← Chapters

တဝက်တပျက်ထုတ်ကုန်များ.....

Vol. 16 Ch. 224

တဝက်တပျက်ထုတ်ကုန်များ.....

Vol. 16 Ch. 224

ယခုချိန်တွင် ခန်းမတခုလုံးတွင် မှုန်မှိုင်းသော အငွေ့အသက်များသာပြည့်နှက်နေလေ၏။

တခြားသော သမားတော်များသည် ချင်းဝမ်လောက်မထူးချွန််ကြသည့်အတွက် ဖြေဆေးဖော်ဆပ်ဖို့မဖြစ်နိုင်ပေ။

အဆိပ်သင့်ထားသူများကလည်း အချိန်နှင့်အမျှ အ​ခြေနေဆိုးလာသည့်အတွက် အဆိပ်ဖြေဆေးဖော်မှု မအောင်မြင်ပါက ပညာရှင်များ သေဆုံးကုန်မည်ဖြစ်ပြီး ကောလဟယလများကိုလည်း ဖြေရှင်းနိုင်တော့မည်မဟုတ်ပေ။

လီလော့သည် ဒေါသထွက်နေခြင်းမဟုတ်သော်လည်း အရင်ကထည် မျက်နှာထားတည်တင်းနေပြီး......

" ဖြေဆေးက လုံးဝမအောင်မြင်တာတော့မဟုတ်ဘူး.....ကုသမှုစွမ်းအားမလုံလောက်တာပဲဖြစ်ရမယ်...."

ဟုတ်ပေသည်။မျက်စိရှေ့မှောက်တွင် ပါဝင်ပစ္စည်းများကို ဆေးညွှန်းအတိုင်းဖော်စပ်ထားခြင်းဖြစ်သောကြောင့် မှားယွင်းနေခြင်းမဟုတ်နိုင်ဘဲ ဖော်စပ်သူ၏ စွမ်းအားမလုံလောက်ခြင်းသာဖြစ်လိမ့်မည်။

ချင်းဝမ်က မျက်မှောင်ကြုံ့လိုက်ပြီး.....

" သခင်လေး ဆေးပညာနားလည်မှန်းသိပါတယ်...ဒါပေမယ့် နားလည်ရုံနဲ့မှမလုံလောက်တာ....ကျုပ်ဖော်စပ်ထားတဲ့ ဖြေဆေးက အောင်မြင်တယ်....ဒါပေမယ့် အဆိပ်ကသိပ်ပြင်းလွန်းနေတာ...."

" သခင်လေးနဲ့ သခင်မလေး....ကျုပ်တို့ ဘာမှမလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး...."

အခြားသော သမားတော်များကလည်း လီလော့နှင့်ကျန်းချင်းအာကို အားနာသည့်အနေဖြင့် တောင်းပန်နေကြသည်။

ချင်းဝမ်၏ ကျရှုံးမှုကြောင့် သမားတော်အားလုံး ယုံကြည်မှု ဆိတ်ဝုန်းကုန်ကြပြီ......

လက်ရှိ ရှီးယန်တွင်ရောက်နေသော သမားတော်များသည် ရှ​မြို့တော်အတွင်းတွင် လတ်တလော ငှားရမ်းနိုင်သည့် အကောင်းဆုံးသမားတော်များဖြစ်ကြသည်။ ထိုသူများပင် မစွမ်းဆောင်နိုင်သောကြောင့် မျှော်လင့်ချက်ကုန်ဆုံးနေလေပြီ....ထို့ကြောင့်ကျန်းချင်းအာသည် မျက်ခုံးနှစ်ခုထိစပ်လုမတတ် မျက်မှောင်ကြုံ့နေလေ၏။

ထို့အပြင် ချင်းဝမ်နှင့်ပတ်သတ်၍လည်း တခုခုမှားယွင်းနေသည်ဟု ခံစားနေသဖြင့် လီလော့ကိုတချက်လှမ်းကြည့်လိုက်သည်။

ချင်းဝမ်သည် စောနက ဖြေဆေးဖော်ဖို့ တကကြွနေသုမလိုသလို အလွယ်တကူလက်လျှော့လိုက်ခြင်းသည် သံသယဖြစ်ဖွယ်ကောင်းလှသည်။

" သခင်လေး ကျုပ်ဘာမှ မကူညီနိုင်ပေမယ့် သိပ်မကြာခင် ဆရာပြန်လာတော့မှာပါ....အဲ့အခါကျမှ အကူညီထပ်တောင်းကြည့်လိုက်ရင် မျှော်လင့်ချက်ရှိမှာပါ...."

