မျှတသောလမ်းစဉ်.....
Vol. 16 Ch. 219
" အားးးးးးးးးးး"
ယခုဆိုလျှင် ခန်းမထဲတွင် ပဲ့တင်ထပ်လုမတတ်ကျယ်လောင်သောအော်ဟစ်သံများနှင့်အတူ ပညာရှင်များအန်ထုတ်ထားသောသွေးများကြောင့် ကြမ်းပြင်တခုလုံးချင်းချင်းနီနေလေပြီ.....
ထိုကဲ့သို့ ကမ္ဘာပျက်နေသောအခြေနေတွင်
အခြားသော ပညာရှင်များအပြေးရောက်လာပြီး အဆိပ်သင့်နေသော ပညာရှင်များကို ကုသပေးဖို့ပြင်ဆင်နေကြသည်။
" ပြာယာခတ်မနေကြနဲ့..... အသက်အန္တရာယ်ရှိမရှိ အရင်စစ်ဆေးကြ!!!!!"
ခန်းမထဲတွင် ကျန်းချင်းအာ၏ အမိန့်ပေးသံပျံ့လွှင့်နေ၏။
" ဆိုတော့ ဖေဟောင်က လက်သည်းထုတ်ပြလိုက်ပြီပေါ့...."
ကျန်းချင်းအာက လီလော့ကို ခပ်တိုးတိုးလှမ်းပြောလိုက်သည်။
" ဒါ လူသတ်မှုကျူးလွန်တာ...."
ချိုင်ဝေ ဒေါသကြောင့် အသံများပင်တုန်ရီနေသည်။
" သူ ဒီလူတွေကို အဆိပ်ခတ်ပြီး ဒီမှာ သေအောင်ကြံစည်ထားတာ...ဒါမှ ရှီးယန်ရုံးချုပ်ကိုနာမည်ဖျက်လို့ရမှာ....ပြီးရင် ရှီးယန်ရုံးချုပ်ကပညာရှင်တွေအဆိပ်ခတ်ခံရတယ်ဆိုပြီး တမြို့လုံးကိုသတင်းလွှင့်လိမ့်မယ်...."
ယန်လင်းချီသည် စကားကိုခပ်အေးအေးပြောနေသော်လည်း မျက်လုံးများကတော့ အေးစက်နေသည်။
" သူ့ရဲ့အဓိကရည်ရွယ်ချက်က လီလော့ရဲ့ရေအရင်းမြစ်ကြောင့် ပညာရှင်တွေအဆိပ်မိတယ်ဆိုပြီးသတင်းပျံ့စေချင်နေတာ.....ဉဏ်ရှိတဲ့သူတွေ မယုံမှာမဟုတ်ပေမယ့် ကောလဟာလဆိုတာ လေထက်မြန်တယ်....."
" သတင်းအမှားတွေ ဖောင်းပွလာတဲ့အခါ အမှန်တရားကို ဘယ်သူမှယုံတော့မှာ မဟုတ်ဘူး..... "
" ဒီကောလဟာလအတိုင်းသာဆို ပညာရှင်တွေဘက်ကလည်း ရှီးယန်နဲ့လက်တွဲဖို့ကြောက်ကုန်လိမ့်မယ်.....ငါတို့တော့ ပျက်စီးကိန်းဆိုက်ပြီ....."
အမြဲတစေပြုံးရွှင်နေသော လီလော့သည် ယခုအချိန်တွင် သူမတူအောင်လေးနက်တည်ကြည်နေသောကြောင့် လီလော့၏သတ်ဖြတ်လိုစိတ်များနိုးထလာပြီဖြစ်ကြောင်း အကြောင်းသိသူများ ခန့်မှန်းနိုင်ခဲ့ကြသည်။
"ဒါဆို နင်ဘယ်လိုဆက်လုပ်မှာလဲ....."
ကျန်းချင်းအာက တည်ငြိမ်စွာမေးခွန်းထုတ်လိုက်သည်ကို လီလော့က တည်ငြိမ်အောင် သက်ပြင်းရှိုက်လိုက်ပြီး.....
" ငါထင်နေတဲ့အဆိပ်တစ်မျိုးတော့ရှိတယ်....အရင်ရက်တွေတုန်းက ကုသသူတွေကို စမ်းသပ်ကြည့်ခိုင်းထားပေမယ့် ဘာမှမတွေ့ခဲ့ဘူးဆိုတော့ သာမာန်အဆိပ်မဟုတ်လောက်ဘူး....အချက်ပေးသံက အဆိပ်ကိုလှုံ့ဆော်လိုက်တာပဲဖြစ်ရမယ်....ကြည့်ရတာ ဖေဟောင် ငါတို့ကို အချိန်ပြည့်စောင့်ကြည့်နေတာပဲဖြစ်ရမယ်..... အစ်မလင်းချီပြောတာ မှန်တယ်.....ဖေဟောင်က ရှီးယန်ရုံးချုပ်ကို ဖျက်ဆီးပစ်ဖို့ရည်ရွယ်ထားတာ...."
