← Chapters

လူတစ်ယောက်အား ဒုက္ခရောက်နေချိန်၌ ကန်ထုတ်ခြင်း

Vol. 25 Ch. 362

လူတစ်ယောက်အား ဒုက္ခရောက်နေချိန်၌ ကန်ထုတ်ခြင်း

Vol. 25 Ch. 362

နောက်ဆုံးတွင် ရှုနန် ရပ်တန့်သွားလေသည်။ သူမ ပေါက်ကွဲရ၍ ပင်ပန်းသွားပုံရသည်။

ဖုန်းကျသွားလေသည်။ ဥက္ကဋ္ဌရှု၏ မျက်နှာအမူအရာက မည်းမှောင်နေ၏။ အစည်းအဝေးခန်းတစ်ခုလုံး ဆက်လက်၍ ငြိမ်သက်နေသည်။

“ဒေါက် ဒေါက် ဒေါက်”

ထိုသို့သောအချိန်၌ အလျင်စလို လျှောက်လာသော ခြေသံများကို ကြားလာရသည်။ ရုံးဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး ဝန်ထမ်းတစ်ယောက်က စာရွက်စာတမ်းအပြည့်ကို ကိုင်၍ အထဲသို့ ဝင်လာသည်။

“ဥက္ကဋ္ဌရှု၊ မန်နေဂျာအပေါင်းတို့”

“အခြေအနေက ဘယ်လိုရှိလဲ၊ ငါတို့ကို အစီရင်ခံတော့”

ဥက္ကဋ္ဌရှုက သက်ပြင်းချ၍ မေးလိုက်သည်။

“ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ”

ဝန်ထမ်းက ခေါင်းညိတ်ပြီးနောက် စာရွက်စာတမ်းများကို ဖွင့်၍ လေးနက်သော အသံဖြင့် အသိပေးသည်။

“အခုလက်ရှိအထိကတော့ ဒဏ်ရာရသူအားလုံးကို ဆေးရုံပို့ထားပေးပါတယ်၊ စုစုပေါင်း ၉၇ ယောက်ပါ၊ ၂၁ ယောက်က‌တော့ ဒဏ်ရာ ပြင်းထန်ပါတယ်၊ ခန့်မှန်းကြေး ဆေးကုသစရိတ်က လေးသန်းဝန်းကျင်အတွင်း ရှိလောက်ပါတယ်၊ ဒါပေမဲ့ ဒါအပြင် မိသားစုဝင်တွေ အများကြီးက ကျွန်မတို့ဆီ လာပြီး သူတို့ရဲ့ စိတ်ဒဏ်ရာ၊ အချိန်ဖြုန်းတီးမှုနဲ့ အခြားအရာတွေအတွက် နစ်နာကြေးပေးဖို့ တောင်းဆိုနေပါတယ်၊ စုစုပေါင်း ကုန်ကျစရိတ်က … ဆယ်သန်းဝန်းကျင် ရှိပါတယ်”

ဆယ်သန်းဝန်းကျင်ဆိုလျင် ပျမ်းမျှအားဖြင့် လူတစ်ယောက်ကို တစ်သိန်းဝန်းကျင် ကျပေသည်။ ဤနစ်နာကြေး များသည် မလုပ်မနေ လုပ်ရမည့်အရာ ဖြစ်သည်။ ၎င်းက ဝမ်ရုံလုပ်ငန်းစု၏ နောက်ဆုံးသော ဂုဏ်သိက္ခာ အနည်းအကျဉ်းနှင့် တိုက်ရိုက် ပတ်သက်နေသည်။ ထို့အပြင် သူတို့က မှားခဲ့သူများ ဖြစ်သည်။ အကယ်၍ သူတို့က နစ်နာကြေးပေးရန် ငြင်းပယ်ပါက မိသားစုဝင်များက သူတို့ကို တရားရုံးသို့ ဆွဲခေါ်သွားနိုင်ပေသည်။

ယင်းတို့နှင့်ဆိုလျင် သူတို့ စုစုပေါင်း ဆယ့်လေးသန်း ပေးရန် လိုအပ်သည်။

ဥက္ကဋ္ဌရှု ပင့်သက်ရှိုက်လိုက်ပြီးနောက် အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

“ဆက်ပြော”

