ဖြစ်နိုင်တယ် ဒါပေမယ့် အဲ့ကောင် ဒီနားကို ဖြတ်သွားတာ အတော်ကြာ‌လောက်ပြီဆိုတော့ ငါတို့ နောက်ထပ် ကြယ်လေးပွင့်သားရဲနဲ့ ထိပ်တိုက်ရင်ဆိုင်ရလောက်တဲ့အထိ ကံမကောင်းတာမျိုးတော့ မဖြစ်လောက်ပါဘူး"

အားလုံးရဲ့ မျက်နှာတွေ မည်း‌မှောင်သွားသည်။ အမှန်တော့ ကြယ်တစ်ပွင့်နတ်ဆိုး အကောင်တစ်ရာ ဒါမှမဟုတ် ကြယ်နှစ်ပွင့်နတ်ဆိုးကောင်များသည်ပင် ကြယ်လေးပွင့်နတ်ဆိုးတစ်‌ကောင်ထက် အဆများစွာ ခုခံရပို‌လွယ်လိမ့်မည်။

ထို့အပြင် ကောင်းကင်သည် မှောင်စပြုလာသည်။ ရှေ့ဆက်သွားရင် အန္တရာယ်များလွန်းသည်ကြောင့် သတိကြီးကြီးနဲ့ ဆက်လက်စခန်းချဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။

လင်းချီ၏စနစ်တွင် ဝမ်ယွီ အမဲသား နဲ့ အရသာရှိတဲ့ အသားကင်အစုအပုံကြီးရှိသေးသည်။ ၎င်းကိုထုတ်ယူပြီး အခြားဟင်းခတ်အ‌မွှေးအကြိုင်များနဲ့ နှပ်ပြီး မီးပေါ်တွင် တင်လိုက်သည်။ မွှေးပျံ့‌နေသော ရနံ့သည် သူတို့နှာခေါင်းထဲသို့ တိုးဝင်လာသည်။

ဆန့်ကျင်ဘက်အနေနှင့် လူးဝစ်သည် သူ၏စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် လိုအပ်သောကြောင့် မနေ့ညက အစားအစာခြောက်အားလုံးကို စားပစ်ခဲ့သည်။ အခုတော့ သူ့ဗိုက်ကို လက်နဲ့ဖိပြီး အဆာဒဏ်ကို အံတုနေရသည်။

ယွီမုန့်ဘက်မှလည်း ထွေထွေထူးထူး လှုပ်ရှား‌မှုမျိုး မရှိခဲ့ပေ။ သို့သော် သူမ၏ အစောင့်များမှာ သူမကဲ့သို့ မတည်ငြိမ်နိုင်ကြဘဲ သူတို့မှာ လင်းချီ၏ အစောင့်များ စားသောက်နေကြသည်ကို စိုက်ကြည့်နေကြသည်။

လင်းချီ ပျော်ရွှင်စွာ စားသောက်နေချိန်တွင် ရုတ်တရက် ဖော်ပြ၍ မရနိုင်သော အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။

ရုတ်တရက် ခေါင်းကိုလှည့်ကာ လှည့်ကြည့်သော်လည်း အဝေးက အမှောင်ထုအထိ မီးအလင်းမှာ မရောက်နိုင်သောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မမြင်နိုင်ပေ။

"အဲ့ဒါက...ငါပဲစိတ်ထင်နေတာများလား?"

ရုတ်တရက် ယွီမိသားစုမှ အစောင့်တစ်ယောက် လမ်းလျှောက်လာပြီး လင်းချီကို နှိမ့်ချစွာ မေးလာသည်။ "သခင်လေးလင်း ကျွန်တော်တို့ကို အစားအစာတစ်ချို့ ဝေမျှပေးနိုင်မလား"

လင်းချီအထင်လွဲမည်ဆိုး၍ အစောင့်ကထပ်ပြောသည်။ "ကျွန်တော်တို့အစောင့်တွေစားဖို့မဟုတ်ပါဘူး သခင်မလေးအတွက်ပါ သခင်မလေး အစာမစားရတာ တစ်ရက်နဲ့ တစ်ညရှိပြီ"

လင်းချီ မျက်တောင်ခတ်လိုက်သည်။ သူလုံးဝမတွန့်တိုတတ်သလို စားစရာလည်း များများစားစားရှိတာကြောင့် ပေါ့ပါးစွာ ပြောလိုက်သည်။ "ကောင်းပြီ မင်းလိုသလောက် ယူသွားလေ"

အထူးသဖြင့် အစာရရန် ခက်ခဲ‌နေသောပတ်ဝန်းကျင်တွင် စားနပ်ရိက္ခာထောက်ပံ့မှုကဲ့သို့ အရေးကြီးသည့်အရာတစ်ခုအတွက် သူအလွန်ရက်ရောလိမ့်မည်ဟု အစောင့်က မမျှော်လင့်ထားချေ။ ကြည့်ရတာ အရင်တုန်းက ငါတို့ သူ့ကို အထင်လွဲမိခဲ့ပုံပဲ။

"ကျေးဇူးတင်ပါတယ် သခင်လေးလင်း အခုကစပြီး မင်း‌အပေါ် ကျွန်တော်တို့ကျေးဇူးကြွေးရှိနေပြီ"

"သိပ်အများကြီး မဟုတ်ဘူးနော်"

လင်းချီက ရက်ရောစွာဖြင့် လက်ကိုဝှေ့ယမ်းကာ ယွီမိသားစု၏ အစောင့်များအား အစားအစာ ဝေငှပေးလိုက်သည်။

အစောင့်တွေကလည်း လောဘမကြီးကြ‌ပေ။ သူတို့လိုသလောက် အနည်းငယ်မျှသာယူ၍ အများစုကို ယွီမုန့်အား ကျွေးကြသည်။ "သခင်မလေး ဒါက သခင်လေးလင်းရဲ့ စေတနာပါ"

"အဝေးကိုယူသွား"

သူမ၏ အေးစက်သောအသံကြောင့် အစောင့်များ အံ့အားသင့်သွားကြသည်။

"သခင်မလေး တစ်နေ့လုံး ဘာမှ မစားရသေးဘူးလေ ဒီအတိုင်းဆက်သွားလို့မှ မရတာ"

"ဒီလိုမျိုး တခြားသူတွေဆီက တောင်းရမ်းစားသောက်ရင် ငါတို့မိသားစုအတွက် အရှက်ရစေလိမ့်မယ် ငတ်သေရမယ်ဆိုရင်တောင် ငါစားမှာ မဟုတ်ဘူး ပြန်သွားပေးလိုက်"

•••••••

All Chapters