စမ်းသပ်ကုသခြင်း.....
Vol. 16 Ch. 211
လီလော့တို့အခန်းထဲရောက်သည်နှင့် ရင်းနှီးနေသော ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
ထိုကောင်လေးသည် ယခုတွင် ငယ်ရွယ်နုပျိုသောအသွင်အပြင်ကို ပေါ်လွင်စေသော ရိုးရှင်းသော ၀တ်စုံကို ၀တ်ဆင်ထားသည်။
ရှပြည်ထောင်စုတစ်ခုလုံးကို အုပ်ချုပ်မည့် ဧကရာဇ်တစ်ပါး၏အရှိန်အဝါသည် ပေါ့သေးသေးတော့မဟုတ်ပေ။
" အရှင်မင်းကြီး...."
ကျန်းချင်းအာနှင့် လီလော့တို့သည် အရပ်သားများဖြစ်သောကြောင့် ဧကရာဇ်ကို ဉီးညွှတ်အရိုအသေပေးလိုက်ကြသည်။
ဧကရာဇ်ငယ်က လီလော့တို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတချက်ညိတ်ပြလိုက်ပြီး ရွှေနဂါးဘဏ်တိုက်တွင် တွေ့ဆုံဖူးသည် လီလော့ကိုသာ စိုက််ကြည့်နေ၏။
ဧကရာဇ်ငယ်လေး၏ဘေးတွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ဉီးရှိနေပြီး အားအင်ချိနဲ့နေပုံရသော ထိုအဖိုးအိုထံမှ ပြင်းထန်သော အော်ရာများကို ခံစားမိနေသောကြောင့် ထိုအဖိုးအိုသည် တော်ဝင်ရုံးတော်၏ အသန်မာဆုံး ကျွမ်းကျင်သူများထဲမှ တစ်ဉီးဖြစ်ပေလိမ့်မည်။
ဤသည်မှာ မင်းသမီးကြီးဘက်မှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားခြင်းဖြစ်လိမ့်မည်။
အတွေ့အကြုံမရှိသော လီလော့ဘက်က ကုသနေရင်း တစုံတခုလွဲချော်သွားပါက ထိုအဖိုးအို ဝင်ရောက် ကူညီပေးလိမ့်မည်။
မင်းသမီးကြီးက ဧကရာဇ်ငယ်လေး၏ လက်ကို တယုတယဆုပ်ကိုင်ထားရာကနေ လီလော့ကို ကြည့်လိုက်ပြီး .....
"စကြတော့မလား..."
မင်းသမီးကြီး၏ လေသံအနေအထားသည် ဖော်ရွေနေပုံရသော်လည်း ကုသမှုအတွက် မျှော်လင့်ချက် ထားပုံမရပေ။
ကျန်းချင်းအာကြောင့်သာ မဟုတ်လျှင် အပေါ်ယံယဉ်ကျေးမှုများကိုပြသလိမ့်မည်မဟုတ်ပေ။
လီလော့ဘက်ကလည်း ခုတုံးလုပ်ခံနေရမှန်းသိသော်လည်း လော့လန်အိမ်တော် တိုးတက်မည့်အရေးဖြစ်နေသောကြောင့် စိတ်ထဲသိပ်မထည့်ထားတော့ပေ။
" ဂျူနီယာ လီလော့....ဒီနေ့ ဒီအခန်းထဲမှာ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ အပြင်ကိုပေါက်ကြားလို့မဖြစ်ဘူးဆိုတာ မမေ့ပါနဲ့....."
မင်းသမီးကြီးက ထိုသို့ သတိပေးပြီးသည်နှင့် ဧကရာဇ်ငယ်လေး၏ ဝတ်ရုံကိုချွတ်ကာ သူမဘက်သို့ မျက်နှာမူခိုင်းထားလိုက်သည်။
ဧကရာဇ်၏ ကျောပြင်ပေါ်တွင် အစိမ်းရောင်သန်းနေသော ကြာပန်းပုံပမှတ်အသားတစ်ခုရှိနေသောကြောင့် အရိုးပေါ်အရေတင် အရိုးအပြိုင်းပြိုင်းကျနေသောကျောပြင်ကို မည်သူမျှ ဂရုမစိုက်မိကြတော့ပေ။
ထိုအစိမ်းရောင်ကြာပန်းသည် တဝက်တပျက် မည်းနက်နေပြီး အသက်ရှိနေပုံရသည်။
မည်းနက်နေသော အစိတ်အပိုင်းများသည် အစိမ်းရောင်ကြာပန်းနှင့် ဧကရာဇ်၏ ကျောပြင်ပေါ်ရှိအသွေးအသားကို တတိတိဝါးမြိုတိုက်စားနေသည့်နှယ်.......
လီလော့နှင့်ကျန်းချင်းအာတို့နှစ်ယောက် ထိုမြင်ကွင်းကို အံ့သြမှုအပြည့်ဖြင့် စိုက်ကြည့်နေမိကြသည်။
" ဒါ...ဒါက...."
