အဆိပ်ဖြေဆေး....
Vol. 16 Ch. 223
လီလော့သည် ဆေးပင်များကို ရုံးချုပ်ထဲယူလာနိုင်တော့မှသာ သက်ပြင်းချနိုင်ရှာတော့သည်။
" သခင်လေးကြောင့် ကျွန်မတို့သောကတွေ ငြိမ်းအေးနိုင်ပြီ...."
ချိုင်ဝေပင်လျှင် ပျော်ရွှင်နေလေ၏။
"တခြားသူတွေ ဘာမှဝယ်မရဘူးမလား...."
သူတို့၏အမူအရာများကိုကြည့်ပြီး လီလော့အခြေနေကို ကောင်းစွာ အကဲခတ်နိုင်ခဲ့သည်။
" ပယင်းပိုးမြစ်နဲ့ ယမ်းစိမ်းရည်က ဘယ်မှာမှဝယ်လို့မရဘူး...."
ကျန်းချင်းအာက ကြုံတွေ့ခဲ့ရသည့်အခြေနေကို ရှင်းပြနေ၏။
"စိတ်မပူနဲ့တော့..နင်ငါ့ကို ရွှေနဂါးဘဏ်တိုက်ဆီသွားခိုင်းတာ တကယ်ကံကောင်းသွားတယ်......"
ထိုအချိန်တွင် ယန်လင်းချီက လီလော့ သယ်လာသော ဆေးပင်များကိုကြည့်ပြီး.....
" ဒါတွေ ရွှေနဂါးဘဏ်တိုက်မှာ ဘယ်လိုလုပ်ရှိနေတာလဲ....ဖေဟောင် အကုန်ဝယ်သွားပြီမဟုတ်လား....."
" ဟုတ်တယ်..ဖေဟောက် အကုန်ဝယ်သွားတယ်...ဒါတွေကို သိုလောင်ရုံထဲကနေ သွားဝယ်လာရတာ....."
" ဝိုးးး ငါကြားဖူးတာတော့ ဉက္ကဌရဲ့ခွင့်ပြုစာပါမှ သိုလှောင်ရုံကိုဖွင့်လို့ရတာဆို....."
ယန်လင်းချီ၏ လေသံသည် တခုခုကို အတိအကျရည်ညွှန်းနေသလိုပင်.....
" ဘာပဲဖြစ်ဖြစ် ဉက္ကဌယု ကျေးဇူးကြောင့်သာ ဒီဆေးပင်တွေရလာခဲ့တာ....."
လီလော့က အားလုံးသိအောင် အခြေနေအရပ်ရပ်ကို အတိုချုံးရှင်းပြလိုက်သည့်အခါ ကျန်းချင်းအာက.......
" နင်မို့လိုသာ ဒီလို သယ်လာနိုင်တာ ငါသွားရင် သိုလှောင်ရုံရှေ့ရောက်ဖို့မပြောနဲ့ ယုဟုန်ရှီက လာတွေ့မှာတောင်မဟုတ်ဘူး.... "
" တကယ်ကြီးလား....."
လီလော့ တအံ့တသြမေးသည်ကို ကျန်းချင်းအာက ခေါင်းညိတ်ပြလိုက်သည်။
ယုဟုန်ရှီသည် သူမလို ခေါင်းမာသောအကျင့်စရိုက်ရှိသောကြောင့် တိုင်တန်လန်နှင့်အကျင့်စရိုက်ချင်းတူသော သူမကို ဘယ်နည်းနဲ့မျှ အမြင်ကြည်လိမ့်မည်မဟုတ်။ထို့အပြင် ကျန်းချင်းအာဘက်ကလည်း သူမ၏ စံပြပုဂ္ဂိုလ်ကို ကြည့်မရသောသူဆီမှာ ဘယ်သောအခါမျှ ခေါင်းငုံ့တောင်းဆိုလိမ့်မည်မဟုတ်ပေ။
ကျန်းချင်းအာက သမားတော်တွေဘက်ကိုလှည့်ကာ.....
" လိုအပ်တဲ့ဆေးပင်တွေရလာပြီ....အဆိပ်ဖြေဆေးဖော်ဖို့ လုပ်ကြပါဉီး....."
" ကောင်းပါပြီ....သခင်မလေး ကျန်းချင်းအာတောင်းဆိုနေမှတော့ အကောင်းဆုံးကြိုးစားပေးရမှာပေါ့....ကျွန်တော့်ဆရာ ခရီးသွားနေလို့ပေါ့ဗျာ...သူသာရှိရင် ပိုအဆင်ပြေမှာ......"
ထိုသို့ပြောလိုက်သူသည် နွေးထွေးပုံရသော လူငယ်သမားတော်တဉီးဖြစ်ပြီး ကျန်းချင်းအာနှင့်စကားပြောနေရသည်ကို အကြီးအကျယ်စိတ်လှုပ်ရှားနေပုံရသည်။
" ဒါဆို ရှင့်ကိုပဲအားကိုးရတော့မယ်...."
