အခြားသူတွေ ဘာတွေးနေလဲဆိုတာ မင်းဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး
Vol. 2 Ch. 12
ကျောက်ရွှမ်ကျင်းလည်း သဘောတူခဲ့လေသည်။
လူလိမ်တစ်ယောက်ကနေ အမတအရှင်တစ်ယောက်? ရှဲ့ချောင်မှာဒါကို နေသားကျနေခဲ့ပြီးဖြစ်သည်။
နန်းတွင်းသက်တော်စောင့်ကျို့သည် သူမကို ခွင့်တောင်းရန် ကိုယ်တိုင်ကိုယ်ကျလာခဲ့ကာ သူ၏မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေခဲ့သည်။ " အမတအရှင် ကျွန်တော်တို့ရဲ့သခင်လေးက အသင်နဲ့စကားပြောချင်နေပါတယ်..."
ချင်းကျီတစ်ယောက် ဇဝေဇဝါဖြစ်သွားခဲ့သည်။ " ကျို့လူကြီးမင်း? ခင်ဗျားက ဘာလို့သူ့ကို အမတအရှင်လို့ ခေါ်နေတာလဲ? ကျွန်တော်တို့ သူ့ကို ရာဇဝတ်ရုံးတော်ကို ခေါ်သွားရမှာ မဟုတ်ဘူးလား? "
ကျေးဇူးပြုပြီး သူ့ကို မခြောက်ကြပါနဲ့!
ဒီပုဂ္ဂိုလ်က သူ့ရဲ့ကံကြမ္မာကို ဖတ်ခဲ့တာလေ။ပထမဆုံးအနေနဲ့ သူမက သူဟာ သူ့အဖေရဲ့ သားအရင်းမဟုတ်ဘူးဆိုပြီး ပြောတယ်။ ဒုတိယတစ်ခု သူမ ပြောခဲ့တာက သူ့မှာ သားတစ်ယောက် ဘယ်တော့မှ ရှိလာနိုင်မှာမဟုတ်ဘူးတဲ့။ တတိယမြောက်အနေနဲ့ သူကရေတွင်းတစ်ခုထဲပြုတ်ကျပြီး သေဆုံးရလိမ့်မယ်လို့တောင် သူမကပြောခဲ့တာ။
သူ့ရဲ့ကံကြမ္မာက ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလိုက်လဲဆိုတာကို ဖော်ပြနိုင်တဲ့စကားလုံးတောင် မရှိတော့ဘူး။
အကယ်လို့ သူမသာ အမတအရှင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဒါကသူ့ကိုဘာဖြစ်သွားစေမှာလဲ?
ချင်းကျီက မူးဝေလို့နေခဲ့သည်။ သို့သော် ရှဲ့ချောင်မှာ ရုတ်တရက် သူမခေါင်းကိုကိုင်လိုက်ပြီး " ခေါင်းကိုက်တယ်။ ဆက်မလျှောက်နိုင်တော့ဘူး။ ကျွန်မအနားယူဖို့လိုနေလို့ပါ "
နန်းတွင်းသက်တော်စောင့်ကျို့ သူ့ရဲ့မျက်ခမ်းများလှုပ်လာသလိုခံစားရပြီး တိတ်ဆိတ်သွားခဲ့သည်။
ဒါက သူမ၏ဆင်ခြေဆင်လက်များဖြစ်လိမ့်မည်ဟု သူခံစားရသည်။ အရင်နေ့က သူတို့ရဲ့ ပျူငှာမှုမရှိတဲ့အပြုအမူတွေနှင့် ပတ်သက်လို့ သူမက မကျေနပ်တာ ဖြစ်နိုင်တယ်။
သို့ပေသိ သူအနီးကပ်တစ်ချက်မျှကြည့်လိုက်သောအခါ အမှန်ပင် သူမ၏နဖူးထက်၌ တောက်ပြောင်သော ချွေးတစ်လွှာဖုံးလွှမ်းနေသည်ကိုတွေ့လိုက်ရသည်။ သူမမျက်နှာမှာ ထိတ်လန့်ဖွယ်ရာကောင်းလောက်အောင်ပင် ဖြူလျော်နေခဲ့ပြီး သူမ၏ နှုတ်ခမ်းသားများမှာလည်း အရောင်ကင်းမဲ့နေခဲ့သည်။
ထိုအခိုက်အတန့်မှာပဲ သူတုန်လှုပ်အံ့ဩသွားခဲ့ကာ " အတူပါလာတဲ့ သမားတော်ကို မြန်မြန်ခေါ်လိုက်! အမတအရှင် ကျေးဇူးပြုပြီး ဒီအေးတဲ့နေရာလေးမှာ နားနေလိုက်ပါ..."
