← Chapters

အမတအရှင်

Vol. 2 Ch. 11

အမတအရှင်

Vol. 2 Ch. 11

၎င်း တောင်အငူတွင် တန်ဖိုးရှိ ကျောက်တုံးများ မရှိပေ။ အတိတ်ကာလ ကတည်းက အရပ်သူ၊အရပ်သား များသာ ဤနေရာရှိ မျက်စိ ဖမ်းစားဖွယ် ကျောက်တုံးအချို့ကို ရွေးချယ်ကာ ကောက်ယူ တတ်ကြသည်။

ဤနေရာရှိ ကျောက်စိမ်း သတ္တုတွင်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ရှာဖွေ တွေ့ရှိ ခဲ့ကြပြီး ထိုအကြောင်းအရင်းကပင် အဘယ်ကြောင့် ဤနယ်မြေ အပိုင်းအစဟာ အချိန်အကြာကြီး စွန့်ပစ်ခံ ခဲ့ရသလဲ ဆိုတာကို ဖော်ပြနေသည်။

ကျောက်ရွှမ်ကျင်းမှာ ရထားလုံးထဲတွင် ထိုင်နေသည်။

မနေ့က ရှဲ့ချောင် ပြောခဲ့သည့် စကားများ သူ၏ အတွေးထဲ ပြန်ပေါ် လာသည်။

“အခု ဘယ်အချိန်ရှိပြီလဲ?”

ကျောက်ရွှမ်ကျင်းသည် ရထားလုံး၏ ပြတင်းပေါက်အား ရှည်သွယ်သော လက်များဖြင့် ဖွင့်လိုက်ရင်း ပျင်းရိ နေသည့် လေသံဖြင့် မေးလိုက်သည်။

“မနက် ၉နာရီ ရောက်ဖို့ ၁၅မိနစ် လိုပါသေးတယ် သခင်လေး။” တစ်စုံ တစ်ယောက်မှ ချက်ချင်း ဖြေလိုက်သည်။

ကျောက်ရွှမ်ကျင်း ၏ မျက်လုံးများ မှေးကျဉ်းသွားကာ ရုတ်တရက် ပြောလိုက်သည်။

“ရထားလုံးကို ရပ်ပြီး နားကြမယ်။ ငါတို့ ၁၅မိနစ် နေမှ ပြန်ထွက်ကြမယ်”

နန်းတွင်း သက်တော်စောင့်ကျို့ သည် အချိန်တစ်ခုခန့် ကြက်သေ သေသွားခဲ့သည်။ သူ ထပ် မမေးရဲ တော့ပဲ လူတိုင်းကို ခရီးမှ နားကာ အားဖြည့်ကြရန် ချက်ချင်း ပြောလိုက်သည်။

ညွှန်ကြားချက် ပေးပြီးနောက်မှ ကျောက်ရွှမ်ကျင်း သည် သူ့ကိုယ်သူ ဘယ်လိုတောင် ရူးနှမ်းနှမ်းပုံ ဖြစ်သွားခဲ့လဲ ဆိုတာကို သဘောပေါက်သွားခဲ့တယ်။

အကြောင်းရင်း တချို့ကြောင့် လူလိမ် ပေါက်စလေး ပြောခဲ့တာကို သူစတင်ပြီး ယုံကြည်လာသည်။ ဒီနေ့ သူကောင်းကင်ကို ကြည့်လိုက်တုန်းက တိမ်ကင်းစင်ပြီး ရာသီဥတု ကောင်းနေခဲ့တယ်။

‘ဒီလို ကြည်လင်တဲ့ ရာသီဥတုနဲ့ ငါ့ရဲ့ဘေးနားက နန်းတွင်းသက်တော်စောင့်တွေ အများကြီးနဲ့ ဆိုရင် ဘယ်လို မတော်တဆမှုမျိုးများ ဖြစ်နိုင်မှာလဲ?’

မည်သို့ပင် ဖြစ်ပါစေ ဒီအမျိုးသမီးငယ်လေးသည် သူမအမှားအား ဝန်ခံလာသည်ကို သူလိုချင်သည်။ သူမ လူလိမ်တစ်ယောက် ထပ်မဖြစ်လာအောင် သင်ခန်းစာပေးရန် အုပ်ချုပ်ရေးရုံးထဲမှာ သူမကို ရက်အနည်းငယ်လောက် ချုပ်ထားဖို့ သူစီစဉ်ထားသည်။

ရှဲ့ချောင်က လူ‌၄ယောက်ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတယ်။

သူမက လူတန်းကြီး၏ နောက်ဆုံးမှာ ဖြည်းညှင်းစွာလျှောက်နေခဲ့ပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးတိုင်းမှာ ခဏရပ်နား လေသည်။