“ကျွန်မတို့ ဒဏ်ရာရသူတွေအတွက် ဖြေရှင်းပြီးသွားရင် အဓိက သတင်းပလက်ဖောင်းတွေမှာ ကြော်ငြာတွေ အတွဲလိုက် လည်ပတ်ဖို့အတွက် လုပ်ငန်းလည်ပတ်ရေးမှာလည်း ငွေလိုနေပါသေးတယ်၊ ခန့်မှန်းချေ ကုန်ကျစရိတ်က ငါးသန်းဝန်းကျင် ရှိပါတယ်၊ ဒါပေမဲ့ အဓိက ပြဿနာက …”

ဝန်ထမ်းက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလေသည်။

“ဒီမတော်တဆမှုက တော်တော်လေး အုတ်အော်သောင်းတင်း ဖြစ်စေခဲ့တဲ့အတွက် ဌာနတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်၊ ကျွန်မတို့ ကုမ္ပဏီရဲ့ လုပ်ပိုင်ခွင့် တော်တော်များများက ရပ်တန့် သွားပြီး စာရင်းစစ်တွေရဲ့ စစ်ဆေးမှုများစွာနဲ့ ရင်ဆိုင်ရလောက်ပါတယ်၊ ပြီးတော့ ဈေးကွက်ထဲက ကျွန်မတို့ ကားတွေက အရောင်းပိုင်းမှာ ပြဿနာ တက်နေပြီး ပြန်ပို့ခံရပါတယ်၊ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေကလည်း ကျွန်မတို့နဲ့ လုပ်ငန်း ပူးပေါင်းမှုကို ရပ်စဲမယ်လို့ ကြေညာထားပါတယ်၊ ဝမ်ဟောင် အော်တိုမိုလိုင်း လုပ်ငန်းစုနဲ့ လက်မှတ်ထိုးထားတဲ့ အလိုအလျောက် မောင်းနှင်ရေးယာဉ် ပူးပေါင်းမှု စာချုပ်ကလည်း အခု စိန်ခေါ်ခံနေရပါတယ်၊ သူတို့က ကျွန်မတို့ကို  စာချုပ်ချိုးဖောက်တဲ့အတွက် လျော်ကြေး သန်းငါးဆယ် ပေးဖို့ တောင်းဆိုနေပါတယ်”

တိတ်ဆိတ်၍နေ၏။

ဤရလဒ်ကို သူတို့ ခန့်မှန်ထားမိသော်လည်း သတင်းကို ကြားရသောအခါ သူတို့ ဆောက်တည်ရာမရဖြစ်ခြင်းအား မခံစားမိဘဲ မနေနိုင်ချေ။

“ဥ…ဥ…ဥက္ကဋ္ဌရှု …”

ထိုစဉ်အစည်းအဝေးခန်းတွင်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ရုတ်တရက် စကား ပြောလာသည်။

“ကျုပ် ကုမ္ပဏီရဲ့ ရှယ်ယာရှင်အဖြစ်ကနေ နှုတ်ထွက်ချင်ပါတယ် …”

ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုသည် ဖက်စပ် စီးပွားရေးလုပ်ငန်း နည်းလမ်းကို ကျင့်သုံးထားခြင်း ဖြစ်သည်။ ရှယ်ယာရှင်များက ရှယ်ယာများ ရင်းနှီးမြှုပ်နှံပြီး အမြတ်ငွေအား ကုမ္ပဏီ၏ ဆောင်ရွက်ချက်အတိုင်း နှစ်ကုန်တွင် ခွဲဝေပေးဆောင်သည်။ ဤသို့သော အခြေအနေမျိုး၌ အမြတ်ငွေကို မေးနေစရာပင် မလိုပေ။ သူတို့၏ ကနဦး ရင်းနှီးမြှုပ်နှံမှုများကို ပြန်ထုတ်နိုင်လျင်ပင် သူတို့အတွက် ကံကောင်းနေလေပြီ။

ထိုအကြောင်း ပြောလိုက်သည်နှင့် အစည်းအဝေးခန်း၏ အခြေအနေက ပို၍ တိတ်ဆိတ်သွားသည်။ ဥက္ကဋ္ဌရှု၏ မျက်နှာတွင် သုန်မှုန်သော အမူအရာ ဖြစ်ပေါ်နေသော်လည်း သူ လုပ်နိုင်သောအရာဟူ၍ ဘာမှမရှိပေ။

