အဆိပ်သင့်လက်ဆောင်.....
Vol. 16 Ch. 218
သိပ်မကြာခင်မှာ တန်ယွမ်ရဲ့ လုပ်ငန်းစဉ် အပြီးသတ်ဖို့နီးကပ်လာခဲ့ပြီ......
အဆင့်လေးပညာရှင်တစ်ယောက်အတွက် အဆင့်သုံးဝိဉာဉ်ရည်သန့်စင်ခြင်းမှာ စာဖွဲ့လောက်သည့်အရာမဟုတ်ပေ။
မိနစ်နှစ်ဆယ်ကြာပြီးနောက် တန်ယွမ်သည် ပြုံးရွှင်သော မျက်နှာထားဖြင့် အလုပ်ခန်းထဲမှထွက်လာခဲ့သည်။
၎င်းနှင့်အတူ လမ်းပြငှက် ဝိဉာဉ်ရည်ပုလင်းတစ်ခုပါ အတူပါလာခဲ့သည်။
တန်ယွမ်၏ တိကျသေသပ်မြန်ဆန်မှုကြောင့် အားလုံးကလည်း ချီးကျုးထောပနာပြုနေကြသည်။
ထိုအချိန်တွင် လီလော့သည် ပါဝင်ပစ္စည်းများကို ရောသပ်နေတုန်းသာရှိသေးသည်။
အမြန်နှုန်းဖြင့်သာ အနှိုင် အရှုံးဆုံးဖြတ်မည်ဆိုပါက လီလော့ ရှုံးနှိမ့်နေလောက်ပြီ။
သို့တိုင်အောင် လီလော့ဘက်က အဘယ်ကြောင့်များ အဆင့်လေးပညာရှင်တစ်ယောက်နှင့် ယှဉ်ပြိုင်ရသလဲဟူ၍ အကုန်လုံးအံ့အားသင့်နေကြဆဲပင်.....
သို့မဟုတ်...တတိယပွဲစဉ်အတွက် အရှုံးပေးဖို့များ ပြင်ဆင်ထားလေသလား.....
ရှီလင်းရုံးခွဲကို လျှို့ဝှက်ရေအရင်းမြစ်ပေးဖို့လုပ်ဇာတ်ခင်းထားတာများဖြစ်နေမလား....
ကျန်းချင်းအာကို ကြည့်လိုက်ပြန်တော့လည်း မတုန်မလှုပ် ငြိမ်သက်စွာဖြင့် လီလေယ့ကိုသာမမှိတ်မသုန် စိုက်ကြည့်နေလေ၏။
ဤသို့ဖြင့် လီလော့ပြီးဆုံးမည့်အချိန်ကိုသာ အတွေးပေါင်များစွာဖြင့် စောင့်မျှော်နေကြလေသည်။
တစ်နာရီကုန်လွန်ခဲ့ပြီ.....
လီလော့ဘက်က အမှားပေါင်းများစွာ ကျူးလွန်ခဲ့ပေမယ့်လည်း ဝိဉာဉ်ရည်ရဲ့အရည်အသွေးပိုင်းကို မထိခိုက်စေခဲ့ပေ။
နောက်ဆုံးတွင် လမ်းပြငှက် ဝိဉာဉ်ရည်ကို လီလော့ အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီဖြစ်သည်။
နဖူးပေါ်မှ ချွေးစေးများကို လီလော့ သုတ်ဖယ်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
အမှားများစွာလုပ်မိခဲ့သော်လည်း ကံကောင်းထောက်မ၍သာ အသစ်ကနေ ပြန်စဖို့မလိုခဲ့ပေ။
" သခင်လေးရဲ့အရည်အချင်းက မယုံနိုင်လောက်အောင်ပါပဲ...."
လီလော့၏ ထူးချွန်မှုကို တန်ယွမ် စိတ်ရင်းအမှန်ဖြင့် ချီးကျူးလိုက်သည်။
ပညာရှင်အားလုံးကလည်း ပူပူနွေးနွေး အဆင့်တက်ထားသော်လည်း အောင်အောင်မြင်မြင်သန့်စင်နိုင်သည့်လီလော့ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
သခင်လေးက အရည်အချင်းအစစ်အမှန်တွေ ထုတ်ပြနေပြီပဲ.....
အနိုင်အရှုံးသတ်မှတ်ပေးရန် သန့်စင်နှုန်း စမ်းသပ်ရပေဉီးမည်။
" ကဲ...နောက်ဆုံးအဆင့်ပဲကျန်တော့တယ်..ဉက္ကဌယွမ်....ခင်ဗျားအဆင်သင့်ပဲလား...."
တန်ယွမ်က.... " သခင်လေးကိုတော့ အားနာမိပါရဲ့....." ဟုဆိုကာ ဝိဉာဉ်ရည်ထဲသို့ သန့်စင်မှုစမ်းသပ်သည့်အပ်ကို နှစ်လိုက်လေသည်။
ယခုချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်နေပြီး တရိပ်ရိပ်မြင့်တက်လာနေသော အပ်ပေါ်က အမှတ်များထံတွင်သာ အာရုံရောက်နေကြသည်။
57%...