နန်းတွင်းသက်တော်စောင့် များထဲမှ သူမကို စောင့်ကြည့်နေခဲ့သည့် လူတစ်ယောက် ကတော့

သူမထံမှ ကံကြမ္မာဖတ် ပေးခြင်း ခံခဲ့ရသည့် ချင်းကျီ ပင်ဖြစ်သည်။

ပထမတော့ အဓိပ္ပာယ်မရှိသည့် ပေါက်ကရများ ပြောခဲ့သည့် အမျိုးသမီးငယ်ကို သူဒေါသထွက်ခဲ့သည်။

သို့ပေမဲ့ နူးညံ့ပြီး အားနည်းချည့်နဲ့ နေသည့် သူမ၏အသွင်အပြင်အား ကြည့်ပြီးနောက် အရွယ်ရောက် ပြီးသော ယောက်ျားတစ်ယောက်အနေနှင့် ဤကဲ့သို့ မိန်းမငယ်လေး တစ်ယောက်ဆီမှ စကားလုံးများကို အတည်မှတ် မယူသင့်ဟု ခံစားရသည်။

“ဘာလို့ အရှေ့လမ်းကြောင်းက ရပ်သွားရတာလဲ? အမျိုးသမီးလေးရေ သခင်လေးက တကယ်ကြီး မင်းစကားကို နားထောင်နေတာလား?” ချင်းကျီ ခပ်တိုးတိုးပြောလာသည်။

ရှဲ့ချောင် ၏ မျက်နှာမှာ ဖြူဖက်ဖြူရော် အဖြစ် ပြောင်းလဲ လာခဲ့သည်။ “ဘယ်လိုတောင် ကောင်းလိုက်တဲ့ တိုက်ဆိုင်မှုမျိုးလဲ? ကျွန်မ လမ်းထပ်

မလျှောက်နိုင်တော့ဘူး။”

“ခရီး တိုတိုလေးပဲ သွားရသေးတာကို မင်းက ထပ်ပြီး မလျှောက်နိုင် တော့ဘူး? ဒီလိုမျိုးသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့က မင်းကို ချီသွားရမှာလား?” ချင်းကျီသည် ရှဲ့ချောင်အား မနှစ်မြို့သည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ သို့ပေမယ့် ဤအမျိုးသမီးအား ဒေါသထွက်၍ မဖြစ်သဖြင့် ရွေးချယ်စရာ မရှိပဲ သူ၏ ဒေါသများကို မျိုချထားရုံသာ တတ်နိုင်သည်။

သူက သူငယ်ချင်းများနှင့် အတူ လျှောက်ချင်ခဲ့တာ

ဖြစ်ပေမယ့် ဒီအမျိုးသမီးအား စောင့်ကြည့်ရန် အမိန့်ပေး ခံထားရသည်။

မိန်းမငယ်လေးမှာ အနည်းငယ် နှေးကွေးစွာဖြင့် ယခုမှ ကမ်းပေါ် ရောက်လာသည့် ပင်လယ်လိပ် တစ်ကောင် ကဲ့သို့ လျှောက်နေခဲ့သည်။

“ရှင်တို့ ကျွန်မကို ချီစရာ မလိုပါဘူး။ ရှင်တို့ သခင်လေးရဲ့ ရထားလုံးက သူ့အလုပ်သူ လုပ်လိမ့်မယ်။” ရှဲ့ချောင်က ချည့်နဲ့စွာ ပြောလိုက်သည်။

အရာအားလုံးက သူမရဲ့အချိန်တွေကို ယူသွားခဲ့တာဖြစ်သည်။

ယနေ့ သူမ အတော်မြန်သည့် အရှိန်ဖြင့် လမ်းလျှောက် ခဲ့ရသည်။ သူတို့၏ ခရီးအတွက် အလျင်အမြန် အရှေ့သို့ ရောက်အောင် မည်သို့ပင်အားစိုက် ထုတ်ပါစေ သူမကတော့ သူမ၏ ဘဝသက်တမ်း တစ်ဝက်‌လောက် ကုန်ဆုံးသွားပြီဟု ခံစား ခဲ့ရသည်ပင်။

“အာ... မကြာခင် ခဏအတွင်းမှာ မင်းအရာရှိကို တွေ့ရတော့မှာပါ။ မင်း ဒီနေရာမှာ အရူးမလုပ် သရွေ့ပေါ့...”