အခြားသူများမှာမူ တော်တော်များများ၏ မျက်နှာတွင် စိတ်အားထက်သန်သော အရိပ်အယောင်များ ပြသနေ၏။

အမြတ်နည်းနေချိန်တွင် သူတို့သည် လူတစ်ယောက်အား ဒုက္ခရောက်နေချိန်၌ ကန်ထုတ်ပစ်မည်သာ။

“ငါတို့ အစည်းအဝေးက ဒီမှာတင် ပြီးပြီ၊ မင်းတို့ရဲ့ အစီအစဉ်တွေကို နောက်အစည်းအဝေးမှ ပြောကြတောပေါ့၊ သွားလို့ရပြီ”

ဥက္ကဋ္ဌရှုသည် အခြားသူများ အသံထွက်လာသည်ကို စောင့်မနေဘဲ ရုံးခန်းထဲမှ ခပ်မြန်မြန် ထွက်သွားလေသည်။

အိုးရန်ချင်းသည် နောက်ဆုံး၌ ထရပ်လာပြီး ထုံကျဉ်နေသော သူမဒူးများကို နှိပ်နယ်လေသည်။ သူမ၏ မျက်နှာတွင် ဝမ်းနည်းခြင်းတို့နှင့် ပြည့်နှက်နေပြီး ဥက္ကဋ္ဌရှု၏ ရုံးခန်းသို့ အသည်းအသန် လျှောက်သွားသည်။

သူမ တံခါးဖွင့်လိုက်သောအခါ ဥက္ကဋ္ဌရှုနှင့် အိုးရန်ဖုန်းတို့ နှစ်ယောက်လုံး ရှိနေပြီး မျက်မှောင်ကြုတ်နေကြသည်။

“ဦးလေးရှု၊ အဖေ၊ ကျွန်မ တောင်းပန်ပါတယ်”

“အခုမှ ဒီလိုပြောလို့ ဘာထူးတော့မှာလဲ”

အိုးရန်ဖုန်းက သူမကို လက်ခါပြလိုက်ပြီး ခေါင်းကိုက်နေလေသည်။

“တကယ်တော့ … ဒီမတော်တဆမှုက လုံးဝ ရှောင်လို့ရနိုင်ခဲ့ပါတယ်၊ ဒါက ကျွန်မ မောက်မာမှုကြောင့် ဖြစ်ခဲ့တာပါ”

အိုးရန်ချင်း၏ စိတ်ထဲတွင် ရဲ့လင်းချန်၏ မျက်နှာကို ပြန်အမှတ်ရလာပြီး သူမ ပို၍ ဝမ်းနည်းလာသည်။

“ရှုနန်ရဲ့ ဆရာက ပြပွဲမစခင် အလိုအလျောက် မောင်းနှင်ရေးယာဉ်က ပြဿနာတွေနဲ့ ကြုံရလိမ့်မယ်လို့ ကျွန်မကို ပြောခဲ့ပါတယ်၊ အဲ့အချိန်တုန်းက ကျွန်မ သူ့စကားကို နားမထောင်ခဲ့ဘူး၊ ပြီးတော့ ပြပွဲက သူ ပြောခဲ့အတိုင်း အတိအကျ ဖြစ်သွားခဲ့တာပါ”

“ဘာ … အဲ့လိုကိစ္စမျိုး ရှိခဲ့တာလား”

အိုးရန်ဖုန်းက ချက်ချင်း ထရပ်သည်။ သူ့မျက်နှာအမူအရာက ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောပြွမ်းနေ၏။ နောက်ဆုံးတွင် သူ သက်ပြင်းရှည် ချလေသည်။

“ဒီလောကထဲမှာ အဲ့လိုထူးချွန်တဲ့သူမျိုး ရှိတာတောင်မှ ငါတို့က သူ့ကို ငါတို့တံခါးအပြင်ဘက် နှင်ထုတ်ခဲ့မိတာပဲ”

“ရှုနန် ပြောတာ မှန်တယ်၊ ငါ အစကတည်းက သူ ပြောတာကို နားထောင်ခဲ့သင့်တာ၊ ဟူး … ကြည့်ရတာတော့ သူက တစ်မူထူးခြားတဲ့ ဆရာတစ်ယောက်ကို ရှာတွေ့ခဲ့တဲ့ပုံပဲ၊ ငါတို့က သူ့ကို အထင်မှားခဲ့မိတာ မှားတာပဲ၊ ရယ်ချင်စရာပဲကွာ”

