← Chapters

ဘိုးဘေး....

Vol. 17 Ch. 231

ဘိုးဘေး....

Vol. 17 Ch. 231

"မိုချန်း...."

လီလော့မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။လော့လန်အိမ်တော်၏ ဘိုးဘေးသုံးဉီးထဲမှ တဉီးဖြစ်သော မိုချန်းသည် ဖေဟောင်ကို ကာကွယ်ပေးလိမ့်မည်ဟု လုံးဝထင်မထားမိခဲ့ပေ။

ဘိုးဘေးသုံးဦးသည် လော့လန်အိမ်တော်၏အထွတ်အမြတ်ပုဂ္ဂိုလ်သုံးဉီးဖြစ်သည်။ သူတို့သည် အိမ်တော်၏နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် မပတ်သတ်​သော်လည်း ၎င်းတို့သည် ကြီးလေးသောတာဝန်များကို ထမ်းဆောင်နေသူများဖြစ်ကြသည်။

ဘိုးဘေး ၃ ဦးသည် ပုံမှန်အားဖြင့် ရှမြို့တော် တွင် မနေကြသည့်အတွက် လီလော့ ပင်မအိမ်တော်သို့ ရောက်ရှိလာကတည်းက ၎င်းတို့ကို မတွေ့ခဲ့ရပေ။

"အကြီးအကဲ မိုချန်း...ခင်ဗျားက လော့လန်အိမ်တော်ကို ကာကွယ်စောင့်ရှောက်ဖို့ ကျမ်းသစ္စာကျိန်ဆိုထားပါရက်နဲ့ ဘာလို့ဖေဟောင်ကို ကာကွယ်ပေးနေတာလဲ...."

လီလော့၏စကားလုံးများသည် ဓားသွားများသဖွယ်ပင်...

"ဒါမှမဟုတ် သူ ခင်ဗျားကို ဝယ်လိုက်တာလား..... ကျွန်တော် နားလည်ထားသလောက်ဆို ဘိုးဘေးသုံးဉီးရဲ့ အထူးအဆင့်အတန်းအရ အိမ်တော်သခင်တွေရဲ့အမိန့်ကိုပဲလိုက်နာရမှာမလား....."

မိုချန်း၏ ရှုံ့တွနေသော မျက်နှာထက်တွင် သေးငယ်သော အပြုံးတခုဖြစ်ပေါ်လာပြီး....

"သခင်လေး....ကျုပ်က ဖေဟောင်ရဲ့ အမိန့်ကို လိုက်နာနေတာမဟုတ်ပါဘူး.... လော့လန်အိမ်တော်ရဲ့ အတွင်းရေးအရှူပ်အရှင်းတွေကို လူသိမခံချင်လို့ပါ.... ဒါတွေသာပေါက်ကြားသွားရင် ရှပြည်ထောင်စုမှာ လူရယ်စရာဖြစ်ကုန်လိမ့်မယ်....."

လီလော့ကလည်း ရယ်မောလိုက်ပြီး

"ဒါဆို ဖေဟောင် ရှီးယန်က ပညာရှင်တွေကို  အဆိပ်ခတ်နေတဲ့အချိန် ခင်ဗျား ဘယ်ရောက်နေလဲ....ခင်ဗျား အဲ့တုန်းက သူ့ကိုတားခဲ့လား...အခုမှ အတွင်းရေးအရှုပ်

အရှင်းတွေ ပေါက်ကြားလို့မဖြစ်ဘူးလာပြောမနေနဲ့....."

မိုချန်း၏ အပြုံး မှေးမှိန်သွားသည် ။

"ဖေဟောင်ကလည်း အိမ်တော်သခင်ရာထူးအတွက် အရွေးခံစာရင်းထဲမှာပါတယ်..... အဲ့​တော့ ဘိုးဘေးတစ်ယောက်အနေနဲ့ သူဘေးကင်းဖို့ ကျုပ်မှာ တာဝန်ရှိတယ်....."

