← Chapters

တတိယအကြိမ် စမ်းသပ်ခြင်း......

Vol. 16 Ch. 216

တတိယအကြိမ် စမ်းသပ်ခြင်း......

Vol. 16 Ch. 216

လီလော့သည် လုချင်းအာ မွေ့နေ့ပွဲအပြီး နှစ်ရက်ကြာသည့်အချိန်အထိ လောလောလတ်လတ် တက်ထားသည့် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်နှင့် အကျွမ်းတဝင်ရှိအောင် လေ့ကျင့်နေခဲ့သည်။

ထိုအချိန်အတွင်း ရှီးယန်ရုံးချုပ်တွင် ဒုတိယမြောက် စစ်ဆေးမှုကိုလည်း လုပ်ဆောင်ဖြစ်ခဲ့သေးသည်။ ထိုစစ်ဆေးပွဲတွင် တန်ယွမ်နှင့်လုရှောင်ဖန်းတို့ဝင်မပြိုင်သည့်အတွက် လီလော့သာ အနိုင်ရရှိခဲ့သည်။

ရလဒ်သည် လီလော့မျှော်မှန်းထားသည့်တိုင်းပင်.....

ဒုတိယအကြိမ် အနိုင်ရပြီးသည့်အခါ ရုံးချုပ်တစ်ခုလုံးက လီလော့ကို ပိုလေးစားလာကြပြီး မထီမဲ့မြင်မပြုဝံ့ကြတော့ပေ။

လီလော့သည် အဆင့်နှစ်ပဲ့တင်ထပ်သံပြုပြင်သူအဆင့်တွင်သာရှိသေးသော်လည်း ဝိဉာဉ်ရည်သန့်စင်ရာ၌ လက်ဖျားခါရလောက်အောင် ကျွမ်းကျင်နေသူဖြစ်ပြီး လီလော့ကို အဆင့်လေးပညာရှင်များကတောင် မနာလိုအားကျဖြစ်နေကြသည်။

တန်ယွမ်နှင့်လုရှောင်ဖန်းတို့သည် အစပိုင်းတွင် မယုံမကြည်ဖြစ်ခဲ့ကြသော်လည်း ကတိတည်သော လီလော့ကြောင့်ရုံးချုပ်တွင်နေရသည်ကို ပို၍ နှစ်သက်သဘောကျလာကြသည်။

အရာအားလုံး လီလော့ရေးဆွဲထားသည့်အစီအစဉ်အတိုင်းကောင်းစွာလည်ပတ်နေခဲ့သည်။

.........................................................................

"ဒီနေ့ တတိယစစ်ဆေးမှု လုပ်မယ့်နေ့နော်....."

ချိုင်ဝေက လော့လန်ပင်မအိမ်တော် ဧည့်ခန်းထဲတွင် အတူထိုင်နေသည့် လီလော့နှင့်ကျန်းချင်းအာကို စိုးရိမ်မှုအပြည့်ဖြင့်သတိပေးလိုက်သည်။

" အခြေနေတွေကတော့ သခင်လေး တွက်ထားသလို အေးဆေးပါပဲ......."

လီလော့ ခေါင်းညိတ်လိုက်သည်။အခုဆိုလျှင် ပညာရှင်တိုင်းက သူ့ဘက်ပါလာပြီဖြစ်တာကြောင့် ဖေဟောင့်လှည့်ကွက်သုံးဖို့ မလွယ်ကူနိုင်တော့ပေ။

လီလော့နှင့်ကျန်းချင်းအာတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ဖေဟောင်၏ အမြော်အမြင်နှင့် စီစဉ်မှုကို လျှော့တွက်၍မရသောကြောင့် အနိုင်ရပြီဟု ထင်နေမိပါကအမှားကြီးမှားသွားလိမ့်မည်သာ......

"သူတစ်ခုခုစီစဉ်နေတယ်ဆိုရင် နောက်နှစ်ရက်အတွင်း လှုပ်ရှားလိမ့်မယ်....."ဟု ကျန်းချင်းအာ ယက ပြောသည်။

ယနေ့သည် တတိယစစ်ဆေးမှုလုပ်ဆောင်မည့်နေ့ဖြစ်သောကြောင့် လီလော့သာ အနိုင်ရရှိသွားပါက တန်ယွမ်တို့ကို လက်ဗလာနှင့် ပြန်လွှတ်လိုက်ရတော့မည်။ ရုံးချုပ်တွင် ကောင်းမွန်မျှတစွာ နေထိုင်ခဲ့ဖူးသောကြောင့် တန်ယွမ်တို့ ဆက်နေဖို့ကိုသာရွေးချယ့်ကြလိမ့်မည်။

ထို့ကြောင့် ဖေဟောင့်ဘက်က မကြာမီလှုပ်ရှားတော့မည်ကို ကြိုတင်တွက်ဆထားနိုင်ခြင်းဖြစ်သည်။

"ကျွန်တော် ရုံးချုပ် မှာ အစောင့်အကြပ်တွေရော..အခြားလျှို့ဝှက်ပြင်ဆင်မှုတွေရော လုပ်ထားပြီးပါပြီ....."

