ခြေတလှမ်းနီးကပ်လာခြင်း.....
Vol. 16 Ch. 213
" တောင်း...တောင်းပန်ပါတယ်....ငါအတွေးတိမ်သွားတယ်......"
လီလော့သည် ဆရာသခင်အဆင့်တွင်သာရှိသေးသည့်အတွက် စွမ်းအင်အရည်တစ်စက်ထုတ်ပေးနိုင်ရန် စွမ်းအား ၈၀% လောက်ထုတ်သုံးလိုက်ရသည်။
သို့သော်လည်း......
" ဂျူနီယာလီလော့....ငါ့တောင်းဆိုချက်က မတရားမှန်း သိပါတယ်....ဒါပေမယ့်....ဆက်လုပ်မှဖြစ်မယ်.....အရောင်မှိန်သွားတဲ့အကြောင်းအရင်းကိုရအောင်ဖော်ထုတ်ရမယ်......တကြိမ်လောက်လေးပဲ ထပ်ကြိုးစားပေးပါ....အောင်မြင်မယ်ဆို မင်းရဲ့ကျေးဇူးကိုတသက်မမေ့ပါဘူး......မင်း ဆန္ဒရှိတဲ့အချိန်ပြောလိုက်..တော်ဝင်ရုံးတော်ဘက်က ဘာမဆို ဖြည့်စည်းပေးပါ့မယ်....."
မင်းသမီးကြီး၏ ရက်ရောနေမှုကြောင့် လီလော့နှင့် ကျန်းချင်းအာတို့ အကြည့်ချင်းဖလှယ်လိုက်မိကြသည်။
လော့လန်အိမ်တော်၏ ပြသာနာများကို မင်းသမီးကြီး သိနေသလော.......
ဤသည်မှာ သိပ်တော့လည်းအံ့သြစရာမရှိပေ။ တစ်နိုင်ငံလုံးကို အုပ်ချူပ်နေရသော တော်ဝင်ရုံးတော်အတွက် လော့လန်အိမ်တော် ပြသာနာလောက်ကို မသိနိုင်စရာရှိလိမ့်မဟုတ်......
သို့မဟုတ်....မင်းသမီးကြီး ညွှန်းဆိုနေသောအရာသည် အိမ်တော်ကို ကျုးကျော်လာသော အမည်မသိ မြို့စားအဆင့်များလား......
ဒါဆို တော်ဝင်ရုံးတော်ဘက်ကလည်း ပူးပေါင်းကြံစည်မှုတွင် ပါဝင်နေသလား.....
သေချာတွေးကြည့်ပါက အားလုံးသံသယဖြစ်စရာပင်.......
မည်သို့ပင်ဆိုစေ လော့လန်အိမ်တော်တွင် ဘုရင်အဆင့်သို့ရောင်နိုင်သည့် မဟာလျှို့ဝှက်ချက်ကြီးတစ်ခုရှိနေသည်မှာတော့ အမှန်ပင်.......
လီလော့နှင့် ကျန်းချင်းအာတို့ နှစ်ယောက်သား အချင်းချင်းနားလည်သည့် အကြည့်မျိုးဖြင့် အကြည့်ချင်းဖလှယ်လိုက်သည်။
ယခုချိန်တွင် အားကောင်းသော မဟာမိတ်တစ်ခုရှိရန်လိုအပ်နေသည်မဟုတ်ပေလော......
မင်းသမီးကြီးသည် ကျန်းချင်းအာနှင့် ပိုမိုနီးကပ်သောဆက်ဆံရေးရှိရန် ဆန္ဒရှိခဲ့သော်လည်း ၎င်းသည် သတိထားကာ ထိမ်းသိမ်းထားသောဆက်ဆံရေးတစ်ခုဖြစ်လိမ့်မည်။ ကျန်းချင်းအာ မြို့စားအဆင့်သို့ တရားဝင်မရောက်ရှိမီတွင် ၎င်းတို့၏ဆက်ဆံရေးသည် ပေါ့ပေါ့ပါးပါးရှိမည်ဖြစ်သည်။
ကျန်းချင်းအာနှင့် မင်းသမီးကြီးတို့၏ ဆက်ဆံရေးသည် တဖက်က အန္တာရာယ်ပတ်လည်ဝိုင်းနေသေယ အိမ်တော်.....တဖက်က တနိုင်လုံးကို အုပ်ချုပ်နေသောအင်အားစု......
