← Chapters

သူမကို တရားရုံးသို့ ပို့ဆောင်ခြင်း

Vol. 1 Ch. 10

သူမကို တရားရုံးသို့ ပို့ဆောင်ခြင်း

Vol. 1 Ch. 10

သူမသည် သူမ မှားသွားသည့်ပုံနှင့် နှုတ်ခမ်းကို ရှုံ့လိုက်သည်။ သူမ၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို မည်သူမျှ မသိပေ။

ယခု သူမသည် သနားစရာ ကောင်းသော အခြေအနေ၌ ရှိနေသည်။ အရွယ်ရောက် ပြီးသော လူကြီးများသည် သူတို့ဘာလုပ် သင့်သည်ကို မသိသည့်ပုံဖြင့် တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေစွာ ကြည့်နေ ကြသည်။ အစောပိုင်း၌ ကျီစယ်နေကြသော မျက်နှာအမှုအရာများမှာ ချက်ချင်းပင် ပျောက်ကွယ် သွားကြသည်။

"ကျွန်မ လူသုံးယောက်ရဲ့ ကံကြမ္မာကို ‌ဖတ်မယ်လို့ပြောခဲ့တာ၊ အခု နှစ်ယောက် ကျန်သေးတယ်။" ရှဲ့ချောင်သည် ရှေ့ဆက်သွားရန် သူမကိုယ်သူမ စိတ်ထိန်းလိုက်သည်။

ကျောက်ရွှမ်ကျင်းသည် သူမအား အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်လေသည်။

အထူးသဖြင့် အခုလို သနားစရာ ကောင်းအောင် ဟန်ဆောင် နေသော အချိန်တွင် ဖြစ်သည်။ ယခုအချိန်မျိုးတွင် သူမသည် ပို၍ဆွဲဆောင်မှု ရှိသည့်ပုံ ပေါ်သည်။

အကြောင်းပြချက် တစ်ချို့အား သူ နားမလည်ခဲ့ပေ။ သူသည် ပေါ့ပေါ့ပါးပါး လျှောက်သွားကာ သူ၏ နန်းတွင်းသက်တော်စောင့် များအား ဘေးဘက်သို့ တွန်းပို့လိုက်သည်။

သူမသည် ကံကြမ္မာဖတ်ခြင်းကို ဆက်လက်

ပြုလုပ်လေသည်။

"ရှင့်မှာ ဧကရာဇ်ကို ကူညီပေးနိုင်မဲ့ ပုံစံမျိုး ရှိတယ်။ ဒါပေမဲ့ ဒီလက္ခဏာက သိပ်ပြီး မထင်ရှား‌ သေးဘူး။ အဲ့လိုဖြစ်လာမဲ့ အလားအလာက ခပ်ရေးရေးပဲ ရှိသေးတယ်။ ရှင့်ရဲ့ ဒီပါရမီက ကွယ်ဝှက်နေတဲ့ ဆုလာဘ်ဖြစ်တယ်။ ဒါပေမဲ့ ရှင်တောက်ပနိုင်မဲ့ နေ့ကို ရောက်လာလိမ့်မယ်။" ရှဲ့ချောင်က တိုတောင်းစွာ ပြောလိုက်သည်။

ထိုသူသည် အတော်အသင့် ကြည့်ကောင်းသည်မှာ ထင်ရှားသည်။ သို့သော်လည်း သူမအတွက် သူသည် ကြွယ်ဝချမ်းသာ၍ တောက်ပြောင် လိမ့်မည်ဟု ပြောရုံဖြင့် လုံလောက်လိမ့်မည် မဟုတ်ပေ။

ရှဲ့ချောင် ပြော၍ ပြီးပြီးချင်းပင် နန်းတွင်းသက်တော်စောင့် သည် ချက်ချင်း နောက်ပြန်လှည့်ကာ ကျောက်ရွှမ်ကျင်းအား ကြည့်လိုက်သည်။

ကျောက်ရွှမ်ကျင်းသည် အနည်းငယ် အံ့ဩသွားသည်။

"အခုက နောက်ဆုံး တစ်ယောက်ပဲ။ ရှင့်မှာ ချောမွေ့တဲ့ခရီး ရှိလားဆိုတာ ကျွန်မ ကြည့်ပေးမယ် ဟုတ်ပြီလား?" ဟု ရှဲ့ချောင်က ပြောလိုက်သည်။

သူမသည် ထိုသို့ပြော၍ လိပ်အခွံ့ တစ်ခုနှင့် ကြေးစေ့ သုံးပြားကို ယူလိုက်သည်။ "ကလန် ကလန် ကလန်" သူမသည် အကြွေစေ့များကို လှုပ်လိုက်သည်။ ခဏကြာပြီးနောက် သူမ၏ လက်ချောင်းများအား ချိုးလိုက်ပြီး တွက်ချက်နေ သကဲ့သို့ပင် မသဲမကွဲ ပြောလာသည်။

