ဒုဉက္ကဌ နင်းချိုး....
Vol. 16 Ch. 221
ရွှေနဂါးဘဏ်တိုက်၏ သိုလှောင်ရုံအပြင်ဘက်တွင်.....
သိုလှောင်ရုံတံခါးပွင့်လာသည်ကို မြင်သည်နှင့် လီလော့အတော်ပျော်ရွှင်သွားလေ၏။ရွှေနဂါးဘဏ်တိုက်ကျေးဇူးကြောင့်သာ အရာရာအဆင်ပြေချောမွေ့သွားသည်မဟုတ်လော.....
" စိတ်မပူပါနဲ့.....ဒီပစ္စည်းတွေနဲ့ဆို ရှီးယန်ကပြသာနာကို လွယ်လွယ်ဖြေရှင်းနိုင်မှာပါ....."
" ချင်းအာ....နင့်ကို တကယ်ကျေးဇူးတင်ပါတယ်...."
လုချင်းအာ ပြန်ပြုံးပြဖို့ရှိသေး အေးစက်တဲ့ဝန့်တားသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
" ရပ်လိုက်...."
လီလော့တို့ဆီ ဉီးတည်လျှောက်လှမ်းလာသော လူတစုကို သက်လတ်ပိုင်းအရွယ် ယောက်ကျားတဉီး ဉီးဆာင်လာခြင်းဖြစ်သည်။
ထိုသူသည် အခြားသူမဟုတ်....နင်းကျောက်၏ ဖခင် ရွှေနဂါးဘဏ်တိုက်၏ဒုဉက္ကဌ နင်းချိုးဆိုသူပင်......
" အဖေ...."
" အဲ့တာ ဒုဉက္ကဌ နင်းချိုးလေ....."
လုချင်းအာကိုကြည့်ရသည်မှာ ထိတ်လန့်နေပုံရသည်။ သူမသည် နင်းကျောက်ကိုကောင်းစွာကိုင်တွယ်နိုင်သောလည်း နင်းချိုးနှင့်ရင်ဆိုင်ရမည်ကိုတော့ ထိတ်လန့်နေလေ၏။
နင်းချိုးရောက်လာသည့်အခါ သိုလှောင်ရုံဝန်ထမ်းများကို လုပ်လက်စအလုပ်တွေအကုန်ရပိခိုင်းထားလိုက်သည်။
" မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ.....သိုလှောင်ရုံကို စိတ်ရှိတိုင်းဖွင့်လို့ရတယ်များ ထင်နေကြတာလား....!!!!"
"ကျွန်မမှာ ခွင့်ပြုစာရှိတယ်....အဲ့တော့ ဖွင့်ခွင့်ရှိတယ်....."
" ချင်းအာ....နင်ဒါကိုယူလာတာ နင့်အမေသိရဲ့လား...."
လုချင်းအာ၏ တုန့်ဆိုင်းနေမှုကိုမြင်သည့်အခါ နင်းချိုးက အကွက်ထဲရောက်ပြီဆိုသည့်သဘောဖြင့်......
" ဉက္ကဌရဲ့ ကျောက်စိမ်းပြားကိုခိုးယူတာ ပြစ်မှုမြောက်တယ်......နင်ကငယ်သေးတော့ ဒီတခါ လွှတ်ပေးလိုက်မယ်....နင်ဖယ်နေ... ကျန်တာတွေ ငါကြည့်ရှင်းလိုက်မယ်...."
လုချင်းအာ စိတ်ပျက်လက်ပျက်ဖြင့် လက်သီး ဆုပ်ထားလိုက်မိသည်။
// သားအဖ နှစ်ယောက်စလုံး -င်ကိုယားတယ်...ငါလိုချင်တာ ဆေးပင်လေးနည်းနည်းပါ....ဘယ်သူ့ထိခိုက်သွားလို့ ရေးကြီးခွင်ကျယ်တွေလုပ်နေရတာလဲ.....//
သို့သော်လည်း နင်းချိုးသည် ကျောက်စိမ်းပြားထုတ်ပေးရုံနှင့် လွယ်လွယ်ဖြေရှင်းလို့မရအောင် ပြသာနာရှာနေလေပြီ။
လီလော့ဘက်လည်း အသက်ပေါင်းများစွာကယ်တင်ရန် ဆေးဘက်ဝင်ပစ္စည်းများကို အလိုရှိနေသည်။
နင်းချိုးက လီလော့နှင့်လုချင်းအာတို့ကို လျစ်လျူရှုလိုက်ပြီး.....
" သိုလှောင်ရုံပိတ်လိုက်တော့......"
