← Chapters

နက်ရှိုင်းသော မြေအောက်ကမ္ဘာတွင်

Vol. 11 Ch. 162

နက်ရှိုင်းသော မြေအောက်ကမ္ဘာတွင်

Vol. 11 Ch. 162

အခန်း ၁၆၂ - နက်ရှိုင်းသော မြေအောက်ကမ္ဘာတွင်

“သွားကြရအောင်.. တော်ကြာ ကျမတို့ အချိန်မီ မ‌ရောက်ကြဘဲ နေဦးမယ်”

ပန်းရောင်မိန်းက‌လေးက သူမ၏ သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်ယာဉ်ပျံတစ်ခုကို ထုတ်ယူလိုက်ပြီး အထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်၏။ ချက်ချင်းဆိုသလို ယာဉ်ပျံတွင် အလင်းတန်းနှစ်ခုက လင်းလက်လာ၏။

၎င်းက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်အမျိုအစား ဖြစ်၏။

ဓါးပျံများနှင့် ယာဉ်ပျံများ နှစ်မျိုးစလုံးက စိတ်ဝိညာဉ်လက်နက် အမျိုးအစားများ ဖြစ်သော်လည်း ဓါးပျံများက သွန်းလုပ်ရ လွယ်ကူ၏။ နှိုင်းယှဉ်ရလျှင် စိတ်ဝိညာဉ်ယာဉ်ပျံများကို ပြုလုပ်ဖန်တီးဖို့က အဆများစွာ ပို၍ ရှုပ်ထွေးခက်ခဲလေသည်။

ပန်း‌ရောင် စစချင်းမှာပင် အလယ်အလတ်အဆင့်စိတ်ဝိညာဉ်ယာဉ်ပျံတစ်ခုကို တန်းထုတ်လိုက်သောကြောင့် ပါချည်ပါချဲ့တော့ မဟုတ်ပေ။ သူမ၏ ကျင့်ကြံမှုအဆင့်ကလည်း သိပ်ပြီး နိမ့်ကျနေမှာ မဟုတ်ပေ။

စိတ်ဝိညာဉ်ချီများကို စုဆောင်းပြီးနောက် ယာဉ်ပျံက လျှင်မြန်စွာ ပြန့်ကားလာပြီး သူတို့ရှေ့တွင် လွင့်မျောနေ၏။

ပန်းရောင်မိန်းကလေးက အရင်ဆုံး ခုန်တက်လိုက်ပြီး နောက်ကနေ တောင်ပိုင်းတောင်တန်းဂိုဏ်းက အခြေတည်အဆင့်လေးယောက်နှင့် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတို့က လိုက်ပါသွား၏။

အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ဆူဇီမိုသည်လည်း ယာဉ်ပျံပေါ်သို့ ခုန်တက်လိုက်၏။

စိတ်ဝိညာဉ်ယာဉ်ပျံသည် ညအမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

သိပ်မကြာမီ ၎င်းသည် ချီယွီမြို့ကနေ ထွက်ခွာသွားပြီး မြောက်ဘက်သို့ ရပ်တန့်ခြင်း အလျှင်းမရှိ ပျံသန်းသွား၏။

ကောင်းကင်တွင် တိမ်းများက ကျိုးတိုးကျဲတဲနှင့် ညက တိတ်ဆိတ်ငြိမ်သက်နေ၏။ သို့သော်လည်း ဆူဇီမို၏ ရင်ထဲတွင် အေးချမ်းမှုက ရှိမနေပေ။

ဤခရီးစဉ်က လုံးဝမရိုးသားဘူးဆိုတာ သူခံစားမိနေ၏။ တစ်ကယ်တမ်းပြောရလျှင် သူတို့သည် မကြုံစဖူး ဘေးအန္တရာယ်များနှင့်ပင် ရင်ဆိုင်ကြုံတွေ့ရနိုင်၏။

“ခင်ဗျားက ဘယ်ဂိုဏ်းကလဲဆိုတာ ပြောပြလို့ရမလား အမိ” ယာဉ်ပျံပေါ်တွင် ဆူဇီမိုက သာမန်ကာလျှံကာ အမူအယာနှင့် မေးလိုက်၏။

“ဘာလို့လဲ”

