ပရိတ်သတ်များ...
Vol. 17 Ch. 227
ရှီးယန်စံအိမ်အပြင်ဘက်တွင်.....
စပ်စုလိုစိတ်ပြင်းပြနေသော လူအုပ်ကြီးသည် ခြံဝန်းထဲမှ ထွက်ပေါ်လာသော အနက်ရောင်အခိုးငွေ့များနှင့်ဆိုးဝါးသော အနံ့အသက်များကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
အနီးအနားရှိစားသောက်ဆိုင် တခုတည်းကနေ ထိုမြင်ကွင်းကို အကဲခတ်နေသူနှစ်ဉီးလည်း ရှိနေသေးသည်။
ထွက်ပေါ်လာသောရလဒ်သည် ရှီးယန်ကို ကယ်တင်နိုင်မည်လော၊ကျုရှုံးစေမည်လော.....
" ကောလဟာလတွေပျံ့နေပြီ....ယုံတဲ့သူတွေကိုလည်း တကယ်အံသြမိတယ်...ဉီးနှောက်မရှိကြဘူးလားမသိဘူး...လီလော့က ကိုယ့်လူကိုယ်ပြန်သတ်ပါ့မလား....."
မဲ့ကာရွဲ့ကာပြောလိုက်သူသည် ကျင်းချွဲ့အိမ်တော်သခင်မလေး စီးချိုးယင်းဖြစ်နေသည်။
သူမတို့မောင်နှမနှစ်ယောက်သည် သတင်းကြားကြားချင်း ပြေးလာခဲ့ကြခြင်းဖြစ်သည်။
ကျင်းချွဲ့အိမ်တော်နှင့်လော့လန်အိမ်တော်ကြားတွင် ဆက်သွယ်မှုများရှိနေသည့်အတွက် လက်သည်းဆိတ်လျှင် လက်ထိပ်နာလိမ့်မည်သာ.....
" ဟုတ်တယ်...အရူးတွေပျံ့တဲ့ကောလဟာတွေက ပိုလို့တောင်ကြောက်ဖို့ကောင်းသေးတယ်...."
စီထျန်းမင်းသည် စိုးရိမ်နေပုံမရဘဲ ရယ်ကာမောကောဖြင့်စကားဆိုနေသည်။
" ဖေဟောင်က ဒီတကြိမ်တော့ အတောရက်စက်လွန်းသွားပြီ....တော်ရုံမဟုတ်ဘဲ လူသတ်ဖို့ပါကြံစည်နေပြီ....ချင်းအာနဲ့လီလော့ ဒီတောင်ကိုကျော်နိုင်ပါ့မလားမသိဘူး...."
" ဟွန့်...ဒါလောကြီးတဲ့ လီလော့ရဲ့အပြစ်လေ....ရုံးခွဲကလူတွေကို ဘယ်သူလက်ခံခိုင်းလို့လဲ... လျစ်လျူရှုထားလိုက်လို့ရရဲ့သားနဲ့....."
" မဟုတ်သေးဘူး.....အကယ်၍ လီလော့သာ လက်မခံရင် ပြသာနာရှာဖို့ခေါင်းစဉ်တပ်ရလွယ်သွားမှာပေါ့.....ပြီးတော့ လီလော့ ကိုယ်တိုင်ကလည်း ဒီလူတွေကို ရုံးချုပ်မှာ ရှိနေစေချင်တာ....."
" အဲ့တာကြောင့် ဘူမသိကိုးမသိလက်ခံလိုက်တာ အခုတော့ အဆိပ်မိပြီမလား....."
" ညီမလေး...နင် သူ့အတွက် တော်တော်စိတ်ပူပေးနေတာပဲနော်...."
" မဟုတ်.... မဟုတ်ပါဘူး....ညီမလေးက မမချင်းအာအတွက် စိုးရိမ်လို့ပါ......"
" ဟုတ်လို့လား....စကားစပြောကတည်းက လီလော့အကြောင်းချည်းပဲပြောနေတာ ဘယ်သူပါလိမ့်..... အစကတော့ ကြည့်မရဘူး အမြင်ကပ်တယ်ဆို......"
" ဝန်ခံပါတယ်...ညီမလေး သူ့အရည်အချင်းကို လျှော့တွက်ခဲ့မိတယ်...."
သူမသည် လီလော့၏ ထျန်ရှုကအကြောင်းတွေကို သေချာမသိခဲ့သော်လည်း ကောလိပ်တွင် ချင်ဇူလု ပြီးလျှင် ဒုတိယချိတ်လောက်သည်အထိ ထူးချွန်လာသည်ကိုတော့ မျက်မြင်ကြုံတွေ့ခဲ့ရသည်မဟုတ်လော.....
