← Chapters

ဆေးပင်များလုယက်ခြင်း.....

Vol. 16 Ch. 220

ဆေးပင်များလုယက်ခြင်း.....

Vol. 16 Ch. 220

လီလော့ ရုံးချူပ်ထဲကထွက်လာသည်နှင့် တီးတိုးပြောဆိုနေသော စကားသံများပိုမိကျယ်လောင်လာသည်ကိုကြည့်ချင်းအားဖြင့် အဆိပ်ခတ်ခံရသောသတင်းများ ပျံ့လွှင့်နေပြီဖြစ်ကြောင်း နားလည်လိုက်လေပြီ။

လီလော့ ထိုသူများကိုလျစ်လျူရှူထားလိုက်ပြီး အစောင့်တစ်ဉီးဆီက စီးတော်သားရဲကို လက်လွှဲယူကာ ရွှေနဂါးဘဏ်တိုက်ဆီ ဒုန်းဆိုင်းခရီးနှင်လိုက်တော့သည်။

အကြီးအကဲကျန်းအပါအဝင် လူဆယ်ယောက်ကျော် လီလော့နှင့်အတူ လိုက်ပါလာခဲ့ကြသည်။

" သခင်လေး....ကျုပ်တို့တော့ လူတကာတံတွေးခွက်မှာ ပက်လက်မျောနေပြီ...."

နားထောင်ကြည့်ရသလောက်ဆို လီလော့ဘက်က သူ့ကိုဆန့်ကျင်တဲ့ပညာရှင်တိုင်းကို အဆိတ်ခတ်လုပ်ကြံလိုက်တယ်တဲ့......

" ဒါတွေကို လျစ်လျူရှုပြီး ရွှေနဂါးဘဏ်ကတိုက်ကနေ အဆိပ်ဖြေဆေးရဖို့ပဲ အာရုံစိုက်ထားကြ....ပညာရှင်တွေ သက်သာလာတာနဲ့ အမှန်တရားက သူ့အလိုလ်ိုပေါ်လာလိမ့်မယ်....."

သံမဏိလိုမာကြောမှုနှင့် အမျှော်အမြင်ရှိရှိတွေးခေါ်တတ်သည့် လီလော့ကို ကြည့်ပြီး အကြီးအကဲကျန်းခေါင်းညိတ်လိုက်လေသည်။

ဒါဟာ အသုံးမကျသော သခင်လေးတပါးအဖြစ်ကြီးပြင်လာသော လီလော့၏ အစစ်အမှန် အသွင်အပြင်များလား.....

အကြီးအကဲကျန်းသည် ဖြတ်သန်းလာရာလမ်းတလျှောက်လုံး ပဲ့တင်ထပ်သံစွမ်းအား များထုတ်ဖော်ကာ အန္တာရယ်ကို အဆက်အပြတ်ထောက်လှမ်းနေခဲ့ရသည်။

ဖေဟောင်ဘက်က လီလော့ကို တိုက်ရိုက်တိုက်ခိုက်လာမည်စိုးသောကြောင့် ကျန်းချင်းအာက လီလော့ကိုစောင့်ရှောက်ရန် သူ့ကိုထည့်လိုက်ခြင်းဖြစ်သည်။

အကြီးအကဲကျန်း လိုက်ပါလာမှုသည် အဟန့်အတားကောင်းတခုဖြစ်ခဲ့ပုံရသည်။ လီလော့တို့လူတစု ရွှေနဂါးဘဏ်တိုက်သို့ လုံခြုံစွာ ရောက်ရှိလာခဲ့ကြသည်။

ဘဏ်တိုက်ထဲသို့ရောက်သည်နှင့် သူ့ကိုမှတ်မိနေသောကြောင့် အစောတလျင်လာနှုတ်ဆက်သော ဝန်ထမ်း၏ လက်ထဲသို့ စာရင်းစာရွက်တခုထိုးပေးလိုက်ကာ.....

