ညဉ့်ဉီးပိုင်းတိုက်ခိုက်မှု....
Vol. 17 Ch. 230
ရှမြို့တော်၏ကြွယ်ဝချမ်းသာသော အိမ်တော်များတည်ရှိရာ လမ်းတလျှောက်တွင် မီးပုံးများထွန်းညှိထားသည့်အတွက် ညအချိန်၌ပင် အလင်းရောင်ကောင်းစွာရရှိနေသည်။
ခြွင်းချက်အနေနဲ့ မြို့ရဲ့တောင်ဘက်မှာတော့ ညစ်ပတ်မှောင်မည်းနေသောလမ်းကြားတစ်ခု တည်ရှိနေပါသည်။ ထိုလမ်းကြားထဲရှိအိမ်များပေါ်တွင် မျောက်တစ်ကောင်သဖွယ်လျင်မြန်စွာပြေးလွှားနေသော အရိပ်နက်တစ်ခုလည်း ရှိနေလေ၏။
လီလော့နှင့်ကျန်းချင်းအာတို့သည် အကြီးအကဲကျန်းနှင့်အတူ လမ်းကြားထဲသို့ လျှောက်လာခဲ့ကြသည်။
လီလော့တို့ ခြံဝင်းတစ်ခုရှေ့တွင် ရပ််လိုက်သည့်အခါ လော့လန်အိမ်တော်၏ ထိပ်တန်းစောင့်ရှောက်သူများသည် ခြုံပုတ်များထဲတွင် အသီးသီးနေရာယူလိုက်ကြသည်။
"သခင်လေး... သခင်မလေး... ဖေဟောင်က ရှေ့မှာ....."
လီလော့က ကျန်းချင်းအာ ဘက်သို့ လှည့်လိုက်ပြီး....
"ငါတို့ ဘယ်လိုလုပ်ကြမလဲ..."
ဖေဟောင်သည် လီလော့လို ဆရာသခင် ဒုတိယအဆင့်ထက် အဆပေါင်းများစွာ အားကောင်းသော မြေကမ္ဘာနှင့်ရင်းနှီးခြင်းအဆင့်သို့ရောက်နေပြီဖြစ်သည်။ထို့ကြောင့် ကျန်းချင်းအာနှင့် လဲ့ကျန်းတို့ကသာ အဓိကတိုက်ခိုက်ကြမည်ဖြစ်ပြီး သူကတော့ အရံဖြစ်သာဝင်ကူနိုင်လိမ့်မည်။
ကျန်းချင်းအာ၏ လှပသော မျက်နှာသည် လရောင်အောက်တွင် တောက်ပနေသည်။သူမသည် လီလော့၏မေးခွန်းကို ပြန်မဖြေဘဲ ဓားကိုသာဆွဲထုတ်လိုက်ပါသည်။
ထို့နောက် ဓားကိုမြှောက်လိုက်သည့်အခါ အလင်းစွမ်းအားများပေါ်ထွက်လာပြီး ခြံဝင်းတံခါးကို တချက်တည်းဖြင့် ခုတ်ပိုင်းလိုက်လေသည်။
"ငါတို့ဒီလိုပဲလုပ်သင့်တယ်...." ဟူသောစကားကို အေးအေးသက်သက်သာပြောလိုက်ပြီး ဓားတစ်လက်ကိုက်ဆွဲကာ ရှေ့သို့တက်လှမ်းသွားလေ၏။
လီလော့က လက်မနှစ်ချောင်းထောင်ပြလိုက်ပြီး လဲ့ကျန်းနှင့်အတူ လိုက်ဝင်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် အတားအဆီးတစ်စုံတစ်ရာမျှမတွေ့ခဲ့ဘဲ အနောက်ဘက်ဉယျာဉ်ထဲရှိ ကျောက်သားခုံပေါ်တွင် တစ်ကိုယ်တည်း အထီးကျန်စွာ သေရည်သောက်နေသူတဉီးကိုသာမြင်တွေ့နေရသည်။
ဖေဟောင်.........
ထိုမျှလောက်ထိတည်ငြိမ်နေပုံအရ လီလော့တို့ရောက်လာမည်မှန်းကြိုသိနေပုံရသည်။
" အော်....သခင်လေးပါလား.....ကြည့်ပါဉီး နှစ်ဝက်အတွင်း ထွားလာလိုက်တာ...."
" အာ...ချီးကျူးလွန်းနေပါပြီ....ခင်ဗျားပေးတဲ့ဒုက္ခတွေကြောင့် အတော်လေး ပြာယာခတ်ခဲ့ရတယ်....."