ပန်းရောင်မိန်းကလေးက ပြုံး၍ အရွှန်းဖောက်လိုက်၏။

“ရှင်ဘာလို့ ရုတ်တရတ်ကြီး ကျမကို စိုးထိတ်လာရတာလဲ”

“ဘာမှမဟုတ်ပါဘူး.. ကျုပ်က ဒီအတိုင်း ကျုပ်ကြားဖူးတဲ့ ဂိုဏ်းတစ်ခုခုကလားဆိုတာ သိချင်ရုံပါ”

“ဟမ်.. ကျမရဲ့ဂိုဏ်းက ဆန်းကြယ်တောင်ထွတ်ထက်တော့ သေချာပေါက် အားနည်းမှာ မဟုတ်ဘူး.. ဘယ်လိုလဲ ရှင်ခန့်မှန်းကြည့်မလား” ပန်းရောင်မိန်းကလေးက သူ့မေးခွန်းကို လိမ်မာပါးနပ်စွာ ‌ရှောင်ရှားလိုက်၏။

ဆူဇီမိုကလည်း သူ့ခန့်မှန်းချက်ကို ထုတ်ပြောရလောက်အောင် မရူးမိုက်ပါချေ။

သူ့ခန့်မှန်းလိုက်တာက မှန်ကန်ခဲ့လျှင်တောင် တစ်မူဆန်းပြားသည့် ဤပန်းရောင်မိန်းကလေးက ဝန်ခံမည့်ပုံ မဟုတ်ပေ။

ခရီးစဉ်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။

သန်းခေါင်ယံသို့ နီးလာသောအခါ ကောင်းကင်က ပို၍ မှောင်မိုက်လာ၏။ ရုတ်တရတ်.. ပန်းရောင်မိန်းကလေးက ပြောလိုက်၏။

“ဒီနေရာမှာ ကျမတို့ ဆင်းသက်ပြီး ကျန်တဲ့ခရီးစဉ်ကို လမ်းလျှောက်သွားရအောင်”

အခြားငါးယောက်က လုံးဝကန့်ကွက်ခြင်း မရှိပေ။ ဆူဇီမိုသည်လည်း ဘာတစ်ခွန်းမျှ မပြောတော့ဘဲ.. သူတို့နောက်ကနေလိုက်ကာ ပတ်ဝန်းကျင်တစ်ခွင်မှ လှုပ်ရှားမှုများကို ထောက်လှမ်းစောင့်ကြည့်နေ၏။

မိုင်းအနည်းငယ် လမ်းလျှောက်သွားကြပြီးနောက် ယိုယွင်းပျက်ဆီးနေသော ကျက်တီးမြေတစ်ခုက ရုတ်တရတ် သူတို့ရှေ့တွင် ပေါ်လာ၏။

ဆူဇီမိုသည် ဤနေရာသို့ စတင်လှမ်းဝင်လိုက်သည်နှင့် တစ်စုံတစ်ရာ ထူးခြားနေတာကို ခံစားလိုက်မိ၏။

သူ့ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို လျှို့ဝှက်ထူးဆန်းသည့် စွမ်းအားတစ်မျိုးကနေ ကန့်သတ်ချုပ်နှောင်လိုက်သလို အသုံးပြုလို့ မရနိုင်တော့ပေ။

“ဘာလဲဟ”

ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွားပြီး ပန်းရောင်မိန်းကလေးကို အလိုအလျောက် ကြည့်လိုက်မိ၏။

ထိုအချိန်တွင် သူမသည် တစ်စုံတစ်ရာကို ခံစားမိသွားသလို ပန်းရောင်မိန်းကလေးက နောက်ပြန်လှည့်ကြည်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသည့် အလင်းတစ်ချက်က လက်သွားကာ ပြောလိုက်၏။

“ဒီအမွေအနှစ်ကုန်းမြေရဲ့အောက်မှာ ‌ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်တစ်ခု ရှိနေတာပဲ.. ဒီနေရာမှာ ရှိနေသမျှ ဘယ်လို စိတ်ဝိညာဉ်စွမ်းအင်ဖွဲ့တည်မှုမဆို ‌သော့ခတ်ခံထားရလိမ့်မယ်”

“ပြောချင်တာက ဒီနေရာမှာ စိတ်ဝိညာဉ်တိုက်ကွက်တွေအပြင်.. အဆောင်လက်ဖွဲ့တွေ၊ စိတ်ဝိညာဉ်လက်နက်တွေပါ ဘာမှ သုံးစားမရတော့ဘူးပေါ့”