အဆင့်သုံးဝိဉာဉ်ရည်ဖြစ်သည့် လမ်းပြငှက်ဝိဉာဉ်ရည်၏ အမြင့်ဆုံးသန့်စင်နှုန်းမှာ 60% ဖြစ်သောကြောင့် 57% ဆိုသည်မှာ မဆိုးလှသောရလဒ်ဖြစ်နေသည်။
အထူးသဖြင့် တက်သစ်စပညာရှင်ဖြစ်သော လီလော့သာ ထိုမျှလောက်ထိသန့်စင်နိုင်လျှင် အကောင်းတကာ့အကောင်းဆုံးဟုဆိုကပေမည်။
အချို့သော အဆင့်သုံးပညာရှင်များသည် အမြင့်ဆုံး 52% ထိသာသန့်စင်နိုင်ကြသောကြောင့်ပင်.....
လီလော့သည်လည်း စမ်းသပ်သည့်အပ်ကို ဝိဉာဉ်ရည်ထဲ နှစ်လိုက်ပြီး....
" ကျွန်တော်က 58% ဆိုတော့ ဉက္ကဌယွမ်ထက် မဆိုသလောက်လေး သာသွားပြီ....."
လီလော့က စမ်းသပ်ထားသည့်အပ်ကို အများသူငှာမြင်အောင် ပြသလိုက်လေသည်။
ထိုအချိန်တွင် ပညာရှင်အားလုံး၏ မေးရိုးများကြမ်းပြင်ပေါ်သို့ပြုတ်ကျလုမတတ်ဖြစ်ကုန်ကြလေ၏။
ဘယ်လိုတွေဖြစ်ကုန်တာလဲ.....
သခင်လေး နိုင်သွားပြန်ပြီလား.....
ရလဒ်ကြောင့် အံ့ဩနေကြသော်လည်း အမြဲတစေ စိတ်သဘောထားကြီးမြတ်ပြီး မျှမျှတတ လုပ်တတ်သူလီလော့အပေါ် ကလိမ်ကျသည်ဟုမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
တန်ယွမ်သည်လည်း အများနည်းတူအံ့သြနေပြီး....
" သခင်လေးရဲ့ အရည်အချင်းကို ကျုပ်တောင်ကြောက်လန့်နေမိပြီ.... "
တူညီသော ပါဝင်ပစ္စည်း၊တူညီသောဖော်မြူလာသုံးထားကြသည့်အတွက် အကြံအဖန်လုပ်ထားခြင်းမရှိသည်မှာ သိသာထင်ရှားလွန်းနေသည်မဟုတ်ပေလော....
ထို့ကြောင့် ရလဒ်ကိုကျေကျေနပ်နပ်ကြီးလိုက်ခံလိုက်ကြတော့သည်။
လျှို့ဝှက်ရေအရင်းမြစ်ကြောင့်သာမဟုတ်လျှင် လီလော့ဘက်က လုံးဝကိုနိုင်ချေမရှိ တန်ယွမ်ဘယ်တော့မှ သိနိုင်မည်မဟုတ်ပေ။
ဤသည်ကိုလည်း အပြစ်တော့မဆိုသာပေ။ လျှို့ဝှက်ရေအရင်းမြစ်ဆိုသည်မှာ လီလော့၏ ကိုယ်ပိုင်ပဲ့တင်ထပ်သံမှ ဖြစ်ပေါ်လာသောအရာဖြစ်သည့်အတွက် ကိုယ်ပိုင်စွမ်းရည်တခုအဖြစ်သတ်မှတ်ရမည်သာ.....
ယခုချိန်တွင် သုံးပွဲစလုံးရှုံးနိမ့်ထားသည့်အတွက် ရှီလင်းဌာနခွဲမှပညာရှင်များအားလုံး အာလူးပူပူကိုင်ထားရသလို ဂနာမငြိမ်ဖြး်နေကြလေပြီ။
သဘောတူညီချက်အတိုင်းသာဆို အားလုံးလက်ဗလာနှင့် ပြည်တော်ပြန်ကြရမည်သာ.....
ထို့ကြောင့် ၎င်းတို့အတွက် အနာဂတ်ပျောက်ပြီဟုဆိုရပေတော့မည်။
ရုံးချုပ်တွင် ရက်အနည်းငယ်ခန့်သာ နေထိုင်ခဲ့ရသော်လည်း ရုံးချုပ်တွင် ဆက်လက်နေထ်ိုင်ခြင်းကသာ ၎င်းတို့ကိုမြင့်မားသောနောရာများဆီခေါ်ဆောင်သွားနိုင်ကြောင်း ကောင်းစွာသဘောပေါက်နားလည်ထားကြပြီပြီး....
ထို့ကြောင့် ရုံးချုပ်မှမည်သုမျှ မပြန်လိုကြပေ။
သို့သော်လည်....ဖေဟောင်ကိုမည်သို့ရင်ဆိုင်ရမည်နည်း.....