"မဖြစ်စလောက်လှည့်ကွက်တွေချည်းပါပဲ.... သခင်လေး လွယ်လွယ်ကျော်ဖြတ်နိုင်ခဲ့တာပဲမလား.... "
"အစ်ကိုဖေဟောင်....ခင်ဗျား ရှမြို့တော်ကိုရောက်နေမှတော့ ဘာလို့ လော့လန်အိမ်တော်မှာ လာမနေတာလဲ...ကျူပ်တို့အားလုံး လော့လန်အိမ်တော်သားတွေချည်းပဲကို.... ရှောင်နေစရာ မလိုပါဘူး....."
"အိုး.....အလျင်မလိုပါနဲ့....နှစ်ဝက်ကြာရင် ရှောင်ချင်တောင်ရှောင်လို့ရမှာမဟုတ်တော့ဘူး...."
ကျန်းချင်းအာကတော့ ပြတ်သားသူပီပီ အပိုစာသားတွေပြောမနေတော့ဘဲ....
"နင့်မှာ နှစ်ဝက်လောက်တောင် အချိန်ရှိမဟုတ်တော့ဘူး....."
သူမသည် ဓားရှည်ကို ထောင့်ဖြတ်သဏ္ဍန်လွှုဲတ်လိုက်သည့်အတွက် လရောင်အောက်တွင် တောက်ပသောရွှေရောင်အလင်းတန်းများလင်းလက်လာပြီး ကျောက်သားစားပွခုံထက်ပိုင်းကျိုးသွားခဲ့သည်။
ကျန်းချင်းအာ၏ အလင်းစွမ်းအားများကို သတ္ထုစွမ်းအားများကခုခံပိတ်ဆို့လိုက်သည့်အတွက် တိုက်ခိုက်မှုအရှိန်ကြောင့် လသာဆောင်တခုလုံး ပြိုကျပျက်စီသွားလေသည်။
ဖေဟောင်သည် ပြိုကျနေသော အမိုးကနေဖောက်ထွက်လာပြီး ပန်းခြံအတွင်းရှိ တောင်တုံးတုတစ်ခုပေါ်သို့ ဆင်းသက်လာပြီး သူ့လက်ထဲတွင်လည်း ရွှေရောင်တောက်ပနေသော ဓားတစ်လက်ရှိနေသည်။
ပဲ့တင်ထပ်သံစွမ်းအားများလွှမ်းခြုံထားသောကြောင့် ဖေဟောင့်ခန္ဓာကိုယ်ပေါ်ကနေ မျက်စိကျိန်းလောက်သည်အထိတောက်ပနေသော အလင်းတန်းများထွက်ပေါ်နေပါသည်။
ကျန်းချင်းအာ၏အရေပြားပေါ်တွင်လည်း ရွှေရောင်တောက်ပနေသော မှော်စာလုံးများ ကခုန်လျှက်ရှိကြသည်။
ဖေဟောင်သည် သူမ၏အရေပြားပေါ်ရှိမှော်စာလုံးများကို သတိပြုမိသည့်အခါ....
"မင်းက နတ်ဆိုးခန္ဓာအဆင့်ကိုတောင် ရောက်နေပြီလား....."
ကမ္ဘမြေနှင့်ရင်းနှီးခြင်းအဆင့်ကို အစောပိုင်း၊ အလယ်အလတ်နှင့် နှောင်းပိုင်းဟူ၍ ထပ်မံခွဲခြားထားသည်။ အလယ်အလတ်အဆင့်ကို နတ်ဆိုးခန္ဓာအဆင့်အဖြစ် သတ်မှတ်ခေါ်ဆိုကြသည်။
လွန်ခဲ့သော နှစ်ဝက်.... ထျန်ရှုတွင်တိုက်ခိုက်ခဲ့စဉ်က ကျန်းချင်းအာသည် ကမ္ဘာမြေနှင့်ရင်းနှီးခြင်း အစောပိုင်းအဆင့်တွင်သာရှိသေးသည်။
မြန်ဆန်လွန်းလှသည့်အရှိန်.....
ထို့အပြင်၊ သူမ၏ စွမ်းအားသည် အဆင့်ကိုးပဲ့တင်ထပ်သံကြောင့် သာမန် အလယ်အလတ်အဆင့်များထက် များစွာကျော်လွန်နေသည်။
ဖေဟောင်၏ မျက်လုံးများထဲတွင် မသေချာမရေရာမှု အရိပ်အယောင်များ တောက်ပလာသည်။
ကျန်းချင်းအာသည် သူ၏ မှတ်ချက်များကို လျစ်လျူရှုကာ တိုက်ခိုက်မှုတိုင်းတွင် ရက်စက်ကြမ်းကြုတ်ပြီး သေစေလောက်သော ဆုံးဖြတ်ချက်များဖြင့်သာ တုံ့ပြန်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူမ၏အလင်းစွမ်းအားများကြောင့် ကျောက်တုံးများပင် အရည်ပျော်ကျလာသည်။
"အလင်းမီးတောက်..!"