ထိုဆက်ဆံရေးကို ပြန်လည်ညှိနှိူင်းလိုပါက ထိုက်တန်သောအရာများကို စားပွဲပေါ် တင်ထားနိူင်မှဖြစ်လိမ့်မည်။
ယခုဆိုလျှင် အခွင့်ရေးရောက်ရှိလာပြီဖြစ်ပြီး ကံကောင်းလျှင် အသာစီးရနိုင်သောအနေအထားတွင်ရှိသည့်အတွက် လီလော့တည်ငြိမ်နိုင်စွမ်းကင်းမဲ့လာလေပြီ.....
သူသာ မင်းကြီးကို ကုသပေးနိုင်ခဲ့လျှင်......
မင်းသမီးကြီးသာမက လီလော့သည်လည်း သူ့ကိုယ်သူ ထိုမျှလောက်ထိ ယုံကြည်မှုမရှိခဲ့သော်လည်း အဖိုးဟွေးက ယုံကြည်မှုအပြည့်ဖြင့် ထောက်ပြပြောဆိုနေလေပြီ......
အကယ်၍ အဖိုးဟွေး၏ ထောက်ပြပြောဆိုချက်တွေသာ မှန်ကန်နေခဲ့လျှင် လော့လန်အိမ်တော်ပေါ် တော်ဝင်မိသားစုတစ်ခုလုံး ကျေးဇူးကြွေးတင်ရှိနေပေတော့မည်။
မင်းသမီးကြီးဘက်ကလည်း လော့လန်အိမ်တော်အရေးကြုံလာမည်ဆိုပါက ကူညီဖြေရှင်းပေးမည်ဟု ကတိကဝတ်ပြုထားသည်မဟုတ်လော....
" မင်းသမီး....ကျွန်တော် ထပ်ကြိုးစားကြည့်ပေးပါ့မယ်.....ဒါပေမယ့် စွမ်းအားကုန်ခမ်းနေတာကြောင့် နာရီအနည်းငယ်လောက်တော့ အနားယူမှဖြစ်မယ်....."
နာရီအနည်းငယ်ကြာ အနားယူမည်ဆိုသည်မှာ ကောင်းမွန်သော ဆင်ခြေတစ်ခုသာပင်....ဧကရာဇ်တစ်ပါးသည် အချိန်အကြာကြီးနန်းပြင်ထွက်နေလို့မဖြစ်သောကြောင့် မကြာမီပြန်ရတော့မည်။
ထိုအခါ မင်းသမီးကြီးက ကျောက်စိမ်းပုလင်းထဲမှ ဆေးလုံးအချို့ကို ထုတ်ပေးပြီး......
"ဒါတွေက စွမ်းအားဖြည့်ဆေးလုံးတွေပါ.....မင်းကို အချိန်တိုအတွင်းစွမ်းအားပြည့်လာအောင် ကူညီပေးလိမ့်မယ်....."
ငြင်းမည့်ဟန်ပြင်လိုက်သော်လည်း လက်ခံလိုက်သည်က ပိုကောင်းသည်ဟုယူဆထားသောကြောင့် အသာတကြည်လက်ခံထားလိုက်သည်။
ထိုဆေးလုံးများကိုသောက်သုံးပြီးသည်နှင့် တင်ပျဉ်ခွေထိုင်က စွမ်းအားများကို စတင်စုဆောင်းလိုက်တော့သည်။
ဧကရာဇ်ငယ်လေးက တရားထိုင်နေသော လီလော့ကို ငေးကြည့်နေရင်း......
" အဖိုးဟွေး...သူ တကယ်ပဲကုသပေးနိုင်မှာလား....."