" ကောင်း​ပြီ...ဒါဆိုလဲ လောလောဆယ် စီစဉ်ထားတဲ့အတိုင်း ဆက်သွားကြရအောင်....."

ကျန်းချင်းအာက သဘောတူလိုက်သည်။

"နင်သာ ရုံးခွဲကပညာရှင်တွေကို တကယ်ဆွဲဆောင်နိုင်ရင် ရှီးယန်မှာ ပညာရှင်လုံလုံလောက်လောက်ရှိလာလိမ့်မယ်....ပြီးတော့ နင့်ရဲ့လျှို့ဝှက်ရေအရင်းအမြစ်နဲ့သာဆို  ငါတို့ ရှမြို့တော်မှာ ကျိန်းသေပေါက် အဆင့်မြင့်လာတော့မှာ......"

လီလော့ မတ်တပ်ထရပ်ပြီး နေမင်းကို မျက်နှာမူကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

အစီအစဉ်ထားသည့်အတိုင်းသာဖြစ်လာခဲ့လျှင် ရှီးယန်ရုံးချုပ်ကို ကြီးကျယ်ခမ်းနားပြီး စည်းစိမ်ဥစ္စာများ တိုးပွားလာစေလိမ့်မည်။

ရှီးယန် ဝင်ငွေတိုးလာသည်နှင့်အမျှ လော့လန်အိမ်တော်၏ စီးပွားရေးအခြေနေတောင့်တင်းလာမည့်အပြင် သူ့အတွက်လိုအပ်နေသော ဝိဉာဉ်ရာ်များကိုလည်း လွယ်လင့်တကူဝယ်ယူနိုင်လိမ့်မည်။

အရေးကြီးဆုံးကတော့ ပေါင်ပေါင် ပြောပြခဲ့သည့် ကာကွယ်ရေးစနစ်အတွက် လော့လန်အိမ်တော် အခြေနေကောင်းလာမှဖြစ်လိမ့်မည်။...ထို့အရာသည် လက်ရှိတွင်အရေးကြီးသောအရာတစ်ခုဖြစ်နေသည်။

"သွားကြစို့..."

ဖေဟောင် နှစ်ရှည်လများ ပျိုးထောင်ထားရသော ရုံးခွဲမှပညာရှင်များကို ရိတ်သိမ်းဖို့အချိန်ပြီမဟုတ်သလော.....

တနည်းဆိုသော် ဖေဟောင် ပင်ပင်ပန်းပန်း ချက်ပြုတ်ထားသမျှကို အသင့်ခူးခပ်စားသုံးမည့်သဘောပင်.....

ထို့သို့တွေးလိုက်သည့်အခါ လီလော့ ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။

//ဖေဟောင်....ဗလာနန်းတော်ရှိနေတဲ့ ရွာငယ်ဇနပုပ်က သခင်လေးနဲ့ ရှမြို့တော်မှာ ထိပ်တိုက်ရင်ဆိုင်ဖို့ အိမ်မက်တောင်မမက်ခဲ့ဖူးဘူးမလား......//

......................................................

ရှီးယန် ရုံးချုပ်တွင်......

ရက်အတော်ကြာအတူ လုပ်ကိုင်နေကြပြီဖြစ်သောကြောင့် အရင်ကလို မမြင်မကြည်မှုများမရှိတော့ဘဲ ပညာရှင်အားလုံး စည်းစည်းလုံးလုံးဖြစ်နေကြလေပြီ.......

ခင်မင်ရင်းနှီးနေသူအချို့ဆိုလျှင် အချင်းချင်းစကားစမြည်ပြောဆိုနေကြသေးသည်။

အားလုံး၏အရှေ့တွင် အကြီးအကဲကျန်းက တန်ယွမ်၊လုရှောင်ဖန်းတို့နှင့်အတူ မတ်တပ်ရပ်နေကြသည်။

ထိုအချိန်တွင် တန်ယွမ်နှင့်လုရှောင်ဖန်းတို့က သက်ပြင်းကိုယ်စီချလိုက်ပြီး.....

" ဒီနေ့စစ်ဆေးပွဲပြီးရင် ရှီလင်းကိုပြန်ရတော့မယ်....."

" ဟေ့ကောင်တွေ!!! မင်းတို့ သခင်လေးရဲ့သဘောထားကြီးမှုကို နားမလည်နိုင်ကြသေးဘူးလား.!!!!"

