← Chapters

ရွှေဒင်္ဂါးတွေ လိုအပ်တယ်

Vol. 1 Ch. 9

ရွှေဒင်္ဂါးတွေ လိုအပ်တယ်

Vol. 1 Ch. 9

ယွီမုန့် အလွန်အံ့ဩသွားသည်။ သူမစကားမဆုံးလိုက်ခင်မှာပင် သူမ၏ မှော်တုတ်တံမှ ခပ်စူးစူး အလင်းတို့ကို ထုတ်လွတ်လိုက်သည်။ထိုအလင်းတန်းသည် သူမစီတွင် မှော်ပညာတော်တော်များများ လက်ခံရရှိထားမှသာ ထုတ်လွတ်နိုင်သော အလင်းဖြစ်သည်။

ထို့နောက် ယွီမုန့်သည် ဆုံးဖြတ်ချက်ချပြီးသည့် မျက်နှာအမူအရာနှင့် မတ်တပ်ရပ်လိုက်သည်။ သူမမှ မှော်တုတ်တံကို မြှောက်ရင်း အော်လိုက်သည်။ "အေးစက်သော အလင်း!"

သူမ၏ အသံနှင့်အတူ သူမ၏ မှော်တုတ်တံသည် အပြာဖျော့ဖျော့ အလင်းတန်းကို ပစ်လွှတ်လိုက်ရင်း သူမရှေ့ရှိမြစ်ရေတစ်ခုလုံးကို ချက်ချင်း အေးခဲသွား‌စေတော့သည်။

ယွီမုန့်မှ လွန်စွာအံ့သြသွားပြီး သူမလက်တို့ကို ငုံ့ကြည့်လိုက်သည်။ သူမခန္ဓာကိုယ်တွင်းတွင် တဟုန်ထိုး စီးဆင်းနေသော မှော်ပညာများကို ခံစားလို့ရနေခဲ့သည်။

"ဒီလောက်ပြင်းထန်တဲ့ မှော်စွမ်းအင်တွေက ငါ... အားလုံး ပြန်ကောင်းလာတာလား"

လူအားလုံးသည်ပင် သူမကို အံ့အားသင့်နေကြသည်။ ထိတ်လန့်တုန်လှုပ်နေသော လူး၀စ်မှ စိတ်ပျက်လက်ပျက်နှင့် ကျန်ရစ်နေခဲ့တော့သည်။

လင်းချီသည် ထိုမှော်ကန်စွန်းဥတို့ကို တစ်ခါမှပင် မသုံးခဲ့ဖူးပါ။ ကန်စွန်းဥလေး တစ်ကိုက်ကြောင့်နှင့် ယွီမုန်မှ သူမ၏ မှော်ပညာများအားလုံးကို ပြန်ကောင်းလာစေလိမ့်မယ်လို့ လင်းချီ တစ်ခါမှမတွေးခဲ့ဖူးပါ။

ဟုတ်ပါသည် လျှာကဝေစနစ်က သေချာပေါက် အသုံး၀င်ခဲ့သည်။ ၎င်းသည် ယျေဘုယအားဖြင့် အခြားကောင်းမွန်သောစနစ်များနှင့် လုံးဝကွဲပြားပါသော်လည်း အရေးကြီးသောအခိုက်အတန့်များတွင် ၎င်းသည် ယုံကြည်စိတ်ချရဆဲဖြစ်သည်။

"လင်းချီ အဲ့ဒါက...အဲ့ဒါကဘယ်လိုအရာကြီးလဲ" ယွီမုန်မှအမြန်လှည့်ပြီး မေးလိုက်သည်။

ထုံးစံအတိုင်း လင်းချီသည် မှော်ကန်စွန်းဥကို သူ့စနစ်မှ ထုတ်ယူနိုင်ကြောင်း သူမကို မပြောခဲ့ပါ။ထိုအစား သူမှ “ဒီတိုင်း ကန်စွန်းဥ‌ဘဲ”ဟု တည်ငြိမ်စွာ ပြန်ဖြေသည်။

“မဖြစ်နိုင်ဘူး ဘယ်လိုကန်စွန်းဥမျိုးက ဒီလို မှော်စွမ်းအင် ပြန်ရနိုင်တဲ့အစွမ်း ရှိမှာလဲ”

