ငါတော့သွားပြီ......
Vol. 16 Ch. 214
အခန်းထဲတွင် အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်နေလေ၏။
ငါဘယ်သူလဲ......
လီလော့ ကိုယ်တိုင်ပင်လျှင် အံ့သြနေမိပါသည်။
လီလော့၏စွမ်းအင်ရည်တစက်သည် တော်၀င်မိသားစုအတွက် အမှောင်ထုထဲမှ အလင်းတန်းတစ်ခုသဖွယ် ဖြစ်နေပြီ လီလော့သာ အဆင့်မြင့်လာပါက ဧကရာဇ်ကို ယခုထက်ပင် ပိုမိုကောင်းမွန်အောင် ကုသပေးနိုင်ပေတော့မည်။
အဖိုးဟွေး၏ မြင်နိုင်စွမ်းကြောင့်သာ မင်းသမီးကြီး၏ နှစ်ပေါင်းများစွာ အပူသောကများကို လျော့ပါးစေခဲ့သည်။
မင်းသမီးကြီးအတွက် ဧကရာဇ်ငယ်သည် တစ်ဉီးတည်းသော သွေးသားရင်းချာဖြစ်နေပြီး ဖခင်ဖြစ်သူ နတ်ရွာစံပြီးတည်းက ရောဂါသည် လူမမယ်ထံ ထီးနန်းအပ်နှင်းလိုက်ရပြန်သည်။မင်းသမီးကြီးသည်
များစွာသော သောကများကို ထမ်းပိုးထားရရှာသူဖြစ်သည်။
" လီလော့.....မင်း ဧကရာဇ်ကို ကုသပေးမယ်မလား...."
" မင်းသမီး...ကျွန်တော်သာ မကုသပေးချင်ရင် ဒီနေရာကို ရောက်လာပါ့မလား....."
" ကုသပေးပါ...တော်ဝင်မိသားစုကိုယ်စား တောင်းဆိုပါတယ်....."
မင်းသမီးကြီး၏ ပြောဆိုနေပုံသည် တော်ဝင်မိသားစုဘက်မှ လီလော့အပေါ် အကြွေးတင်နေကြောင်း အတိအလင်းကြေငြာလိုက်သလိုပင်......
မဟာမိတ်ပြုမှုသည် မည်သည့်အချိန်ထိ ရှည်ကြာမည်မှန်း မသိနိုင်သော်လည်း အနီးစပ်ဆုံး အနာဂတ်အတွက် ဒိုင်းကာတစ်ခုရှိနေသည်မှာလည်း ဆိုးတော့မဆိုးလှပေ။
ယခုဆိုလျှင် တော်ဝင်မိသားစု၏ကံကြမ္မာသည် လော့လန်အိမ်တော်နှင့်ပူးတွဲချည်နှောင်ထားလိုက်ပြီဖြစ်သည်။
" ဘာတွေဖြစ်နေမှန်း ကျွန်တော် ကိုယ်တိုင်နိုင်နားမလည်ပေမယ့် အကောင်းဆုံးကြိုးစားပေးပါ့မယ်......"
ထိုအခါ မင်းသမီးကြီးက ကျန်းချင်းအာဘက်လှည့်လိုက်ပြီး.....
" ဂျုနီယာကျန်း...မင်းကတို့အတွက် ကံကောင်းစေတဲ့လာဘ်ကောင်လေးလိုပါပဲ.."
ဟုတ်ပေသည်။ ကျန်းချင်းအာကြောင့်သာမဟုတ်လျှင် လီလော့ကို မင်းကြီးအား ယုံယုံကြည်ကြည် ကုသခိုင်းလိမ့်မည်မဟုတ်။
" မင်းသမီး....လီလော့အခုလို ကုသပေးတဲ့အကြောင်း အတတ်နိုင်ဆုံး လျှို့ဝှက်ထားပေးပါ....."
တော်ဝင်မိသားစုဆိုသည်မှာ အကြံသမားများ ကြိတ်ပုန်းခုတ်နေသော နေရာတစ်ခုဖြစ်ပြီး မင်းသမီးကြီးနှင့် ဧကရာဇ်ငယ်တို့ထံတွင်လည်း အာဏာအပြည့်အဝရှိနေသည်မဟုတ်ပေ။ တော်ဝင်မိသားစု၏ အရှုပ်အရှင်းများကို ကျန်းချင်းအာ စိတ်မဝင်စားသော်လည်း လီလော့အတွက် ကြိုတင်ပြင်ဆင်ထားနိူင်သမျှ ကြိုတင်ပြင်ဆင်ထားရမည်သာ.....
အကယ်၍ လီလော့သာ မင်းကြီးကိုကုသပေးနိူင်သည့်သတင်းသာ ပျံ့နှံ့သွားလျှင် အန္တာရယ်ကို လက်ယက်ဖိတ်ခေါ်နေသလို ဖြစ်သွားပေလိမ့်မည်။
မင်းသမီးကြီးက နားလည်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး.....