ဖေဟောင် ရည်ရွယ်သည့်အတိုင်းအဖြစ်ခံ၍ လုံးဝမဖြစ်ပေ။ ရှီးယန်ရုံးချုပ်သည် လေမယ့လန်အိမ်တော်၏ပင်မစီးပွားရေးအသက်သွေးကြောဖြစ်နေသည့်အတွက် ဘယ်နည်းနဲ့မျှ အပျက်အစီးခံ၍မဖြစ်ပေ။
အင်အားကောင်းသော ကျောထောက်နောက်ခံရှိနေ၍သာ ဖေဟောင့်ဘက်က ယခုလိုပေါ်ပေါ်ထင်ထင်တိုက်ခိုက်ရဲခြင်းဖြစ်လိမ့်မည်။
ဖေဟောင် ဘာကိုရည်ရွယ်နေသနည်း.....
ဤသည်မှာ လော့လန်အိမ်တော်၏ ခုခံရေးစနစ်ကို အင်အားလျှော့ချပစ်လိုခြင်းမှန်း သိသာလွန်းလှသည်။
" ရုံးချုပ်မှာ လူသေလို့မဖြစ်ဘူး...."
ကျန်းချင်းအာ ဆိုလိုသည့်အဓိပ္ပါယ်ကို လူတိုင်းနားလည်ကြပါသည်။ အကယ်၍ ရုံးချုပ်တွင် လူအသေအပျောက်ရှိခဲ့ပါက ရှီးယန်စံအိမ်၏ ဂုဏ်သတင်းကိုများစွာထိခိုက်ပျက်စီးစေလိမ့်မည်။
လီလော့သည် ခေါင်းညိတ်လိုက်ပြီး အဝေကးမှပြေးလာနေသောလူတစုကို လှမ်းကြည့်လိုက်သည်။
"ဒါ ကျွန်တော် ငှားထားတဲ့ကုသသူတွေပဲ....သူတို့ကိုအရေးပေါ်အခြေနေအတွက်ငှားထားတာဆိုတော့ လက်တလောဖြစ်နေတဲ့ပြသာနာကို ဖြေရှင်းနိုင်မယ်ထင်ပါရဲ့....."
ကျန်းချင်းအာကလည်း သဘောတူသည့်အနေဖြင့်ခေါင်းညိတ်ပြလိုက်သည်။ ဟုတ်ပေသည် အဆိပ်မိခြင်းကို မကူသနိုင်သည့်တိုင် အရင်ဆုံးလေ့လာမှုတော့ လုပ်ရမည်သာ။
သွေးအရွှဲသားနှင့်ပညာရှင်အစုအပြုံလိုက်ကိုမြင်သည့်အခါ ကုသရေးပညာရှင်များ ဖြူဖျော့ကုန်လေ၏။
" အဆိပ်ဖြေို့အတတ်နိုင်ဆုံးကြိုးစားကြပါ....အဆိပ်ဖြေဖို့ နည်းလမ်းတွေ့ပြီဆို ပါဝင်ပစ္စည်းစာရင်း ကျုပ်ဆီပို့လိုက်....လိုတာမှန်သမျှ အကုန်ဝယ်ပေးမယ်....."
" အကောင်းဆုံး ကြိုးစားပေးပါ....လော့လန်အိမ်တော်က ကျေးဇူးမမေ့ပါဘူး..... "
ဤသို့ဖြင့် ကုသရေးပညာရှင်များသည် စစ်ဆေးမှုများကို လျင်မြန်စွာလုပ်ဆောင်ခဲ့ကြသဖြင့် ဆယ်မိနစ်ခန့်အကြာတွင် သတင်းပို့လာကြသည်။
"သခင်လေး...အဆိပ်က ရှားပါးတဲ့အပြင် သိပ်ပြင်းလွန်းတယ်...ဒါ့ကြောင့် ဖယ်ထုတ်ဖိူ့ခက်လိမ့်မယ်....လောလောဆယ် ပျံ့နှံ့မှုနှေးကွေးအောင် ထိန်းထားရုံပဲတတ်နိုင်တယ်....."
ပညာရှင်များ၏ သတင်းပို့ချက်ကို ကျိုးကြောင်းဆီလျော်သည်ဟု ထင်မိသည်။ ဟုတ်ပေသည် အလွယ်တကူ ကုသနိုင်သောအဆိပ်မျိုးကိုဖေဟောင် သုံးလိမ့်မည်မဟုတ်ပေ။
" ဒါဆိုဘာတွေလိုအပ်လဲ....."
