← Chapters

မျက်နှာတစ်‌ထောင် လုပ်ကြံသတ်ဖြတ်ရေးသမား

Vol. 11 Ch. 163

မျက်နှာတစ်‌ထောင် လုပ်ကြံသတ်ဖြတ်ရေးသမား

Vol. 11 Ch. 163

အခန်း ၁၆၃ - မျက်နှာတစ်‌ထောင် လုပ်ကြံသတ်ဖြတ်ရေးသမား

ရုပ်အလောင်းက ပူနွေးဆဲရှိနေသေးသည်ကို တွေ့ရသောအခါ ပန်းရောင်မိန်းကလေး၏ အမူအယာက မပြောင်းမလဲ ရှိနေပြီး သူမမျက်လုံးထဲတွင် ထူးဆန်းသည် အလင်းတစ်ချက်ကတော့ လက်သွား၏။

တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ကျင့်ကြံသူလေးယောက်က အကြောအခြင်များ တောင့်တင်းလာပြီး သူတို့၏ လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြ၏။

ခန္ဓာမီးဆေးကျင့်ကြံသူများအနေဖြင့် သူတို့သည်.. ဆူဇီမို၏ အေးမြစန္ဒဆေဘာနှင့် ဖက်တီးလေး၏ ပုဆိန်ကြီးကဲ့သို့သော အနီးကပ်တိုက်ခိုက်ရာတွင် အားသန်သည့် လက်နက်များကို ကိုင်ဆောင်ထားကြ၏။

တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ကျင့်ကြံသူလေးယောက်တွင် သုံးယောက်က ဓါးကိုကိုင်ထားကြပြီး ကျန်တစ်ယောက်ကတော့ ချိတ်ကောက်တစ်ခုကို ကိုင်ထား၏။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူ ယန်ဖေးကတော့ လက်ချည်းသက်သက်ဖြင့်ဖြစ်၏။ သို့သော်လည်း သူ၏ လက်အိတ်နှစ်ဖက်က ထူထဲပြီး အထဲမှာ လှည့်ကွက်များ မြှုပ်နှံထားပုံရ၏။

အကြည့်တစ်ချက်ဖြင့် ယန်ဖေး၏ လက်နက်သည် ထိုလက်အိတ်တစ်စုံဖြစ်ရမည်ဟု ဆူဇီမိုသည် ခန့်မှန်းမိလိုက်၏။

၎င်းသည် ကောင်းမွန်စွာ ကွယ်ဝှက်ထားပြီး အားပါပြင်းထန်သည့် လက်နက်အမျိုးအစားဖြစ်ကာ ခုခံမှုနှင့် တိုက်ခိုက်မှု နှစ်မျိုးစလုံး အသုံးပြုနိုင်၏။ ၎င်းသည် သူ့၏ ကိုယ်ပိုင်ခန္ဓာအစိတ်အပိုင်းနှင့် လွတ်လွတ်လပ်လပ်တိုက်ခိုက်ရခြင်းဖြစ်၏။

ဤမြေအောက်နေရာက ဖော်ရွေနွေးထွေးမှုမရှိသည်မှာ ထင်ရှား၏။ ယခုလိုက်ပါလာသူများသည် ပန်းရောင်မိန်းကလေး၏ ညှို့ငင်ဖမ်းစားမှုကြောင့် ဖြစ်သော်လည်း သူတို့ငါးယောက်ကို မိန်းကလေးက ခေါ်ဆောင်လာခဲ့ခြင်းမှာ သူတို့တွင် အမှန်တစ်ကယ် အစွမ်းအစလည်း ရှိသောကြောင့် ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ.. ဤနေရာတွင် ရှေး‌ဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်က ရှိနေ၏။ မရီးဒျန်ရှစ်ခုစလုံး ဖွင့်လှစ်ထားနိုင်ပြီးသား ပကတိအခြေတည်အဆင့်တစ်ယောက်ဆိုလျှင်ပင် သူသည် အနီးကပ်တိုက်ခိုက်ရည်၌ အားနည်းပါက နောင်တရကာ သေဆုံးသွားနိုင်၏။

လမ်းခွဆုံ၌ အမျိုးသားငါးယောက်သည် ပန်း‌ရောင်မိန်းကလေးကို အလယ်မှာထား၍ ကာကွယ်ကာ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေ၏။ အဲ့ဒီမှာ ဘာအန္တရာယ်မျှ မရှိတာ သေချာပြီဆိုမှသာလျှင် သူတို့သည် ရှေ့သို့ ဆက်တက်ခဲ့ကြ၏။