ချင်းဝမ်၏ အဆိုပြုချက်ကို လီလော့ လျစ်လျူရှုထားလိုက်ပါသည်။

မျှော်လင့်ချက်တဲ့လား....မင်းဆရာပြန်မလာခင် ရှီးယန်ရုံးချုပ်တခုလုံး သုသာန်တစပြင်ဖြစ်နေလိမ့်မယ်.....

ချင်းဝမ် လစ်ပြေးဖို့ကြံနေသည်ကို ကျန်းချင်းအာ ရိပ်မိနေသည်။ အကယ်၍ ချင်းဝမ်သာ ပြန်သွားလျှင် ကျန်သောသူများလည်း ပြန်ကုန်ကြလိမ့်မည်။

ကျန်းချင်းအာ အကြံကုန်ပြီး အကြပ်ရိုက်နေချိန်တွင် လီလော့၏စကားသံ တဖန်ထွက်ပေါ်လာလေ၏။

" သမားတော်ချင်းရဲ့ သစ်သားပဲ့တင်ထပ်သံက အဆင့််ဘယ်လောက်လဲ. ."

" အဆင့်နိမ့် အဆင့်ခုနှစ်ပါ....."

" ဒါဆို သမားတော်ချင်းထက် အဆင့်မြင့်တဲ့သူသာဆို အဆင်ပြေမယ်ပေါ့......"

လီလော့၏ ရုတ်တရက်ဆန်သော မေးမြန်းမှုကြောင့် သမားတော်များအံ့သြနေကြသော်လည်း ခေါင်းညိတ်လိုက်ကြပါသည်။

" ပြီးတော့ နိုးထခြင်းအဆင့်မှာ ပဲ့တင်ထပ်သံအဆင့်မြင့်တဲ့သူတွေကြောင့် ရလဒ်ပိုကောင်းလာနိုင်တယ်....ဟုတ်တယ်မလား....."

" ဟုတ်တယ်....သခင်လေးတို့ ဝိဉာဉ်ရည်သန့်စင်သလိုပေါ့....ပဲ့တင်ထပ်သံအဆင့်ပိုမြင့်လေ ရလဒ်ပိုကောင်းလေပဲ.....ဒါပေမယ့် အဆိပ်က ကျုပ်တို့ ကုသနိုင်စွမ်းထက် ကျော်လွန်နေတယ်....."

ချင်းဝမ်ဆီက သိချင်တာသိပြီးပြီဖြစ်သောကြောင့် လီလော့က သမားတော်များဘက်သို့လှည့်ကာ.....

" လူကြီးမင်းတို့.....ဒီအဆိပ်က သမားတော်ချင်းပြောသလို သိပ်ပြင်းလွန်းတာမို့ ခင်ဗျားတို့ မကူညီနိုင်တာကို ကျွန်တော် ဘယ်လိုမှသဘောမထားပါဘူး....ဒါပေမယ့် ခုနကလို ဖြေဆေးမျိုး ထပ်ဖော်ပေးဖို့ နောက်ဆုံးအနေနဲ့တောင်းဆိုပါရစေ....."

သမားတော်များက လီလော့ကို နားမလည်နိုင်သည့်အကြည့်များနှင့်ကြည့်နေကြပြီး....

" သခင်လေး.... နိုးထခြင်းအဆင့်မရောက်ခင် အထိ ဖော်စပ်ပေးရမယ်လို့ပြောချင်တာလား...."

