← Chapters

ယုဟုန်ရှီ၏ ကမ်းလှမ်းမှု.....

Vol. 16 Ch. 222

ယုဟုန်ရှီ၏ ကမ်းလှမ်းမှု.....

Vol. 16 Ch. 222

လီလော့ကို ဘဏ်တိုက်အဝင်ဝရောက်သည်အထိ လုချင်းအာတို့သားအမိ လိုက်ပို့ပေးခဲ့ကြသည်။

ဆေးပင်များကိုတော့သေချာထုပ်ပိုးပြီး လှည်းပေါ်တင်ပေးလိုက်သဖြင့် အကြီးအကဲကျန်းတို့က သေချာစောင့်ကြပ်ပြီး ပြန်နှင့်ကြပြီ.....

ယုဟုန်ရှီက လီလော့ကို ကြည့်ပြီး သက်ပြင်းချလိုက်ကာ.....

" လီလော့...နင် ဆေးပင်တွေဝယ်နိုင်ခဲ့ပေမယ့် ပညာရှင်တွေကို ကယ်တင်ပေးဖို့ အာမခံချက်မရှိဘူးနော်....ရန်သူကိုလျှော့မတွက်နဲ့....သူတို့တွေက အချိန်အကြာကြီးသေချာပြင်ဆင်ထားတာဆိုတော့ လွယ်လွယ်ပြီးသွားမှာမဟုတ်ဘူး....."

လီလော့ကလည်း သေချာစဉ်းစားလိုက်ပြီး....

" ကျေးဇူးတင်ပါတယ် ဉက္ကဌယု...ကျွန်တော်အကောင်းဆုံး ကြိုးစားမှာပါ....."

" တခါတလေကျရင် အကောင်းဆုံးကြိုးစားရုံနဲ့မလုံလောက်ဘူး.....အကယ်၍ အကောင်းတိုင်းဖြစ်ဖို့ခက်ခံမယ်ဆို အမြီးဖြတ်လိုက်တာကမှ ပိုကောင်းလိမ့်မယ်......"

"အာ....အိမ်မြှောင်တွေလိုလား...."

" ရွှေနဂါးဘဏ်တိုက်ဘက်က နင်တို့ရှီးယန်စံအိမ်ကို ကာလပေါက်စျေးပေးပြီးဝယ်မယ်....လော့လန်အိမ်တော် အခြေနေတည်ငြိမ်သွားရင် နင်တို့တွေကို ဝယ်စျေးအတိုင်းပြန်ရောင်းပေးပါ့မယ်...."

ထိုကမ်းလှမ်းချက်ကြောင့် လီလော့တွေဝေနေလေ၏။

ဤသည်မှာ အကောင်းမွန်ဆုံးသောကမ်းလှမ်းချက်ဖြစ်သည့်အပြင် ရှီးယန်အိမ်တော်ကိုလည်း ဘေးကင်းစေလိမ့်မည်။

ထိုကမ်းလှမ်းချက်က သူ့အပေါ် အင်မတန်ညှာတာပေးထားမှန်းသိသာလွန်းလှသည်။

သူမဆိုလိုချင်သည့်သဘောထားကို လီလော့ကောင်းစွာနားလည်ပါသည်။

ထူးဆန်းနေသည်မှာ သူမ၏အုပ်ချုပ်မှုအောက်တွင်ရှိသော ရွှေနဂါးဘဏ်တိုက်သည် လော့လန်အိမ်တော်နဲ့ အထူးတလည်ရင်းနှီးခြင်းမျိုးမရှိခဲ့ခြင်းပေ။

မည်သို့ပင်ဖြစ်စေ ထိုကမ်းလှမ်းချက်ကို လီလော့လက်ခံမည်မဟုတ်....

" အခုလို စဉ်းစားပေးတဲ့အတွက် ကျေးဇူးပါပဲ....အဆိုးဝါးဆုံး အခြေနေမရောက်သေးသ၍ အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါဉီးမယ်...ရှီးယန်က ကျွန်တော့်မိဘ လ​က်ငုပ်လက်ရင်းဖြစ်တာမို့ လွယ်လွယ်မစွန့်ပစ်နိုင်လို့ပါ....."

လီလော့၏ အဖြေကို အံ့သြဟန်မပြဘဲ ယုဟုန်ရှီ ခေါင်းငြိတ်လက်ခံလိုက်ပါသည်။

" ဒါဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါဉီး....."

လီလော့သည် ယုဟုန်ရှီတို့ကို နှုတ်ဆက်ပြီးသည်နှင့် ချက်ချင်း လှည့်ပြန်သွားလေတော့သည်။

" ဒီကောင်လေးက အပေါ်ယံကြည့်တော့သာ ရည်မွန်သလိိုလိုနဲ့ သူ့အဖေလို မာနကြီးသားပဲ....."

ယုဟုန်ရှီက လီလော့ရဲ့ကျောပြင်ကိုကြည့်ပြီး သမီးဖြစ်သူကို ပြောလိုက်သည်။

" ကျေးဇူးပါ မေမေ...."