လီလော့  စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။ဖေဟောင်သည် လွန်ခဲ့သည့််နှစ်ဝက်တုန်းကလည်း မိုချန်းရဲ့တံဆိပ်ပြားယူလာပြီး ထျန်ရှုမှာ ပြသာနာလာရှာခဲ့ဖူးသည်။ယခုတခေါက်တွင်တော့ ပြတ်ပြတ်သားသား လူလုံးထွက်ပြနေလေပြီ.....

"အိမ်တော်သခင်ရာထူးအတွက် အရွေးချယ်ခံစာရင်းထဲမှာ ပါတယ်တဲ့လား....ဒါ ကျုပ်မိဘတွေထားခဲ့တဲ့အမွေ...သူနဲ့ဘာမှမဆိုင်ဘူး......"

"သခင်လေး.... ကြိုက်သလိုယူဆနိုင်ပါတယ်....ကျုပ်အမြင်မှာ  သခင်လေးရော ဖေဟောင်ရော သခင်လေးတွေပါပဲ....ပြီးတော့ ဖေဟောင်က သခင်နှစ်ပါးရဲ့တပည့်... ...ဘိုးဘေးနှစ်ယောက်ရဲ့ ထောက်ခံမှုရတယ်ဆို ဘယ်သူမဆို အိမ်တော်သခင်ဖြစ်ခွင့်ရှိတယ်လို့  သခင်နှစ်ပါးကလည်း အမိန့်ပေးထားခဲ့တယ်...."

"ဘိုးဘေးမို....  သူက အမည်ခံတပည့်သက်သက်ပဲ ..ကျွန်တော့်မိဘတွေ အသိအမှတ်ပြုခဲ့တဲ့ တပည့်အစစ်က ကျန်းချင်းအာတစ်ယောက်ပဲရှိတယ်....."

" သခင်လေး....ဘာပဲဖြစ်ဖြစ် တပည့်ကတပည့်ပဲလေ.....ကျန်တာတွေ စဉ်းစားနေစရာမှမလိုတာ....ပြီးတော့ ဖေဟောင်က အရွေးချယ်ခံစာရင်းဝင်ဖို့အရည်အချင်းရှိတဲ့သူပါ.....တကယ်ဆို သခင်လေး ကိုယ့်ကိုကိုယ်အပြစ်တင်သင့်တာ...သခင်လေးသာ ပဲ့တင်ထပ်သံနှစ်ခုရှိတာ စောစောထုတ်ပြခဲ့ရင် လော့လန်အိမ်တော် အခုလောက်ထိ ယိမ်းယိုင်နေပါ့မလား....."

" ဟူးးးး ဖေဟောင့်နောက်မှာ ဘယ်ဘိုးဘေးတွေရှိနေသေးလဲ သိချင်မိတယ်.....ခင်ဗျားတို့တွေ ကျွန်တော့်မိဘတွေပြန်ရောက်လာမှာကို မစိုးရိမ်မိကြဘူးလား....."

"ဘာလို့စိုးရိမ်ရမှာလဲ....ကျုပ်တို့ရဲ့လုပ်ရပ်တွေက သခင်နှစ်ပါး သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်နေတာမှမဟုတ်တာ....."

" ဟားးးဟားးးး အပြစ်ရှိစိတ်ကို ကျွန်တော်အနံ့ခံမိနေတယ်....."

" သခင်လေး ပြောချင်တာပြောပါ...ဘာပဲဖြစ်ဖြစ် နောက်လာမယ့်နှစ်ဝက် အိမ်တော်စုဝေးပွဲကျရင် အရာအားလုံးဆုံးဖြတ်ပြီးသားဖြစ်သွားပါလိမ့်မယ်....သခင်လေးနဲ့ ဖေဟောင်တို့နှစ်ယောက်ထဲက တစ်ယောက်ပဲရွေးချယ်ခံရမှာပါ.....ကျန်းချင်းအာက ထူးချွန်ထက်မြက်တာမှန်ပေမယ့် သူ့မှာ အမွေဆက်ခံဖို့အရည်အချင်းအပြည့်မှီဘူး....သူ့မှာ ဘိုးဘေးနှစ်ယောက်ရဲ့ ထောက်ခံချက်မရှိဘူး......"

