← Chapters

တောက်ပခြင်း....

Vol. 17 Ch. 225

တောက်ပခြင်း....

Vol. 17 Ch. 225

မိန်းမပျိုသုံးဉီးသည် လီလော့ကိုအရူးတစ်ယောက်သဖွယ်ငေးကြည့်နေကြသော်လည်း လီလော့ကတော့ ခပ်တည်တည်ဖြင့်.....

" ချင်းအာ....နင်ပြောတာမှန်တယ်....နိုးထခြင်းအဆင့်ကို ငါကိုယ်တိုင်လုပ်မှာ....."

" မရူးစမ်းနဲ့....ငါတို့မှာရှိတာ ဒါအကုန်ပဲ...နင်လည်း ဝိဉာဉ်ရည်သန့်စင်ဖူးတာပဲ...နင့်စွမ်းအားနဲ့မကိုက်ညီရင် အကုန်အလဟသဖြစ်ကုန်လိမ့်မယ်....."

ကျန်းချင်းအာ၏အပြောကို ချိုင်ဝေကလည်း အပြည့်အဝထောက်ခံနေလေ၏။

" နင်ပြောချင်တာကို ငါသိပါတယ်.....ဒါဆိုငါမေးမယ်....ရှီးယန်ရုံးချုပ်အတွက် ထောက်ပံ့ပေးနေတဲ့ လျှို့ဝှက်ရေအရင်းအမြစ်တွေ ဘယ်ကရတယ် ထင်လဲ....."

ကျန်းချင်းအာနှင့်ချိုင်ဝေတို့ အသည်းအသန်စဉ်းစားနေချိန်တွင် ယန်လင်းချီက ရသုတ်တရက်ထအော်လိုက်လေသည်။

" နင်...နင် လုပ်ထားတာမလား...."

" ဟုတ်တယ်...အစ်မလင်းချီ အစောကြီးကတည်းကသိနေတယ်မလား....."

" ဝိဉာဉ်ရည်သန့်စင်ခြင်းပွဲ​တော်မှာကတည်းကသိနေတာ....နင် ဘယ်လိုလုပ်လိုက်တာလဲ....."

လီလော့က လက်ချောင်းများကို ဆန့်ထုန်လိုက်ပြီး စွမ်းအားများကို အာရုံစိုက်ထုတ်ဖော်လိုက်သည့်အခါ လက်ချောင်းထိပ်တွင် သန့်စင်သော စွမ်းအင်အရည်စက်လေးတခု ဖြစ်တည်လာလေ၏။

မိန်းမပျိုသုံးဉီးစလုံးကလည်း ထိုမြင်ကွင်းကိုကြည့်ပြီး အံ့သြမှင်သက်နေကြရှာသည်။

"မဖြစ်နိုင်ဘူးလို့ထင်နေကြတယ်မလား....ကျွန်တော်မှာ အရင်တုန်းက ဗလာနန်းတော်ရှိခဲ့တယ်လေ..... ပဲ့တင်ထပ်သံ ရလာပြီး နောက်ပိုင်း ကျွန်တော့်စွမ်းအားတွေက ဘယ်သူစွမ်းအားနဲ့မတို အလွယ်တကူရောနှောလို့ရမှန်းသိခဲ့ရတာ....ကြည့်ရတာ ဗလာသက်ရောက်မှုကြောင့်ဖြစ်လိမ့်မယ်ထင်တယ်.....ဒါ့ကြောင့်လည်း လျှို့ဝှက်ရေအရင်းမြစ်ကို ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားကနေ ထုတ်ယူနိုင်တာပေါ့....."

လီလော့၏ ရှင်းပြချက်ကို နားထောင်လိုက်တော့မှသာ လျှို့ဝှက်ရေအရင်းမြစ်ကို ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားကနေ ထုတ်ယူနိုင်ကြောင်း ပထဆုံးအကြိမ်အဖြစ် သိခွင့်ရခဲ့ကြသည်။ဤသည်မှာ လောကသစ်တခုဖွင့်လှစ်လိုက်သလိုပင်.....

" ဒါဆို နင် ပေးနေတဲ့လျှို့ဝှက်ရေအရင်းမြစ်က ဆရာသခင်တို့ချန်ထားပေးခဲ့တာမဟုတ်ဘူးပေါ့....."

ကျန်းချင်းအာ မပီမသရေရွတ်လိုက်မိသည်။

" ဒီလိုဆိုတော့လည်း လျှို့ဝှက်ရေအရင်းမြစ်တွေ ပေးပြီးတိုင်း သခင်လေး ဖြူဖျော့နေတာ ထူးဆန်းမနေတော့ဘူးပဲ....လက်စသတ်တော့ သခင်လေးက ခြောက်ကပ်နေအောင် ညှစ်ထုတ်ပေးခဲ့ရတာကိုး....."

ချိုင်ဝေက အလှယပ်တောင်လေးနဲ့ကာပြီး တခစ်ခစ်ရယ်မောနေလေ၏။

" ခင်ဗျားတို့မို့ လှောင်ပြောင်ရက်တယ်နော်...ကျွန်တော့ကို သံမဏိလူသားများထင်နေကြတာလား....."