သူစကားပြောတာ မပြီးသေးခင်မှာပင် သူ့မျက်ဝန်းများ ကျယ်သွားခဲ့ကာ အဝေးမှ မီးခိုးနှင့် ဖုန်မှုန့်များထွက်လာသည်ကို ဝိုးတိုးဝါးတား တွေ့လိုက်ရသည်။

အရှေ့လိုင်းမှ ကင်းသမားတာဝန် ယူထားသည့် နန်းတွင်းသက်တော်စောင့်များသည် ဖြစ်ရပ်ကို သတိပြုမိ လိုက်သည် နှင့် တစ်ပြိုင်နက် ကျောက်ရွှမ်ကျင်းထံ ချက်ချင်း တင်ပြ ခဲ့ကြသည်။ ကျောက်ရွှမ်ကျင်းမှာ ရထားလုံးထဲတွင် လက်ဖက်ရည် သောက်နေခဲ့သည်။

၎င်းဖြစ်ရပ်ကို ကြားပြီးနောက် တုန်လှုပ် အံ့ဩသွားခဲ့ပြီး သူ၏ မြင်းသည်တော်များအား ထိုနေရာသို့သွားကာ စုံစမ်း ထောက်လှမ်းရန် အမိန့်ပေးလိုက်သည်။

အချိန် ဘယ်လောက်မှ မကြာလိုက်၊ မြင်းသည်တော်များ စုံစမ်းရာမှ ပြန်ရောက်လာခဲ့ကြသည်။

“ သခင်လေး အရှေ့က... စွန့်ပစ်ခံထားရတဲ့ ကျောက်စိမ်း သတ္တုတွင်း ပြိုကျသွားတာပါ။ ပြီးတော့ ကျောက်တုံးတွေ အများကြီး အောက်ကိုပြုတ်ကျနေပါတယ်။ လူသွားလမ်းရဲ့ ပေ၅၀၊ ၆၀လောက်က ဖုံးအုပ်ခြင်း ခံလိုက်ရပါပြီ”

“...” ကျောက်ရွှမ်ကျင်း၏ မျက်လုံးများ တုန်လှုပ် သွားခဲ့သည်။ “အကယ်၍ ငါတို့မရပ်ခဲ့ရင် အခုချိန်လောက်ဆို အဲဒီနေရာကို ရောက်နေ လောက်တယ် မလား?”

ဤသည်ကို ကြားသည့် အချိန်တွင် နန်းတွင်းသက်တော်စောင့်သည် မျက်မှောင် ကြုတ်ကာ အလေးအနက် ခေါင်းညိမ့် ပြသည်။ “အကွာအဝေးကို တွက်ချက် လိုက်မယ် ဆိုရင် ဟုတ်ပါတယ်။ ကျွန်တော်တို့ အခုအချိန်ဆို အဲဒီကို ရောက်နေကြ မှာပါ။”

ကျောက်ရွှမ်ကျင်း ရုတ်တရက် သူ၏ မျက်ခုံးများအား တွန့်ချိုး လိုက်သည်။

သူနှင့်အတူ လမ်းတစ်လျှောက် သက်တော်စောင့်

အများအပြားကို ခေါ်ဆောင်ခဲ့ပြီး ပေ ၅၀၊ ၆၀ ရှိသည့် လူသွားလမ်းက သူတို့အားလုံးကို မြှပ်နှံရန် မလုံလောက် ပေမယ့် သူတို့ ဆုံးရှုံးမှုကို ခံရလိမ့်မည် ဖြစ်သည်။

အကယ်၍ ယနေ့ သူ့မှာသာ ကံ‌ဆိုးမှု ရှိနေခဲ့ပါက သူပါ ကွယ်ပျောက် သွားနိုင်သည်။

ဤနေရာမှာ သတ္တုစွန့်ပစ် ပစ္စည်းပုံ ဖြစ်သောကြောင့် နယ်မြေထဲတွင် မြေကြီး အနည်းငယ်သာ ရှိလေသည်။ အသုံးမဝင်သော ကျောက်တုံးများ အနီးတဝိုက်တွင် ပြန့်ကျဲနေပြီး ကျောက်တုံး ဆင်ခြေလျှော များဖြစ်လာစေရန် သူတို့ ဖြည်းဖြည်းချင်း စုပုံလိုက်ကြသည်။

သူတို့သာ ကျောက်တုံးများနှင့် ထိမှန်ခဲ့ပါက ပွဲချင်းပြီး မသေလျှင်တောင် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရနိုင်သည်။

ကံကြမ္မာ ဟောစာတမ်းပေါ်က စာလုံးတွေကို ပြန်တွေးပြီး နောက် “ကျေးဇူးပြုပြီး...ဖိတ်ကြား...” ချက်ချင်းပဲ သူ ‘လူလိမ်’ဆိုတဲ့ စကားလုံးကို ပြောမထွက်တော့ပေ။  နန်းတွင်းသက်တော်စောင့် ကျို့ မှ "အမတအရှင်ရှဲ့ကို လာဖို့ ဖိတ်ကြားချင်တာလား သခင်လေး” ဟု မေးလိုက်သည်။

•••••••••••

All Chapters