ဆူဇီမိုသည် အနောက်ကနေ မနီးလွန်းမဝေးလွန်းဘဲ ကပ်လိုက်လာ၏။ လမ်းခွဆုံရှိ အလောင်းနားသို့ ရောက်သောအခါ ခဏရပ်လိုက်ပြီး သူသည် ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။

ထိုလူ၏ မျက်လုံးများက စိတ်ရှုပ်ထွေးစွာနှင့် ပြူးကျယ်နေ၏။ သူသည် သူ့ကိုယ်သူ ဘယ်လိုသေခဲ့ရသလဲပင် မသိခဲ့ပုံပင်။

နဖူးမှ ဓါးဒဏ်ရာက ပါးလျသေးသွယ်၏။ လုပ်ကြံသတ်ဖြတ်သူက အလွန်တရာ လျှင်မြန်ဖျတ်လတ်သေသပ်ပြီး အသတ်ခံရသူက လုံးဝတုံ့ပြန်ချိန်မရလိုက်သည်မှာ ထင်ရှား၏။

ဆူဇီမိုသည် ပန်းရောင်ဝတ်မိန်းကလေးနောက်မှ လိုက်လာပြီး အခြားသူများက ရှေ့ကနေ သွားကြ၏။ သိပ်မကြာမီ သူတို့ရှေ့တွင် လမ်းမထက်၌ ကန့်လန့်ဖြတ် လဲကျသေဆုံးနေသော အလောင်းနှစ်လောင်းကို တွေ့လိုက်ရ၏။ သူတို့၏ သေဆုံးပုံက အရင်တစ်ယောက်နှင့် အတူတူပင်ဖြစ်၏။

ထိုအလောင်းနှစ်လောင်းတွင် သိုလှောင်အိတ်များလည်း မရှိကြတော့ပေ။

ဝူရှန့်မင်နှင့် အခြားသူများသည် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပန်းရောင်ဝတ်မိန်းကလေးကို ကာကွယ်ကာ အလောင်းနှစ်လောင်းဘေးကနေ ဖြတ်လျှောက်လိုက်ကြ၏။

ရုတ်တရတ်ဆိုသလို..

ဆူဇီမိုသည် ရင်သည် တစ်လျှပ်လျှပ်ဖြစ်လာပြီး ခေါင်းနပမ်းကြီးလာ၏။

သူသည် မည်သည့်အန္တရာယ်ကိုမျှ မမြင်ရသေးသော်လည်း ဆူဇီမိုက အလိုအလျောက် အော်ဟစ်လိုက်၏။

“ရပ်လိုက်”

ဆူဇီမို၏ အသံကို ကြားရသောအခါ ပန်းရောင်ဝတ်မိန်းကလေးသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူမ၏ ခြေလှမ်းကို တုံ့ကနဲရပ်လိုက်၏။ ထို့နောက် သူမသည် ခြေကန်အားကိုသုံးကာ နောက်သို့ ဖျတ်ကနဲ ခုန်ဆုတ်လိုက်၏။

ဝူရှန့်မင်နှင့် အခြားသူများသည် ခဏမျှ ကြောင်အသွားကြ၏။

ထိုအချိန်မှာပင် သူတို့၏ ဘေးဘက်မှ ကန့်လန့်ဖြတ်လဲကျနေသော အလောင်းတစ်လောင်း၏ သူငယ်အိမ်သည် မကောင်းဆိုးဝါးဆန်ဆန် လှုပ်ရှားသွား၏။ ၎င်းသည် မတ်တပ်ထရပ်ကာ အင်မတန်ပါးလွှာသော ဓါးပါးလေးကို ဘယ်ကနေမသိ ဆွဲထုတ်လိုက်ကာ ရှေ့သို့ခုန်ဝင်၍ နှစ်ချက်ထိုးသွင်းလိုက်၏။

ဖောက်! ဖောက်!