သူမ၏ အမူအရာသည် လူများအား ကြောက်လန့်အောင် ပြုလုပ်နေ သကဲ့သို့ပင် ဖြစ်နေသည်။

"ကျွန်မ အကြောင်းအရာကို အတွင်းကျကျ ပြောလိုက်ရင် ရှင် နားလည်မှာ မဟုတ်ဘူး။" ခဏကြာသောအခါ ရှဲ့ချောင်သည် သူမ၏ ပစ္စည်းများအား ထုပ်လိုက်ပြီး "ရှင် ဒီသစ်တောကို ဒီနေ့မနက် ၁၁ နာရီမတိုင်ခင် ထွက်သွားလို့ မရဘူး။ အဲ့လိုမှမဟုတ်ရင် ကံကြမ္မာဆိုးတွေ ရှင့်ဆီ ကျရောက် လာလိမ့်မယ်။" ဟု ပြောလိုက်သည်။

ကျောက်ရွှမ်ကျင်း၏ မျက်လုံးများမှာ မှောင်မိုက်သွားခဲ့သည်။ သူ ဘာတွေ တွေးနေ သည်ကို မည်သူမျှ မသိခဲ့ပေ။

"သူမကို မနက်ဖြန် တရားရုံးကို ပို့မယ်" သူ၏ စကားလုံးများမှာ ရိုးရှင်း ပြတ်သားသည်။

သူမ မှန်သည် ဖြစ်စေ၊ မမှန်သည် ဖြစ်စေ အရေးမကြီးပါ။ အမျိုးသမီး တစ်ဦးအတွက် ယခုလို အချိန်မတော်သည့် အခါမျိုးတွင် အပြင်ထွက်ခြင်းမှာ အလွန် အန္တာရာယ် များကြောင်း သူမ သိစေရန် သင်ခန်းစာ တစ်ခု ပေးရန် လိုအပ်သည်။

ထိုမှသာ သူမ သင်ခန်းစာ ရလိမ့်မည်။

ရှဲ့ချောင်သည် သူမ၏ မျက်ခုံးကို ပင့်လိုက်ပြီး စကားဆက် မပြောနိုင်ပဲ ဆွံ့အနေ ခဲ့သည်။

သူမအတွက် ထိုသို့ တစ်စုံတစ်ယောက်က သူမအား တရားရုံးကို ပို့ဆောင်ခြင်းသည် ပထမဦးဆုံး အကြိမ် မဟုတ်ပေ။ သူမ နည်းနည်းလေးတောင်မှ မကြောက်မိပါ။

မနက်ဖြန်တွင် တရားရုံးသို့ အပို့ခံရမည် ဖြစ်သောကြောင့် ယနေ့ညတွင် သူမ အနားယူနိုင်သည်။ မြေကြီးအား အချိန်အတော်ကြာ ‌တူးခဲ့သည့်အတွက် သူမ၏ ခြေလက်များအားလုံး နာကျင်နေခဲ့သည်။

ရှဲ့ချောင်သည် သူမ တွင်ရှိသော အရာများကို အလွယ်တကူ တင်းတိမ်နိုင်သည်။ သူမသည် တဲ အတွင်းရှိ ထောင့်တစ်ထောင့်သို့ ဦးတည်ကာ ကွေးအိပ်နေခဲ့သည်။ ထို့နောက် သူမ၏ မျက်လုံးများကို မှိတ်ကာ အိပ်ပျော် သွားလေသည်။

အပြင်ဘက်၍ နန်းတွင်းသက်တော်စောင့်ကျို့ သည် ချင်းကျီအား ကြည့်၍ "မင်း ဒီအကြောင်းကို မေးဖို့ အိမ်ကို စာရေးချင်လား" ဟု မေးလိုက်သည်။

"လူကြီးမင်းကျို့ သူမပြောတာတွေကို ခင်ဗျား တကယ် ယုံနေတာလား?" ဟုပြောကာ ချင်းကျီသည် ရယ်မောခဲ့သည်။ "ကျွန်တော့် တစ်ဘဝလုံး ကျွန်တော့် အဖေက အလုံအလောက် ကောင်းခဲ့ပြီးသား။ ကျွန်တော် မြစ်ထဲပြုတ်ကြပြီး သေမယ် လို့ပြောတာမှ ပိုယုံကြည် ချင်စရာ ကောင်းသေးတယ်။ ဒါပေမဲ့ ရေတွင်းထဲ ကျတာကတော့… ကျွန်တော်တို့ ဒီ ကန္တာရသစ်တော ထဲရောက်နေတာ တော်တော်ကြာနေပြီ။ ဘယ်မှာ ရေတွင်း တွေ့ ခဲ့လို့လဲ?"

