← Chapters

သတ်မှတ်ချိန် ခြောက်လ......

Vol. 17 Ch. 232

သတ်မှတ်ချိန် ခြောက်လ......

Vol. 17 Ch. 232

အဆုံးမှာတော့ လီလော့က ဖေဟောင်ကို  သွားခွင့်ပေးလိုက်ရသည်။

" မိုးကောင်းတုန်း ရွှာထားကြဉီးပေါ့....." ကောင်းကင်နစ်မြှုပ်ခြင်း စစ်သူကြီးအဆင့်မိုချန်းတို့ကို လီလော့တို့သာ တိုကိခိုက်ကြမည်ဆိုလျှင် လီလော့တို့မည်သို့မျှ တားဆီးနိုင်လိမ့်မည်မဟုတ်။..

မဖြစ်နိုင်တာကို လုပ်ဖို့ ကြိုးစားရာသည်မှာ  အဓိပ္ပါယ်ရှိသည့်လုပ်ရပ်ဟုတ်မနေပေ။

မိုချန်းပြောသည်မှာလည်း မှန်တော့မှန်ပေသည်။ လော့လန်အိမ်တော်ကိုစောင့်ကြည့်နေသာ သူများလည်း မနည်းလှပေ။

ခက်ခဲပင်ပန်းခဲ့ရသော တနေ့တာကို အဆုံးသတ်သင့်ပြီ.......

ထို့ကြောင့် ဖေဟောင်တို့ထွက်သွားသည်ကို မတားဆီးခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ဘိုးဘေးမိုချန်း၏ရပ်တည်မှုကြောင့် ယခုထိအံ့သြနေရဆဲပင်.....

"သစ္စာဖောက် အဘိုးကြီး....."

မိုချန်းသည် လော့လန်အိမ်တော်၏ သစ္စာဖောက်သို့ ယိမ်းယိုင်သွားခဲ့လေပြီ....

"အဖေနဲ့ အမေလို ထက်မြက်တဲ့လူတွေက ဘယ်လို့ဖြစ်လို့ ဒီလို အပုတ်အသိုးတွေ ထားခဲ့ကြတာပါလိမ့်....."

ကျန်းချင်းအာ ရယ်မောလိုက်ပြီး စွမ်းအားများကို ရုတ်သိမ်းလိုက်သည်။

“ သူတို့ရှိနေသ၍ ဘယ်သူ့မှ ပြသာနာမရှာရဲဘူးဆိုတာ သိနေလို့ ဂရုမစိုက်ခဲ့မိတာဖြစ်လိမ့်မယ်.....မိုချန်းက သခင်နှစ်ပါးရှိတုန်းကသိပ်ကိုယုံကြည်လေးစားဖို့ကောင်းခဲ့တယ်ထင်တယ်....ဒါပေမယ့် သခင်နှစ်ပါး ထွက်သွားမယ်လို့လဲ မထင်ခဲ့မိကြတာလည်း ပါလိမ့်မယ်...."

လီလော့  နှာခေါင်းရှုံ့လိုက်သည်။ သူ့မိဘများသည် လူများကို ရွေးချယ်ရာတွင် ပေါ့လျော့မှုမရှိခဲ့သော်ငြား ဝိုင်းအုံနေသော ရန်သူများကို ခုခံကာကွယ်ရန် စွမ်းအားမရှိခဲ့ပေ။

"ဉီးလေးပေါင်သာ တိုက်ခိုက်နိုင်ရင်...."

လီလော့ သက်ပြင်းချလိုက်မိသည်။ နွားသိုးကြီးပေါင်ပေါင်သည် အကြောင်းပြချက် အချို့ကြောင့် ပင်မအိမ်တော် မထွက်ခွာနိုင်သော်လည်း အနည်းဆုံးတော့ မြို့စားအဆင့်တစ်ဦးဖြစ်သည်မဟုတ်လော.....