ဆူဇီမိုသည် သဘောပေါက်သွား၏။ ထို့ကြောင့်ပင် ဂူရှီက သူ၏ အနီးကပ်တိုက်ခိုက်ရည်အကြောင်း မေးမြန်းခဲ့ခြင်းဖြစ်၏။

ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်၏ သက်‌ရောက်မှုနယ်မြေတွင် မရီးဒျန်မည်မျှ ဖွင့်လှစ်ထားသည်ဖြစ်စေ အလကားပင်။ လူတစ်ယောက်၏ ကိုယ်ကာယခွန်အားကသာလျှင် အရာရာကို အဆုံးအဖြတ်ပေးနိုင်လိမ့်ပေမည်။

“ဝုန်း”

ရုတ်တရတ် သူတို့၏ အောက်ဘက်မှ ဝုန်းကနဲမြည်သံကြီးက ထွက်ပေါ်လာပြီး မြေပြင်က တုန်ခါသွား၏။ လူတိုင်း၏ အမူအယာက ပြောင်းလဲသွားပြီး သူတို့ကိုယ်သူတို့ ဟန်ချက်မပျက်ရအောင် အလောတကြီး ထိန်းချုပ်လိုက်ရ၏။

ချပ်! ချပ်! ချပ်!

ထို့နောက် မြေပြင်တွင် ဧရာမ အက်ကွဲကြောင်းကြီးများက ပေါ်လာ၏။ ၎င်းထဲတွင် နက်ရှိုင်းမှောင်မိုက်နေပြီး ခပ်ဖျော့ဖျော့ မြူခိုးများက လွင့်နေ၏။ ည၏ တိတ်ဆိတ်မှုအောက်တွင် ၎င်းက အလွန်တရာ မကောင်းဆိုးဝါးဆန်ပြီး ကြောက်စရာကောင်းနေ၏။

အနက်ရောင်မြူခိုးများကြားမှ ခပ်ဖျော့ဖျော့ သွေးရနံ့များကိုပင် ရနေ၏။

တစ်စုံတစ်ယောက်သာ လေထဲအထက်သို့ တက်၍ ကြည့်နိုင်မည်ဆိုလျှင် မရှင်းပြနိုင်လောက်သော တုန်လှုပ်ချောက်ချားဖွယ်ရာကို တွေ့မြင်ရပေလိမ့်မည်။

အမွေအနှစ်ကုန်းမြေရှိ အက်ကွဲကြောင်းများက ခြေလက်ဦးခေါင်းများ အစုံအလင်ပါရှိသော ဧရာမသက်ရှိကြီးတစ်ကောင်၏ ပုံသဏ္ဌာန်ကဲ့သို့ ဖြစ်နေ၏။ ဦးခေါင်းနေရာဟု ယူဆရသောနေရာတွင် တစ်စုံတစ်ယောက်၏ မျက်လုံးများကဲ့သို့ ကြောက်စရာကောင်းသည့် အလင်းလုံးနှစ်ခုက ကျောချမ်းဖွယ်ရာ တောက်ပနေ၏။

ကြီးမားသည့် အက်ကွဲကြောင်းကြီးများက သတ္တဝါကြီးတစ်ကောင်၏ သွေးကြောကြီးများလို တစ်ခုနှင့်တစ်ခု စပ်ယှက်နေပြီး နောက်ဆုံးတွင် နုလုံးသားဟု ထင်ရသောနေရာတွင် သွား၍ စုဆုံနေကြ၏။

နက်ရှိုင်းသောမြေအောက်တွင် စွမ်းအားကြီးမားသည့် သတ္တဝါကြီးတစ်ကောင်က နိုးထလာသလို ကြောက်စရာကောင်းလှသည့်အော်ရာက ထွက်ပေါ်နေပြီး လူတိုင်းကို သွေးပျက်သွားစေနိုင်၏။

“ယန်အာ.. ဒီ..ဒီနေရာက.. သိပ်ပြီးတော့ ကောင်းတဲ့နေရာ မဟုတ်လောက်ဘူးနော်.. အမိတို့ဂိုဏ်းရဲ့ အမွေအနှစ်က တစ်ကယ်ပဲ ဒီနေရာမှာလား” တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ဝူရှန့်မင်ဟု ခေါ်သော တစ်ယောက်က တုန်ရီနေသောအသံဖြင့် မေးလိုက်၏။

