အဆိပ်ပြေသွားပြီ......
Vol. 17 Ch. 226
ရုတ်တရက်ပွေ့ဖက်ခံလိုက်ရခြင်းကြောင့် လီလော့ကြောင်အနေလေ၏။
အသိစိတ်ပြန်ကပ်ချိန်တွင် ကျန်းချင်းအာက လူချင်းပြန်ခွာသွားခဲ့ပြီ.....
" ခဏလေးပဲလား....."
လီလော့၏ မကျေမနပ်ညီးတွားသံကြောင့် ချိုင်ဝေက ရယ်မောလိုက်ပြီး.....
" လောဘကြီးလှချည်လား သခင်လေးရယ်....နောက်ပိုင်း သခင်လေး များများကြိုးစားရင် ဒါမျိုးအခွင့်ရေးများများရလာမှာပဲကို......ပြီးတော့ ဟိုမှာ နိုးထခြင်းအဆငိ့မရောက်သေးတဲ့ပုလင်းတွေအများကြီးကျန်သေးတယ်လေ......"
" ကျွန်တော် မလုပ်နိုင်ဘူးများထင်နေလား...."
ထိုသို့ဆိုပြီးသည်နှင့် ကျန်ရှိနေသော ပုလင်းများထဲသို့ စွမ်းအင်အရည်များကို ထပ်ပေါင်းထည့်လိုက်တော့သည်။
နာရီဝက်အကြာတွင် ဖြေဆေးများအဆင်သင့်ဖြစ်နေသော်လည်း လီလော့ကတော့ အင်အားကုန်ခမ်းသည်အထိ စွမ်းအားများ ထုတ်သုံးထားရသောကြောင့် ထိုင်ခုံပေါ်တွင် ပက်လက်လန်နေလေပြီ....
ထိုအချိန်တွင် ခပ်တည်တည်နေတတ်သော ယန်လင်းချီက လက်ဖက်ရည်တခွက်ဖျော်ပေးပြီး......
" ဒါ ဂျင်ဆင်းလက်ဖက်ရည်....အားပြည့်အောင်သောက်လိုက်ဉီး....."
လီလော့လည်းထွေထွေထူးထူးပြောမနေတော့ဘဲ တကျိုက်တည်းမော့သောက်လိုက်ကာ.....
" အချိန်မရှိဘူး...ဖြေဆေးတွေ ဝေပေးလိုက်တော့...."
ကျန်းချင်းအာက ခေါင်းညိတ်လိုက်ပြီး ဝန်ထမ်းအချို့ကို ဖြေဆေးပုလင်းများ လာသယ်ခိုင်းလိုက်သည်။
ချင်းဝမ်တို့လူတစုသည် အိမ်မပြန်သေးဘဲ ခန်းမအပြင်ဘက်တွေ ရှိနေကြသေးသည်။
တပျက်တပျက်သာရှိသော ဆေးရည်များကို လီလော့ ဘယ်ပုံဘယ်နည်းစီမံမည်ကို အလွန်အမင်း သိချင်နေကြသည်။
ထိုလူစုထဲတွင် ချင်းဝမ်က အဆိုးဆုံးပင်.....
" လီလော့...လီလော့...မင်းကသိပ်ကိုမောက်မာတဲ့ကောင်လေးပဲ....."
ထိုအချိန်တွင် ကျန်းချင်းအာနှင့်လီလော့တို့က ချင်းဝမ်ဘေးကနေ ဖြတ်လျှောက်သွားကြပြီး.....
" ဖြေဆေးရပြီ...အားလုံးကိုဝေပေးလိုက်....."
" ဟမ်....ဟုတ်...ဟုတ်ကဲ့ ....... "
သမားတော်တွေကနေ ဖြေဆေးမအောင်မြင်သည့်သတင်းကို ကြားထားသည့်အတွက် အကြီးအကဲကျန်း အံ့သြထိတ်လန့်နေရှာသည်။
မည်သို့ပင်ဖြစ်စေ အရှင်သခင်ဖြစ်သော လီလော့နှင့်ကျန်းချင်းအာတို့ကိုသာ ယုံကြည်ပြီး ခိုင်းသည့်အတိုင်း လုပ်ရမည်သာ.......