သူမအပြောကို နားထောင်ပြီးနောက် လူးဝစ်မှ ရုတ်တရက် မေးလာခဲ့သည် “ဘာလဲ မင်းမှာ အစွမ်းသိုလှောင် ပစ္စည်းတွေ ရှိတာလား"

အစွမ်းသိုလှောင်ပစ္စည်းများသည် ဘယ်နေရာမှာရှိရှိ မှော်ဆရာများအတွက် အလွန်အရေးကြီးသည်။အထူးသဖြင့် အဆင့်မြင့်သော မှော်ဆရာများအတွက် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အဆင့်မြင့်မှော်ပညာကို မကြာခဏအသုံးပြုရပြီး ၎င်းတို့၏ မှော်စွမ်းအင်ထောက်ပံ့မှုအတွက် အထူးအာရုံစိုက်ရေသာကြောင့်ဖြစ်သည်။ မှော်ဆရာများသည် မှော်စွမ်းအင်တို့ကို အဆက်မပြတ် ဖြည့်တင်းထားရန် လိုအပ်၍ မှော်စွမ်းအင်အတွက် လိုအပ်သော အစွမ်းသိုလှောင်ပစ္စည်းများကို ထိန်းသိမ်းရန်ဖြစ်သည်။

ထိုပစ္စည်းများသည် အလွယ်တကူ ဝယ်ယူ၍မရနိုင်ချေ။ ယင်းအစား ၎င်းတို့ကို လျှို့ဝှက်တောအုပ်၏ နွေဦးတွင်သာ ရယူနိုင်မည်ဖြစ်သည်။ သို့သော် တစ်ကြိမ်လျှင် အနည်းငယ်မျှသာ ယူဆောင်လို့ရနိုင်သည်။ ထို့အပြင် လျှို့ဝှက်တောအုပ်သည် မယုံနိုင်လောက်အောင် အန္တရာယ်များသောနေရာဖြစ်သောကြောင့် အချို့သောအဆင့်မြင့်မှော်ဆရာများသာ ဝင်ရောက်နိုင်သည်။ ထိုသို့ဆိုပါက မှော်ဆရာမဟုတ်သည့်အပြင် သာမန်လူတစ်ယောက်ဖြစ်သော လင်းချီသည် ထိုစွမ်းအင်ပြန်လည်ထိန်းသိမ်းနိုင်စွမ်းရှိသော မှော်ကန်စွန်းဥတို့ကို ဘယ်လိုရရှိခဲ့တာပါလဲ။

လူများအားလုံး ပဟေဋိဖြစ်‌ကုန်ကြသည်။သို့‌ေသာ် လင်းချီသည် မထူးခြားစွာ ပခုံးတို့ကို အကြောလျော့လိုက်ရင်း“အေးပါ ငါ့ကို အဲ့လိုကြည့်မနေကြနဲ့ မြန်မြန် သွားကြ မဟုတ်ရင် ရေခဲတွေ ပြန်အရည်ပျော်သွားလိမ့်မယ်”

ထိုသို့ဖြင့် လူတိုင်းမြစ်ကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ယွီမုန့်သည် လင်းချီအပေါ် ထပ်မံအကြွေးတင်ခဲ့ခြင်းကြောင့် သူမကို စိတ်မချမ်းသာဖြစ်‌စေနေတော့သည်။မည်သို့ပင်ဖြစ်စေကာမူ ကန်စွန်းဥတစ်လုံးကို နောက်တစ်လုံးကိုထပ်စားရန် သူမ၏နှလုံးသားမှ တိုက်တွန်းနေခဲ့သည်။သို့သော်လဲ လင်းချီကိုပြောရန် သူမအလွန်ရှက်ေနခဲ့သည်။

လူးဝစ်သည် ပို၍ပင် ကွဲပြားနေခဲ့သည်။ လင်းချီကို အကြိမ်အနည်းငယ် လှောင်ပြောင်ချင်ခဲ့သော်လည်း သူ့စီမှ နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခံရခြင်းသည် သူမဂုဏ်သိက္ခာကို ယိုယွင်းစေသည်။

