ပွဲသိမ်းပြီ.....
Vol. 17 Ch. 228
စူးစမ်းလိုသောအကြည့်များအောက်တွင် ရှီးယန်ရုံးချုပ်၏ ပိတ်ထားသော တံခါးများပွင့်လာခဲ့သည်။
ဉီးဆောင်လျှောက်လှမ်းလာသူနှစ်ယောက်သည် ရှီလင်းဌာနခွဲ၏ ဉက္ကဌနှစ်ယောက်ဖြစ်နေသည်ကိုတွေ့လိုက်သောအခါ အကုန်အံ့အားသင့်ကုန်ကြသည်။
သူတို့အဆင်ပြေနေတာလား.....
ဒါဆို ကောလဟာလတွေက မှားနေတာပေါ့.....
ပညာရှင်များသည် အနည်းငယ်ဖြူဖျော့နေရုံကလွဲ၍ အဆိပ်သင့်နေသည့်လဏ္ခာတခုမျှမရှိပေ။
သူတို့နောက်မှာတော့ လီလော့နှင့်ကျန်းချင်းအာတို့က သာမာန်အတိုင်း ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာကြသည်။
မလိုမုန်းထားသူများနှင့် ပျော်ရွှင်နေသူများရှိသော်လည်း အများစုကတော့ ပွဲကြည့်ပရိတ်သတ်သက်သက်သာ.....
လီလော့သည် ၎င်းတို့အားလုံးကို လျစ်လျူရှုလိုက်ပြီး တန်ယွမ်ကို ခေါင်းညိတ်ပြလိုက်သည်။
လီလော့ဆီက ခွင့်ပြုချက်ရသည်နှင့် တန်ယွမ်ရှေ့သို့ ထွက်လာပြီး.....
" ကြေငြာစရာတခုရှိပါတယ်.... ဒီနေ့ကစပြီး ရှီလင်းဌာနခွဲရဲ့ ပညာရှင်တွေအားလုံး ရုံးချုပ်မှာပဲ တာဝန်ထမ်းဆောင်တော့မှာပါ....ရှိီလင်းဌာနခွဲနဲ့ ပတ်သက်မှုအားလုံး စွန့်လွှတ်လိုက်ပါပြီ....."
တန်ယွမ်၏ ကြေငြာချက်သည် အားလုံးကို အံ့အားသင့်စေခဲ့ပြန်သည်။
ဒါဟာ ထူးဆန်းတဲ့နေ့ရဲ့ ပျော်ရွှင်စရာအဆုံးသတ်များလား.....
ပညာရှင်တွေ အဆိပ်မသင့်တဲ့အပြင် လီလော့နဲ့ပါ ပူးပေါင်းဉီးမယ်တဲ့......
180 ဒီဂရီ အပြောင်းအလဲကို မည်သူမျှ နားမလည်နိုင်တော့ပေ။
ဖေဟောင့်ဆီကနေ နှုတ်ထွက်ရလောက်သည်အထိ ဘာတွေကများ အပြင်းအထန်ဆွဲဆောင်ထားလို့လဲ.....
အဲ့ဒါက ဘာဖြစ်နိုင်မလဲ......
ကောလဟာလအသစ်တွေက ပို၍ ပို၍ စိတ်ဝင်စားစရာ ကောင်းနေလေ၏။
တန်ယွမ့်ဘက်က ဖြစ်ပျက်ခဲ့တာတွေကို ဘာမှ မပြောခဲ့ပေမယ့် တခါတရံမှာ စိတ်ကူးယဉ်မှုတွေက အမှန်တရားထက် ပိုခါးသီးလွန်းသည်မဟုတ်လော...
ဒါဆို အဆိပ်ခတ်တဲ့သူက ဘယ်သူလဲ......
အများစု၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေရှိသော အဖြေတစ်ခုသာ ရှိခဲ့သည်။
ကြေငြာချက်ထုတ်ပြီးနောက် တန်ယွမ် နှင့် လုရှောင်ဖန်းတို့သည် သူတို့၏ ပညာရှင်များနှင့်အတူ ရုံးချုပ်ထဲသို့ ပြန်ဝင်သွားကြသည်။
လီလော့က လူအုပ်ကို ပြုံးပြလိုက်ပြီး......
"စိုးရိမ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ရှီးယန်က အဆင်ပြေနေပါတယ်...ကျေးဇူးပြုပြီး လူစုခွဲပေးပါ...."
စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေ မရှိတော့သည့်အတွက် မကြာခင်မှာပဲ လူစုကွဲသွားကြလေသည်။
လီလော့ လှည့်ကြည့်လိုက်တော့ ကျောင်းသားတစ်စု အရှိန်ပြင်းပြင်းနဲ့ လျှောက်လာနေတာကို တွေ့လိုက်ရသည့်အတွက် ပြုံးပန်းများဝေဆာနေလေ၏။
ယုလန်က ခပ်နောက်နောက်ပြုံးလိုက်ပြီး....
"အိုး၊ လီလော့က လော့လန်အိမ်တော်ရဲ့ အရှင်သခင်ဆိုပေမယ့် သူငယ်ချင်းတွေအပေါ်ဆို ရိုးသားပြီး သူ့ကိုယ်သူနှိမ့်ချဆက်ဆံတတ်တယ်....."
ယုလန်က လက်တွေကို ဖွင့်ပြီးကြိုဆိုနေပေမယ့် လီလော့က သူ့လက်မောင်းအောက်မှ ငုံ့ကာ ဖြတ်သွားစဉ် နှာခေါင်းရှုံ့လိုက်ပြီး....
"နေပါစေ.... ကျေးဇူးပါ...."
"ငါ့ခံစားချက်တွေကိုနည်းနည်းလောက် လေးစားပေးလို့မရဘူးလားကွာ...."
လီလော့က ယုလန်ကို လျစ်လျူရှုလိုက်ပြီး ပိုင်တုတုနှင့်ပိုင်မျန်မျန်တို့ကိုသာ လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်သည်။
"ခေါင်းဆောင်ပိုင်....၊ မျန်မျန်...မင်းတို့တွေ မြို့ထဲရောက်နေမှန်း မသိလိုက်ဘူး..... ကြိုဆိုပါတယ်.... ကြိုဆိုပါတယ်... လာ.....ရုံးချုပ်ထဲဝင်ကြရအောင်....."
ပိုင်တုတုသည် လီလော့၏ ရုတ်တရက် နွေးထွေးမှုကို နားမလည်နိုင်တော့ပေ။
"ကောင်းပြီ"
ပိုင်မျန်မျန်ကတော့ သိပ်အများကြီးမတွေးဘဲ သဘောတူလိုက်ပါသည်။ သူမသည် သူမ၏ခေါင်းဆောင်ကို အလွန်ရိုသေလေးစားသည့်အတွက် အလွယ်တကူလက်ခံခဲ့ခြင်းဖြစ်သည်။
သူမသည် ယနေ့တွင် ပန်းရောင်ဖျော့ဖျော့ ၀တ်စုံကို ၀တ်ဆင်ထားသောကြောင့် သူမ၏ အပြုံးသည် ပျားပိတုန်းများကို ဆွဲဆောင်နိုင်လောက်အောင် ချိုမြိန်နေလေ၏။
လီလော့သည် ကျောက်ခွော်နှင့် အခြားသူများကို နွေးထွေးစွာ နှုတ်ဆက်ခဲ့ပြီး ၎င်းတို့အားလုံးကို ရုံးချုပ် အတွင်းသို့ ခေါ်ဆောင်ကာ ကျန်းချင်းအာနှင့် မိတ်ဆက်ပေးခဲ့သည်။
" အစ်မကြီးချင်းအာ....သူက ကြယ်တပွင့်ခန်းမရဲ့ အသန်မာဆုံး ခေါင်းဆောင် ပိုင်တုတုပါ...မျန်မျန်ကိုတော့ မြင်ဖူးပြီးသားမလား....."
ကျန်းချင်းအာသည် ယဉ်ကျေးသော အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး ပိုင်ညီအစ်မများကို ခပ်ကြာကြာ စိုက်ကြည့်နေလေ၏။ ပိုင်တုတုကိုမြင်ဖူးသော်လည်း ပိုင်မျန်မျန်ကသာ သူမကို ပိုစိတ်ဝင်စားစေခဲ့သည်။
ပိုင်မျန်မျန် သည် ဝိညာဉ်ရည်နှင့် သန့်စင်ရာတွင် ကျွမ်းကျင်ကြောင်း လီလော့ ပြောသည်ကို သူမကြားဖူးသည်။ပိုင်မျန်မျန်၏ ဖော်မြူလာများသည် ရှီးယန်ရုံးချုပ် သမိုင်းတလျှေက်လုံးသုတေသနခဲ့သည် ဖော်မြူလာများထက် အဆများစွာအဖိုးတန်သည်။
ပိုင်မျန်မျန်၏ အရည်အချင်းများကို လီလော့ မျက်စိကျနေမှန်းကိုလည်း သူမသိနေသည်။
ရှီးယန်စံအိမ်သည် ထိပ်တန်းစံအိမ်ဆယ်ခုစာရင်းဝင်အးဖြစ်ချင်ပါက လီလော့ ၏လျှို့ဝှက်ရေအရင်းအမြစ်တစ်ခုတည်းနှင့် မလုံလောက်ဘဲ အဆင့်မြှင့်ဖော်မြူလာများရှိနေဖို့လည်း အရေးကြီးသည့်အတွက် လီလော့ အရမ်းစိတ်လှုပ်ရှားနေသည်မှာ အံ့သြစရာမရှိတော့ပေ။
"စီနီယာကျန်း...."