" ဟုတ်ပါတယ်..."

ပိုလို့တောင် နားလည်ရခက်လာသည်။ နိုးထခြင်းအဆင့်မရှိဘဲ ထိုအရာကို အဆိပ်ဖြေဆေးဟုပင်သတ်မှတ်လို့မရပေ။ထို့သို့သောအရာမျိုးကို လီလော့ ဘာ့ကြောင့်လိုချင်နေရသလဲ......

ချင်းဝမ်းသည်လည်း လီလော့တစ်ယောက် သမားတော်လုပ်တိုင်းကစားချင်နေသလားဟုတောင်တွေးနေမိသည်။

" ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ် လော့လန်အိမ်တော်ဘက်က ကျေးဇူးမမေ့ပါဘူး.... "

တခြားသူများ ဝေခွဲရခက်နေချိန်တွင် ချင်းဝမ်က ရုတ်တရက်ရယ်မောလိုက်ပြီး.....

"သခင်လေးဘက်က ဒီလောက်တောင်းဆိုနေမှတော့ လုပ်ပေးရတော့မှာပေါ့.....ဒါပေမယ့် တခုတော့ပြောပါရစေ...တဝက်တပျက်ဆေးရည်ဖော်စပ်ပြီးတာနဲ့ ကျုပ်တို့ကိုပြန်ခွင့်ပြုပါ...ဒီမှာလည်း တခြားဘာလုပ်စရာမှ မရှိတော့တာ...."

လီလော့ ခေါင်းညိတ်သဘောတူလိုက်ပြီးသည်နှင့် သမားတော်များအားလုံးတက်ညီလက်ညီလုပ်ဆောင်ခဲ့ကြသောကြောင့်တစ်နာရီအတွင်း အကုန်ပြီးစီးသွားခဲ့သည်။

ထိုသူများပြန်သွားသည်နှင့် လီလော့က ခန်းမတံခါးကိုပိတ်ချလိုက်တော့သည်။

ခန်းမထဲတွင် လီလော့နှင့်အတူ ကျန်းချင်းအာ၊ချိုင်ဝေနှင့် ယန်လင်းချီတို့သာ အတူကျန်နေခဲ့ကြသည်။

လီလော့သည် အစီအစဉ်မရှိဘဲ ထိုအရာများကိုဖော်စပ်ခိုင်းမည်မဟုတ်မှန်းသိနေသော်လည်း မည်သို့မျှ လိုက်မမှီနိုင်သေးပေ။

" ချင်းဝမ်ဆိုတဲ့ကောင်က တကယ်ကြက်ဉပုပ်ပဲ......"

လီလော့၏ အပြောကိုကျန်းချင်းအာကလည်း.....

" သူက ဖေဟောင် ထည့်ပေးလိုက်တဲ့သူပဲဖြစ်ရမယ်..ငါတို့ဆီက အခြေနေကို စနည်းနာဖို့ရယ်၊သမားတော်တွေကိုကြိုးကိုင်ဖို့ရယ်ပေါ့....."

" ဟူးးး အဆုံးထိမရ ရအောင် လိုက်နောက်ယှက်နေတော့တာပဲ....."

" လီလော့...နင်ဒါတွေနဲ့ ဘာလုပ်မလို့လဲ...နင်ကိုယ်တိုင်နိုးထခြင်းအဆင့် လုပ်မယ်လို့တော့မပြောနဲ့နော်....."

ချိုင်ဝေနှင့်ယန်လင်းချီတို့ကလည်း သိလိုစိတ်ပြင်းပြစွာဖြင့် လီလော့ကို ကြည့်နေကြငည်။

" ဟုတ်တယ်...တကယ်ဆို သာမာန်လူတစ်ယောက်လို သိုသိုသိပ်သိပ်လေးပဲနေချင်တာပါ....ဒါပေမယ့် ကံတရားက ငါ့ရဲ့ကြီးကျယ်မြင့်မြတ်မှုကို မရမက ထုတ်ပြခိုင်းနေတယ်....."

All Chapters