ဖေဟောင်၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်သာ ရုံးချုပ်ဆီသို့ရောက်လာခဲ့ကြခြင်းဖြစ်သည်။
ဖေဟောင့်ဘက်တော်သားများဖြစ်သည့် သူတို့ကို ရုံးချုပ်ကရော လက်ခံထားပါ့မလား.....
ထိုအချိန်တွင်.....
" ရုံးချုပ်မှာနေချင်တဲ့သူတွေရှိရင်နေခဲ့နိုင်ပါတယ်....အားလုံးကို ကျွန်တော် လီလော့က လော့လန်အိမ်တော်ကိုယ်စားတံခါးဖွင့်ကြိုဆိုနေမှာပါ.....အတိတ်က ခင်ဗျားတို့ကို ဖေဟောင်ဘာတွေပဲ အမိန့်ပေးခဲ့ပါစေ အကုန်လုံးမေ့ထားလိုက်ပါတော့...ခင်ဗျားတို့လည်း ရုံးချုပ်မှာ ဘယ်လိုနေရတယ်ဆိုတာသိနေကြတာပဲ....."
ထိုစကားများကြောင့် တန်ယွမ်နှင့်လုရှောင်ဖန်းတို့ အသက်ရှုချောင်သွားကြတော့သည်။
ငါတို့တွေဘက်က လွန်ခဲ့ပေမယ့် သခင်လေးဘက်ကအတိုင်းအဆမရှိ သဘောထားကြီးပေးထားတယ်.....
နှစ်ဉီးသား ခပ်ယဲ့ယဲ့ပြုံးပြီး အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သခင်လေးက သူ့ကိုဆန့်ကျင်တဲ့သူတွေကိုတောင် ထောက်ခံသူတွေဖြစ်လာအောင်စွမ်းဆောင်နိုင်တယ်.....တကယ့်ကို အိမ်တော်သခင်နှစ်ပါးရဲ့မျိုးဆက် ပီသပါပေတယ်......
သို့သော်လည်း တင်ရှိနေသေးသောအကြွေများကြောင့် အခြားသူများနေခဲ့လျှင်တောင် တန်ယွမ်နှင့်လုရှောင်ဖန်းတို့နေခဲ့ဖို့မဖြစ်နိုင်ပေ။
" သခင်လေးရဲ့ ရက်ရောမှုနဲ့ သဘောထားကြီးမှုက ကျုပ်တို့ညီအစ်ကိုတွေအပေါ် ကောင်းချီးပေးတာထက်ကိုသာလွန်နေပါပြီ.....ကျန်တဲ့သူတွေနေချင်တဲ့ဆန္ဒရှိရင်နေခဲ့နိုင်ပါတယ်....."
တန်ယွမ်နှင့်လုရှောင်ဖန်းတို့၏စကားကြောင့် လီလော့ အံ့သြသွားပြီး.....
" ခင်ဗျားတို့နှစ်ယောက်ကရော....."
နှစ်ဉီးသား နာကျင်နေသောအပြုံးမျိုးဖြင့်ခေါင်းခါပြပြီး လှည့်ထွက်ဖို့ပြင်လိုက်လေသည်။
ဝူးးးးးးးးး
ထိုအချိန်တွင် ကျယ်လောင်သော အချက်ပေးသံနှင့်အတူ ဆိုးဝါးသောအော်ဟစ်သံများထွက်ပေါ်လာပြီး ရှီးယန်ရုံးချုပ်တစ်ခုလုံး ကမ္ဘာပျက်သလို ဖြစ်သွားလေတော့သည်။
ဆူညံသံများကြားလိုက်သောအခါ တန်ယွမ်နှင့်လုရှောင်ဖန်းတို့၏ မျက်ဝန်းများစိုစွတ်လာသည့်အတွက် ပွတ်သပ်လိုက်သည့်အခါ လတ်ဆတ်နေသော သွေးများစိုရွှဲနေလေ၏။
၎င်းတို့နှစ်ယောက်ကြားတွင်ရပ်နေသော လီလော့က ၎င်းတို့၏ မျက်လုံး၊နှာခေါင်း၊နား၊ပါးစပ်တို့မှ သွေးများစီးကျနေသည်ကို ကွက်ကွက်ကွင်းကွင်းမြင်နေရသည်။
ထိုသွေးများသည် ရဲရဲနီနေရာမှ တမဟူတ်ချင်းမည်းနက်သွားသောကြောင့် နွေခေါင်ခေါင်မိုးကြိုးပစ်ချလိုက်သလို ခံစားနေရလေသည်။
ပူပြင်းသောနေရောင်ခြည်အောက်တွင် ပညာရှင်များ၏ နာကျင်မှုကြောင့်အော်ဟစ့နေသံများကိုကြားလိုက်ရသောအခါ ရေအေးတစ်ပုံးလောင်းချခံလိုက်ရသလို အေးစက်တုန်ရီလာသည်။
ဤသည်မှာ ဖေဟောင်ပို့ပေးလိုက်သော အဆိပ်သင့်လက်ဆောင်မှန်း လီလော့ သဘောပေါက်ခဲ့ပါသည်။