စီချိုးယင်းသည် မာနကြီးသူတစ်ဉီးဖြစ်သော်လည်း အဆင်ခြင်မဲ့စွာပြုမှုတတ်သူမဟုတ်ပေ။ ထို့ကြောင့် လီလော့၏ ထူးချွန်မှုကိုလည်း ပွင့်ပွင့်လင်းလင်း ချီးကျုးနိုင်သူဖြစ်သည်။
" အခုတော့ နောင်တရနေပြီမလား....ညီမလေးပဲ အစကတည်းသူ့ကို အထင်သေးခဲ့တာလေ......"
" ကိုကို့အပူဘာပါလို့လဲ....နေပါဉီး.... လီလော့ အောင်မြင်လာလေ ကိုကို့အတွက် အခွင့်ရေးနည်းလေ ဖြစ်လာမှာကို ကိုကိုကဘာတွေပျော်နေတာလဲ......"
" ဟူးးးး အစကတည်းက အခွင့်ရေးမရှိခဲ့တာပါကွာ....."
အစ်ကိုဖြစ်သူ လက်လျှော့လိုက်သည့်အတွက် စီချိုးယင်း အမှန်ပင် အံ့သြနေမိပါသည်။လီလော့သည် ရုပ်ချောရုံကလွဲလျှင် ဘာမှ အသုံးမကျဘူး ထင်ရသော်လည်း အစ်ကိုဖြစ်သူကတောင် ယှဉ်ပြိုင်ဖို့လက်လျှော့လိုက်လေပြီ.....
အခြားသူများနှင့် နှိုင်းယှဉ်ကြည့်ပါက စီထျန်းမင်သည် ပွင့်လင်းရိုးသားသူမှန်း သိသာလွန်းလှသည်။သူသည် ကျန်းချင်းအာကို နှစ်သက်သဘောကျခဲ့သော်လည်း မဖြစ်နိုင်မှန်းသိသည့်အခါ ခံစားချက်များကို သိမ်းဆည်းပြီးမည်သူ့ကိုမျှ မထိခိုက်စေခဲ့ပေ။
ယခုဆိုလျှင်လည်း ရှီးယန်ရုံးချုပ်ဆီသို့ မျှော်လင့်ချက်အပြည့်ဖြင့်စိုက်ကြည့်လိုက်ပြီး .....
" ရုတ်တရက်ဆန်လွန်တဲ့ ဖေဟောင်ရဲ့ ထိုးနှက်ချက်တွေကြောင့် ငါတို့ ဘာမှမကူညီပေးနိုင်ခဲ့ဘူး....အဆင်ပြေဖို့ပဲ မျှော်လင့်ရတော့မှာပဲ......."
..........................................................................
" ဒီတခေါက်တော့ ရှီးယန်စံအိမ် သေချာပေါက် ပျက်စီးပြီ....."
ဒူဇီပိုင်ရွှမ်း ဟန်ပါပါလက်ပိုက်၍ အစ်မဖြစ်သူကိုလှမ်းပြောလိုက်သည်။
" ဖေဟောင်က တခုခုတော့ တခုခုပဲ...သူ့ဆီကနေ ရက်စက်တဲ့အငွေ့အသက်တွေရနေတယ်......"
" မမရာ ဘယ်လိုပဲဖြစ်ဖြစ် ဖေဟောင်ရဲ့ရက်စက်မှုက ဒီတခါ တကယ်ချစ်ဖို့ကောင်းနေတယ်မလား.....ဟားးးဟားးးး"
" ရှမြို့တော်မှာရှိတဲ့ ထိပ်တန်းသမားတော်တွေကို အကုန်ပထုတ်နိုင်တယ်ဆိုကတည်းက ငွေတော်တော်ကုန်ထားမှာပဲ . "
"ဒီတခေါက်တော့ ရှီးယန် ကိစ္စတုံးပြီ......"
ရှီးယန်ပြိုလဲသွားပါက လော့လန်အိမ်တော်အတွက် ကြီးကြီးမားမား ထိခိုက်ပေလိမ့်မည်။ ထိုအခါ လီလော့သည်လည်း အရင်လိုအမောက်ထောင်နိုင်တော့မည်မဟုတ်ပေ။ ထိုသို့တွေးမိသောအခါ ဒူဇီပိုင်ရွှမ်တို့ မောင်နှမနှစ်ယောက်စလုံး ကောက်ကျစ်စွာပြုံးလိုက်ကြလေသည်။
.........................................................................
" ငါမရှိတုန်း ဘယ်ခွေးမသားတွေ ငါ့ညီအစ်ကိုလီလော့ကို တိုက်ခိုက်တာလဲကွ!!!!"
ရှီးယန်အပြင်ဘက်ရှိလူအုပ်ကြီးထဲတွင် လီလော့နှင့် ခင်မင်ရင်းနှီးနေသူအချို့လည်းရှိနေကြသည်။
ထိုသူများသည် အခြားမဟုတ်...ယုလန်၊ကျောက်ခွော်နှင့် ပိုင်တုတုတို့ညီအစ်မသာပင်......