တောက်ပနေသောမီးတောက်သည် အမှောင်ထုကို ဖြတ်တောက်သွားသည့်အတွက် လီလော့ မျက်ခုံးပင့်လိုက်မိသည်။
ကျန်းချင်းအာ ဒေါသဖြေစရာလမ်းစရသွားသည့်အတွက် သည်းကြီးမည်းကြီးတိုက်ခိုက်နေသည်။
ဖေဟောင်သည် လွန်ခဲ့သော နှစ်ဝက်ခလောက်က တိုက်ခိုက်ခဲ့သော သူမ၏ အလင်းစွမ်းအားများကို ကောင်းစွာခုခံနိုင်ခဲ့သော်လည်း ယခုတခါတွင်တော့အသည်းအသန်ရှောင်တိမ်းနေရသည်။
"ရွှေရောင်ဓားသွားခွဲဖြာခြင်း..."
ဖေဟောင်၏ရွှေဓားရှည်သည် ရုပ်လုံးမပေါ်တော့သည်အထိ လျင်မြန်စွာလည်ပတ်နေပြီး ကျန်းချင်းအာ၏ မီးတောက်များနှင့် တွေ့ဆုံသွားသည့်အခါ ......
ဝုန်းးးးးးးးးး
ပြင်းထန်သော တိုက်ပွဲသည် ဥယျာဉ်တစ်ခုလုံးကို သိမ့်သိမ့်တုန်စေခဲ့သည်။
နှစ်ဉီးစလုံးခြေလှမ်းကိုယ်စီနောက်ဆုတ်လိုက်ရသော်လည်း ဖေဟောင့်ကိုယ်ပေါ်တွင် မီးလောင်ရာအချို့ရှိနေခဲ့သည်။
“မယုံနိုင်လောက်တဲ့ ခွန်အားပါလား....”
ဖေဟောင် ထိုသို့ရေရွတ်လိုက်သည့်အခါ...လီလော့က
"တော်လောက်ပြီ....အကြီးကဲကျန်း....အားလုံးကိုထွက်လာခိုင်းလိုက်တော့......"
"တစ်ကိုယ်တော် တိုက်ပွဲလို့ထင်နေတာလား....ငါတို့တွေက ပြပွဲကို ကြည့်ဖို့ အားအားယားယား လူပိုတွေခေါ်လာတယ်ထင်နေတာလား....."
အကြီးအကဲကျန်း အချက်ပြလိုက်သည်နှင့် ခြံဝင်းထဲသို့ လော့လန်အိမ်တော်၏ အထူးအစောင့်အရှောက်များအလျှိုလျှိုရောက်လာခဲ့ကြပြီး ဖေဟောင့်ကို ဝိုင်းထားလိုက်ကြသည်။
ဖေဟောင်သည် တောင်ကုန်းအတုပေါ်တွင် ရပ်နေပြီး တိုက်ခိုက်မှုများကို ခုခံရန် အသင့်ပြင်ထားသည်။
ထိုအချိန်တွင် ပြင်းထန်သောစွမ်းအားလှိုင်းတစ်ခုဖြစ်ပေါ်လာပြီး အကြီးအကဲကျန်းတောင် နောက်ဆုတ်လိုက်ရလေသည်။
ထိုသို့ပြုလုပ်လိုက်သူကို ကြည့််လိုက်သောအခါ....မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသောအဖိုးအိုတစ်ဉီးက လီလော့ကိုပြုံးပြုံးကြီးကြည့်နေပြီး.....
"မတွေ့ဖြစ်တာအတော်ကြာနေပြီပဲ....ဒီနှစ်တွေထဲ သခင်လေး ဘယ်လိုများကြီးပြင်းလာခဲ့သလဲ... .မဟုတ်မှလွဲရော ဒီအဖိုးကြီးကို သခင်လေးမမှတ်မိဘူးနဲ့တူတယ်....ကျုပ်နာမည် မိုချန်းပါ....."
ထိုအဖိုးအိုသည် လော့လန်အိမ်တော်၏ ဘိုးဘေးသုံးဉီးထဲမှ တဉီးဖြစ်သော မိုချန်းမှန်း သိလိုက်ရချိန်တွင် လီလော့၏မျက်လုံးများ ပြူးကျယ်သွားလေသည်။