" ဘာအတွက်လဲ.... "

" ဒီနေ့ကူညီပေးတာတွေအတွက်ရယ် လီလော့အတွက် ကယ်ပေါက်ချန်ပေးတဲ့အတွက်ရယ်ပါ....."

သူမ၏ မိခင်သည် အရှုံးပေါ်မည့်အလုပ်မျိုး ဘယ်တော့မှ လုပ်မည့်သူမဟုတ်မှန်း လုချင်းအာအသိဆုံးဖြစ်သည်။ သို့သော်လည်း အခွံသာရှိတော့သော ရှီးယန်စံအိမ်ကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့သည်မဟုတ်လော.....

လီတိုင်ရွှမ်းတို့လက်ထဲကနေ ကျန်းချင်းအာလက်ထဲကို ရောက်သွားသည်အထိ လော့လန်အိမ်တော်၏ စီးပွားရေးမှန်သမျှကို ယုဟုန်ရှီဘက်က အဆက်အဆံမလုပ်ခဲ့ခြင်းကို လုချင်းအာ သိနိုင်လိမ့်မည်မဟုတ်ပေ။

လီတိုင်ရွှမ်တို့ ရှီးယန်စံအိမ်ကို စတင်တည်တောင်စဉ်က ထိုလင်မယားနှင့်မပတ်သတ်ချင်၍ ခပ်ကင်းကင်းနေခဲ့ပါသည်။ထို့နောက် ကျန်းချင်းအာ လက်ထဲသို့ရောက်လာပြန်တော့လည်း တန်တိုင်လန်နှင့်အကျင့်စရိုက်ချင်းတူလွန်းသော ကျန်းချင်းအာကြောင့် ခပ်ကင်းကင်းနေခဲ့မိပြန်သည်။

ကျန်းချင်းအာကိုမြင်လိုက်တိုင်း တန်တိုင်လန်ဆိုသောအမျိုးသမီးကိုသာမြင်ယောင်နေမိသောကြောင့်ပင်.....

ထို့အပြင် ကျန်းချင်းအာသည် သူမလိုပြတ်သားတိကျသူဖြစ်သောကြောင့် ရေရှည်အဆင်ပြေကြလိမ့်မည်မဟုတ်။

သို့သော်လည်း လီလော့ကတော့ ဖော်ရွှေရည်မွန်ပြီး အခြေနေအချိန်အခါလိုက် လိုတိုးပိုလျော့လုပ်နိုင်သူဖြစ်သောကြောင့် လီတိုင်ရွှမ်း၏သား ပီသသည်ဟုဆိုရလိမ့်မည်။

ဤအချက်ကြောင့်လည်း သူမဘက်က အခုလိုအကူညီပေးဖို့ ကမ်းလှမ်းခဲ့ခြင်းပင်.....

........................................................

ရှီးယန်စံအိမ်၏မနီးမဝေးရှိ စားသောက်ဆိုင်သီးသန့်ခန်းထဲတွင်.....

လီလော့တို့လူတစု ဆေးပင်များဝယ်ယူပြီး ပြန်လာသည်ကို ဖေဟောင် ကြားလိုက်ရသည့်အတွက်.....

" သူတို့ဆေးပင်တွေရလာတယ်ပေါ့....အထင်ကြီးစရာပဲ..... "

" သခင်လေး...ဒါဆို ရှီးယန်က အခက်အခဲကနေ လွတ်မြောက်တော့မှာပေါ့....."

အတူထိုင်နေသော ဖန်ချန်းချီက စိုးရိမ်တကြီးမေးလိုက်ခြင်းဖြစ်သည်။

" အဲ့လောက်လွယ်မယ်ထင်လို့လား...ကျုပ်ရဲ့အဆိပ်က ထိပ်တန်းအဆင့်ဆိုတော့ အလွယ်တကူ ကုသဖို့လုံးဝမဖြစ်နိုင်ဘူး.....ဖြေဆေးအတွက်လိုအပ်တဲ့ဆေးပင်တွေရှိနေရင်တောင် လီလော့ခေါ်လာတဲ့ သမားတော်တွေ ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး....."

" ဒါ...ဒါဆို လီလော့ခေါ်လာတဲ့သမားတော်တွေကို သခင်လေးစစ်ဆေးပြီးပြီပေါ့.... ."

" ခင်ဗျားက ကျူပ်ကို ဘာမှမလုပ်ဘဲ လက်ဖက်ရည်ကြမ်းထိုင်သောက်နေတယ် ထင်နေတာလား......"

ဖေဟောင်နောက်မှီထိုင်ချလိုက်သောအခါ ရွှေဓားသဏ္ဍန်နားဆွဲလေးသည် နေရောင်ခြည်အောက်တွင် တလက်လက်တောက်ပနေလေ၏။

" ရှမြို့တော်က သမားတော်အနည်းစုလောက်ပဲ ဒီအဆိပ်ကိုဖြေပေးနိုင်မှာ....အဲ့လူတွေအကုန်လုံးကို အဝေးပို့ထားပြီးပြီ......"