"စိတ်မပူပါနဲ့....အတတ်နိုင်ဆုံး လျှို့ဝှက်ထားမယ်ဆိုပေမယ့်လည်း မင်းကြီးရဲ့ ကျန်းမာရေးအခြေနေကို စောင့်ကြည့်ပေးနေတဲ့သမားတော်တွေရှိတာကြောင့် ကြာကြာလျှို့ဝှက်ထားလို့မရလောက်ဘူး.....နှူတ်ပိတ်ထားသင့်တာတွေကိုနှုတ်ပိတ်ထားလိုက်ပါ့မယ်....."
" အင်းပါ...အကောင်းဆုံး ကြိုးစာပေးပါ....."
မည်သို့ပင်ဆိုစေ မင်းကြီး အပြည့်အဝ ကျန်းမာလာဖို့ အချိန်ယူရဉီးမည်ဖြစ်သောကြောင့် လတ်တလောအတွက် စိုးရိမ်နေစရာမလိုသေးပေ။
" ပြီးတော့....လီလော့ အားနည်းနေသေးတာ မင်းသမီးကြီးလည်း မျက်မြင်ပဲမဟုတ်လား....ဒီနှုန်းအတိုင်းဆို နောက်တစ်ကြိမ်ကုသပေးဖို့ အချိန်ယူရဉီးမယ်....အပြည့်အဝအားပြည့်ဖို့ အချိန်ယူတစ်ခုတော့ယူမှဖြစ်မယ်....."
ကျန်းချင်းအာ၏ ယုတ္တိတန်သောစကားများကြောင့် မင်းသမီးကြီး ငိုင်ကျသွားလေ၏။
မျှော်လင့်ချက်ရှိလာပြီဆိုသော်လည်း လီလော့၏ လက်တလောကုသပေးမှုသည် မီးပုံထဲသို့ လောင်းချလိုက်သော ရေတစ်ခွက်လောက်သာရှိနေသေးသည်။
ကျန်းချင်းအာဘက်က တစ်ခွက်ချင်းလောင်းနေမည့်အစား ရေပုံးအပြည့်လောင်းနိုင်ရန် အဆင့်မြှင့်နေချင်ပုံရသည်။
တစ်ကောင်ချင်းငါးမျှားနေမည့်အစား ကန်အပြည့်မွေးမြူလိုက်ခြင်းကသာ ဉာဏ်ရှိသော စိတ်ကူးတစ်ခုဖြစ်နေသည်။
" နားလည်ပြီ....ဒါဆို တစ်လတစ်ခါ ကုသမယ်ဆိုရင်ရော.....ကျွန်တော်သာ စစ်သူကြီးအဆင့်ဖြစ်သွားရင် ဒီ့ထက်ပို သိသာလာလိမ့်မယ်ထင်တယ်....."
ရှိသမျှ စွမ်းအားအကုန် ညှစ်ထုတ်ပေးရမယ့်အရေးမှ ပညာသားပါပါ ရှောင်ကွင်းနိုင်ပြီဖြစ်သောကြောင့် လီလော့ တိတ်တဆိတ်သက်ပးပြင်းချလိုက်မိသည်။
" ဒါ...ဒါပေမယ့် အခုက ပထမဆုံးကုသတာဆိုတော့ နောက်ထပ်ကုသပေးဖို့ မျက်နှာပူပူနဲ့ပဲ တောင်းဆိုပါရစေ....နန်းတွင်းထဲပြန်ဖို့ အချိန်သုံးနာရီလောက်လိုသေးတယ်...အဲ့အချိန်တွင်း ရသလောက်ကုသပေးပါဉီး....."
မင်းသမီးကြီးက မျှော်လင့်ချက်အပြည့်ပါသော မျက်ဝန်းများဖြင့် ကြည့်နေပြီး စွမ်းအားဖြည့်ဆေးလုံးပုလင်းကို လှုပ်ယမ်းပြနေလေ၏။
"နောက်ထပ် သုံးခေါက်လောက်ပါပဲ......"
ထိုစကားကြောင့် လီလော့ တကိုယ်လုံး တုန်ရီသွားရှာသည်။
//နောက်ထပ်သုံးကြိမ်သာ ထပ်ကုပေးရရင် ငါ့တကိုယ်လုံး ကန္တာရလို ခြောက်သွေ့ကုန်တော့မှာပဲ......//
ကျန်းချင်းအာဘက်ကို မျက်နှာငယ်လေးနှင့် အကူအညီလှမ်းတောင်းလိုက်သောလည်း သဘောတူလိုက်ရန်သာ မျက်နှာရိပ်မျက်နှာကဲ ပြနေလေသည်။
နောက်ဆုံးတွင် စွမ်းအားဖြည့်ဆေးလုံးများသောက်သုံးလိုက်ပြီး ကုသဖို့ အားဖြည့်လိုက်ရလေတော့သည်။
နောက်ထပ်သုံးနာရီအကြာတွင် အခန်းထဲမှ ဒယိမ်းဒယိုင်ထွက်လာသော လီလော့သည်
" ငါတော့သွားပြီ....ငါတော့သွားပြီ....."
ဟူ၍ အော်ဟစ်နေသောကြောင့် အခန်းထဲတွင် မည်သည့်အရာများဖြစ်ပျက်ခဲ့သနည်းဟု ယုဟုန်ရှီတို့သားအမိနှစ်ယောက် အတွေးပွားနေကြလေတော့သည်။