ဓါးအလင်းတန်း၏ အနောက်တွင် ကျွတ်ဆတ်ဆတ် အသံနှစ်သံက တွဲလျှက်ပါလာ၏။

ဆူဇီမိုသည် ငေးကြောင်သွား၏။

အလောင်း၏ တိုက်ခိုက်မှုက အလွန်တရာ မြန်ဆန်လှ၏။

သူသည် အခြားသော အနေအထားနှင့် ရှိနေပြီး အာရုံခံသတိစိတ်သာ မရှိခဲ့လျှင် သူသည်လည်း ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပေ။

တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ကျင့်ကြသူနှစ်ယောက်သည် ဆူဇီမိုကို ကျောပေးထားကြ၏။ ဆူဇီမိုသည် သူတို့၏ မျက်နှာအမူအယာကို မမြင်ရပေ။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်သည် တောင့်တောင့်ကြီးနှင့် မြေပေါ်သို့ ချာကနဲလည်ကျကာ အသက်ပျောက်သွား၏။

အလောင်းက လူနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် တစ္ဆေတစ်ကောင်ကို ပေါ့ပါးဖျတ်လတ်စွာနှင့် သူတို့၏အရှေ့ အမှောင်ထုထဲသို့ ပြေးဝင်ပျောက်ကွယ်သွား၏။

ရွှစ်! ရွှစ်!

တစ်ချိန်တည်းမှာပင် အနက်ရောင်အလင်းတန်းနှစ်ခုက တစ်ဝီဝီအော်မြည်၍ အမှောင်ထုထဲသို့ တိုးဝင်လိုက်ပါသွား၏။

မလှမ်မကမ်းမှနေ၍ ဆူဇီမိုသည် မျှော်လင့်ချက်သလင်းလေးကို ဆွဲထုတ်ကာ မြားနှစ်စင်းပစ်လွှတ်လိုက်ခြင်းဖြစ်၏။

သနားစရာကောင်းသည်မှာ အလောင်းက အရင်ဆုံး လျှင်မြန်စွာ ရွေ့လျားသွားပြီဖြစ်ပြီး မြားနှစ်စင်းက ၎င်းနောက်သို့ လိုက်မီမည့်ပုံမပေါ်ပေ။

ချွမ်း! ချွမ်း!

ရှေ့တည့်တည့် အမှောင်ထုထဲမှ ကျွတ်ဆတ်ဆတ် အသံနှစ်သံက ထွက်ပေါ်လာ၏။

ထင်သည့်အတိုင်းပင်။

မြားနှစ်စင်းက လွဲချော်သွား၏။ အသံက နံရံနှင့် ထိတွေ့ပြီးထွက်ပေါ်လာခြင်းဖြစ်၏။

ဆူဇီမို၏ ဘေးတွင်ရပ်နေသော ပန်းရောင်ဝတ်မိန်းကလေး၏ မျက်လုံးထဲတွင် ထူးဆန်းသည့် အလင်းရောင်က လက်သွား၏။

လက်ရှိလူများထဲတွင် သူမသာလျှင် ထိုအလောင်း၏ သရုပ်မှန်ကို သိရှိလေသည်။

အပြင်ပန်းကြည့်လျှင် ထိုအလောင်း၏ ဟန်ဆောင်ထားသော ပုံစံက မည်သည့်ဟာကွက်မျှ ရှိမနေပေ။ လတ်ဆတ်သော သွေးစက်များစီးကျနေသည့် ဓါးဒဏ်ရာတစ်ခုနှင့်အတူ အရင်ကတွေ့ခဲ့ရသော ရုပ်အလောင်းနှင့် ပုံစံအတူတူပင်ဖြစ်၏။

သို့သော်လည်း ဤကဲ့သို့ ဟာကွက်မရှိသော ရုပ်ဖျက်ထားမှုကို နုနယ်သိမ့်မွေ့လှသော စာပေသမားလေးက သူမထက်အရင် သတိထားမိလိမ့်မည်ဟု ပန်းရောင်ဝတ်မိန်းကလေးက လုံးဝ ထင်မထားမိပေ။

စောစောက ထွက်ပြေးသွားသော ရုပ်အလောင်းသည် မိစ္ဆာဂိုဏ်းများအတွင်း သွေးအအေးဆုံးသတ်ဖြတ်သူ.. အစစ်အမှန် လုပ်ကြံသတ်ဖြတ်ရေးသမားဖြစ်၏။