" ဒီစာရင်းထဲကပစ္စည်းတွေ ဝယ်လို့ရနိုင်မလား စစ်ကြည့်ပေးပါ....."

ဝန်ထမ်းရဲ့မျက်နှာက စာရင်းကိုဖတ်ကြည့်ရင်းဖတ်ကြည့်ရင်းမည်းမှောင်လာတယ်.....

" သခင်လေး....ဒီစာရင်းထဲက ပယင်းပိုးမြစ်နဲ့ ယမ်းစိမ်းရည်နှစ်မျိုးကို သမားတော်စံအိမ်တွေက ပစ္စည်းပြတ်တဲ့အထိ အကုန်ဝယ်သွားကြပြီ....."

လီလော့ အံကြိတ်လိုက်မိသည်။ ရွှေနဂါးဘဏ်တိုက်အထိ လက်တံချဲ့နိုင်သည်ဆိုကတည်းက ဖေဟောင့်၏နောက်ခံအင်အားသည် နယ်နယ်ရရတော့ဟုတ်လိမ့်မည်မထင်.....

အကြီးအကဲကျန်းလည်း မျက်နှာမကောင်းလှပေ။ ထိုပစ္စည်းနှစ်မျိုးသည် စျေးကြီးပြီး ပျက်စီးလွယ်သည့်အပြင် မကြာခဏအသုံးလိုသော ပစ္စည်းမျိုးမဟုတ်သည့်အတွက် ဘယ်အရူးမှ တထိုင်တည်း အကုန်ဝယ်စုထားလိမ့်မည်မဟုတ်။ ဤသည်မှာ တိုက်ဆိုင်မှုလုံးဝမဖြစ်နိုင်ပေ......

" ဒါဆို လုချင်းအာကိုသွားရှာပေးပါ....ကျုပ်သူနဲ့ချိန်းထားတယ်....."

ဝန်ထမ်းလေးက လီလော့တို့ကို နားနေခန်းတခုထဲမှာ စောင့်နေခိုင်းပြီး လုချင်းအာကို သတင်းသွားပို့ပေးခဲ့သည်။

သိပ်မကြာခင်မှာ ပေါ့ပါးသောခြေသံနှင့်အတူ လုချင်းအာ ရောက်ရှိလာသောလည်း တည်ကြည်လေးနက်နေသော လီလော့ကြောင့် သူမ၏အပြုံးများဖျော့တော့သွားလေ၏။

" ရှီးယန်မှာ တခုခုဖြစ်နေလို့လား....."

တမြို့လုံးပျံ့နှံနေသော သတင်းကို ရွှေနဂါးဘဏ်တိုက်ကလည်း ကြားပြီးလောက်ပြီ။

ထို့အပြင် သူမမွေးနေ့ပွဲတုန်းကတည်း ရှီးယန်ရုံးချုပ်တွင် မကြာခင် ပြသာနာရှိလာမည့်အကြောင်း သိီးသန့်သတိပေးထားခဲ့ပြီး အရေးကြုံလာပါက သူမထဲအကူအညီလာတောင်းနိုင်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။

" ဟုတ်တယ်....အဆိပ်​ဖြေဆေးအချို့ အရေးတကြီးလိုနေတယ်....ဖြေဆေးဖော်ဖို့လိုနေတဲ့ ပယင်းပိုးမြစ်နဲ့ ယမ်းစိမ်းရည်တွေ နင်တို့ဆီမှာလည်း ပစ္စည်းပြတ်နေတယ်တဲ့ .."

" ဒီပစ္စည်းတွေက စျေးကြီးတော့ အရောင်းသိပ်မသွက်ဘူး....အခုလိုပစ္စည်းပြတ်တဲ့အထိ ဝယ်သွားတယ်ဆိုတော့ တယောက်ယောက်ရဲ့လက်ချက်ပဲဖြစ်ရမယ်....ငါတို့ရွှေနဂါးဘဏ်တိုက်မှာတောင် ပစ္စည်းပြတ်နေတယ်ဆိုတခြား ဘယ်မှာမှဝယ်လို့ရမှာမဟုတ်ဘူး....."