အဆိပ်မိနေသူများကို ခြံဝန်းတခုထဲတွင် တန်းစီလှဲလျောင်းထားသောကြောင့် ရုံးချုပ်မှ ပညာရှင်များကလည်း လာရောက်ကြည့်ရှုနေသောကြောင့် အုန်းအုန်းကြွက်ကြွက်ဖြစ်နေလေ၏။
အကြီးအကဲကျန်းတို့က အဆိပ်မိနေသူများပါးစပ်ထဲသို့ ဖြေဆေးများလောင်းထည့်ပြီး ရလဒ်ကို စိတ်လှုပ်ရှားမှုအပြည့်နှင့် စောင့်ကြည့်နေကြသည်။
အမှန်တိုင်းပြောရရင် လီလော့ကိုယ်တိုင်တောင် စိတ်လှုပ်ရှားနေခဲ့ပါသည်။ အဆိပ်သွေးနှင့်စမ်းသပ်စဉ်က အောင်မြင်ခဲ့သော်လည်း လူကိုယ်တိုင် သောက်သုံးကြည့်သည့်အခါ မည်သည့်ရလဒ်မျိုးထွက်ပေါ်လာမလဲ မည်သူမျှ မသိနိုင်ပေ။
အချိန်ရပ်တန့်နေသည်ဟုပင် ထင်ရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။
ဆယ့်ငါးမိနစ်ခန့်အကြာတွင် " အမည်းစက်တွေ မှိန်သွားပြီ.." ဟု တစ်ယောက်ယောက်က အော်လိုက်သောကြောင့် အဆိပ်သင့်နေသူများကို စစ်ဆေးကြည့်လိုက်သည့်အခါ အမှန်ပင် အမည်းစက်များ လျော့နည်းကုန်ပြီဖြစ်သည်။
သိပ်မကြာခင်မှာတင် အမည်းစက်အားလုံးပျောက်ကွက်သွားသောကြောင့် အာမေဋိတ်သံများ အပြိုင်အဆိုင် ထွက်ပေါ်လာကြသည်။
" ဝိုးးးးး"
အဆိပ်သင့်နေသူများ သတိပြန်ရလာသောအခါ အနံအသက်ဆိုးဝါးသော သွေးညစ်များကို တဝေါ့ဝေါ့ထိုးအန်နေကြသည်။
ဤအချင်းအရာကို ကြည့်ချင်းအားဖြင့် ဖြေဆေးအောင်မြင်သည်ကို လူတိုင်းသိနိုင်ကြသည်။
ထိုအခါမှသာ လီလော့နှင့်ကျန်းချင်းအာတို့ သက်ပြင်းချနိုင်ရှာတော့သည်။
မပျော်နိုင်သူများကတော့ ချင်းဝမ်တို့သမားတောိအုပ်စုသာပင်....
ဘာတွေဖြစ်ကုန်တာလဲ.....
လီလော့တို့ အဆိပ်ဖြေဆေးဖော်နိုင်ခဲ့တယ်ပေါ့......
ဒါပေမယ့် သူတို့ဖော်စပ်ပေးခဲ့တဲ့ တဝက်တပျက်ဆေးရည်ကရော.....
သူတို့ထွက်လာပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့တာလဲ.. ..
သိချင်စိတ်ပြင်းပြလာသောကြောင့် ချင်းဝမ် အားတင်းပြုံးလိုက်ပြီး......
" သခင်လေးနဲ့သခင်မလေး.....ဘာတွေဖြစ်ကုန်တာလဲ....ကျုပ်တို့ဖော်စပ်ပေးခဲ့တဲ့ တဝက်တပျက်ဆေးရည် အောင်မြင်ခဲ့တာလား.... ."
" ဟုတ်ရင်လည်း ဟုတ်မှာပေါ့....ကျွန်တော်လည်းသေချာဘယ်သိပါ့မလဲ....."