“ဟုတ်ပါတယ်ရှင့်.. ဒီနေရာပါပဲ” ပန်းရောင်မိန်းကလေးက နည်းနည်းကလေးမျှ ကြောက်ရွံ့ဟန်မရဘဲ ပြုံး၍ ပြန်ဖြေလိုက်၏။

ဝူရှန့်မင်က အတင်းကြိုးစား၍ ဟက်ကနဲတစ်ချက် သရော်ရယ်လိုက်၏။

“ကျုပ်တို့ အခုနေ လှည့်ပြန်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ.. ကျုပ်ထင်တာကတော့ ဒီနေရာမှာ တစ်ခုခုက လွဲမှားနေတယ်.. သိပ်ပြီးတော့ မူမှန်မနေဘူးလေ”

ထိုအချိန်တွင် သူသည် ပန်း‌ရောင်မိန်းကလေးမ၏ ညှို့ငင်ဓါတ်မှ ယာယီလွတ်မြောက်သွားဟန်ရပြီး ကြောက်စိတ်များဖြင့် နိုးထသတိဝင်လာ၏။

ပန်းရောင်မိန်းကလေး၏ မျက်နှာက ညှိုးကျသွားပြီး မျက်လုံးများက အရောင်မှိန်သွား၏။ သူမ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး စိတ်ပျက်အားငယ်သွားပုံနှင့် ပြောလိုက်၏။

“အစ်ကိုဝူ.. ရှင်က ကျမကို နောက်ထပ် ထပ်ပြီး မကူညီနိုင်‌တော့ဘူးပေါ့လေ”

“ဝူရှန့်မင်သည် နောက်တစ်ဖန်ပြန်၍ နစ်မျောသွားပြန်၏။

“ဘယ်လိုလုပ် အဲ့လိုဖြစ်ပါ့မလဲ”

သူသည် ရင်ဘတ်ကို ပုတ်၍ တည်ကြည့်ခန့်ညားစွာ ပြောလိုက်၏။

အခြားသူများကလည်း အလုအယက် ဝင်ပြောလိုက်ကြ၏။

“ယန်အာ.. ဘာမှမပူနဲ့ ကျုပ်တို့ ရှိပါသေးတယ်”

ဆူဇီမိုသည် ဖြစ်စဉ်တစ်ခုလုံးကို ဘာမျှဝင်မပြောဘဲ စောင့်ကြည့်နေ၏။

လက်ရှိခုနှစ်ယောက်ထဲတွင် ပန်း‌ရောင်မိန်းကလေးပြီးရင် သူကအတည်ငြိမ်ဆုံးဖြစ်လေသည်။

ဆူဇီမိုသည် ဘေးဘက်ကနေ အေးစက်စွာ စောင့်ကြည့်နေသောကြောင့် ဖြစ်စဉ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။

သူသည် သူရပ်တည်သောနေရာကို တစ်သတ်မတ်တည်း သတ်မှတ်ထား၏။

သူသည် ဒီအတိုင်း ပုံမှန်ရွေ့လျားနေသည်ဟု ထင်ရသော်လည်း သူသည် ပန်းရောင်မိန်းကလေးထံမှ ဘယ်တော့မှ ခြေငါးလှမ်းထပ် ပိုခွာမထားပေ။

တစ်စုံတစ်ရာ မူမမှန်တာ ဖြစ်ခဲ့လျှင် သူသည် ပန်း‌ရောင်မိန်းကလေးကို ဖမ်းချုပ်၍ အဝေးသို့ ထွက်ပြေးနိုင်မည်ဟု ယုံကြည်ထားလေသည်။

သူမသည် တစ်စုံတစ်ရာကို နားလည်သွားသလို.. ပန်းရောင်မိန်းကလေးသည် ဆူဇီမိုဘက်သို့ ရုတ်တရတ်လှည့်ကြည့်လိုက်ပြီး အပြုံးတစ်ခုကို လုပ်ယူ၍ ပြောလိုက်၏။

“အစ်ကိုဇီမို.. ရှင်က ကျမအနားကို အရမ်းကပ်နေသလိုပဲ”