" မင်းကြီး...ကြာပန်းရဲ့သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုပဲပြောင်းလဲသွားတာဆိုတော့ အတတ်ပြောဖို့ခက်သေးတယ်......ဒါ့ကြောင့်မို့ နောက်တစ်ခါ ထက်ကြိုးစားကြည့်ဖို့တောင်းဆိုထားတာပေါ့...."
ဧကရာဇ်ငယ်လေး၏ မျက်ဝန်းနက်နက်ထဲတွင် ဝေခွဲမရခြင်းများ ကြီးစိုးလာလေ၏။
မြို့စားအဆင့်တွေတောင် လက်မှိုင်ချထားရတာကို ဒီလူ စွမ်းဆောင် နိုင်ပါ့မလား.....
စိတ်လှုပ်ရှားမှုကြောင့် ဧကရာဇ်ငယ်လေး၏ မျက်နှာတစ်ခုလုံးနီးမြန်းလာပြီး သိပ်မကြာခင် ချောင်းဆိုးသံ အဆက်မပြတ်ထွက်ပေါ်လာကာ နာကျင်မှုကြောင့် အိပ်ရာပေါ်က ပြုတ်ကျလုနီးပါးဖြစ်ခဲ့ရသည်။
အကြောင်းသိနေသော အဖိုးအိုက ဆေးလုံးအချို့ ထုတ်ပြီး ဧကရာဇ်ကို တိုက်ကျွေးလိုက်ရသည်။
မင်းသမီးကြီးကလည်း မောင်ဖြစ်သူ နံဘေးကိုသွားလိုက်ပြီး နေရသက်သာအောင် ပြုစုပေးနေရင်းကနေ ကျန်းချင်းအာဘက်လှည့်ကာ......
" "ဒီလိုဖြစ်လာမယ်လို့ တစ်ခါမှ မတွေးဖူးဘူး....."
" ကျွန်မ ပြောခဲ့သားပဲ....သူ့အနားမှာ ထူးခြားအံ့သြဖွယ်ရာတွေရှိနေပါတယ်လို့....."
" ဟုတ်တယ်နော်....အစက မယုံခဲ့မိပေမယ့် ကိုယ်တွေ့ကြုံရတော့ မယုံလို့မဖြစ်တော့ဘူး....."
" မင်းသမီး....သေချာ ကွဲကွဲပြားပြားမသိသေးတဲ့အတွက် အရမ်းကြီး မျှော်လင့်မထားပါနဲ့....."
အကယ်၍ မျှော်လင့်ထားသလိုသာဖြစ်မလာခဲ့လျှင် တော်ဝင်ရုံးတော်နှင့်မျက်နှာပျက်ရပေလိမ့်မည်။
မင်းသမီးကြီး ခေါင်းတချက်ညိတ်ပြလိုက်ပြီး လီလော့ အားပြည့်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
တနာရီခန့်အကြာတွင်.....လီလော့မျက်လုံးပြန်ပွင့်လာခဲ့သည်။
ချက်ချင်း ဧကရာဇ်ဆီသွားလိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ကာ ကုသဖို့အတွက် ပြင်ဆင်လိုက်သည်။
လီလော့၏ လက်ဖဝါးနှစ်ဖက် ဧကရာဇ်ကျောပြင်ပေါ်သို့ ထိကပ်လိုက်ချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် အားလုံး အသက်အောင့်မိလိုက်ကြသည်။
စွမ်းအက်အရည်တစ်စက် ကျဆင်းသွားချိန်တွင် အဖိုးဟွေး၏ မျက်လုံးများလည်း ပြူးကျယ်လာလေတော့သည်။
" ဘယ်လိုလဲ အဖိုးဟွေး....."
" စွမ်းအင်အရည်ကျဆင်းသွားတာနဲ့ အရောင်ဖျော့သွားတယ်....တကယ် အလုပ်ဖြစ်တယ် မင်းသမီး...."
အဖိုးအို၏ မှတ်ချက်ကြောင့် မင်းသမီးကြီး၏ ဖီးနစ်သဏ္ဍာန် မျက်ဝန်းထဲတွင် မျက်ရည်စများဝေ့သီလာလေတော့သည်။