ဥက္ကဋ္ဌရှုက ခေါင်းယမ်း၍ ခပ်ယဲ့ယဲ့ ရယ်လေသည်။

“ဥက္ကဋ္ဌရှု၊ ဒါ ဖြစ်နိုင်မယ်လို့ ရှင် ထင်လား …”

“မဖြစ်နိုင်ဘူး”

ဥက္ကဋ္ဌရှုက ခေါင်းခါ၍ အိုးရန်ချင်း၏ စကားကို ဖြတ်ပြောသည်။

“ရှုနန်နဲ့ ရှုဝမ်ချင်းက စောနက ငါ့ကို ဆက်သွယ်လာပြီးပြီ၊ သူ့ဆရာက ထပ်ပြီးတော့ သူ့အကူအညီကို မကမ်းလှမ်းတော့ဘူးတဲ့၊ ငါ့မှာ ဘာမှထပ်ပြောနိုင်ခွင့် မရှိဘူး”

အိုးရန်ချင်း ငြိမ်ကျသွားသည်။ ရဲ့လင်းချန်၏ တုံ့ပြန်မှုက ဆီလျော်ပါသည်။ ပါရမီရှင်များတွင် သူတို့၏ အတ္တမာနများ ရှိကြသည်။ အထူးသဖြင့် ယခင်က သူ့အပေါ် သူမ၏ ဆက်ဆံပုံပင်။

“ကျွန်မကြောင့် ကျွန်မတို့တွေ ဒီပြဿနာ ဖြစ်ရတာပါ၊ ကျွန်မ ဘာပဲလုပ်ရလုပ်ရ သူ ကူညီလာအောင် လုပ်ပါ့မယ်”

အိုးရန်ချင်း၏ မျက်လုံးများက စူးလက်နေပြီး အသံတွင် ဆုံးဖြတ်ချက်ချထားမှုတို့နှင့် ပြည့်နှက်နေသည်။ ထို့နောက် သူမက တွေဝေမနေဘဲ ချက်ချင်း ထွက်လာလိုက်သည်။

တောင်ကျစမ်းရေ အိမ်ရာ …

ရဲ့လင်းချန်သည် သူ့စံအိမ်အတွင်း၌ ရှိနေပြီး လက်နှစ်ဖက်လုံးက ကီးဘုတ်ပေါ်၌ ပြေးလွှားနေသည်။

သူ့အတွက် ဤမျှ အားလပ်ချိန်ရရန် ရှားပါးပေသည်။ သူသည် နတ်ဘုရားများကို သုတ်သင်ခြင်းအတွက် အခန်းများ အားလုံးကို လျင်မြန်စွာ ရေးသား၍ ဤဝတ္ထုကို ဇာတ်သိမ်းရန် ပြင်ဆင်ထားသည်။

ရှုဝမ်ချင်နှင့် ရှုနန်တို့သည် ရဲ့လင်းချန်ကို ကူညီပေးရန် ထပ်မတောင်းဆိုရဲတော့ချေ။ အိမ်မှ ပြဿနာများကြောင့် သူတို့ ခပ်သွက်သွက် ပြန်သွားကြသည်။

နတ်ဘုရားများကို သုတ်သင်ခြင်းအား တင်ပြီးကတည်းက ၎င်းသည် အမြဲတမ်း အွန်လိုင်းဝတ္ထုလောကတွင်း၌ ရေပန်းအစားဆုံး ခေါင်းစဉ် ဖြစ်လာခဲ့သည်။ ၎င်းက တရုတ်စာပေ၏ သင်္ကေတတစ်ခု ဖြစ်လာပြီး ပထမဦးဆုံး ရေးသားဖြန့်ချိသည့် ဝတ္ထုတစ်ခုတည်းဖြင့် စာရေးသူ အောင်မြင်မှုကြီး ရလာခဲ့သည့် သမိုင်းဝင် ဝတ္ထုတစ်ပုဒ် ဖြစ်ပေသည်။

