ကုသမှု ရလဒ်.......
Vol. 16 Ch. 212
အားလုံး၏ အကြည့်များသည် ဧကရာဇ်၏ကျောပြင်ပေါ်တွင်သာ ကပ်ငြိ
နေကြပြီး အသက်ရှုဖို့ပင်မေ့လျော့နေကြသည်။
"မျှော်လင့်ချက်မရှိတော့ဘူး......"
မည်သို့မျှ ပြောင်းလဲမသွားသော ကြာပန်းပုံအမှတ်ကြောင့်အားလုံး စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြလေပြီ.....
မည်သို့ပင် ကြိုတင်ပြင်ဆင်ထားစေကာမူ မင်းသမီးကြီး၏ ဖီးနစ်သဏ္ဍာန် မျက်ဝန်းထဲတွင် အားငယ်စိိတ်ပျက်နေမှုများကို အထင်သားမြင်တွေ့နေရသည်။
မြို့စားအဆင့်ကျွမ်းကျင်သူများပင် မကုသနိုင်သည့်ရောဂါတစ်ခုကို ဆရာသခင်အဆင့်လောက်က ပျောက်ကင်းအောင်ကုသနိုင်မည်ဟု မျှော်လင့်ထားခြင်းမှာ ရယ်စရာကောင်းနေသည်မဟုတ်လော......
ဒါမှမဟုတ် လီလော့၏စွမ်းအားများသည် အားနည်းနေသောကြောင့် တစုံတရာထူးခြားမှု မပြတာရောဖြစ်နေလောက်မလား......
လီလော့ကို ကြည့်ရသည်မှာ မျက်နှာပူနေပုံရသည့်အတွက်....
" ဂျူနီယာလီလော့......ဒီလိုကျရှုံးမှုမျိုးကငါတို့အတွက် အထူးအဆန်းမဟုတ်တော့ဘူး....ဒါ့ကြောင့် စိတ်မကောင်းမဖြစ်ပါနဲ့..... "
" အဆင်မပြေမှုအတွက် တောင်းပန်ပါတယ် မင်းကြီး....."
ဧကရာဇ်ငယ်လေးကတော့ လီလော့ကို အသံတိတ်ခေါင်းညိတ်ရုံသာ တုန့်ပြန်လိုက်သည်။
လီလော့က ဧကရာဇ်ကို စာနာသနားသောအကြည့်နှင့်ကြည့်နေသော ကျန်းချင်းအာကို ဆွဲခေါ်လိုက်ပြီး......
" ကုသမှုပြီးပြီမို့ ကျွန်တော်တို့ ပြန်လိုက်ပါဉီးမယ်....... "
မင်းသမီးကြီးဘက် ခေါင်းညိတ်ပြီး ခွင့်ပြုကြောင်းကိုပြသလိုက်သည့်အချိန်တွင်.....
" ခဏလေး....."
သုံးယောက်စလုံး အသံပိုင်ရှင် အဖိုးအိုဆီ ဇဝေဇငါဖြစ်နေဟန်ဖြင့် လှည့်ကြည့်လိုက်ကြသည်။
" ဘာဖြစ်လို့လဲ အဘ်ိုးဟွေး....."
အဖိုးအိုက ဧကရာဇ်ကျောပြင်ပေါ်က ကြာပန်းကို လေးလေးနက်နက် စိုက်ကြည့်နေပြီး.....
" မင်းကြီး....ကျွန်တော်မျိုးကို သေချာ အနီးကပ်ကြည့်ရှုခွင့်ပြုပါ....."
ဧကရာဇ်လေးက ခေါင်းညိတ်လိုက်ပြီး ဝတ်လက်စ ဝတ်ရုံကို ပြန်ချွတ်ချလိုက်သည့်အခါ အဖိုးအိုက ကြာပန်းပုံအမှတ်အသားကို အနီးကပ်ကြည့်ရှု စစ်ဆေးနေလေ၏။
ထိုအဖိုးအိုသည် သန်မာသူဖြစ်သည့်အတွက် သူမတို့မမြင်နိုင်သည့်အရာများကို မြင်နိုင်ပေလိမ့်မည်။
ကောင်းသော ပြောင်းလဲခြင်းလော....ဆိုးဝါးသောပြောင်းလဲခြင်းလော......