မိစ္ဆာဂိုဏ်းများတွင်းမှာတောင် မည်သူမျှ သူ၏ မျက်နှာအမှန်ကို မမြင်တွေ့ဖူးကြပေ။

သူသည် အလောင်းတစ်လောင်း ဖြစ်နေနိုင်၏။ သူသည် မုတ်ဆိတ်ဖြူနှင့် အကြီးအကဲတစ်ယောက်လည်း ဖြစ်နေနိုင်၏။ သူသည် တစ်ခါတစ်ရံ ရိုသား အပြစ်ကင်းစင်သည့် ကလေးတစ်ယောက် သို့မဟုတ် အမျိုးသမီးတစ်ယောက်လည်း ဖြစ်နေနိုင်၏။

သူသည် ‌ယောက်ျားတစ်‌ယောက်လား၊ အမျိုးသမီးတစ်ယောက်လားဆိုတာကိုပင် မည်သူမျှ မသိကြပေ။

မိစ္ဆာဂိုဏ်းမှ လူများကတော့ သူ့ကို မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူဟု ခေါ်ကြ၏။

ဤလူသည် လျှို့ဝှက်မရဏဂိုဏ်းမှ မိစ္ဆာအမွေဆက်ခံသူတစ်ယောက်ဆိုတာကို ပန်း‌ရောင်ဝတ်မိန်းကလေးသာလျှင် သိရှိ၏။ သူ၏ အရည်အချင်းသည် ထိပ်တန်းအဆင့်မှာရှိပြီး ခေတ်အဆက်ဆက် လျှို့ဝှက်မရဏဂိုဏ်း၏ အသန်မာဆုံး အမွေဆက်ခံသူဟုပင် ပြောကြ၏။

ပန်းရောင်ဝတ်မိန်းကလေး၏ စင်ကြယ်အပျိုစင်ဂိုဏ်းကော၊ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ လျှို့ဝှက်မရဏဂိုဏ်းကောသည် မိစ္ဆာဂိုဏ်းကြီးခုနှစ်ဂိုဏ်းထဲမှ ဖြစ်ကြ၏။

ဆူဇီမိုက သတိပေးအော်ဟစ်လိုက်သည့်အချိန်မှာပင် ပန်းရောင်မိန်းကလေးသည် ထိုကြောက်စရာကောင်းလှသည့်လူအကြောင်းကို အမှတ်ရလိုက်ပြီး ချက်ချင်းနောက်သို့ ခုန်ဆုတ်လိုက်ခြင်းဖြစ်၏။

သို့သော်လည်း ပန်းရောင်ဝတ်မိန်းကလေးကို အံ့အားသင့်စေခဲ့သည့်အချက်မှာ မျက်နှာတစ်ထောင်လုပ်ကြံသူက လူနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် နောက်ပြန်ဆုတ်ဖို့ ရွေးချယ်ခဲ့တာပင်။

ဆိုလိုသည်မှာ သူတို့အထဲတွင် မျက်နှာတစ်ထောင်လုပ်ကြံသူကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည့်သူတစ်ယောက် ပါလာခြင်းဖြစ်၏။ ထို့ကြောင့်ပင် သူက ဆက်လက်မစွန့်စားဘဲ နောက်ဆုတ်သွားခြင်းဖြစ်၏။

အဆင့်တူချင်းမှာဆိုလျှင် မျက်နှာတစ်‌ထောင်လုပ်ကြံသူက တစ်ကယ့်ပါရမီရှင်ဆိုသည့်သူများကို တစ်ကြိမ်မျှ ကျဆုံးခြင်းမရှိဘဲ မရေမတွက်နိုင်အောင် လုပ်ကြံသတ်ဖြတ်ခဲ့ဖူး၏။ ဤမှတ်တမ်းအချက်အလက်က များစွာသော နတ်ဆိုးကျင့်ကြံသူများကို ဆွံ့အသွားစေ၏။

တစ်ဖက်ကကြည့်လျှင် ၎င်းမှာ မျက်နှာတစ်ထောင်လုပ်ကြံသူ၏ အေးစက်သေသပ်ပိရိသော နည်းလမ်းများကြောင့်ဖြစ်၏။ အခြားတစ်ဖက်ကကြည့်လျှင် ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ သူ၏ သတိဝီရိယအားကောင်းခြင်းကြောင့်လည်း ဖြစ်၏။

ပန်း‌ရောင်ဝတ်မိန်းကလေးသည် ဝူရှန့်မင်နှင့်အခြားသူများကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံး ဆူဇီမိုအပေါ်သို့ ကျရောက်လာ၏။