ရှဲ့ချောင် ခေါင်းညိမ့်ပြလိုက်သည်။
သူမ မြေကြီးပေါ်သို့ထိုင်ချပစ်လိုက်ပြီး ဝါးခြင်းတောင်းလေးကို ချက်ချင်းဖွင့်လိုက်သည်။ ကြက်ဖကို အစာတချို့အရင်ကျွေးလိုက်ပြီးနောက် သူမ လုပ်သောအရာမှာရေအနည်းငယ်သောက်ခြင်းသာဖြစ်သည်။ ရေသောက်ပြီးနောက် သူမပြောလိုက်သည်။ “သာ့ရှုန်းရေ မင်းကြုံတွေ့ခံစားရတာတွေအတွက် ငါစိတ်မကောင်းပါဘူး။ မင်းငါ့နောက်ကို ဒီလမ်းတစ်လျှောက်လုံးလိုက်လာရတယ်။ ဒါပေမယ့် တခြားနည်းလမ်းမှမရှိတာ အခြားသူတွေ ဘာတွေးနေလဲဆိုတာကို မင်းဘယ်တော့မှခ န့်မှန်းနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့လည်း လောကကြီးမှာ မကောင်းတဲ့လူတွေအများကြီးရှိနေတာပဲလေ..."
နန်းတွင်းကိုယ်ရံတော်ကျို့ရဲ့ နှုတ်ခမ်းထောင့်စွန်းများ တွန့်သွားရသည်။
"ခံစားတာ မခံစားတာကို ပြောနေတာ မင်းရဲ့ကြက်က စားဖို့အတွက် မဟုတ်ဘူးလား..." ချင်းကျီမှာ စိတ်ရှုပ်သွားခဲ့သည်။ ထိုကြက်ဖကြီးကို စိုက်ကြည့်လိုက်မိတာနဲ့ သူ့စိတ်ထဲပေါ်လာသည့် တစ်ခုတည်းသောအရာမှာ တောင့်တင်းသန်မာကာ ကြည့်ရကောင်းသောကြက်ကြီးသည် အသားကောင်းတချို့ ဖြစ်လာနိုင်သည်ဟုပင်။
ရှဲ့ချောင်၏ လက်များ တောင့်သွားခဲ့သည်။
ထို့နောက် သူမ၏လက်ကိုမြှောက်ကာ ကြက်ဖကြီး၏အမွှေးအတောင်များကို နူးညံ့စွာပွတ်သပ်ပေးရင်း သက်ပြင်းတစ်ခုကိုဖြည်းညင်းစွာချလိုက်သည်။
နန်းတွင်းကိုယ်ရံတော်ကျို့က ချင်းကျီကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။
ဒီငတုံးကောင်က ဘာလို့များအခုထိဘာကိုမှ သဘောမပေါက်ရသေးတာလဲ?!
သူမကို အမတအရှင်လို့ သူခေါ်ခဲ့ပြီးတာတောင် ဒီငတုံးက နားမလည်သေးဘူးပဲ?!
သူမရဲ့ ဟောကိန်းတွေကမှန်တယ်ဆိုတာဒါပဲဖြစ်ရမယ်!
" အမတအရှင် ချင်းကျီက သူ့မိသားစုဆီက အလိုလိုက်ခံထားရတဲ့ အဆိုးလေးတစ်ယောက်ပါ။ သူ့မှာ လိမ္မာပါးနပ်မှုမရှိဘူး။ ကျေးဇူးပြုပြီး သူ့ကို စိတ်ထဲမထားပါနဲ့။ ပြောရရင် ကျွန်တော်တို့က အသင့်ကို လိုအပ်နိုင်..."
" အဟွတ် အဟွတ်! " သူပြောလို့မဆုံးသေးခင်မှာပင် ရှဲ့ချောင်မှာအပြင်းအထန်ချောင်းဆိုးလာခဲ့သည်။ " သာ့ရှုန်း...ငါမလုပ်နိုင်လောက်တော့ဘူးထင်တယ်။ ငါသာ မင်းကို ချန်ထားခဲ့မိရင် ဘာများဖြစ်သွားလောက်မလဲ? မင်းသေချာပေါက်ကို လူယုတ်မာတွေစားတာ ခံရနိုင်တယ်..."