ချင်းဝမ် အပြင်ဘက်တွင် ပြုံးနေသော်လည်း စိတ်ထဲတွင်မူ လီလော့ကို ရစရာမရှိအောင် ကျိန်ဆဲနေလေပြီ။
သို့သော်လည်း လီလော့ထံမှ အဖြေကို ဖိအပေးညှစ်ထုတ်လို့မရသည့်အပြင် လီလော့ သူ့ကိုအနီးကပ်စိုက်မလုံသူပီပီ ချွေးပျံနေလေ၏။
လီလော့ ချင်းဝမ်ကိုပယ်ပယ်နှယ်နှယ် ပြောတော့မည့်အချိန်တွင် ချောင်ဆိုးသံကြားလိက်ရသဖြင့် လှည့်ကြည့်လိုက်သည့်အခါ တန်ယွမ်နှင့် လုရှောင်ဖန်းတို့ သတိရလာကြပြီဖြစ်သည်။
လီလော့သည် ထိုနှစ်ယောက်ဆီသို့သွားလိုက်ပြီး.....
" ကဲ လူကြီးမင်းတို့ ဒီလောက်ဆိုသဘောပေါက်သင့်ပြီထင်တယ်....."
သူတို့နှစ်ဉီးတင်မကဘဲ လုပ်ဖော်ကိုင်ဖက်များပါ အစုလိုက်အပြုံလိုက် အဆိပ်သင့်ထားသည်ကိုမြင်သည့်အခါ တန်ယွမ်တို့ ဒေါသထိန်းမရတော့ပေ။
" ယုတ်ကန်းလိုက်တာကွာ....."
ဖေဟောင်သည် သူတို့ကို အသေခံဖို့ ရှီးယန်သို့လွှတ််လိုက်ခြင်းဖြစ်ပြီး လော့လန်အိမ်တော်နှင့် လီလော့ကိုပါ တပါတည်းမြှုပ်နှံဖို့ကြံစည်ထားပုံရသည်။
လီလော့ သူတို့ကို အဆိပ်မခတ်မှန်း အပြည့်အဝယုံကြည်ပါသည်။ ဤပြသာနာတွင် လီလော့သည်လည်း နစ်နာသူတစ်ဉီးသာပင်.....
"ခရီးသွားတုန်းသောက်ဖို့ ဖေဟောင်ထည့်ပေးလိုက်တဲ့ သေရည်ကြောင့်ပဲဖြစ်ရမယ်....."
လုရှောင်ဖန်း ဒေါသတကြီးအော်ဟစ်လိုက်သည့်စကားသံကို အခြေနေကောင်းလာပြီဖြစ်သော ပညာရှင်များကလည်း တညီတညွတ်တည်း ခေါင်းညိတ်ထောက်ခံ နေကြသည်။
" တောင်းပန်ပါတယ် သခင်လေး.. ကျုပ်တို့ရဲ့မိုက်မဲမှုကြောင့် သခင်လေးဒုက္ခများခဲ့ရပြီ....."
" ခင်ဗျားတို့အကုန်လုံးက ရှီးယန်ကလူတွေပဲလေ.....ခင်ဗျားတို့သေမှာကို ကျွန်တော် လက်ပိုက်ကြည့်နေရက်ပါ့မလား....ဒါနဲ့...ခင်ဗျားတို့ ရှီလင်းကိုပြန်ဖို့ဆန္ဒရှိသေးရဲ့လား.... "
"မနောက်ပါနဲ့သခင်လေးရယ်....ယုတ်မာတဲ့ဖေဟောင့်ဆီ ဘယ်သူပြန်ချင်မှာလဲ.....သခင်လေးသာလက်ခံမယ်ဆို ကျုပ်တို့ရုံးချုပ်မှာပဲဆက်နေပါ့မယ်....."
" ကောင်းပါပြီ....ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို တခုတောင်းဆိုစရာရှိတယ်....."
လီလော့သည် ဖေဟောင်ရှိနေသည့်အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်ပြီး အဓိပ္ပါယ် ပါပါပြုံးလိုက်လေတော့သည်။