လမ်းပြဌက် ဝိဉာဉ်ရည်......
Vol. 16 Ch. 217
လီလော့၏ ပေါ့ပေါ့ပါးပါး မှတ်ချက်ကြောင့် အားလုံးအံ့အားသင့်ကုန်ကြ၏။
// သခင်လေးရဲ့ ကျွမ်းကျင်မှုတွေက ထမင်းစားရေသောက်သလို လွယ်လွယ်တိုးလာပါရောလား....လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ အဆင့်နှစ်ပညာရှင်အဆင့်ပဲရှိသေးတာမဟုတ်လား.....//
ရုံးချုပ်တွင်ရှိနေသော ပညာရှင်တိုင်းသည်အဆင့်သုံးပညာရှင်ဖြစ်လာရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသော်လည်း လီလော့ကတော့ နှစ်ဝက်အတွင်း အဆင့်သုံးပညာရှင်ဖြစ်လာခဲ့ပြီ။
" သခင်လေးက တကယ့်ပါရမီရှင်ပဲ....."
တန်ယွမ်ကိုယ်တိုင်ကလည်း လေးစားမှုအပြည့်ဖြင့်ချီးကျုးလိုက်သည်။ အဆင့်သုံးဆိုသည်မှာ အခြေခံအကျဆုံး အဆင့်ဖြစ်သော်လည်း ပါရမီရင့်သန်ပါက မြင့်မားသောအဆင့်များအထိ တက်ရောက်နိုင်ပေလိမ့်မည်။
" သခင်လေးက အခုမှ အဆင့်သုံးပညာရှင် ဖြစ်တာဆိုတော့ အဆင့်သုံးဝိဉာဉ်ရည်တွေနဲ့ အကျွမ်းတဝင်ရှိဉီးမှာမဟုတ်ဘူး.....ကျူပ်တို့ ဒီပြိုင်ပွဲကို ဆက်လုပ်လို့ဖြစ်ပါ့မလား....."
တန်ယွမ်သည် အဆင့်ငါးသို့ရောက်လုဆဲဆဲဖြစ်နေပြီး လီလော့ကတော့ အခုမှအဆင့်သုံးသာရှိသေးသည့်အတွက် နှစ်ဉီးသားကြားတွင် ကွာခြားချက်ကြီးမားလွန်းနေသည်။
ထို့ကြောင့် လီလော့ဘက်ကနှစ်ပွဲဆက်တိုက်အနိုင်ရရှိထားသော်လည်း တန်ယွမ်အတွက် စိုးရိမ်နေစရာမလိုခဲ့ပေ။
တူညီသောပါဝင်ပစ္စည်း တူညီသော ဖော်မြူလာသုံးသည့်တိုင် အတွေ့အကြုံသည် ကြီးမားသောအားသာချက်တစ်ခုဖြစ်လာပေလိမ့်မည်။
"ဘာလို့ ဖျက်သိမ်းရမှာလဲ.... ကျွန်တော် အစောကြီးကတည်းကသဘောတူထားပြီးသားပဲ....ဘာမှ စိတ်မသက်မသာ ဖြစ်မနေနဲ့...လုပ်စရာရှိတာသာဆက်လုပ်ကြ...."
သူ့ဘက်က အားသာမှုကိုအသုံးချကာအနိုင်ယူရန်ကြိုးစားနေသော်လည်း လီလော့ဘက်က သဘောထားကြီးပြနေသောကြောင့် တန်ယွမ် အရှိုက်ထိသွားလေပြီ.....
" ကဲ...စလိုက်ကြရအောင်..... "
တန်ယွမ်နှင့်လီလော့တို့သည် ဖန်သားနံရံပိုင်းခြားထားသော သန့်စင်ရေးအလုပ်ခန်းထဲသို့ အသီးသီး ဝင်သွားခဲ့ကြသည်။
သန့်စင်ရေးအလုပ်ခန်းထဲတွင် ပါဝင်ပစ္စည်းများနှင့် ပစ္စည်းကိရိယာများကို သပ်ရပ်စွာခင်းကျင်းပြင်ဆင်ပေးထားကြသည်။ဤသည်မှာ ယခင်စစ်ဆေးပွဲများကဲ့သို့ပင်.....