"အကြီးအကဲကျန်း...ကျုပ်တို့တွေကို ဖေဟောင့်ဘက်တော်သားတွေအဖြစ် တံဆိပ်ကပ်ထားပြီးပြီ.....ရှီလင်းရုံးခွဲကလည်း ဖေဟောင့်လက်ထဲ လုံးလုံးလျားလျားရောက်နေတာ ဘယ်လောက်ကြာပြီလဲ....."

" သူက မင်းတို့တတွေကို အလုပ်သမားတွေလို ဆက်ဆံနေတာကွ.....ရုံးချုပ်မှာ ဖေဟောင့်လူတွေမရှိဘူးထင်နေတာလား....ဟိုမှာကြည့်လိုက်....အဲ့လူတွေအကုန်လုံး ဖေဟောင့်ဘက်တော်သာတွေချည်းပဲ.....ဒါပေမယ့် သခင်လေးက သဘောထားကြီးပြီးအားလုံးကို မျှမျှတတဆက်ဆံပေးထားတာ.....မင်းတို့တွေ သခင်လေးအပေါ် အမြင်မမှားကြနဲ့....သခင်လေးက အသက်ငယ်ပေမယ့် သဘောထားကြီးတယ်၊ပါရမီကောင်းတယ်၊အမြော်အမြင်ကြီးတယ်......"

တန်ယွမ်နှင့်လုရှောင်ဖန်းတို့ တခုခုပြောလိုက်ချင်သော်လည်း နှုတ်ဆိတ်နေဖို့ကိုသာရွေးချယ်လိုက်ကြသည်။

သခင်လေးရဲ့ သဘောထားကြီးမှုကို နားလည်နေသော်လည်း နှစ်ပေါင်းများစွာ ဉီးညွှတ်ခဲ့ရသော ဖေဟောင်ကို ယတိပြတ်စွန့်ခွာနိုင်ဖို့ ခက်ခဲလှပါသည်။

" စစ်ဆေးမှုပြီးတဲ့အထိ စောင့်ကြည့်ကြတာပေါ့....."

တန်ယွမ် သက်ပြင်းရှိုက်ရင်း ပြောလိုက်သည်။

တစ်ကြိမ်တွင် တစ်လှမ်း လှမ်းရုံသာ တတ်နိုင်သေးသည်။ ယခုစစ်ဆေးပွဲတွင် သူ့တို့ဘက်ကသာ အနိုင်ရရရှိခဲ့လျှင် လီလော့ဘက်ကပြောထားသည့် ကတိအတိုင်းတည်နိုင်ပါ့မလား စောင့်ကြည့်ရပေဉီးမည်။

အကယ်၍ ရှီလင်းသို့ လျှို့ဝှက်ရေအရင်းမြစ်နှင့်အတူ ပြည်တော်ပြန်နိုင်မည်ဆိုပါက ရုံးချုပ်သို့တက်လာခဲ့ရသည့် ရည်ရွယ်ချက်ပြီးမြောက်သွားပြီဟုဆိုရလိမ့်မည်။သူတို့နှင့်အတူပါလာသော ပညာရှင်များလည်း သူတို့နှင့်အတူ ပြန်လိုက်လာကြမည်သာ......

"အိုက်ယား.....မိုက်မဲလိုက်တဲ့သူတွေ....."

အကြီးအကဲကျန်း မြည်တွန်တောက်တီးနေချိန်တွင် လီလော့တို့ရုံးချုပ်သို့ ရောက်လာခဲ့ပြီဖြစ်သောကြောင့် ပညာရှင်များက လက်ခုပ်တီး၍ကြိုဆိုနေကြသည်။

" ဟုတ်ပါပြီဗျာ....ဒီတစ်ခေါက်လည်း မျက်နှာသာပေးကြပါဉီး......"

တန်ယွမ်သည် အဆင့်ငါးပညာရှင်ဖြစ်ရန်နီးကပ်နေပြီဖြစ်သောကြောင့် ယခုတစ်ခေါက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ဆုံးဖြတ်ထားသည်။

ထိုအတွေးကို ကြိုသိနေသော ပညာရှင်များက စိတ်ပျက်လက်ပျက် ခေါင်းယမ်းနေကြလေသည်။

" သခင်လေး....ဒီတစ်ခေါက် ကျုပ်ကို သခင်လေးဆီကသင်ယူဖို့ခွင့်ပြုပေးပါ......ဒါပေမယ့် ဒီတစ်ခေါက်​ပြိုင်ရမှာက အဆင့်သုံးဝိဉာဉ်ရည်ဆိုတော့ သခင်လေးက အခုမှအဆင့်နှစ်......"

" အာ...ဒါလား...ကျုပ်မနေ့က အဆင့်သုံးဝိဉာဉ်ရည်သန့်စင်တာအောင်မြင်သွားပြီဆိုတော့ ကျုပ်ကို အဆင့်သုံးပညာရှင် အဖြစ်သတ်မှတ်လိုက်လို့ရပြီထင်တယ်....ဟီးးးဟီး......"

All Chapters