ထိုသူကို မှတ်မိသွားသည့်အခါ လီလော့ ခပ်ဟဟရယ်မောလိုက်မိသည်။ ထိုသူသည် ချင်းဝမ် ဖြစ်ပြီး ရှမြို့တော်တွင် နာမည်ရနေသော သမားတော်တစ်ဉီးဖြစ်သည့်အပြင် သူ့ဆရာကလည်း ရှပြည်ထောင်စု၏ အကောင်းဆုံးသမားတော်စာရင်းဝင်တဉီးဖြစ်သည်။ သို့သော်လည်း ချင်းဝမ်၏ဆရာသခင်ကို လီလော့မငှားရမ်းနိုင်ခဲ့ပေ။
တခဏအကြာတွင် ခန်းမတခုလုံးတွင် ဆေးပင်ရနံ့များပျံ့လွှင့်လာလေသည်။
လီလော့နှင့်ကျန်းချင်းအာတို့ကလည်း ခန်းမထဲတွင် ရှိနေခဲ့ပြီး အခြေနေအရပ်ရပ်ကို စောင့်ကြည့်နေခဲ့ကြသည်။ လီလော့ဝယ်ယူလာသောဆေးပင်များသည် တန်ဖိုးကြီးမားသောကြောင့် အလေအလွှင့်မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းမှဖြစ်မည်။
ဧကရာဇ်ကို ကုသပေးဖို့အတွက် ဆေးပညာများကို လေ့လာခဲ့သော်လည်း အခြေခံလောက်သာ သိထားသည့်အတွက် လီလော့ကိုယ်တိုင် ဖြေဆေးမဖော်နိုင်သေးပေ။
" ချင်းအာ....သူတို့တွေ ဖြေဆေးဖော်နိုင်ပါ့မလား.....ဒါမှမဟုတ် ဖြေဆေးကရော ထိရောက်ပါ့မလား....."
" နင်ဘယ်လိုထင်လဲ...."
" မသေချာဘူး...ဖေဟောင်ရဲ့အကြံအစည်တွေက ဟာကွက်မရှိပြည့်စုံနေတယ်....လွယ်လွယ်နဲ့သာ ဖြေရှင်းနိုင်မယ်ဆို တခုခုမှားနေလို့ပဲဖြစ်ရမယ်....."
" လီလော့....ငါနင့်ကို မပြောရသေးတာတခုရှိတယ်....နင် ဆေးပင်တွေသွားရှာနေတုန်း ငါလည်း သမားတော်တွေသွားရှာခိုင်းလိုက်တယ်....ရှမြို့တော်ရဲ့ ထိပ်တန်းသမားတော်တွေ တစ်ယောက်မှမြို့ထဲမှာမရှိကြဘူး....."
ထိုစကားကြောင့် လီလော့ မျက်လုံးပြူးသွားလေ၏။
ဒီလိုလုပ်နိုင်လောက်တဲ့ထိ အင်အားကြီးတဲ့သူတွေ ဖေဟောင့်ဘက်မှာရှိနေတာလား.....
" ဒီခွေးသားကတော့ကွာ....."
လီလော့ ကျိန်ဆဲနေတုန်းမှာ ချိုင်ဝေရောက်လာပြီး.....
" အဆိပ်မိထားတဲ့သူတွေ အခြေနေပိုဆိုးနေပြီ....ပြီးတော့ သခင်လေးရဲ့လျှို့ဝှက်ရေအရင်းမြစ်ကြောင့် အဆိပ်သင့်ရတယ်ဆိုပြီသ အပြင်မှာ သတင်းတွေပျံ့နေပြီ......."
မဟုတ်တမ်းတရား ကောလဟာလများသည် ရှီးယန်ကို ပျက်စီးစေရုံသာမက လီလော့ကိုပါ ထိခိုက်စေလိမ့်မည်။
ကျန်းချင်းအာနှင့်လီလော့တို့ အကြည့်ချင်းဖလှယ် လိုက်ကြသည်။ ယခုချိန်တွင် ကောလဟာလများကို ဖြေရှင်းမည့်အစား အရင်ဆုံး အဆိပ်ဖြေဆေးဖော်နိုင်ဖို့သာ အရေးကြီးဆုံးဖြစ်နေသည်။
စိတ်လှုပ်ရှားစွာစောင့်ကြည့်နေခဲ့ကြသည်မှာ အချိန်နှစ်နာရီခန့်ကုန်လွန်ခဲ့လေပြီ......