ကျန်းချင်းအာ၊ချိုင်ဝေနှင့် ယန်လင်းချီတို့သည် အခြားသောပညာရှင်များကြားတွင် ရပ်နေသောလည်း သူမတူအောင်လှပသော အလှတရားများကြောင့် မြင်သူတိုင်း ရှူမငြီးနိုင်ကြတော့ပေ။
လက်ရှိ ရှိီးယန်ရုံးချုပ်ထဲတွင် စောင့်ကြည့်နေသူပေါင်းများစွာရှိနေသည်ဟု ခံစားနေရသောကြောင့် ကျန်းချင်းအာသည် ပတ်ဝန်းကျင်ကို အဆက်မပြတ် ဝေ့ဝဲစစ်ဆေးနေလေ၏။
" လင်းချီ....သခင်လေးက အဆင့်သုံးပညာရှင်ဖြစ်နေပေမယ့် တန်ယွမ်ထက်စာရင်အဆင့်နိမ့်နေသေးတယ်မလား...."
ချိုင်ဝေ ယန်လင်းချီကို တိုးတိုးတိတ်တိတ် ကြိတ်မေးနေခြင်းဖြစ်သည်။
"ပုံမှန်အတိုင်းဆို ဘယ်အဆင့်သုံးပညာရှင်မှ အဆင့်လေးပညာရှင်ကို နိုင်ရိုးထုံးစံမရှိဘူး.....သန့်စင်မှုနှုန်းကို ဘေးဖယ်ထားလိုက်ဉီး....ငါသိသလောက်ဆို လီလော့က အဆင့်သုံးဝိဉာဉ်ရည်သန့်စင်တိုင်းကျရှုံးခဲ့တာချည်းပဲ......အကယ်၍ ဒီအတိုင်းသာဆို လီလော့ဘက်က နိုင်ချေလုံးဝမရှိနိုင်ဘူး...."
ယခုတစ်ခေါက်စစ်ဆေးပွဲသည် အရင်နှစ်ခေါက်နှင့်လုံးဝကိုကွဲပြားခြားနားနေသည်။ အရင်နှစ်ခေါက်က ပြိုင်ခဲ့ရသော အဆင့်တစ်နှင့်အဆင့်နှစ်ဝိဉာရည်များသည် လီလော့ကျွမ်းကျင်နေသောအရာများဖြစ်သည်။
လီလော့ထံတွင် အဆင့်သုံးဝိဉာဉ်ရည်သန့်စင်သည့်အတွေ့အကြုံမရှိသေးသည့်အတွက် မမျှော်လင့်ထားသောလွှဲချော်မှုများ ဖြစ်လာနိုင်သည်။
" ဒါဆို...သခင်လေး ရှုံးတော့မှာပေါ့....."
"ငါပြောတာက သူ့နေရာမှာတခြားသူသာဆို လုံးဝမဖြစ်နိုင်ဘူးလို့ပြောတာ....နင့်သခင်လေးက မျက်စိနဲ့မြင်နိုင်တာထက်အများကြီးပိုနက်နဲတယ်....."
တူညီသောပါဝင်ပစ္စည်း၊တူညီသော ဖော်မြုလာ....လျှို့ဝှက်ရေအရင်းမြစ်မသုံးရ.....
စစ်ဆေးမှုသည် သာမာန်အားဖြင့် တရားမျှတသည်ဟုထင်ရသော်လည်း လီလော့သည် ရှီးယန်ရုံးချူပ်တခုလုံးသုံးနေသော လျှို့ဝှက်ရေအရင်းမြစ်၏ဖန်တီးရှင်အစစ်အမှန်မှန်း မည်သူမျှမသိကြရှာပေ။
လီလော့၏ လှည့်စားမှုကို မသိကြရှညသော တန်ယွမ်တို့ကတော့ တရားမျှတသည်ဟု ကောင်းကောင်းကြီး ဂျင်းကျွေးခံနေရရှာသည်။
ထို့သို့လှည့်စားမှုများကို ယန်လင်းချီဘက်က မတရားသည်ဟု နည်းနည်းလေးမျှမတွေးမိခဲ့ပေ။
.............................................