" ချင်းအာ...နင် တခုခုစဉ်းစားမိတာရှိလား...."

" မကြာသေးခင်က စျေးကွက်တင်ထားတာတွေ အကုန်ဝယ်သွားတာဖြစ်လိမ့်မယ်....ငါတို့ရွှေနဂါးဘဏ်တိုက်က အကြီးကြီးပါဟယ်.....ပစ္စည်းမပြတ်အောင် သိုလှောင်ထားတာတွေရှိပါသေးတယ်....."

" သခင်မလေး....ဉက္ကဌယုရဲ့ ခွင့်ပြုစာမပါဘဲ သိုလှောင်ရုံကို ဖွင့်လို့မရဘူး....."

ဝန်ထမ်းလေးက အသည်းအသန် ကန့်ကွက်လေတော့သည်။

" ငါဖွင့်မယ်...."

" သခင်မလေး...သိုလှောင်ရုံကို ကိုယ့်သဘောနဲ့ကိုယ်ဖွင့်မယ်ဆို ဒီအချက်ကိုနင်းပြီး ဒုဉက္ကဌဘက်က ဉက္ကဌယုကို တိုက်ခိုက်လာလိမ့်မယ်....."

" ဟဲ့....ငါ့အမေကို လျှော့မတွက်စမ်းနဲ့....."

" လီလော့...ငါနဲ့လိုက်ခဲ့...အချိန်က ဘယ်သူ့ကိုမှစောင့်နေမှာမဟုတ်ဘူး....."

" ချင်းအာ...ငါနင့်အပေါ် ကျေးဇူးကြွေးတခုတင်သွားပြီ....တာအိုနယ်မြေထဲရောက်ရင် နင့်ကို အစွမ်းကုန်ကူညီပေးပါ့မယ်....."

" အေး...ငါတည်အမှတ်ထားလိုက်ပြီနော်....."

ဤသို့ဖြင့် လုချင်းအာ ဉီးဆောင်သည့်နောက်ကို လီလော့ အမြန်လိုက်ပါသွားခဲ့လေသည်။

မိနစ်အနည်းငယ်အကြာတွင် အစောင််အကြပ်ထူပြောလှသော သိုလှောင်ရုံရှေ့သို့ရောက်လာခဲ့ကြသည်။

ထိုအချိန်တွင် လီလော့တို့ လမ်းကို တယောက်ယောက်က ပိတ်ဆို့ထားပြီး.....

" ချင်းအာ....နင် သိုလှောင်ရုံကို ဖွင့်လို့မရဘူး....စည်းကမ်းမဖောက်နဲ့....."

ထိုသည်သည် ရွှေနဂါးဘဏ်တိုက် ဒုဉက္ကဌးသား နင်းကျောက်သာပင်.....

" ဘာလို့ ဖွင့်လို့မရရမှာလဲ.."

" ချင်းအာ...ငါနင့်ကို သက်သက်မဲ့ ပြသာနာလာရှာနေတာမဟုတ်ဘူး....ဉက္ကဌယုရဲ့ခွင့်ပြုစာမပါရင် နင့်ကို ဖွင့်ပေးမှာမဟုတ်ဘူး....."

လုချင်းအာထုတ်ပြလိုက်သည့်

နီရွှေရောင် ပိုးကြိုးတပ်ဆင်ထားသော ကျောက်စိမ်းပြားလေးသည် နေရောင်အောက်တွင် တလဲ့လဲ့တောက်ပနေလေ၏။

ထိုကျောက်စိမ်းပြားကို မြင်သည့်ခါ နင်းကျောက် မှင်သက်သွားပြီး....

" နင့်ဆီဘယ်လိုလုပ်ရောက်နေတာလဲ....."