တစ်နာရီကျော်ကြာ လမ်းလျှောက်ပြီးနောက်တွင် လူတိုင်း အနည်းငယ် မောပန်းလာကြသဖြင့် ခဏထိုင်ပြီး အနားယူကြသည်။

လင်းချီသည်လဲ သူ၏ခေါင်းထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်မလာခင်အထိ အနားယူခဲ့သည်။

[ဒင်! သင်သည် အထူးလျှာကဝေစနစ်တွင် အများဆုံး အတွေ့အကြုံကို ရရှိထားသည်။ အဆင့်တက်ရန် စနစ်ရှင်က ရွေးချယ်နိုင်သည်။

[ ဒင် ! အဆင့်မြှင့်ပြီးနောက် အထူးလျှာကဝေ၏ အထူးချက်ပြုတ်နည်းများကို သော့ဖွင့်‌ပေးပါမည်- မှော်ဖားပြုပ်မွှေကြော်၊ မီးလှည့် ကြက်ကင်၊ ပြန်လည်လန်းဆန်းဖျော်ရည်]

စနစ်မှ လင်းချီကို အဆင့်မြှင့်တင်‌ပေးနိုင်သည်ဟု ကြားသိရသည်။ စနစ်အဆင့်တက်ခြင်းမှာ သူ့အတွက် အကျိုးရှိစေသော အဖိုးတန်ဟင်းလျာများကို စားသုံးနိုင်စေသည့် အစားအသောက်စနစ်တစ်ခုဖြစ်ကြောင်း သတိရမိသည်။

လင်းချီ အဆင့်မြှင့်တင်မှုကို ရွေးချယ်ခဲ့သော်လည်း အဆင့်မြှင့်တင်မှု မအောင်မြင်ကြောင်း သူ့အား အသိပေးသည့် စာသားဘောက်စ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။

သူဘယ်နေရာမှားသွားလဲ နားမလည်ခဲ့‌ပေ။ ထို့နောက်တွင် သူ့စနစ်ကို အဆင့်မြှင့်တင်ရန် ရွှေဒင်္ဂါးပြားအမြောက်အမြား လိုအပ်ကြောင်း သူသတိထားမိသွားသည်

ထို့နောက် သူနားလည်သွားခဲ့သည်။

လင်းချီမှ သူ့အိတ်ကပ်ထဲက ရွှေဒင်္ဂါးပြားတို့ကို ကြည့်ရင်း နှလုံးပြုတ်မတတ် လန့်သွားခဲ့ရသည်။

သူ့တွင် ရွှေဒင်္ဂါးလုံလုံလောက်‌လောက်ရှိမနေပါ။ သူမှ ထိုစနစ်ကို အဆင့်မြှင့်တင်ချင်လျှင် ပိုက်ဆံမြန်မြန်ရှာဖို့ နည်းလမ်းရှာရပေမည်။

အားလုံးကောင်းကောင်း အနားယူပြီးကြသောအခါ အမွေဆက်ခံသူသခင်‌ေလးများမှ ခရီးဆက်ခဲ့ကြသည်။ မြစ်တစ်ဖက်ကမ်း၏ ဆန့်ကျင်ဘက်ရှိ တောအုပ်ကို ဖြတ်သန်းပြီးသည့်နောက်တွင်‌တော့ မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိလာကြသည်။

ချီကျုံးမြို့။

၎င်းသည် မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး မိသားစုသုံးစု၏ အမွေဆက်ခံသူသခင်လေးများအား သူတို့၏ ရိက္ခာများကို ဖြည့်ဆည်းနိုင်မည့်နေရာလည်းဖြစ်သည်။ လင်းချီမှ အချိန်တိုလေးအတွင်း ဤမျှလောက်‌သော ငွေကိုမည်သို့ရနိုင်မည်ဟု တွေးနေခဲ့သည့်အချိန်တွင်းမှာပင် အစောင့်များမှ စားနပ်ရိက္ခာတချို့ကို ဖြည့်တင်းရန်သွားခဲ့ကြသည်။