ထိုအချိန်တွင် အစိမ်းရောင်အရည်များပါဝင်သော ပုလင်းတလုံးကိုကိုင်ထားသော ချင်းဝမ် နံဘေးတွင် သမားတော်များ စုဝေးနေကြပြီ။
ထိုအချင်းအရာကို ကြည့်ချင်းအားဖြင့် တဝက်လောက်တော့ပြီးသွားပြီဖြစ်ကြောင်း ခန့်မှန်းနိုင်ပါသည်။
ဝိဉာဉ်ရည်သန့်စင်ရေးကဲ့သို့ပင် ဆေးရည်ဖော်စပ်ရာတွင်လည်း ပဲ့တင်ထပ်သံစွမ်းအားများကိုပေါင်းထည့်ပြီး နောက်ဆုံးအဆင့်ကို လုပ်ဆောင်ရပေဉီးမည်။ ဆေးပညာနယ်ပယ်တွင် ထိုအဆင့်ကို နိုးထခြင်းအဆင့်ဟုခေါ်ကြသည်။
ပထမဆုံးသော အဆိပ်ဖြေဆေးကို ချင်းဝမ်အောင်မြင်စွာဖော်သပ်လိုက်နိုင်သောကြေညင့် ပြင်းထန်စူးရှသော ရနံများ ထောင်းကနဲလှိုက်တက်လာလေ၏။
ထိုအနံ့ကြောင့် သမားတော်များ၏မျက်နှာပေါ် ကျေနပ်အားရသော အပြုံးများဝေဆာနေလေ၏။
" ညီအစ်ကိုချင်းက ဆရာကြီးလုလုံရဲ့လက်ရင်းတပည့် ပီသပါပေ့ဗျာ......
ထိုသို့သော ချီးကျုးသံများကြောင့် ချင်းဝမ်က ရင်ဘတ်ကိုတ ရင်ဗုန်းဗုန်းထုကာ.....
"သခင်မလေး ကျန်းချင်းအာ အမိန့်အတိုင်း ကျူပ်ဖြေဆေးဖော်နိုင်ခဲ့ပြီ....."
" ဆရာကြီးလုလုံကတော့ သမားတော်ချင်းကို ဂုဏ်ယူနေမှာအမှန်ပဲ...ဒါဆို ဖြေဆေးကိုအရင်စမ်းသပ်ကြည့်ကြရအောင်..."
ကျန်းချင်းအာ အချက်ပြလိုက်သည်နှင့် ဝန်ထမ်းအချို့က အဆိပ်မိထားသူများအန်ထုတ်ထားသည့် သွေးများကို စုဆောင်းထားသော သေတ္တာကြီးတခုကို သယ်လာပေးခဲ့ကြသည်။
ထိုသေတ္တာထဲတွင် မည်းနက်စေးပျစ်နေသော သွေးများအပြည့်ရှိနေသည်။
" ဒါ အဆိပ်မိထားသူတွေရဲ့သွေးတွေ....ဖြေဆေးသာ အလုပ်ဖြစ်မယ်ဆို ဒီသွေးတွေကို သန့်စင်နိုင်လိမ့်မယ်....."
ချင်းဝမ်က ဆေးရည်အနည်းငယ်ကို သေတ္တာထဲသို့လောင်းထည့်လိုက်လေသည်။
ဆေးရည် ကျဆင်းသွားသည်နှင့် အစိမ်းရောင်အငွေ့များထွက်ပေါ်လာကာ တရှဲရှဲမြည်ငံများဖြင့် အဆိပ်များကို စတင်ဝါးမြိုလေတော့သည်။
အနက်ရောင် သွေးများ တဖြည်းဖြည်း အနီရောင်သမ်းလာခဲ့သည်။
" အလုပ်ဖြစ်တယ်....."
ပျော်ရွှင်နေမှုများသည် စက္ကန့်ပိုင်းမျှသာ ရှည်ကြာခဲ့ပြီး အစိမ်းရောင်အရည်များကွယ်ပျောက်သွားကာ တမဟုတ်ချင်း အနက်ရောင်ပြောင်းသွားလေ၏။
ထို့အပြင် ဆိုးဝါးလွန်းသော အနံအသက်များပါထွက်ပေါ်လာသောကြောင့် ဖြေဆေး မအောင်မြင်ကြောင်း လက်မခံချင်သော်လည်း လက်ခံရတော့မည်သာ.....
သမားတော်များ မျက်နှာဖြူဖျော့နေလေပြီ။
လီလော့နှင့် ကျန်းချင်းအာတို့အကြည့်ချင်းဆုံသွာခဲ့ကြသည်။
အဆိပ်သည် ၎င်းတို့မှန်းဆထားသည်ထက် များစွာပြင်းထန်နေသည်မဟုတ်လော.....
ဖေဟောင်သည် လီလော့တို့ထက် ခြေတလှမ်းသာနေခဲ့ပြန်ပြီ.....ရှီးယန်ပျက်သုန်းသည်အထိ ထိုခြေလှမ်းများကို ရပ်တန့်လိမ့်မည်မဟုတ်ပေ........