လီလော့နှင့်ကျန်းချင်းအာတို့သည်လည်း အကယ်၍ မင်းကြီးကို အခြေနေဆိုးအောင်များ လုပ်မိလိုက်သလားဟူသော အတွေးများဖြင့် ပူလောင်စိုးထိတ်နေကြရှာသည်။
အကယ်၍ တစုံတခုလွဲချော်ခဲ့မည်ဆိုလျှင်တောင် လီလော့သည် ဆရာသခင်အဆင့်သာရှိသေးသောကြောင့် ဆိုးဆိုးဝါးဝါးတော့ ထိခိုက်နိုင်မည်မဟုတ်ပေ။
မင်းသမီးကြီးသည်လည်း လီလော့တို့နည်းတူ စိုးရိမ်ပူပန်နေခဲ့ပါသည်။ သူမ အတင်းဖိတ်ကြား၍သာ ဤအဖြေနေမျိုးဖြစ်လာရသည်မဟုတ်ပေလော.....
ဧကရာဇ်သာ တခုခုဖြစ်သွားခဲ့လျှင် မနက်ဖြန် တော်ဝင်ညီလာခံ၌ သူမအတွက် ငရဲခန်းတခု အသင့်စောင့်ကြိုနေလိမ့်မည်။
အဖိုးအိုသည် ဧကရာဇ်၏ အမှတ်ကို မိနစ်အတော်ကြာ မမှိတ်မသုန်စိုက်ကြည့်နေသောကြောင့် ကျန်ရှိနေသူများ၏စိုးရိမ်မှုများသည် ဒီရေအလား တရိပ်ရိပ်မြင့်တက်နေပြီဖြစ်သည်။
//ဘိုးတော်ရယ် ပြောစရာရှိတာ မြန်မြန်ပြောပါတော့လား.....ရင်တုန်လို့သေတော့မယ်ဗျ.....//
တခဏအကြာမှာတော့ အဖိုးအိုသည် စိတ်လှုပ်ရှားနေဟန်ဖြင့် မင်းသမီးကြီးဘက်သို့လှည့်လာပြီး......
" မင်းသမီး.....မင်းကြီးရဲ့ အမှတ် နည်းနည်းတော့ပြောင်းလဲသွားတယ်...."
" ဘယ်...ဘယ်လိုပြောင်းလဲတာလဲ....."
"သေချာအကဲခတ်ကြည့်ရသလောက်ဆို ကြာပန်းပေါ်က အနက်ရောင်အမှတ်အသားတွေ နည်းနည်းလျော့သွားတယ်......"
အဖိုးအို ညွှန်ပြနေသည့်နေရာကို ကြည့်လိုက်သည့်အခါ သေးငယ်သော ပွင့်ချပ်လေးတစ်ခု အရောင်မှိန်နေသည်ကို တွေ့လိုက်ရသည်။
မည်သို့ပင်ဆိုစေ ကြီးကြီးမားမားပြောင်းလဲမှုဟူ၍ စိုးစဉ်းမျှ ရှာမတွေ့ခဲ့ပေ။
အဖိုးအို ချဲ့ကားပြောဆိုနေသလား.......
" သေချာရဲ့လား အဖိုးဟွေး......
တကယ်ပဲ အရောင်မှိန်သွားတာလား....."
" မင်းသမီး....ဒီအဖိုးကြီးက အိုမင်းနေပေမယ့် အမြင်အာရုံကောင်းပါသေးတယ်.....နှစ်ပေါင်းများစွာ မြင်တွေ့နေရတာမို့
မင်းကြီးကျောပြင်က ကြာပန်းအမှတ်အသားအကြောင်း ကျူပ်လောက် သိတဲ့သူဘယ်သူရှိမှာလဲ......လုံးဝမမှားနိုင်ဘူး....."
ထိုစကားကြောင့် မင်းသမီးကြီး အယောင်ယောင်အမှားမှားနဲ့ အသက်အောင့်လိက်မိလေသည်။
" ဒါ....ဒါဆို....."
" မယုံနိုင်စရာကောင်းမှန်း သိပါတယ်...ဒါပေမယ့် အဖြေက မိတ်ဆွေလေး လီလော့ဆီမှာ ရှိနေတယ်......"
မင်းသမီးကြီးနှင့်ကျန်းချင်းအာတို့သည် အံ့သြလွန်းသဖြင့် ဘာပြောရမှန်းပင်မသိကြတော့ပေ။
" မဖြစ်နိူင်ဘူး...... "
လီလော့ပင်လျှင် ကိုယ့်ကိုကိုယ် မယုံနိုင်သေးပေ။
ဤသည်ကိုလည်း အပြစ်မဆိုသာပေ။ ကျွမ်းကျင့်သည့် မြို့စားအဆင့်များပင် လက်မှိုင်ချထားရသောအရာကို ဆရာသခင်အဆင့်လောက်နှင့် စွမ်းဆောင်နိုင်သည်ကို မည်သူမျှ ယုံလိမ့်မည်မဟုတ်ပေ။
" သူ့ဘာသာယူ ပြန်ကောင်းလာတာများလား......"