လီလော့ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်သိပြီ...... အိမ်တော်စုဝေး

ပွဲမှာဖေဟောင်နဲ့ကျွန်တော်ပဲ ပြိုင်ရမှာမလား..အစ်မချင်းအာကို  ဝင်ပါခွင့်မပေးဘူးဆိုတဲ့သဘောပေါ့....."

မိုချန်း က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"အိမ်တော်သခင်တွေကိုဒီနည်းနဲ့ပဲရွေးချယ်ခဲ့တာပဲလေ....အိမ်တော်စုဝေးပွဲမှာ သခင်လေးအနိူင်ရရင် တရားဝင်ဆက်ခံသူဖြစ်မယ့်အပြင် ဖေဟောင့်ကို ထောက်ခံပေးသူတွေတောင် သခင်လေးကို နွေးနွေးထွေးထွေး ကြိုဆိုကြမှာပါ......"

"ကောင်းကောင်း တွက်ချက်ထားကြတာပဲ....ကမ္ဘာမြေနဲ့ရင်းနှီးခြင်းအဆင့်ကို ဆရာသခင် ဒုတိယအဆင့်နဲ့ပြိုင်ခိုင်းမယ်ဆိုတော့ ခင်ဗျားတို့ဉီးနှောက်တွေ အဆံချောင်ကုန်ပြီလား........"

"တရားမျှတမှုမရှိဘူး ထင်နေတယ် မလား.... ဒါတွေက စည်းမျဥ်းတွေပဲလေ.....ဒီလိုမှမဟုတ်ရင် ဖေဟောင်ကို တိုက်ရိုက်စိန်ခေါ်လိုက်ပေါ့ သခင်လေးရယ်......"

လီလော့ ရယ်လိုက်သည်။

"ဟားးးဟားးး ဒါဆို ဖေဟောင်က အစ်မချင်းအာကိုကြောက်လို့ ကျွန်တော့်ကိုစိန်ခေါ်တာပေါ့....ဟုတ်လား.... "

"အဆင့်ကိုးအလင်းပဲ့တင်ထပ်သံက ထူးခြားလွန်းတယ်.....ဒါကို ငါမရှက်တမ်းဝန်ခံပါတယ်....."

ဖေဟောင်က အခုမှသာ စကားဝိုင်းထဲသို့ဝင်လာခဲ့သည်။

"ကောင်းပြီလေ...ခင်ဗျားတို့က အိမ်တော်စည်းမျဉ်းတွေကို ဒီလောက်အလေးထားနေမှတော့ အစ်မချင်းအာက ကျွန်တော်နဲ့စေ့စပ်ထားတဲ့အတွက် ကျွန်တော့်နေရာမှာသူ့ကိုအစားထိုးဖို့ အရည်အချင်းပြည့်မှီတယ်မဟုတ်လား.....အဲ့တော့ ခင်ဗျား ကျွန်တော့်ကိုစိန်ခေါ်ချင်ရင် အစ်မချင်းအာကို အရင်ကျော်ဖြတ်နိုင်မှရမယ်...."

လီလော့၏ အပြောကြောင့် မိုချန်း မျက်မှောင်ကြုံ့လိုက်မိသည်။လီတိုင်ရွမ်နှင့်တိုင်တန်လန်တို့လို မြင့်မြတ်သူနှစ်ဉီးက တစ်ဉီးတည်းသောသားကို မည်သို့ပျိုးထောင်ခဲ့ကြသနည်း.....

"မင်းခေါင်းရှောင်ချင်နေတာမဟုတ်လား ...အကယ်၍ ကျန်းချင်းအာက မင်းအတွက်​အနိုင်​ယူခဲ့ရင်​​တောင်​ အားလုံးကသူ့နောက်ပဲလိုက်ကြမှာ.....မင်းနောက်ကိုလိုက်ကြမှာမဟုတ်ဘူး.....ပြီးတော့ ရှပြည်ထောင်စုတခုလုံးကလည်း လော့လန်အိမ်တော်ကို ဘယ်လိုမြင်ကြမလဲ....."