သူသည် ရိက္ခာတဲဆီသို့ လျှောက်သွားခဲ့ပြီး လင်းမိသားစုမှ သူ့အတွက် ပေးထားသည့် ရွှေဒင်္ဂါးပြားအရေအတွက် မလုံလောက်ကြောင်း သိလိုက်ရသည်။ စနစ်ကို အဆင့်မြှင့်တင်ရန်အတွက် ကုန်ကျစရိတ် ထက်ဝက်ကို ပေးဆောင်ရန်ပင် မလုံလောက်ပါ။

၎င်းသည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး သူမှငွေရှာရန်နည်းလမ်းကို မျက်မှောင်ကြုံ့ကာ တွေးနေမိသည်။

ထိုအချိန်တွင် မွှေးပျံ့သောရနံ့တစ်ခု လေထဲသို့ ပျံ့လွင့်လာ‌သောကြောင့် သူမှအသက်ခပ်ပြင်းပြင်းရှူထုတ်လိုက်မိသည်။

"ဟမ်? ဝက်သားအနံ့ပဲ!”

သူသည် အနံ့၏ ဦးတည်ရာကို ကြည့်လိုက်ရာ အစားအသောက်တန်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ မြို့ထဲတွင် သင့်တင့်သော စားသောက်ဆိုင်များ အများအပြားမရှိပါသော်လည်း အစားအသောက်ဆိုင် အနည်းငယ်‌ေတာ့ရှိသည်။

အစောင့်များသည် အစားအစာဝယ်ရန် ပိုက်ဆံကို ထိုနေရာတွင် သုံးစွဲကြသည်။ အထူးသဖြင့် လူးဝစ်၏ အစောင့်များပင် သူတို့အသားကင်အချို့ကို ဝယ်ရန်သွားခဲ့ကြသည်။

လင်းချီမှ လမ်းလျှောက်ရင်း လှည့်ပတ်ကြည့်ရှု‌နေ မိသည်။ အဆိုပါ လုပ်ငန်းငယ်‌ေလးများသည် ကြက်ကင်၊ ဝက်‌ေပါက်ကင်၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ကဲ့သို့ ရိုးရှင်းသော အစားအစာများကို ရောင်းချလျက်ရှိသည်။

ထိုအရာတွေသည် ချက်ပြုတ်ဖို့အလွယ်ဆုံး အစားအသောက်တွေဖြစ်သည်။ သူတို့လုပ်သမျှက အသားကင်ပြီး လူတွေစားဖို့ အသီးအရွက်တွေ ချက်ပြုတ်ပေးရန်သာ။

"ဒါ.. ဒါတွေပဲ မင်းတို့စားကြတာလား?"  လင်းချီမှ မကူညီဘဲ ဝေဖန်နိုင်ခဲ့သည်။

ထိုအချိန် လူးဝစ်မှ သူ့ဆီလျှောက်လာပြီး “ငါတို့ စားဖို့အတွက် လုံလောက်နေတာတောင် မင်းကဒီမှာ ညည်းညူနေတုန်းလား”ဟု အေးစက်စွာပြောသည်။

လင်းချီ ကြက်ပေါင်ကင်ကို ဝယ်လိုက်သည်။ သူတစ်ကိုက် ကိုက်ပြီးနောက် သိလိုက်ရသည်က ထိုကြက်ပေါင်တွင် ဟင်းခတ်အမွှေးအကြိုင် လုံးဝမပါဝင်သည့်အပြင် မျိုချရလည်းခက်သည်။

ထို့အပြင် ကြက်ပေါင်၏စျေးနှုန်း‌ေကြာင့်ပို၍ပင် ဒေါသဖြစ်ခဲ့သည်။ထိုအရာကို သူတို့မှ ငွေဒင်္ဂါးဆယ်ပြားဖြင့် ရောင်းချခဲ့သည်။

ငြီးတွားသံများကြားတွင် ရုတ်တရက် အတွေးတစ်ခုဝင်လာ၍ သူသည်မျက်ခံုးပင့်ကာ ထိုကြက်ပေါင်ကိုကိုက်လိုက်သည်။

'ခဏလေး... စားချင်စရာမကောင်းတဲ့ ကြက်ပေါင်ကို ငွေဆယ်ပြားနဲ့ ရောင်း‌တယ် ငါ အရသာရှိတဲ့ အစားအစာတွေကို ရောင်းရင် ပိုက်ဆံရမှာလား'