အဘက်ဘက်က ဝိုင်းအုံတိုက်ခိုက်သမျှကို ကြံ့ကြံ့ခံနိုင်ဖို့ လော့လန်အိမ်တော်အတွက် မြို့စားအဆင့်ကျွမ်းကျင်သူများ အရေးတကြီးလိုအပ်နေပါသည်။အကယ်၍ လော့လန်အိမ်တော်တွင် မြို့စားအဆင့်ကျွမ်းကျင်သူတစ်ဉီးရှိနေပါက ရန်သူများကို ဟန့်တားနိုင်ပေလိမ့်မည်။

" ဉီးလေးပေါင်ရဲ့ အခြေအနေက ထူးခြားတယ်....သူ့ကို ထွက်တိုက်ခိုင်းလို့မဖြစ်ဘူး.."

ကျန်းချင်းအာ ခေါင်းခါလိုက်သည်။ လီလော့ရှိနေသည့်အတွက် မည်သို့သောအရာမျိုးကိုမဆို ရင်ဆိုင်နိုင်မည်ဟုယုံကြည်ထားသည်။ယခုဆိုလျှင်လည်း လီလော့၏ ကူညီမှုကြောင့် ရှီးယန်ရုံးချုပ် အဆင်ပြေအောင်မြင်လာခဲ့ပြီ ....

" ဘိုးဘေးယွမ်ချင်းဆီကို လူလွှတ်ပြီး အကြောင်းကြားခိုင်းထားတယ်....သူပြန်ရောက်လာရင် ငါတို့အတွက် အင်အားတခုတိုးလာမှာပါ....."

လီလော့ ခေါင်းညိတ်လိုက်သည်။ဘိုးဘေးယွမ်ချင်သည်  ဘိုးဘေး သုံးဦးထဲမှ တစ်ဉီးဖြစ်ပြီး သူနှင့် ကျန်းချင်းအာတို့ကို သစ္စာစောင့်သိဆဲပင်.....

အမိန့်အရ လော့လန်အိမ်တော်၏ ထိပ်တန်းစောင့်ရှောက်သူများ တိတ်တဆိတ် ပြန်ဆုတ်ခွာသွားကြသည့်အတွက် အကြီးအကဲလဲ့ကျန်းနှင့် လူအနညးငယ်ခန့်သာ ကျန်ရှိတော့သည် ။

တောက်ပသောမီးရောင်များထွန်းညှိထားသည် ရှမြို့တော် လမ်းမပေါ်တွင် လီလော့တို့ နှစ်ယောက်သား အေးအေးလူလူ လမ်းလျှောက်နေကြသည်။

"နှစ်ဝက်နေရင် ကျင်းပမယ့် အိမ်တော်စုဝေးပွဲက လော့လန်အိမ်တော်ရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးလိမ့်မယ်...."

ကျန်းချင်းအာကို လီလော့ ခေါင်းညိတ်ပြ

လိုက်သည်။ထိုအချိန်ကာလအတွင်း  တရားဝင်အိမ်တော်ခင် ရွေးချယ်ခြင်းအတွက်သာမက အိမ်တော်၏ အကာအကွယ်အစီအရင်အတွက်ပါ ကျားကုတ်ကျားခဲ​ကြိုးစားရမည်။

လက်ရှိတွင် လော့လန်အိမ်တော်ကို ပစ်မှတ်ထားနေသော မြို့စားအဆင့်ပေါင်းများစွာရှိနေသည်မဟုတ်လော။

သူတို့နှစ်ယောက်၏ ပေါင်းစည်းမှုသည်  ဘာမဆိုဖြစ်သွားစေနိူင်သည်။ အကယ်၍ ပေါင်ပေါင်ပါ ဖေဟောင့်ဘက်သို့ ဘက်ကူးသွားလျှင် အကုန်ပွဲသိမ်းကုန်လိမ့်မည်။

"အချိန်မရှိဘူး...."

" ခြောက်လအတွင်း အများကြီးလုပ်နိုင်မှာပါ....​​ခြောက်လဆိုတာ နင့်လက်ကျန်သက်တမ်းရဲ့ ကိုးပုံတပုံစာပဲရှိတာမလား...အဲ့အချိန်အတွင်း ဆရာသခင်တတိယအဆင့်လောက်ထိရောက်နေမှဖြစ်မယ်....ဒါမှသာ ငါးနှစ်အတွင်းမြို့စားအဆင့်ရောက်နိုင်မယ့်လမ်းကြောင်းမှန်ပေါ် ရောက်နိုင်မှာ....."