လီလော့ ရှက်ရမ်းရမ်းနေပြီဖြစ်သောကြောင့် ကျန်းချင်းအာသည်လည်း အချိန်မှီ မျက်နှာပိုးသတ်လိုက်ရတော့သည်။

"ထားပါတော့...ဒါဆို နိုးထခြင်းအဆင့်ကို နင်ကိုယ်တိုင်လုပ်တော့မယ်ပေါ့....."

" အင်း...ခုနက စမ်းတုန်းက အဆင့်နိမ့် အဆင့်ခုနှစ်မဟုတ်လား....ငါ့မှာရှိတဲ့ ပဲ့တင်ထပ်သံနှစ်ခုစလုံးက ကုသစွမ်းရည် ရှိတာတွေချည်းပဲမို့ သေချာပေါက် သူတို့ထက်အဆင့်မြင့်လိမ့်မယ်.....​ဖြေဆေးက အဆင်ပြေပေမယ့် စွမ်းအားမလုံလောက်လို့သာ မအောင်မြင်တာပါ....ငါကြိုးစားကြည့်ပါ့မယ် .....ငါရဲ့ ဆေးပညာက ရှင်းဖူ ပန်းချီဆွဲတာထက်ဆိုးဝါးနေမှန်း ကိုယ့်ကိုကိုယ်သိပါတယ်....ကျွမ်းကျင်မှုမရှိပေမယ့်လည်း ပြည့်စုံလုနီပါးအဆင့်ထိတော့ ရောက်နိုင်ကောင်းပါရဲ့......."

ရွေးချယ်စရာမရှိတော့သည့်အတွက် ကျန်းချင်းအာ ခေါင်းညိတ်လိုက်ရလေသည်။

လီလော့သည် သမားတော်များ ဖော်စပ်ပေးထားသော ဆေးရည်ပုလင်းတစ်ခုထဲသို့ စွမ်းအင်အရည်တစက် ထည့်လိုက်ပြီး ရလဒ်ကိုစိတ်လှုပ်ရှားစွာစောင့်ကြည့်နေပါသည်။

၎င်းနည်းတူ မိန်းကလေးသုံးယောက်စလုံးလည်း အသက်ရှုဖို့မေ့နေသည်အထိ ရလဒ်ကိုသာ အာရုံစိုက်နေကြသည်။

ပုလင်းထဲသို့ကျဆင်းသွားသေ အစိမ်းရောင်နှင့်အပြာရောင်ရောယှက်နေသော စွမ်းအင်အရည်သည် နဂိုရှိရင်းစွဲဆေးရည်များနှင့် လိုက်လျောညီထွေ ပေါင်းစည်းနေသောကြောင့် တောက်ပသောအလင်းတန်းများထွက်ပေါ်လာသည်။

ခန်းမထဲတွင် ပျံ့နှံနေသော ဆေးရနံ့ထဲတွင် နွေးထွေးသော အသက်စွမ်းအင်များပါဝင်နေသောကြောင့် ​အောင်မြင်သွားပြီဆိုသည်ကို လူတိုင်း နားလည်လိုက်ကြသည်။

ဒီလိုဆိုတော့လည်း လီလော့ရဲ့ဗလာနန်းတော်က လက်ဆောင်တခုလိုပါပဲလား......

ရောစပ်မှုအောင်မြင်သွားပြီဆိုသော်လည်း မစမ်းသပ်ရသေးသည့်အတွက် အပြည့်အဝမပျော်ရွှင်နိုင်ကြသေးပေ။

ထို့ကြောင့် လက်တွေ့စမ်းသပ်ဖို့ သွေးသေတ္တာထဲသို့ ဖြေဆေးအနည်းငယ်လောင်းချလိုက်သည်။

ထိုအခါ အစိမ်းရောင်အရည်များသည် အနက်ရောက်သွေးများကို စတင်ဝါးမျိုနေပြီး တစ်နာရီခန့်အကြာတွင် သေတ္တာထဲမှ သွေးများအားလုံး သန့်စင်သွားလေပြီ....

ထိုမြင်ကွင်းကိုကြည့်ပြီး လေးဉီးစလုံး အံ့သြမှင်သက်နေကြလေ၏။

တခဏအကြာ၌ လီလော့ကသက်ပြင်းချလိုက်ပြီး.....

" ကျွန်တော့်ရဲ့ အံ့ဖွယ်ပြပွဲကို ကြွရောက်ချီးမြှင့်ပေးကြတဲ့ အမျိုးသမီးတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ....."

ယခုဆိုလျှင် ရှီးယန်ကြုံတွေ့နေရသော ဒုက္ခများကို ဖြေရှင်းနိုင်တော့မည်ဖြစ်သောကြောင့် အားလုံးပြုံးပျော်နေကြရှာသည်။

ထိုအချိန်တွင် ကျန်းချင်းအာက လီလော့ဆီသို့တလှမ်းချင်းလှမ်းလာပြီး လည်ပင်းကိုသိုင်းဖက်လိုက်ပြီး နားနားသို့ကပ်ကာ.....

" တော်လို့ ဆုချတာ....."

All Chapters