၎င်းတို့လေးဉီးသည် အားလပ်ရက်အတွင်း ရှမြို့တော်ထဲသို့ အလည်အပတ်ရောက်ရှိနေကြခြင်းဖြစ်သည်။
" အဲ့တော့ နင်က ဘာလုပ်ပေးမလို့လဲ....."
ပိုင်တုတု၏ ဘုဆတ်ဆတ်အပြောကြောင့် ယုလန်သက်ပြင်းချလိုက်ပြီး......
" လီလော့က သိပ်နုံတာပဲ....ငါသာ သူ့နေရာမှာဆို ပညာရှင်တွေကို ဒူဇီအိမ်တော်ဝတ်စုံဝတ်ပေးပြီး လူမြင်ကွင်းမှာ ရိုက်ပစ်လိုက်မယ်....ဒါဆိုဘယ်သူဘာပြောရဲမလဲ....."
".........."
ယုလန်၏ ကြီးကျယ်မြင့်မြတ်လှတဲ့ အကြံကြောင့် ကျန်သုံးယောက်စလုံး ဘာပြောရမှန်း မသိတော့ပေ။
" ယုလန်...မင်း... လော့လန်အိမ်တော်မှာ ဧည့်ကြိုသွားလုပ်ပါလား....."
" ယုလန်...လူတွေကို နင့်လို ငတုံးထင်နေတာလား....နင်ပြောသလို လုပ်ပါပြ်ီးတဲ့ ဘယ်သူယုံမှာလဲ.... "
"ဟေ့....ငါအကြံကို အထင်မသေးနဲ့ ငါသာလွတ်အောင်ပြေးမယ်ဆို ဒူဇီအိမ်တော်ကလိုက်ဖမ်းနိုင်ပါ့မလား....သူတို့ဖမ်းမမိကြောင်းကိုလည်းဘယ်သူမှ လူသိရှင်ကြား ကြေငြာမှာမဟုတ်ဘူး....."
ထိုအချိန်တွင် ပိုင်မျန်မျန်က ရုံးချုပ်ဘက်ကို စိုးရိမ်တကြီးလှည့်ကြည့်လိုက်ပြီး....
" ရှီးယန်စံအိမ် ဒုက္ခရောက်နေတာပဲ.... ဒါ့ကြောင့်မို့ ခေါင်းဆောင်က ဖော်မြုလာအသစ်တွေ အရေးတကြီးလိုအပ်နေတာကိုး....."
အားလပ်ရက်အတွင် သေချာအာရုံစိုက်လေ့လာထားသည့်အတွက် မကြာခင်အဆင့်တက်နိုင်တော့မည်ဟုခံစားနေရသည်။ ထိုမှသာ ခေါင်းဆောင်ကို ကူညီနိုင်မည့်အပြင် သူမ၏ အရသာခံအာရုံကိုလည်း ပြန်လည်ရရှိနိုင်မည်မဟုတ်လော......
........................................................................
" အိုးးး တဖြည်းဖြည်း လူများလာပြီ....."
ဖန်ချန်းချီက ရှီးယန်အပြင်ဘက်တွင် စုဝေး
နေသောလူအုပ်ကြီးကိုကြည့်ပြီး အတော်အူမြူးနေပုံရသည်။
"ရှီးယန်သေချာပေါက် ပျက်စီးပြီ....."
ဖေဟောင် ရယ်မောနေသည်။ ယခုလိုရယ်မောနိုင်အောင်လည်း အချိန်ကုန် ငွေကုန်ခံပြင်ဆင်ခဲ့ရသည်မဟုတ်လော......
ရှီးယန် ကျဆုံးသွားသည်နှင့် လီလော့နှင့်ကျန်းချင်းအာတို့အပေါ် လေးလံသောဖိအားများ မလွဲဧကန် ကျရောက်လာတော့မည်။
သူစီစဉ်ထားသမျှ၏ အသီးအပွင့်များကို အရသာခံရှုစားရန် ပြတင်းပေါက်နားသို့ လျှောက်လာချိန်တွင်.....
" ဟို..ဟိုမှာတံခါးပွင့်လာပြီ....."
အိုးး လူနှစ်ယောက် လျှောက်လာတာပဲ....လီလော့နဲ့ကျန်းချင်းအာ ဘယ်လိုဖြေရှင်းချက်တွေပေးမလဲ သိချင်နေပြီ.....
သို့သော်လည်း တန်ယွမ်နှင့်လုရှောင်ဖန်းတို့ အရှင်လတ်လတ် လမ်းလျှောက်လာသည်ကို မြင်သည့်အခါ ဖေဟောင်၏အပြုံးများ ရပ်တန့်သွားလေတော့သည်။
အခန်း(၂၂၇) ပရိတ်သတ်များ...