မျက်နှာတစ်ထောင်လုပ်ကြံသူ ပေါ်လာပြီးထွက်သွားသော အချိန်သည် နှေးကွေးသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းက တစ်စက္ကန့်အတွင်းမှာပင် ဖြစ်သွားခဲ့ခြင်းဖြစ်၏။ ဝူရှန့်မင်နှင့် အခြားသူများသည် တုံ့ပြန်ဖို့ အချိန်ပင် လုံးဝမရလိုက်ပေ။

လက်ရှိလူများထဲတွင် ဆူဇီမိုက အတည်ငြိမ်ဆုံးဖြစ်၏။ သူသည် တစ်ခုခုလွဲမှားနေသည်ကို သတိထားမိရုံသာမက သူသည် တုံ့ပြန်တိုက်ခိုက်မှုပင် ပြုလုပ်ခဲ့သေး၏။

မျက်နှာတစ်ထောင်လုပ်ကြံသူ စိုးရွံ့သွားသည်မှာလည်း ထိုကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ဆူဇီမိုသည် သူမထင်ထားသလောက် အားမနည်းဘူးဆိုတာ ပန်း‌ရောင်ဝတ်မိန်းကလေးသည် ပထမဆုံးအကြိမ်နားလည်လာ၏။

အထူးသဖြင့် သူသည် စောစောက မြားပစ်လိုက်သောအချိန်တုန်းကဖြစ်၏။ ထို‌‌ချောမောလှပသောကောင်လေးထံမှ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည်ဟု ထင်ရသော အားမာန်ပြင်းထန်သည့်အော်ရာက ထွက်ပေါ်လာခဲ့၏။

လျှို့ဝှက်မရဏဂိုဏ်း၏ အမွေဆက်ခံသူနှင့် မည်သူမျှ သွား၍ မရှုပ်ရဲပေ။

ပန်းရောင်ဝတ်မိန်းကလေး၏ မျက်လုံးက အ‌ရောင်လက်သွားပြီး သူမဘာသာ တွေးတောလိုက်၏။

‘သူရဲ့ တိုက်ခိုက်မှုက အရမ်းပြတ်သားတာပဲ.. သူတိုက်ခိုက်ဖို့ လုပ်ခဲ့တဲ့သူက မျက်နှာတစ်ထောင်လုပ်ကြံသူဆိုတာကိုသာ သိရင် သူအဲ့လိုပဲ ပြုမူနိုင်ဦးမလား ငါသိချင်လိုက်တာ’

“သူ ဘယ်သူဆိုတာ ခင်ဗျားသိတယ်မလား”

ဆူဇီမိုသည် ပန်းရောင်ဝတ်မိန်းကလေး၏ မျက်လုံးကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်၍ မေးလိုက်၏။

သူမက မျက်တောင်ကို ပုတ်ခတ်ရင်း ပြန်ဖြေလိုက်၏။

“ဟင့်အင်း.. ကျမ မသိဘူး”

ဆူဇီမိုက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။

ပန်းရောင်ဝတ်မိန်းကလေးကသာ သူ့ကို ‌ပြောပြချင်စိတ်မရှိလျှင် သူဘယ်လောက်မေးမေး အဖြေမှန်ကို ရမှာမဟုတ်ကြောင်း သူနားလည်လေသည်။

မလှမ်းမကမ်း၌ တောင်ပိုင်းတောင်တန်းဂိုဏ်းမှ လေးယောက်တွင် နှစ်ယောက်သာ ကျန်ရှိလေတော့သည်။

သူတို့နှစ်ယောက်စလုံးက ရင်နာနေဟန်ရသော်လည်း အလောင်းနှစ်လောင်းမှ သိုလှောင်အိတ်များကို ချက်ချင်းဖြုတ်ယူကာ သူတို့ဖို့သူတို့ သိမ်းလိုက်ကြ၏။

‘အဲ့ဒါက နင်တို့ပြောပြောနေတဲ့ ဖြောင့်မတ်မှန်ကန်ပါတယ် အထက်လမ်းဂိုဏ်းသားတွေရဲ့ အပြုအမူပေ့ါလေ’

ထိုမြင်ကွင်းကို မြင်သောအခါ ပန်းရောင်ဝတ်မိန်းကလေးသည် မျက်နှာဖုံးအောက်ကနေ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

All Chapters