လက်ရှိတွင် သူ၏ တရစပ် တင်ပေးမှုများကြောင့် မှတ်ချက်ပေးသော ကဏ္ဍတစ်ခုလုံး သက်ဝင်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေ၏။

[လခွမ်း ရူးချင်စရာပါလားဟ၊ ဒီနေ့ ငါကဝိုင် ဘာဖြစ်နေတာလဲ]

[စာလုံးရေ တစ်သောင်းခွဲတဲ့လား၊ သူက စာလုံးရေ တစ်သောင်းခွဲတောင် တင်လိုက်တာပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ]

[အားးးး မိုက်တယ်ကွာ၊ ငါ ဒီလို သက်တောင့်သက်တာ မဖတ်ရတာ ကြာလှပြီ၊ ကျေးဇူး အများကြီး တင်ပါတယ်]

[ပျော်စရာပဲ၊ နေ့တိုင်းသာ ဒီလိုတင်ရင်တော့ကွာ၊ ကျေးဇူးပါပဲ]

[စာရေးဆရာရေ မင်းရဲ့ ကျန်းမာရေးကို ဂရုစိုက်သင့်တယ်၊ မင်း အခန်းတွေကို ဒီလောက် အသားကုန် တင်နေရင် မင်းရဲ့ ကျန်းမာရေး ထိခိုက်လိမ့်မယ်]

[အပိုတွေ ပြောမနေတော့ဘူး၊ ငါက ပိုက်ဆံ သိပ်မရှိတဲ့ ကျောင်းသားတစ်ယောက်ပဲလေ၊ ငါ ကျေးဇူးတင်တဲ့ အနေနဲ့ မင်းကို ဒင်္ဂါး တစ်ထောင် ပေးတယ်]

[ငါ့မှာ ပိုက်ဆံရှိတယ်၊ စာရေးဆရာတစ်ယောက် ဖြစ်ဖို့က ခက်တယ်၊ ငါ မင်းကို ဒင်္ဂါး တစ်သောင်း ပေးမယ်၊ ဆက်ကြိုးစားထားပါ]

….

ထို့နောက်တွင်မူ စာလုံးရေ နှစ်သောင်း၊ နှစ်သောင်းခွဲ၊ သုံးသောင်း။

အခန်းများက ဆက်တင်လျက် ရှိနေသေးသည်။ စာဖတ်သူများသာမက စာရေးသူများပါ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

[ချီးပဲ၊ ဒီနေ့ ဘာတွေဖြစ်နေတာလဲ၊ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရေးဆရာက ဘာလုပ်နေတာလဲ]

[သေစမ်းကွာ၊ သူ့ရဲ့ အဆင့်တွေ ကောင်းနေတာကတင် တော်တော်ဆိုးနေပြီ၊ ဒါတောင် သူက ဒီလောက် အားထုတ်နေသေးတာလား၊ သူ ငါတို့ကို အသက်ရှုခွင့်လေး ပေးဦးမှာလား]

[အရမ်းကြောက်ဖို့ကောင်းတယ်၊ ဒါ ဘယ်လိုတောင် မြန်လိုက်တဲ့ စာရိုက်နှုန်းလဲ၊ သူ နာမည်ကျော်နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ]

…

သို့သော် ထိုသို့သောအချိန်၌ ရဲ့လင်းချန်၏ လက်များ တောင့်တင်းသွားသည်။ သူ စာရေးချင်စိတ် ပျောက်ဆုံးသွား၍ မဟုတ်ဘဲ ဧည့်သည်တစ်ယောက် ရောက်လာသောကြောင့် ဖြစ်လေသည်။

“တင်းတောင်၊ တင်းတောင်”

စံအိမ်၏ ခေါင်းလောင်းသံက ရဲ့လင်းချန်ကို မျက်မှောင်ကြုတ်သွားစေသည်။

ရောက်လာသူတွင် သော့မရှိပေ။ ထို့ကြောင့် ကျန်းယွင်ရှီ အိမ်ပြန်လာတာ မဟုတ်ပေ။

သူ အောက်ထပ်သို့ဆင်း၍ တံခါးဖွင့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်မိသွားသည်။ ထို့နောက် သူ မထိတထိ ပြုံးလိုက်သည်။

“အင်း … ကြီးမြတ်လှတဲ့ ဒါရိုက်တာအိုးရန်က ဒီကို လာလိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး”

All Chapters