မင်းကြီးကို ခေါင်းခံပြီး ကုသပေးရသည်မှာအင်မတန်ဖိစီးမှုများလွန်းသောကြောင့် လီလော့ ခေါင်းရှောင်ဖို့ကြိုးစားနေခြင်းဖြစ်သည်။
တစုံတခုသာ မှားယွင်းသွားလျှင် အသက်နဲ့ကိုယ် အိုးစားကွဲရပေမည်။
အဖိုးအိုက ငြင်းဆန်သည့်အနေဖြင့် လေးဖင့်စွာ ခေါင်းယမ်းပြလိုက်သည်။ သူသည် မင်းကြီးအပါးတွင် မွေးကင်းစအရွယ်ကတည်းက ခစားခဲ့သူဖြစ်သည့်အတွက် မင်းကြီး၏ကြာပန်းပုံအမှတ်အကြောင်း သူ့လောက် နှံ့နှံ့စပ်စပ် သိသူ မည်သူမျှ ရှိနိုင်မည်မထင်.......
ဤနှစ်များအတွင်း ကြာပန်းပုံအမှတ်သည် ပိုမိုဆိုးရွားလာကာ အစိမ်းရောင်ပေါ်တွင် အနက်ရောင် ပျံ့နှံ့နေသည်ကို မည်သူမျှ မကုသပေးနိုင်ခဲ့ပေ။
ဘုရင်အဆင့်ဖြစ်သော ကြယ်တာယာခရီးရှည်ကောလိပ်ကျောင်းအုပ်ပင်လျှင် လက်မှိုင်ချထားရသော ထိုရောဂါကို ရေ၊သစ်သား၊အလင်းဟူသော ကုသမှုစွမ်းရည်ရှိသည့် ပဲ့တင်ထပ်သံသုံးမျိုးစလုံးပိုင်ဆိုင်သူသာ ကုသပေးနိုင်လိမ့်မည်။
သို့သော်လည်း ထိုသို့သော သူမျိုးကို ဘယ်အရပ်၌သွားရှာရမည်နည်း......
ယနေ့ကြုံတွေ့ရသော ဖြစ်ရပ်သည် အတွေ့အကြုံရင့်ကျက်နေသော အဖိုးဟွေးကိုပင် ထိတ်လန့်အံ့သြစေခဲ့သည်။
" အခွင့်ရေးရှိလာပြီဆိုမှတော့ ဘယ်လောက်ပဲ သေးငယ်နေပါစေ ရအောင်ဖမ်းဆုပ်ရမယ်....ဂျူနီယာ လီလော့....ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် စမ်းကြည့်ပေးပါ....."
လီလော့၏ ကုသမှုသည် အနည်းငယ်သော အကျိုးသက်ရောက်မှုရှိခဲ့ပါက သူ့ကြောင့် ပြောင်းလဲသွားကြောင်း သေချာစေရန် ၎င်ထပ်မံစမ်းသပ်ရမည်။
လီလော့ လန့်သွားသည်။
" ဂျုနီယာ လီလော့.....ဒါက အရမ်းအရေးကြီးတယ်.....မင်းသာ မင်းကြီးကို ကူသပေးနိူင်တယ်ဆို တော်ဝင်ရုံးတော်က မင်းအပေါ် အကြွေးတင်သွားပြီ....မင်းလိုအပ်သမျှ အားလုံး ထောက်ပံ့ပေးပါ့မယ်....."
လှပသော မိန်မပျိုုတစ်ဉီး၏ တောင်းပန်တိုးလျှိုးနေမှုကို ဘယ်ယောက်ကျားသားကများ တောင့်ခံနိူင်ပါ့မလဲ......
" ခုနကဟာက နောက်ဆုံးပဲ....."
ဟုတ်ပေသည် ဆရာသခင်အဆင့်သာရှိသေးသည့်သူ့အတွက် စွမ်းအင်အရည်တစ်စက်ထုတ်ပေးရသည်မှာ ကျောက်ခဲကို အရည်ညှစ်ရသကဲ့သို့ ခဲယဉ်းလှပေသည်။