" ရှင့် ကျွန်မကို စိတ်ပူနေစရာမလိုဘူး..... ကျွန်မမှာ ခွင့်ပြုစာပါတယ်ဆိုတော့ စည်းကမ်းဖောက်ရာမကျတော့ဘူးပေါ့....ပြီးတော့ ကျွန်မက ဒီမှာ ပြသာနာလာရှာနေတာမဟုတ်ဘူး...စီးပွားရေးလာလုပ်နေတာ....ရွှေနဂါးဘဏ်တိုက်ရဲ့ ဆောင်ပုဒ်က သဟဇာတဖြစ်စွာနေထိုင်ခြင်းသည် ကြွယ်ဝချမ်းသာခြင်းကိုမွေးဖွားပေးသည်လို့ ဆိုထားတယ်မလား.....အဲ့တော့ ရှင် ကျွန်မရှေ့မှာ ပိတ်မနေနဲ့ ဘေးဖယ်...."

လုချင်းအာက ပြောပြောဆိုဆိုနဲ့ နင်းကျောက်ကိုတွန်းဖယ်ပြီး သိုလှောင်ရုံစောင့် အဖိုးအိုထံကျောက်စိမ်းပြား ကမ်းပေးလိုက်လေသည်။

အဖိုးအိုကလည်း ကျောက်စိမ်းပြားကိုသေချာစစ်ဆေးပြီးသည်နှင့် ဝန်ထမ်းအချို့ကို ပစ္စည်းထုတ်ပေးဖို့အမိန့်ပေးလိုက်သည်။

" သခင်မလေး...ခဏစောင့်ပေးပါနော်...."

" ရတယ်....."

" လီလော့...." စောင့်ဆိုင်းနေတုန်း နင်းကျောက်က လီလော့နားကပ်လာပြီးအသံတိုးတိုးဖြင့်......

"မင်းလို လော့လန်အိမ်တော်သခင်လေးက ချင်းအာကို စည်းကမ်းဖောက်အောင်သွေးဆောင်ရဲတယ်ပေါ့...ဒီကိစ္စကိုသာ ဉက္ကဌယုသိသွားရင် လွယ်လွယ်လွှတ်ပေးမှာမဟုတ်ဘူးနော်...."

" အိုးးး ခင်ဗျားက အလကားသက်သက် စိတ်ပူနေတာပဲ.....ချင်းအာ ခုနကပြောသလို ကျူပ်အလကားယူတာမှမဟုတ်တာ....တန်ကြေးထက်နှစ်ဆပေးပြီး ဝယ်နေတာ...."

" ဟားးဟားး ပိုက်ဆံနဲ့ဆိုင်တယ်ထင်နေတာလား....."

" ကျုပ်တို့ရှီးယန်မှာ ပြသာနာတက်နေမှန်းသိရက်နဲ့ လိုက်ပိတ်ပင်နေတယ်ဆိုတော့ ခင်ဗျားမှာ တခြားရည်ရွယ်ချက်များရှိနေတာလား....."

" မင်း....စကားကိုကြည့်ပြော....မင်းကိစ္စမင်းကြည့်ရှင်း...."

လီလော့သည် နင်းကျောက်ကု ခွေးရူးလိုသာသဘောထားလိုက်ပြီး ပစ္စည်းရမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်တော့သည်။

ဉက္ကဌယုဆီ သတင်းပို့ခိုင်းလိုက်သူတွေပြန်ရောက်လာသည့်အခါ နင်းကျောက် ကောက်ကျစ်စွာပြုံးလိုက်လေ၏။

// ကြည့်ရတာ ချင်းအာက ဉက္ကဌယုဆီကနေ ကျောက်စိမ်းပြားခိုးလာတာပဲဖြစ်ရမယ်...ဒီလိုသာဆို ဉက္ကဌယု လီလော့ကို လွှတ်ပေးမှာမဟုတ်ဘူး..... //

" ချင်းအာ...နင်ဒီကောင်လေးကို ဘယ်လောက်သဘောကျ ကျ..နင့်အမေကတော့ဒီအတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဘူး......."

All Chapters