ဆူဇီမိုသည် ပြုံးရုံသာပြုံး၍ ပြန်မဖြေပေ။

ပန်းရောင်မိန်းကလေးက ဆက်ပြောလိုက်၏။

“ကျမတို့ ဒီကနေ အောက်ကို ဆင်းကြရအောင်.. ကျမတို့ အဲ့မှာ အန္တရာယ်တစ်ခုခုနဲ့ တွေ့ရနိုင်တယ်.. အားလုံးပဲ သတိထားကြပါ”

ထိုသို့ပြောပြီးသည်နှင့် ပန်းရောင်မိန်းကလေးသည် ပိန်းပိတ်အောင်မှောင်မည်းနေသော အက်ကွဲကြောင်းတစ်ခုထဲသို့ အရင်ဆုံး ခုန်ချသွားလိုက်၏။

ဆူဇီမိုသည် မျက်စိကို မှေးကျဉ်းလိုက်ပြီး နောက်ကနေ လိုက်ပါ ခုန်ချလိုက်၏။

သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို ကန့်သတ်ချုပ်နှောင်ထားသောကြောင့် မည်သူမျှ ပျံသန်းခြင်း မပြုနိုင်ကြပေ။

အက်ကွဲကြောင်းက ဘယ်လောက်ထိ နက်သလဲ သူ,မသိသောကြောင့် ဆူဇီမိုသည် သူ့လက်နှစ်ဖက်ကို မြေနံရံနှင့် တွန်းထိုးပြီး ပွတ်အားကို သုံးကာ သူ၏အရှိန်ကို ထိန်းချုပ်၍ ဆင်းသက်လိုက်၏။

တစ်ချိန်တည်းမှာပင် သူသည် ပန်းရောင်မိန်းကလေးကို လှမ်းကြည့်လိုက်၏။

သူမသည် အလွန်တရာ ပေါ့ပါးဖျတ်လတ်နေပြီး မြေနံရံများကို သူမ၏ ခြေဖျားများနှင့် ညင်သာစွာ ဆက်တိုက်ကန်ကျောက်ကာ ‌ကမ်းပါးစွန်းတွင် လှပစွာ ကခုန်နေသော နတ်မိမယ်တစ်ပါးလိုဖြစ်နေ၏။

နောက်တစ်ခဏတွင် ပန်းရောင်မိန်းကလေးနှင့် ဆူဇီမိုသည် မြေပြင်သို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လိုက်၏။

တောင်ပိုင်းတောင်တန်းဂိုဏ်းမှ အခြေတည်အဆင့်လေးယောက်နှင့် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူသည်လည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါဆင်းသက်လာကြ၏။

သူတို့ငါးယောက်စလုံးသည် ခန္ဓာမီးဆေးကျင့်ကြံသူများဖြစ်ပြီး ထူးကဲသည့် ကိုယ်ကာယများ ရှိကြသောကြောင့် မည်သူမျှ ဒဏ်ရာအနာတရ ရရှိခြင်းမရှိကြပေ။

အက်ကွဲကြောင်းထဲတွင် ရှေ့နောက် လမ်းကြောင်းနှစ်ကြောင်းရှိ၏။ ပန်းရောင်မိန်းကလေးသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လမ်ကြောင်းတစ်ခုကို ညွှန်ပြကာ အားလုံး၏ ရှေ့ဆုံးကနေ လျှောက်လှမ်းသွား၏။

များမကြာမီ.. လမ်း၏အရှေ့တွင် လမ်းခွဆုံတစ်ခုက ပေါ်လာလေသည်။

ဤအရာသည် အက်ကွဲကြောင်းနှစ်ခု တစ်ခုနှင့်တစ်ခု ဖြတ်သွားသောနေရာဖြစ်၏။

ထိုလမ်းခွဆုံး၏ အလယ်တည့်တည့်တွင် အလောင်းတစ်လောင်း ရှိနေ၏။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး နဖူးတည့်တည့်တွင် သွေးနီရောင်ဓါးဒဏ်ရာတစ်ခုက ရှိနေ၏။ ထိုဒဏ်ရာမှ လတ်ဆတ်သောသွေးများက တစ်စက်စက် ကျနေသောကြောင့်.. ထိုလူက သေဆုံးသွားသည်မှာ မကြာသေးကြောင်း ထင်ရှားလေသည်။

All Chapters