ဝန်ထမ်းတွေခင်မျာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နီးရာဓားကြောက်ရသည့်အတွက် သိုလှောင်ရုံတံခါးကို ချက်ချင်းပိတ်ဖို့ပြင်လိုက်ကြသည်။
လီလော့အတွက် လုချင်းအာ ကျောက်စိမ်းပြားခိုးခဲ့သည်ကို မနာလိုဖြစ်နေသော နင်းကျောက်၏မျက်နှာပေါ်တွင် အပြုံးကြီးကြီးတခုဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်းတံခါးမပိတိရသေးခင်မှာတင် ဝန်ထမ်းများက.....
" မဂ်လာပါ ဉက္ကဌယု...."ဟူ၍ တညီတညွှတ်တည်း ဂါရဝပြုနှုတ်ဆက်လိုက်ကြသည်။
ထုံးစံအတိုင်း အနီရဲရဲဝတ်စုံဝတ်ဆင်ထားသော ယုဟုန်ရှီကို နင်းချိုးတို့ကလည်း ယဉ်ကျေးမှုအရ နှုတ်ဆက်လိုက်ကြသည်။
" ဘာတွေဖြသ်နေကြတာလဲ... "
" ဉက္ကဌယု....မိန်းကလေးချင်းအာက ခင်ဗျားဆီကနေ ကျောက်စိမ်းပြားခိုးလာပြီး သိုလှောင်ရုံထဲက ပစ္စည်းလာထုတ်နေလို့ပါ...."
ယောက်ကျားဖြစ်ပြီး ပလောင်းပလဲပြောနေသော နင်းချိုးကြောင့် လုချင်းအာ လျှာကိုက်မိမလိုပင််ဖြစ်သွားရသည်။
လီလော့ကလည်း မနေသာတော့သည့်အတွက် သက်ပြင်းရှိုက်လိုက်ပြီး.....
" ဉက္ကဌယု....ဒီကိစ္စက လုချင်းအာနဲ့မဆိုင်ပါဘူး...ကျွန်တော်ကသာ ပစ္စည်းနှစ်မျိုးကို စျေးနှစ်ဆပေးပြီးဝယ်ဖို့တောင်းဆိုလိုက်တာပါ....ဒီလောက်ထိရှုပ်ထွေးကုန်မယ်လို့ မထင်ထားမိရိုးအမှန်ပါ...."
ဤအတိုင်းသာဆို လုချင်းအာတစ်ယောက် ကျောက်စိမ်းပြားကို သူ့အမေမသိအောင်ယူလာခဲ့သည်မှာ သေချာနေလေပြီ.... မည်သို့ပင်ဖြစ်စေ လုချင်းအာ အမှုမပတ်အောင် ကြည့်ရှင်းရတော့မည်သာ.....
လုချင်းအာဘက်က ငြင်းဖို့ပြင်လိုက်သော်လည်း ယုဟုန်ရှီက လက်ကာပြလိုက်ပြီး ....
"ဒုဉက္ကဌနင်း....ချင်းအာကို ကျွန်မကိုယ်တိုင် ခွင့်ပြုစာပေးလိုက်တာပါ.....စျေးနှစ်ဆပေးတဲ့ဝယ်သူကို ငြင်းနေစရာအကြောင်းမှမရှိတာ....."
ယုဟုန်ရှီ၏ ခုခံပြောဆိုပေးမှုကြောင့် လီလော့နှင့်လုချင်းအာတို့ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
နင်းချိုးတို့သားအဖသည်လည်း အံ့သြနေပြီး......
"ဉက္ကဌယုက ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ...."
နင်းချိုးသည် သားဖြစ်သူကို ဟန့်တားလိုက်ပြီး.....
" ဒါပေမယ့် လော့လန်အိမ်တော်ကို ဆေးပင်တွေရောင်းပေးလိုက်ရင် အနာဂတ်မှာဖြစ်လာမယ့်ဒုက္ခတွေကို ဉက္ကဌယု မစဉ်းစားတော့ဘူးလား....."
ယုဟုန်ရှီဘက်က လီလော့ကို ဆေးပင်ရောင်းပေးဖို့ဆုံးဖြတ်လိုက်ခြင်းသည် လော့လန်အိမ်တော်ကို တိုက်ခိုက်ချင်နေသည့် အင်အားစုများကို ဆန့်ကျင်လိုက်ခြင်းဖြစ်သည်။
" ဟားးဟားးး ကျွန်မတို့ ရွှေနဂါးဘဏ်တိုက်က ဒါမျိုးတွေကို ဘယ်တုန်းကများ ဂရုစိုက်ခဲ့ဖူးလို့လဲ.....ကျွန်မတို့က စီးပွားရှာနေကြတာ...ပြသာနာရှာနေကြတာမဟုတ်ဘူး....အကယ်၍ ကျွန်မတို့စီးပွားရေးကို လာနှောက်ယှက်ရင် သွေးချောင်းစီးသွားစေရမယ်......ကျွန်မပြောတာ သဘောပေါက်ရဲ့လား....."