လီလော့နှင့်တန်ယွမ်တို့ သန့်စင်နေသော ဝိဉာဉ်ရည်မှာ လမ်းပြငှက် ဝိဉာဉ်ရည် ဖြစ်ပြီး ကြယ်နှစ်လုံးအဆင့် ဖော်မြူလာဖြစ်သောကြောင့် ထွေထွေထူးထူး စိတ်ဝင်စားစကယသိပ်မရှိလှပေ။
ရုံးခွဲဉက္ကဌဖြစ်သူ တန်ယွမ်သည် လမ်းပြငှက်ဝိဉာဉ်ရည်နှင့် အကျွမ်းတဝင်ရှိသောကြောင့် တခဏအတွင်းမှာပင် ရေပဲ့တင်ထပ်သံစွမ်းအားများသုံးကာ လုပ်ထုံးလုပ်နည်းများကို လျင်မြန်စွာလုပ်ဆောင်နေလေ၏။
ဌာနခွဲမှုးဖြစ်သည့် တန်ယွမ်၏အရည်အချင်းသည် မေးခွန်းထုတ်စရာမရှိလောက်သည့်အပြင် မကြာခင် အဆင့်ငါးသို့တက်လှမ်းတော့မည့်အရိပ်အယောင်များကိုလည်း မြင်နေရသည်။
အကယ်၍ တန်ယွမ်သာ အဆင့်ငါးပညာရှင်ဖြစ်ခဲ့လျှင် ရှပြည်ထောင်စုအတွင်း၌ လေးစားခံထိုက်သောပုဂ္ဂိုလ်တစ်ဉီးဖြး်ခါပေတော့မည်။
ရုံးချုပ်မှပညာရှင်များကတော့ လီလော့၏လုပ်ဆောင်ချက်များကိုသာ စိုးရိမ်တကြီး ကြည့်နေကြ၏။
လီလော့၏သန့်စင်နှုန်းသည် မကျွမ်းကျင်မှုများကြောင့် တန်ယွမ်နှင့်အတော်လေး အလှမ်းကွာနေသောကြောင့်ပင်......
ဤအချင်းအရာကို အားလုံးကလည်း နားလည်လက်ခံနိုင်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် လီလော့သည် ပူပူနွေးနွေးအဆင့်တက်ထားသောကြောင့် ကျွမ်းကျင်မှုပိုင်းတွင် တန်ယွမ်ကိုလိုက်မှီနိုင်ဖို့ ဘယ်နည်းနှင့်မျှ ဖြစ်နိုင်လိမ့်မည်မဟုတ်......
သို့သော်လည်း လီလော့ကတော့ အေးဆေးတည်ငြိမ်စွာဖြင့် တဆင့်ပြီတဆင့် လုပ်ဆောင်နေလေ၏........
ဤသို့ဖြင့် အချိန်တရွေ့ရွေ့ကုန်ဆုံးနေလေပြီ.. ....
....................................................................
ရုံးချုပ် မနီးမဝေးရှိ အထက်တန်းစားသောက်ဆိုင်တခုတွင်......
ဖေဟောင်တစ်ယောက် ငြိမ်သက်စွာ ထိုင်နေသော်လည်းသူ့ဘေးရှိ ဖန်ချန်းချီကတော့ ဂနာမငြိမ်ဖြစ်နေပြီး မမြင်ရမှန်းသိသိနဲ့ပင် ရုံးချုပ်ရှိရာဆီ မကြာခဏလှမ်း လှမ်းကြည့်နေ၏။
" သခင်လေးဖေဟောင်....မစိုးရိမ်ဘူးလား...."
ဖေဟောင်က ထိုမေးခွန်းကြောင့် ပျင်းတိပျင်းရွဲ ပြုံးလိုက်ပြီး ရေနွေးတစ်ခွက်ငှဲ့ကာ.....
"ပွဲက အခုမှစမှာ.....ငါပို့ပေးလိုက်တာတွေကို လီလော့ ကိုက်တွယ်နိုင်ပါ့မလား....."