လီလော့သည် နားရွက် ကုပ်လိုက်​ပြီး.....

"အိုးး ဒါတော့ ကျွန်တော့်ကုသိုလ်နဲ့ကျွန်တော်ပဲပေါ့....."

လီလော့၏ ခပ်ပေါ့ပေါ့အပြောကြောင့် မိုချန်း၏မျက်နှာပေါ်တွင် လှောင်ရိပ်များပိုမိုကြီးထွားလာ၏။

လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့၏သားကို ဂုဏ်သိက္ခာ ရှိရှိတိုက်ခိုက်မည်ဟု ထင်ထားမိခဲ့သော်လည်း မှန်းထားသည်နှင့် တက်တက်စင်အောင် လွဲချော်နေလေ၏။

ဤကိစ္စသည် စစ်တုရင်ပွဲဆိုပါက

လီလော့သည် ယောကျားပီသမှုကို ဘေးချိတ်ထားကာ ဘုရင်မနောက်တွင် ပုန်းအောင်းနေသော ဘုရင်တစ်ပါးသဖွယ် ပြုမူနေသည်။

" အိမ်တော်စုပေးပွဲမတိုင်ခင် သခင်လေးစိတ်ပြောင်းသွားမှာပါ....."

"​တော်လိုက်တော့ ရှင်တို့သူ့ကို လွယ်လွယ်ခေါ်ထုတ်သွားနိူင်မယ်ထင်နေလား...."

တချိန်လုံးငြိမ်သက်နေသည့် ကျန်းချင်းအာက ဒေါသတကြီးဖြင့် ထအော်လေ၏။

"အိုး.... မင်းရဲ့အဆင့်ကိုး အလင်းပဲ့တင်ထပ်သံက ထူးခြားတာမှန်ပေမယ့် မင်း ငါ့ကို မနိုင်ပါဘူး.....မင်းတို့ ခြံဝင်းအပြင်ဘက်မှာ အစောင့်တွေချထားမှန်းလည်း ငါသိတယ်....မင်းတို့အားလုံး ဝိုင်းတိုက်ရင်တောင် ငါ့ကိုနိုင်မှာမဟုတ်ဘူး.....ဒါနဲ့​တောင် မင်းတို့ဘက်က တိုက်ခိုက်ချင်နေတုန်းပဲလား. ....ရှမြို့တော်ရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေလည်း ဒီကို အာရုံစိုက်နေ​ကြပြီ.....ရှီးယန်မှာ နေ့ခင်းဘက် ပြသာနာတက်တယ်....ညဘက်ကျတော့ အိမ်တော်သခင်လေးနဲ့ ဘိုးဘေးတွေတိုက်ခိုက်ကြမယ်ပေါ့....သခင်လေးတို့ဘက်က သေချာပြီလား....."

" ပေါက်တဲ့နဖူး ထူးမနေတော့ဘူး....."

ကျန်းချင်းအာ ထိုသို့ပြောလိုက်သည့်အခါ မိုချန်းက.....

" ကောင်းပါပြီ....သဘောပါပဲ.... "

မိုချန်းက ထီမထင်ဟန်ဖြင့် ဖေဟောင်နှင့်အတူ ပြင်ထွက်ဖို့ပြင်နေလေ၏။

ကျန်းချင်းအာက ဓားရိုးကို တင်းနေအောင်ဆုပ်ကိုင်ထားသော်လည်း လီလော့က တားထားလိုက်သည်။

ယခုချိန်တွင် အကြီးအကဲကျန်းလည်း အထိနာထားပြီဖြစ်သောကြောင့် သူတို့နှစ်ဉီးတည်းနှင့် မိုချန်းတို့ကို တားဆီးနိုင်ဖို့မလွယ်ပေ။

ဖေဟောင်သည် လီလော့တို့ကိုဖြတ်ကျော်သွားရင်း.......

" မမေ့နဲ့နော်....အချိန်နှစ်ဝက်ကျန်နေသေးတယ်....."

လီလော့ကလည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"သတိပေးလို့ ကျေးဇူးတင်ပါတယ်......"

All Chapters