ဘာမှဆက်ပြောနေစရာမရှိအောင် အပြောခံလိုက်ရသည့်အတွက် နင်းချိုးတို့လူတစု လှည့်ပြန်သွားကြလေတော့သည်။
" ဆေးပင်တွေသွားယူလာခဲ့....."
ဉက္ကဌကိုယ်တိုင်အမိန့်ပေးနေသည့်အတွက် ဝန်ထမ်းတွေကလည်း ဆေးပင်များကို အမြန်သွားယူပေးခဲ့ကြသည်။
ယုဟုန်ရှီကလူရှင်းသွားတော့မှသာ သမီးဖြစ်သူလက်ထဲက ကျောက်စိမ်းပြားကိုယူလိုက်ပြီး ချစ်စနိုးဖြင့် ပါးကိုညှစ်ကာ.....
" အမေ့ဆီကနေပြန်ခိုးရဲလောက်အောင် သတ္တိကောင်းနေတယ်ပေါ့....."
" ခိုးတာမဟုတ်ပါဘူး....ခဏယူသုံးတာပါ...."
လုချင်းအာက ယုဟုန်ရှီကို အားရပါးရပွေ့ဖက်လိုက်ပြီး.....
" မေမေက အကောင်းဆုံးပဲ....."
ဒုဉက္ကဌနင်းချိုးနှင့်အတိုက်ခံလုပ်ပြီး လီလော့ဘက်တွင် ရပ်တည်ပေးခဲ့သည့်အတွက် လုချင်းအာ အမှန်ပင်ပျော်ရွှင်နေလေ၏။
" ကျေးဇူးတက်ပါတယ် ဉက္ကဌယု...."
" ချင်းအာကိုကာကွယ်ပေးဖို့ကြောင့်သာမဟုတ်ရင် မင်းကို တခါတည်းကန်ထုတ်ပြီးနေပြီ....."
" ဟုတ်ပါတယ်....ဒါတွေအကုန် ကျွန်တော့်ကြောင့်ဖြစ်လာရတာပါ....ဒါ့ကြောင့် ချင်းအာကိုဘယ်နည်းနဲ့မှ အထိခိုက်မခံစေချင်ပါဘူး..."
" မင်းက ကျိုးကြောင်းဆီလျော်မှုတော့ရှိသားပဲ.."
ထိုအချိန်တွင် ဝန်ထမ်းများက ယူခိုင်းလိုက်သော ဆေးပင်များကို ယူလာပေးကြပြီဖြစ်သည်။
" လီလော့.....ဒီဆေးပင်တွေက သာမန်ဆိုစျေးသိပ်မကြီးပေမယ့် အရေးပေါ်အခြေနေဖြစ်နေတာကြောင့် ပုံမှန်ထက်စျေးပိုပေးရလိမ့်မယ်....."
လီလော့ ခေါင်းညိတ်လိုက်ပါသည်။အကယ်၍ ဤဆေးပင်များသာမရခဲ့ပါက တန်ယွမ်နှင့်ကျန်သောသူများ သေဆုံးရမည်ဖြစ်ပြီး ရှီးယန်စံအိမ်၏ဂုဏ်သတင်းသည်လည်း အစရှာမရအောင် ပျက်စီးရလိမ့်မည်သာ.....
ထို့ကြောင့် စျေးနှစ်ဆပေးရခြင်းကို နည်းနည်းလေးမျှ နှမြောနေစရာမလိုပေ။
" အမေ..."
လုချင်းအာက ယုဟုန်ရှီရဲ့ဝတ်ရုံစကိုဆွဲပြီးစိုးရိမ်သည့်အကြည့်ဖြင့်ကြည့်လိုက်သော်လည်း လျစ်လျုရှု ခံလိုက်ရသည်။
" ရွှေနဂါးဘဏ်တိုက်က ဘယ်တော့မှ ရှုံးမယ့်အလုပ်မလုပ်ဘူး....မင်း ငါတို့ပေါ်အကြွေးတစ်ခုတင်နေပြီ.... ဒီအကြွေးကိုနောက်တော့မှတောင်းမယ်...."
" ဟုတ်ကဲ့....ကျွန်တော် တတ်နိုင်တဲ့အရာဆို ဘာမဆိုလုပ်ပေးပါ့မယ်....."
" ကောင်းပြီ....မင်း ကိုယ့်စကားကိုယ်မမေ့နဲ့... "