"ငါးနှစ်အတွင်း မြို့စားတစ်ယောက်ဖြစ်ဖို့ အရည်အချင်းရှိရုံတင်မကဘဲ ကံကောင်းဖို့လည်း လိုတယ်... ပြီးတော့ နင့်မှာ ရွှေနဂါးလျှို့ဝှက်သော့ရှိနေလို့ ကံကောင်းတယ်ပြောရမယ်..... ရွှေနဂါးတာအိုနယ်နြေမတွေက မှော်ဆန်တဲ့နေရာတစ်ခုလို့ ငါကြားဖူးတယ်....အစွန်အဖျားနေရာမှာ ကျင့်ကြံရုံနဲ့တင် အများကြီးအကျိုးရှိနိုင်တယ်...နင်သေချာ ဖမ်းဆုပ်နိူင်ဖို့မျှော်လင့်ပါတယ်...."

"နောက်လကျရင် ရွှေနဂါးတာအိုနယ်မြေဖွင့်လိမ့်မယ်...."

လီလော့  ရယ်မောလိုက်သည်။ထိုကဲ့သို့သောကောင်းမွန်သည့်အခွင့်အရေးတခုကို မည်သူလက်လွတ်ခံနိူင်မည်နည်း။

"ဟူးးးး တော်ဝင်သစ်စေးကိစ္စလည်းရှိသေးတယ်..."

လီလော့ သည် ထိုစကားလုံးနှစ်လုံးကို ပြောနေချိန်တွင်  ခေါင်းကိုက်သလို ခံစားလာရသည်။ ပေါင်ပေါင်၏အဆိုအရ၊ သူသည် အကြမ်းဖျင်းအားဖြင့် ကျောင်းတွင်းရမှတ်  ၁၀၀,၀၀၀ ခန့် လိုအပ်မည်ဖြစ်သည်။ တစ်နှစ်ပတ်လုံး အဆင့်ပြိုင်ပွဲများတွင် ပထမနေရာရထားလျှင်တောင် အမှတ်မီ နိုင်မည်မဟုတ်ပေ။

သို့သော်လည်း အခြေခံချို့ယွင်းချက်များကို  မဖြေရှင်းနိုင်ရင် စစ်သူကြီးအဆင့်သို့ ရောက်ရှိနိုင်လိမ့်မည်မဟုတ်.....

အခြားသူများအတွက် အချိန်ပေါသောနေသော်လည်း သူ့ထံတွင် သက်တမ်းလေးနှစ်ခွဲခန့်သာကျန်ရှိတော့သည်။ထို့ကြောင့် ကျင့်ကြံမှုအမြန်တိုးတက်နိူင်ရန် ရေကုန်ရေခမ်းကြိုးစားရတော့မည်သာ....

ပြဿနာပိုကြီးမလာခင် စောလျင်စွာ ပြုပြင်ထားမှတော်ကာကြလိမ့်မည်။

"မနက်ဖြန် ကျောင်းပြန်တက်ရတော့မယ်.... နောက်လထဲမှာ အမှတ်အများကြီးရနိူင်တဲ့အခွင့်ရေးတခုရှိတယ်...."

"အိုး...."

လီလော့ လန့်သွားသည်။

"အရိပ်လှိုဏ်ဂူအကြောင်း နင်မကြားဘူးထင်တယ်...."

"အရိပ်လှိုဏ်ဂူ.....?"

သူ မျက်မှောင်ကြုတ်လိုက်သည်။ကျောင်းစတက်တုန်းက နည်းပြချီချန်း ပြောပြခဲ့ဖူးသည့်အကြောင်းအရာများကို ရုတ်တရက်သတိရမိလိုက်သည်။

ကျန်းချင်းအာလို အကြောက်အလန့်ကင်းသူ တစ်ယောက်၏ မျက်ဝန်းထဲတွင်ကြောက်ရွံ့မှုအပိုင်းအစအချို့တွေ့လိုက်ရသောကြောင့် လီလော့ပို၍ ထိတ်လန့်လာသည်။

ကျန်းချင်းအာက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး လေသံခပ်တိုးတိုးဖြင့်.....

"အရိပ်လှိုဏ်ဂူထဲမှာ....တခြားကမ္ဘာကလူတွေရှိတယ်....."

All Chapters