ပိုင်တုတုသည် ကျန်းချင်းအာကို အနည်းငယ် ရှိန်နေပုံရသည်။
ပိုင်မျန်မျန်သည် ကျန်းချင်းအာကို အကြိမ်ပေါင်းများစွာ မြင်ဖူးသော်လည်း အခုထိ ရှိန်နေသေးသည့်အတွက် သူ့အစ်မနောက်တွင် ဝင်ပုန်းနေလေ၏။
"ကြိုဆိုပါတယ်.... ဒီနေ့ နည်းနည်း အလုပ်ရှုပ်နေတာကြောင့် ဧည့်ဝတ်ကျေပွန်မှုတာများမရှိခဲ့ရင် ခွင့်လွှတ်ပါ..."..
.............................. . ...........
"ပြီးသွားပြီလား...."
လူစုကွဲသွားသည့် လူအုပ်ကြီးကို စီချိုးယင်းက မျက်လုံးအပြူးသားဖြင့် ကြည့်နေလေ၏။
"ကောင်းလိုက်တာ...."
စိီထျန်မင်းက ထပ်တူ အံ့သြစွာ မှတ်ချက်ချလိုက်သည်။
"ငါတို့နှစ်ယောက်စလုံး ကျန်းချင်းအာနဲ့လီလော့ကို လျှော့တွက်လိုက်မိပြီ....."
"မမချင်းအာကြောင့် ပြေလည်သွားတာပဲဖြစ်ရမယ်...."
သူမသည် ကျန်းချင်းအာ၏ အမာခံပရိသတ်တစ်ဦးဖြစ်သောကြောင့် စီချိုးယင်းက ယုံကြည်ချက်အပြည့်နှင့် မှတ်ချက်ချလိုက်သည်။
ကျန်းချင်းအာ၏ ဉာဏ်ရည်ထက်မြက်မှုနှင့် တိကျပြတ်သားမှုတို့ကို မျက်မြင်ကြုံတွေ့ဖူးသည့်အတွက် “ဖြစ်နိုင်တယ်...” ဟု စီထျန်းမင်းကလည်း ထောက်ခံလိုက်သည်။
သံသယများကို အတည်မပြုနိုင်သော်လည်း၊ ဤကိစ္စတွင် လီလော့၏ ကူညီမှုများပါရှိနေကြောင်း စီထျန်းမင် အလိုလိုသိနေသည်။
မည်သို့ပင်ဆိုစေ ယခုအချိန်တွင် လော့လန်အိမ်တော် အဆင်ပြေနေသည့်အတွက် ကျင်းချွဲ့အိမ်တော်ဘက်ကလည်း ထပ်တူပျော်ရွှင်နေပါသည်။
.............
"ဒီလူယုတ်မာ ဖေဟောင် အလုပ်ကိုဘယ်လိုလုပ်နေတာလဲ.... က ဘာလုပ်နေတာလဲ....."
မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာသည့်အတွက် ဒူဇီပိုင်ရွှမ်း ဒေါသပုန်ထနေလေ၏။
ဒူဇီဟုန်လျန်သည်လည်း ထိုနည်းတူပင်....
"ရှီးယန်စံအိမ်မှာ ထူးချွန်တဲ့သူတွေရှိနေပြီထင်တယ်..... "
ဒူဇီဟုန်လျန် ဒေါသတကြီး ခေါင်းယမ်းလိုကသည်။ဖေဟောင့်ဘက်က တတ်နိုင်သလောက် လုပ်ခဲ့ပေမယ့် တစ်စုံတစ်ခုက သူ့ကို နှောင့်နှေးစေခဲ့ပုံရသည်။
"ဖေဟောင်က ရှီးယန်စံအိမ်ကို ဖျက်ဆီးဖို့ ပျက်ကွက်ခဲ့ရုံတင် မကဘူး၊ ပညာရှင်တွေကိုပါအလုံးအရင်းနဲ့ပို့ပေးလိုက်သလိုဖြစ်နေပြီ... သူက လီလော့ကို ဒုက္ခပေးနေတာလား၊ ကူညီနေတာလား...."