လင်းချီသည် သူ့စနစ်မှ အမြတ်ထုတ်ရန် စိတ်ပါဝင်စားသူမဟုတ်သော်လည်း တတ်နိုင်သမျှ အမြန်ဆုံး အဆင့်မြှင့်တင်လိုသည်။ အဆင့်မြှင့်တင်ပြီးနောက်အနာဂတ်တွင် သူသည် ပိုမိုကောင်းမွန်သော ပါဝင်ပစ္စည်းများနှင့် ချက်ပြုတ်နည်းများကို ဖွင့်နိုင်လိမ့်မည်။

'ဟုတ်ပြီ! လုပ်လိုက်ရအောင်!'

လင်းချီသည် သူ၏ အထူးလျှာကဝေစနစ်ကို စစ်ဆေးကြည့်ရာ အဆင့်တစ်မျှသာရှိသေးသောကြောင့် ရိုးရှင်းသောဟင်းလျာများကိုသာ ရွေးချယ်နိုင်ခဲ့သည်။

ဥပမာအားဖြင့် အသားကင်၊ မုန်လာဥပါသော မှော်အမဲရင်ပုံသားများ၊ ဖုတ်ထားသော မှော်ကန်စွန်းဥများ၊ အနက်ရောင် အမဲအရွတ်များ...

၎င်းတို့သည် လုပ်ငန်းစဉ်တစ်ခုတည်းတွင် ပြီးမြောက်နိုင်သော ဟင်းပွဲများဖြစ်သည်။ ရိုးရှင်း‌ေသာ်လည်း အရသာမရှိသော ကြက်ပေါင်ထက် အများကြီး ပိုကောင်း‌ေသာ ကိုယ်ပိုင်ဟင်းခတ်အမွှေးအကြိုင်များလည်း သူ့တွင် ရှိပါသည်။

မကြာခင်မှာပင် လင်းချီသည် စျေးရောင်းရန် နေရာတစ်ခုကို ရှာလိုက်ရင်း ပြင်ဆင်ပါတော့သည်။

ဟင်းပွဲများကို စနစ်မှ တိုက်ရိုက် ထုတ်ယူနိုင်သော်ပါလည်း မည်သူမျှ သူ၏ လုပ်ဆောင်င်မှုအပေါ် သံသယမဝင်စေရန် လုပ်ရမည်ဖြစ်သည်။

လက်ရှိတွင် သူ့တွင် ရွှေဒင်္ဂါးဆယ်ပြားရှိပြီး ဈေးရောင်းရန်နေရာတစ်ခုဝယ်ရန် ထိုရွှေဒင်္ဂါးများကို သုံးချင်သည်။

"ဆရာ ဒီဆိုင်ကို ကျွန်တော့်ကို ရောင်းပါလား"

လင်းချီ ကြက်ပေါင်ကင်ဆိုင်ပိုင်ရှင်ကို မေးလိုက်သည်။

"အိုး? ဒီဆိုင်ကို ဝယ်ဖို့ စိတ်ဝင်စားသလား"

“ဟုတ်ကဲ့ ဈေးနှုန်းပြောပါ”

ထိုဆိုင်ပိုင်ရှင်သည် သူ့ရောဂါကြောင့် ထိုနေရာတွင် လုပ်ငန်းစပြီးကတည်းက ပိုက်ဆံကောင်းကောင်းမရှာနိုင်ပေ။ တစ်စုံတစ်ယောက် သူ့ဆိုင်ကို ဝယ်ရန် ဆန္ဒရှိကြောင်း ကြားရုံဖြင့် သူ စိတ်သက်သာရာ ရသွားသည်။

နောက်ဆုံးတွင် အစားအသောက်ပိုင်းနှင့် ပက်သက်ပြီး ပြိုင်ဘက်တွေ အရမ်းများလာသည်။ သူ၏ အချက်အပြုတ်ကျွမ်းကျင်မှုတစ်ခုတည်းဖြင့် စားသုံးသူတို့ကို ဆွဲဆောင်ဖို့ မဖြစ်နိုင်ပေ။

•••••••••

All Chapters