သူမ အဆက်မပြတ်ချောင်းဆိုးခဲ့သည်။ သူမ၏ ချည့်နဲ့သောခန္ဓာကိုယ်လေးမှာ အချိန်မရွေးလဲကျသေဆုံးသွားနိုင်သကဲ့သို့ တုန်ယင်နေခဲ့သည်။
နန်းတွင်းကိုယ်ရံတော်ကျို့မှာ အလွန်ကြောက်ရွံ့သွားခဲ့ပြီး သမားတော်ကို အမြန်ခေါ်လာရန်ပြောလိုက်လေသည်။ မကြာမီတွင် သမားတော်မှာ လမ်းတစ်လျှောက်လုံးကို အမောတကောပြေးကာရောက်လာခဲ့သည်။ ထိုအရာပေါ်တွင် သူ၏ဘဝမူတည်နေသကဲ့သို့ အလောတကြီးဖြစ်နေခဲ့သည်။
ရှဲ့ချောင်သည် သူမ၏ သွယ်လျဖြူဖွေးသော လက်ကောက်ဝတ်လေးအား ဆန့်ထုတ်လိုက်သည်။ သူမ၏ မျက်တောင်ရှည်များမှာ တဖျပ်ဖျပ်ခတ်နေခဲ့သည်။
ထိုလက်ကောက်ဝတ်လေးမှာ သနားချင့်စဖွယ်ကောင်းလောက်အောင် ပိန်ပါးလိုက်သည်က တစ်ကြိမ်မျှတိုက်မိသည်နှင့်ပင် ဆတ်ခနဲမြည်ကာ ကျိုးအက်သွားမည့် တုတ်ချောင်းလေးတစ်ချောင်းကဲ့သို့ပင်။
လမ်းတစ်လျှောက်ကို ပြေးလာခဲ့ရခြင်းကြောင့်သမားတော်၏မျက်နှာမှာ နီရဲနေခဲ့သည်။ သူကအလျင်အမြန်ပင် ရှဲ့ချောင်၏လက်ကောက်ဝတ်ထက်၌ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။
" မိန်းကလေး ဒီနာမကျန်းမှုက မင်းမွေးကတည်းက ရှိနေခဲ့တာမလား? ဒါဆို ပြဿနာအများကြီးမရှိတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဆက်ပြီးအားနည်းနေဦးမှာပဲ။ နာမကျန်းဖြစ်ဖို့ အစပျိုးမယ့်အရာတွေကနေ ဝေးဝေးနေပြီး အေးအေးသက်သာနေသင့်တယ်။ ကောင်းကောင်းအနားယူလိုက်ပါ။ မင်းပြန်ကောင်းလာတဲ့အချိန်ကျရင် ဆက်ပြီးရှင်သန်ဖို့မျှော်လင့်ချက်ရှိနိုင်ပါသေးတယ် "
ဒါပေါ့။ သူမ ပြန်ကောင်းမလာခဲ့ရင်သေမှာပေါ့။ ဒါပေမယ့် ဒါကလည်းပုံမှန်ပါပဲ။
သမားတော်ကရှင်းပြခဲ့ပြီးနောက်တွင် နန်းတွင်းကိုယ်ရံတော်ကျို့မှာ စကားကိုကျယ်ကျယ်ပင် မပြောဝံ့တော့ချေ။
" ကျွန်တော်...သခင်လေးကို ဒီနေရာဆီ ခေါ်ဆောင်ခဲ့လိုက်ရမလား?" တချို့အရာတွေကိုတွေးကြည့်ပြီးနောက် နန်းတွင်းကိုယ်ရံတော်ကျို့မှ သတိရှိစွာဖြင့် မေးမြန်းလိုက်သည်။
ရှဲ့ချောင်က ပြန်မဖြေခဲ့ပေ။ သူမမှာ သေခြင်းတရားနှင့် ခြေတစ်လှမ်းအလိုတွင် ရှိနေခဲ့သလို ပုံစံဖြစ်နေခဲ့သည်။
နန်းတွင်းကိုယ်ရံတော်ကျို့သည် သတိကြီးကြီးထား၍နေသင့်သည်ဟု ခံစားမိလိုက်သည်။
အရင်နေ့ကတင် သူတို့မှာ ဒီမိန်းကလေးကို မျက်ဆံလှန်ပြခဲ့ကြသည်။ ဒီနေ့မှာတော့ သူတို့က သူမကိုဖန်ထည်လေးကဲ့သို့ ဆက်ဆံနေကြရသည်။ ပြဿနာမှာ ဤမိန်းကလေးအား စကားပြောလိုက်တိုင်း သူတို့တစ်ဦးနှင့်တစ်ဦး နှစ်ခွန်းခန့်မပြောရသေးခင်တွင်ပင် မောင်းထုတ်ခံရသည်သာဖြစ်သည်။ ဒီမှာတစ်စုံတစ်ခုမှားယွင်းနေပုံရသည်။
ကျောက်ရွှမ်ကျင်းအား မြင်လိုက်ချိန်တွင် နန်းတွင်းကိုယ်ရံတော်ကျို့မှာ ဖြစ်သမျှအရာအားလုံးကို ပြန်ပြောပြတော့သည်။
" သူမကို သမားတော်ကြည့်ပြီးသွားပါပြီ။ သူ့ကြည့်ရတာ ဟန်ဆောင်နေပုံလည်း မပေါ်ပါဘူး။ သူမချောင်းဆိုးတုန်းကဆိုရင် ကျွန်တော့်မှာ အဆုတ်တွေထွက်ကျတဲ့အထိဖြစ်မှာကို တကယ်လန့်နေခဲ့တာပါ။ သူလမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူးထင်တယ်။ ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ထင်ပါ...သလဲ? " နန်းတွင်းကိုယ်ရံတော်ကျို့မှာမေးခွန်းမေးလိုက်ပြီးသည်နှင့် သောကရောက်သလိုကို ခံစားလိုက်ရသည်။
•••••••