လျှို့ဝှက်ရေအရင်းအမြစ်ကြောင့် ရှီးယန်စံအိမ် အမြတ်အစွန်းများစွာရရှိနေသည့်အတွက် ဒူဇီအိမ်တော်ဘက်ကနေ ပညာရှင်များကို တဖက်လှည့်ဖြင့် ပထုတ်ထားခဲ့ရသည်။ ဤသည်မှာယာယီဖြေရှင်းချက်တစ်ခုမျှသာဖြစ်ပြီး ဖေဟောင်၏ လုပ်ရပ်မျးအပေါ် အားကိုးခဲ့သော်လည်း အချည်းနှီးဖြစ်ကုန်လေပြီ။
ပညာရှင်အင်အားတောင့်တင်းလာပြီဖြစ်သောကြောင့် ရှီးယန်စံအိမ် ပိုမိုအားကောင်းလာတော့မည်သာ.....
ဒူဇီဟုန်လျန်သည် ဒေါသပြေနေပြီ
သော်လည်း အတော်လေး စိတ်ပျက်နေသေးသည်။
"သွားကြရအောင်။ ပြီးသွားတာတွေကို ဆက်တွေးနေလို့လဲဘာမှမထူးဘူး.... ငါတို့တွေ စိမ့်အိုင်စံအိမ်ကို သတင်းပို့ရမယ်...ရှီးယန်ဘက်ကသာ ရည်ရွယ်ချက်ရှိရှိနဲ့ လှုပ်ရှားလာရင် စိမ့်အိုင်စံအိမ်အတွက် တကယ့်ကို ခြိမ်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မယ်....
ထိုသို့ပြောပြီးသည်နှင့်သူမ လှည့်ထွက်သွားလေတော့သည်။
.........................................
လက်ရှိတွင် ဖေဟောင်၏ စိတ်ပျက်မှကို မည်သူယှဉ်နိုင်မည်နည်း.....
ဖေဟောင်၏ဒေါသထွက်နေသော မျက်နှာကိုမကြည့်ဝံ့သည့်အတွက် ဖန်းချန်းချီ မျက်လွှာချထားရသည်။
ချိုမြိန်သော အောင်မြင်မှုကို မျှော်လင့်ထားသော်လည်း ၎င်းအစား ကျည်ဆံများပြည့်နေသော ဗုံးတစ်လုံးကိုသာ ရရှိလိုက်သည်။
ဤသည်မှာ ဖေဟောင်၏မာနကို လွန်စွာထိခိုက်စေခဲ့ပါသည်။
တိတ်ဆိတ်မှုကို ဖြိုခွင်းနိူင်ရန် ဖန်ချန်းချီဘက်က စကားစပြောလိုက်သည်။
"စိတ်မပူပါနဲ့ သခင်လေး...... ဒါက သွေးပူရုံအဆင့်လောက်ပဲရှိပါသေးတယ်...နောက်ထပ် အခွင့်အရေးတွေအများကြီးရှိလာဉီးမှာပါ.... ကျန်းချင်းအာက ကိုင်တွယ်ရခက်တယ်....."
"မဟုတ်ဘူး....ဒီတစ်ခါရှုံးတာ ကျန်းချင်းအာကိုမဟုတ်ဘူး....လီလော့ကိုရှုံးသွားတာ...."
"မ...မဖြစ်နိုင်ပါဘူး သခင်လေးရယ်....လီလော့က နည်းနည်း ဉာဏ်ကောင်းပေမယ့် ကျန်းချင်းအာလောက်တော့ ဟုတ်မယ်မထင်ဘူး....."
" ကျူပ်တို့ ဘာဆက်လုပ်မှာလဲ သခင်လေး...."
“ဖြည်းဖြည်းချင်းသွားကြတာပေါ့..... ဒါက အစမ်းပဲရှိသေးတယ်....နှစ်ဝက်နေရင် ကျင်းပမယ့် အိမ်တော်စုဝေးပွဲကြမှ ပွဲကြီးပွဲကောင်းဖြစ်မှာ.....လီလော့သာ ဆရာသခင်နှစ်ပါးရဲ့ အမွေအနှစ်တွေကို ကောင်းကောင်းမထိန်းသိမ်နိုင်ရင် လက်လွှတ်ဆုံးရှုံးရလိမ့်မယ်....."