" ဒီအရာကြောင့် မင်းကြီး နေမကောင်းဖြစ်နေတာ......ဒီကြာပန်းက မင်းကြီးရဲ့မွေးရာပါအမှတ်ဆိုလည်း မမှားဘူး.....ယင်ယန်ကြာပန်းလို့ခေါ်တဲ့ ဒီအစိမ်းရောင်ကြာပန်းက မဂ်လာရှိပြီး အတိတ်ကောင်းနမိတ်ကောင်းတွေ ဆောင်ယူလာတယ်ဆိုတဲ့ဆိုရိုးစကားရှိတယ်.....ဒါပေမယ့် အကြောင်းအရင်းတစ်ချို့ကြောင့် တဖြည််းဖြည်း အနက်ရောင်သမ်းလာတယ်.....ကြာပန်းတစ်ခုလုံးအပြည့်အဝ အနက်ရောင်ပြောင်းသွားတာနဲ့ မင်းကြီးရဲ့အသက်ဓာတ် 80% လောက်ကုန်ခမ်းသွားမယ်လို့ သမားတော်တွေက တွက်ဆထားတယ်......"
မင်းသမီးကြီးသည် ပြောရင်းနဲ့ စိတ်ကောင်းမဖြစ်လာသည့်အတွက် အသံများပင် ကွဲအက်တုန်ရီလာသည်။
" ဒီနှစ်တွေအတွင်း ရေပဲ့တင်ထပ်သံ၊သစ်သားပဲ့တင်ထပ်သံကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် ဘာမှမထူးခြားလာခဲ့ဘူး.....ဒါ့ကြောင့်မို့ဆေးဝါးနဲ့ပဲ အခြေနေဆိုးမလာအောင် ထိန်းထားရတာ......"
" ရှပြည်ထောင်စုမှာ မြို့စားအဆင့်ကျွမ်းကျင်သူ ရှားပါးတဲ့အပြင် ကုသရေးပဲ့တင်ထပ်သံနှစ်ခုရှိတဲ့သူဆို ပိုလို့တောင်ရှားပါးသေးတယ်....ဒါ့ကြောင့်မို့ ရေနဲ့သစ်သားပဲ့တင်ထပ်သံရှိတဲ့ မင်းအပေါ် မျှော်လင့်ချက်ထားခဲ့မိတာပါ......မင်း မြို့စားအဆင့်ရောက်တဲ့အခါ မင်းကြီးကို ကုသပေးနိုင်ဖို့မျှော်လင့်ရတာပါပဲ....."
တွေ့မြင်နေရသည့်အတိုင်းဆို မျှော်လင့်ချက် သိပ်မရှိနိုင်သည့်အတွက် လီလော့ တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။
" အရှင်မင်းကြီး....ကျွန်တော်မျိုးတို့ နောက်တစ်ကြိမ်တွေ့ကြပြန်ပြီနော်... ."
" လူလိမ်....."
နည်းနည်းတော့ရှက်စရာကောင်းနေသည်မှာအမှန်ပင်....သူနှင့်ဒူဇီပိုင်ရွှမ်းတို့ကြားက ရန်ပွဲထဲသို့ ဧကရာဇ်ကို ဘုမသိ ဘမသိဆွဲသွင်းမိခဲ့သည်မဟုတ်လော......
လီလော့ အရှက်ပြေ ချောင်းဟန့်လိုက်ပြီး.....
" ကဲ...ဒါဆို ကုသမှုစတင်လိုက်ကြရအောင်....."
လီလော့သည် အပြည့်အဝအာရုံစိုက်ပြီး အစိမ်းရောင်နှင့်အပြာရောင် ရောယှက်နေသော ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်နေသည်။
မင်းသမီးကြီးက ပေါင်းစပ်ထားသည့်ပဲ့တင်ထပ်သံစွမ်းအားများကို ယခုမှသာ မျက်မြင်ကိုယ်တွေ့မြင်ဖူးသောကြောင့်အနီးကပ်ကြည့်ရှုနေပြီး ဧကရာဇ်ဘေးနားတွင် ရှိနေသော အဖိုးအိုကလည်း ခေါင်းတညိတ်ညိတ်ဖြင့် စိတ်ဝင်တစားကြည့်ရှုနေလေ၏။
လီလော့၏ ရေပဲ့တင်ထပ်သံနှင့် သစ်သားပဲ့တင်ထပ်သံတို့၏ တမျိုးတမည်ထူးဆန်းစွာ တောက်ပနေခြင်းမှာ အလင်းပဲ့တင်ထပ်သံ၏ထောက်ပံ့ပေးမှုကြောင့်သာပင်......
လီလော့သည် နီလာရောင်နှင့်ကျောက်စိမ်းရောင်ရောယှက်တောက်ပနေသော လက်ဖဝါးနှစ်ဖက်ကို ဧကရာဇ်၏ ကျောပြင်ပေါ်ရှိ ကြာပန်းပုံမွေးရာပါအမှတ်ပေါ်သို့ ဖိကပ်လိုက်လေသည်။
ဝုန်းးးးးးးးး
ထိုအခါ ကြာပန်းပုံမွေးရာပါအမှတ်သည် ခြောက်သွေ့နေသာ မြောဆီလွှာပေါ် မိုးစက်ပေါက်များကျဆင်းလာသကဲ့သို့ လီလော့၏စွမ်းအင် အရည်တစ်စက်ကို အငမ်းမရစုပ်ယူနေလေ၏။
ထိုမြင်ကွင်းကို အားလုံးက မျှော်လင့်ချက်အကြည့်များဖြင့် မမှိတ်မသုန်စိုက်ကြည့်နေကြသည်...............