လီလော့သည် ဧကရာဇ်ငယ်ကို ကုသပေးဖို့ ဆေးပညာအကြောင်းလေ့လာဖူးသည့်အတွက် ဆေးပညာအကြောင်း အခြေခံလောက်တော့နားလည်နေပြီဖြစ်သည်။
ထိုအခါ ကုသပညာရှင်များက စာရင်းတခုထုတ်ပေးပြီး.....
"ဒါ..လိုအပ်တဲ့ပစ္စည်းစာရင်းပါ...ဒါတွေသာ ရှာပေးမယ်ဆို.ကုသရေးအတွက် အတော်အဆင်ပြေပါလိမ့်မယ်....."
လီလော့က စာရင်းကိုသေချာစွာဖတ်ကြည့််ပြီး အကြီးအကဲကျန်းကို လှမ်းခေါ်လိုက်သည်။
" အကြီးအကဲကျန်း.....ဒီစာရင်းထဲက ပစ္စည်းတွေ ရသလောက်သွားဝယ်ပေးပါ....."
ထိုအချိန်တွင် ကျန်းချင်းအာက တခုခုကို နားလည်လိုက်သည့်အနေဖြင့် မျက်ဝန်းများအရောင်လက်လာပြီး.....
" ဒီစာရင်းထဲကပစ္စည်းတွေသာ တကယ်အသုံးဝင်တယ်ဆို ဖေဟောင် အစောကြီးကတည်း သိမ်းကြုံးဝယ်ထားလောက်ပြီ....."
" ဒီပစ္စည်းတွေ ဝယ်လို့မရလောက်တော့ဘူးလို့ ပြောချင်တာလား....."
" ဟုတ်တယ်.....ဖေဟောင်က တကိုယ်တော်လှုပ်ရှားနေတာမဟုတ်ဘူး....သူ့နောက်မှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံရှိကိုရှိရမယ်.....သူ ဒါတွေကို မဝယ်ရင်တောင် မရောင်းရအောင် လုပ်ထားလိုက်ရုံပဲလေ.....ရုံးချုပ်ကပညာရှင်တွေသေရင် ဒီပွဲမှာ သူနိုင်ပြီ....."
လီလော့ စိတ်ထဲတွင် ဗလောင်ဆူနေလေပြီ.....ဟုတ်ပေသည်။ဖေဟောင်သည် နှလုံးသားမဲ့သူဖြစ်သည့်အတွက် ဘယ်သူသေသေ ငတေမာလျှင်ပြီးရော ဆိုသည့်လူစားမျိုးပင်.....
" ဒီစာရင်းထဲက ပစ္စည်းတွေဝယ်လို့ရနိုင်မယ့်တခုတည်းသောနေရာက......."
ကျန်းချင်းအာ၏စကားထဲတွင် ပဟေဌိအချို့ပါဝင်နေသော်လည်း ဤသည်မှာရွှေနဂါးဘဏ်တိုက်ကိုရည်ညွှန်းနေမှန်း လီလော့ကောင်းစွာသဘောပေါက်နားလည်လိုက်သည်။
"ဒီလိုဆိုရင်တောင် အဆင်ပြေချောမွေ့နိုင်မှာမဟုတ်ဘူး.....အဲ့တော့ နင်ကိုယ်တိုင်သွားပြီး အဆက်အသွယ်အချို့သုံးရလိမ့်မယ်...."
လုချင်းအာကို ရည်ညွှန်းနေမှန်းသိသော်လည်း အခုချိန်တွင် အပိုစကားဆိုနေဖို့အချိန်မရှိတာကြောင့် ပြီးပြီးရော ခေါင်းညိတ်လိုက်လေသည်။
" ဒါဆို ငါသွားလိုက်မယ်...."
လီလော့၏နောက်သို့ စွမ်းအားမြင့်သော အရိပ်အချို့လိုက်ပါလာကြသည်။
" နင့်ကို.စောင့်ရှောက်ဖို့ အကြီးအကဲကျန်းကိုပါအတူခေါ်သွား....ဒီကကိစ္စတွေကို ငါဖြေရှင်းထားလိုက်မယ်....နောက်ဆံတင်းမနေနဲ့...."
လီလော့သည် ကျန်းချင်းအာကို ခေါင်းညိတ်ပြလိုက်ပြီး နောက်လိုက်နောက်ပါအချို့နှင့်အတူ ရွှေနဂါးဘဏ်တိုက်ဆီ အသော့နှင်ခဲ့လေတော့သည်။