ဖန်ချန်းချီသည် ဖေဟောင်ကို အမြင်သစ်ဖြင့် ကြည့်လိုက်မိသည်။ ထိပ်တန်းသမားတော်အားလုံးကို လွယ်လွယ် ပထုတ်ထားနိုင်သည်ဆိုသောကြောင့် ဖေဟောင်၏ နောက်ခံအင်အားစုသည် တော်တန်ရုံတော့ ဟုတ်လိမ့်မည်မထင်......

" ဒါဆို ရှီးယန်စံအိမ်ပျက်စီးသွားတဲ့အတွက် သခင်လေးကို ကြိုတင်ဂုဏ်ပြုရတော့မှပေါ့...."

" မဟုတ်သေးဘူး....ကျုပ် ဆရာသခင်လင်မယားထားခဲ့တဲ့အမွေနှစ်ကို ဘယ်ပျက်စီးအောင် လုပ်ရက်ပါ့မလဲ....ကျုပ်က ရှီးယန်ကို လီလော့လက်ထဲမှာ တိုးတက်လာတာမမြင်ချင်ရုံပါ.....ဒီအတိုင်းသာ လွှတ်ထားလိုက်ရင် အချိန်ကြာလာတာနဲ့အမျှ ရှီးယန်ကပိုပြီး အင်အားတောင့်လာလိမ့်မယ်.....ကျုပ် လီလော့ကို လျှော့တွက်ခဲ့မိတာ ဝန်ခံပါတယ်....."

လီလော့၏ လက်တလောလှုပ်ရှားမှုများကြောင့် ဖေဟောင် အထိတ်တလန့်ဖြစ်ခဲ့ရသည်။

နှစ်ဝက်အတွင်း တိုးတက်လာမှုများသည် မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။

အစစ်အမှန် အိမ်တော်သခင်၏ သြဇာအာဏာတစတစ ကြီးထွားလာသည်နှင့်အမျှ သူ့ဘက်တော်သားများကလည်း ဘက်ပြောင်းဖို့ ကြံရွယ်နေကြပြီဖြစ်သည်။ထို့ကြောင့် ထိုသူများ လုံးလုံးလျားလျား ဘက်မပြောင်းချင် လုပ်သင့်လုပ်ထိုက်တာမှန်သမျှ ကြိုတင်စီစဉ်ရတော့မည်သာ.....

မည်သို့ပင်ဆိုစေ လီလော့ကသာ လော့လန်အိမ်တော်၏ ဆက်ခံသူအစစ်အမှန်ပါ......

ကျန်းချင်းအာပင်လျှင် လီလော့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း ကျန်းချင်းအာသည် လီလော့နှင့်စေ့စပ်ထားသည့်အတွက် နှစ်ဉီးသားတက်ညီလက်ညီပူးပေါင်းလိုက်ပါက လော့လန်အိမ်တော် တည်ငြိမ်စေဖို့ များစွာအားထုတ်နေစရာလိုလိမ့်မည်မဟုတ်။

ဤအတိုင်းသာဆို လာမည့်နှစ်ဝက်အတွင်းကျင်းပမည့် မိသားသု စုဝေးပွဲတွင် ဖေဟောင် ကန်ထုတ်ခံရမည်မှာ သေချာသလောက်ရှိနေပြီဖြစ်သည်။

" သခင်လေးက ထက်မြက်ထူးချွန်သူပါ...လီလော့လို မွေးကင်းစလေးက သခင်လေးကိုဘယ်ယှဉ်နိုင်မှာလဲ....."

" ဒါတော့ ဒါပေါ့....သူက တရားဝင်ဆက်ခံသူဖြစ်တဲ့အပြင် အိမ်တော်သခင်နှစ်ပါးချန်ထားပေးခဲ့တာတွေလည်းရှိသေးတယ်လေ....."

" သခင်လေးကလည်း လီလော့မှာ သူ့မိဘတွေချန်ထားပေးခဲ့တာကလွဲရင် ဘာရှိလို့လဲ.....သူမိဘတွေကလည်း ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းသိတာမှမဟုတ်တာ....."

သို့တိုင်အောင် ဖေဟောင်၏ ခံစားချက်များကို ဖန်ချန်းချီ ကောင်းစွာနားလည်ထားပါသည်။ အိမ်တော်သခင်နှစ်ပါး၏ ချစ်ခြင်းမေတ္တာအလုံးစုံကို ရရှိထားသော လီလော့သည် ဖေဟောင့်အတွက်တော့ နှလုံးသားထဲစိုက်ဝင်နေသည့် ဓားတစ်လက်သဖွယ်ပင်....

တဖက်က တွေးကြည့်ပြန်တော့လည်း သနားဖို့ကောင်းနေပြန်သည်။

ဖန်းချန်းချီ အတွေးထဲမျောနေစဉ်တွင် ဖေဟောင်ကတော့ ရှီးယန်ရုံးချုပ်ကိုသာစိုက်ကြည့်နေပြီး ခပ်ဖျော့ပြုံးကာ.....

" လီလော့....ငါမပိုင်ဆိုင်ရရင် မင်းလည်း မပိုက်ဆိုင်နိုင်အောင် အားလုံးကို ဖျက်ဆီးပစ်မယ်....."

All Chapters