ဤ မိန်းမပျိုလေးသည် အလွန် ငယ်ရွယ် သေးသည်။ သို့သော် သူမသည် အသက်ရှုနေသကဲ့သို့ပင် လွယ်လွယ်ကူကူ လိမ်ညာခဲ့သည်။

သူမ၏ ပုံစံမှာ ဆိုးသည့် ပုံမပေါ်ပေ။ သူမကိုယ် သူမ မသေမျိုးတစ်ဝက်ဟု ဘာလို့ ကြေညာနိုင်ရပါသနည်း?

"သူမက ဧကရာဇ်ကို ကူညီတဲ့ အကြောင်း ပြောခဲ့တယ်လို့ မထင်ဘူးလား?" နန်းတွင်းသက်တော်စောင့် ကျို့သည် အနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။

"အဲ့တာက နည်းနည်းတော့ ကြောက်စရာ ကောင်းတယ်။" ချင်းကျီက ခေါင်းငြိမ့်လိုက်သည် "သူမက ကမ္ဘာကြီး အကြောင်း ဘာမှ မသိသေးလို့ ဖြစ်နိုင်တယ်။ အဲ့ဒီ့အကြောင်းကို စဉ်းစားကြည့် ကျွန်တော်တို့ အဖွဲ့မှာ သခင်လေး ကလွဲရင် အံ့ဩစရာအကောင်းဆုံးက ခင်ဗျားပဲလေ။ အဲ့တာကြောင့် သူမက သာယာတဲ့ စကားလုံးတွေနဲ့ မြှောက်ပင့်နေတာ အသေအချာပဲ။"

သူ ပြောလိုက်သော စကားများသည် အဓိပ္ပါယ် ရှိသည်။

ကျောက်ရွှမ်ကျင်းသည် သူမ၏ အဓိပ္ပာယ်မရှိပြောသည့် စကားများအား ဂရုမစိုက်ပေ။

ရှဲ့ချောင်သည် ငယ်ရွယ် သေးတာကြောင့် သူသည် သူမအား ကြိုးချည်၍ မထားပါ။ မနက်ဖြန် သူမအား တရားရုံးသို့ ပို့ပြီးနောက် သူမသည် သင်ခန်းစာ ရ၍ လူကောင်းတစ်ယောက် ဖြစ်လာကာ သူမသည် အပြင်ဘက်ရှိ အကြောင်းအရာများ ကို သိလိမ့်မည်။ သူ့လိုပင် သားကောင်အား ချောင်းနေသော တစ်ခြား "မုဆိုးများ" လည်း ရှိနေကြောင်း သူမသိသွားမည် ဖြစ်သည်။

နောက်တစ်နေ့မနက် နေမထွက်မီပင် သူတို့သည် အိပ်ယာမှ ထကာ စတင်ထွက်ခွာ ကြတော့သည်။

ရှဲ့ချောင်သည် သူတို့အား မတားခဲ့ပါ။

ဘာပဲဖြစ်ဖြစ် ဖြစ်ပါစေ၊ သူမသည် ထိုလူထံသို့ အပြေးအလွှား သွား၍ သူ၏ ‌‌‌ခြေထောက်များအား ရှေ့ဆက် မသွားရန် ဆွဲထားမည် မဟုတ်ပါ။

တော သည် ယခင်က ထက်ပင် ပို၍ ကြီးမားလာခဲ့သည်။ သို့သော် သူတို့သည် ကျောက်စိမ်း သတ္ထုတွင်းအား တွေ့ပြီးနောက် တောသည် တစ်ဖြည်းဖြည်း ကျုံ့လာသည်။ ထိုအပိုင်းများတွင် ပို၍ ကြည့်ကောင်းသော ရှုခင်းများ ရှိသည်။ သို့သော် သစ်တော ပြီးသည့်နောက်…

ဗလာဖြစ်နေသော တောင်ကုန်းများ နေရာအနှံ့တွင် ရှိနေသည်။

သူတို့အဖွဲ့သည် ရှေ့သို့ ဆက်သွားရန် အလိုရှိလျှင် စွ့န့်ပစ်ထားသော သတ္တုတွင်းကို ဖြတ်ကျော် သွားရမည် ဖြစ်သည်။

ထိုနေရာ၌ ညှိုးနွမ်းနေသော အစိမ်းရောင် ရှုခင်း အကွက် များသာ ရှိပြီး မြေကြီးမှာလည်း ကျောက်တုံးများ နှင့် ပြည့်နေခဲ့သည်။ တောင်ကုန်းများမှာလည်း လှိုင်းများကဲ့သို့ပင် တစ်ခုနှင့်တစ်ခု အထပ်ထပ် ဖြစ်နေသည်။၄င်းတို့သည် ပြင်းထန်လှုပ်ရှား ထကြွချင်စရာ မကောင်းသော်လည်း လွမ်းဆွတ် ဖွယ်ကောင်းသော မြင်ကွင်းများပင် ဖြစ်သည်။

•••••••••

All Chapters