← Chapters

အရိပ်လှိုဏ်ဂူ ဟုခေါ်သည်....

Vol. 17 Ch. 233

အရိပ်လှိုဏ်ဂူ ဟုခေါ်သည်....

Vol. 17 Ch. 233

"အခြားကမ္ဘာကလူတွေ..."

ထိုအရာသည် သူမျှော်လင့်ထားသည့် အဖြေမျိုး ဟုတ်မနေသောကြောင့် လီလော့ ဆို့နင့်နေလေ၏။

ဘုရင်အဆင့်နှင့်မြို့စားအဆင့်များ အသက်လုနေရသော မြင့်မြတ်သည့်စစ်တလင်းတွင်သာ ကမ္ဘာခြားသက်ရှိများရှိနေသည်ဟု ထင်ခဲ့မိသော်လည်း ကျန်းချင်းအာက အရိပ်လှိုဏ်ဂူထဲတွင် ကမ္ဘာခြားသက်ရှိများရှိနေသည်ဟု ဆိုနေပြီ.....

သည်အတိုင်းသာဆို ထိုအရာများသည် မိမိတို့နှင့် လွန်စွာနီးကပ်သောအရပ်အထိ ရောက်နေကြပြီလော.....

" ကမ္ဘာခြားသက်ရှိတွေက မြင့်မြတ်တဲ့စစ်တလင်းမှာတင်မကဘူး....ဘယ်​နေရာကနေမဆို အက်ကွဲကြောင်းတွေကနေတဆင့် ငါတို့ဆီ ရောက်လာနိုင်တယ်....ကံကောင်းတာတခုက ရှပြည်ထောင်စုမှာ အက်ကွဲကြောင်းသိပ်မရှိတဲ့အတွက် ဒီကိစ္စကို အပြင်လူတွေသိပ်မသိကြဘူး....."

" တချို့တိုင်းပြည်တွေမှာဆို အက်ကြောင်းတွေသိပ်များလို့ တိုင်းပြည်တခုလုံးပျက်စီးသွားတာမျိုးတွေလည်း ရှိတယ်....အရိပ်လှိုဏ်ဂူဆိုတာ ကမ္ဘာခြားသက်ရှိတွေနေတဲ့ ကမ္ဘာနဲ့ ငါတို့ကမ္ဘာကိုချိတ်ဆက်ပေးထားတဲ့လမ်းကြောင်းတွေ..."

" ကြယ်တာယာခရီးရှည်ကောလိပ်တည်ထောင်ထားရတဲ့ရည်ရွယ်ချက်ထဲမှာ အရိပ်လှိုဏ်ဂူတွေကို ထိန်းချုပ်ထားဖို့လည်းပါတယ်....ကျောင်းအုပ်ကြီးက အရိပ်လှိုဏ်ဂူကို အချိန်ပြည့်စောင့်ကြပ်နေရတာ...."

လီလော့ တစုံတခုကို ရုတ်တရက် နားလည်မသွားခဲ့ပါသည်။ ထိုသို့သော ကြီးလေးသည့်တာဝန်များကိုထမ်းဆောင်နေရခြင်းကြောင့်သာ ကျောင်းအုပ်ကြီးကို ကောလိပ်တွင် မတွေ့ရခြင်းပင်....

"ကျောင်းအုပ်က လှိုဏ်ဂူကို ထိန်းထားနိုင်ပေမည့် ဖျက်ဆီးဖို့လောက်ထိ မသန်မာသေးဘူး...အ​မြစ်ပြတ် မဖျက်ဆီးနိုင်သေးတဲ့အတွက် လှိုဏ်ဂူထဲကနေ ကမ္ဘာခြားသက်ရှိတွေအဆုံးမရှိထွက်လာနေတုန်းပဲ...ဒါတွေကိုသာ နိုင်အောင် မဖိနှိပ်ထားနိူင်ရင် အကုန် ပျက်စီးကိန်းဆိုက်ကုန်လိမ့်မယ်....အဲ့တော့ ကျောင်းအုပ်တစ်ယောက်တည်းနဲ့ မလုံလောက်တော့တဲ့အတွက် နည်းပြတွေက တပည့်တွေပိုသန်မာလာအောင် အတွေ့အကြုံရှာတဲ့အနေနဲ့ အရိပ်လှိုဏ်ဂူဆီပို့ပေးကြတယ်......"

" ပို့တဲ့နေရာမှာလည်း ကြယ်သုံးပွင့်နဲ့ကြယ်လေးပွင့်ခန်းမက ထူးချွန်သူတွေကိုပဲ သေချာစီစစ်ပြီးပို့ပေးကြတာ.....အရိပ်လှိုဏ်ဂူထဲမှာ ရှင်းလင်းရေးလုပ်ရတာကိုလည်း ကျောင်းတွင်းမစ်ရှစ်တခုအဖြစ်သတ်မှတ်ပေးထားတယ်.....အသေအပျောက်များပေးမယ့် ရမယ့်အမှတ်တွေကလည်း မနည်းဘူး.... "

ကျန်းချင်းအာ ပြောပြသည့်အကြောင်းအရာများကို နားထောင်ပြီးနောက် လီလော့ ကျောရိုးထဲကနေ စိမ့်တက်လာသည်အထိ အေးခဲနေလေပြီ။ ကြယ်တာယာခရီးရှည်ကောလိပ်ကို အေးအေးချမ်းချမ်း ကျင့်ကြံနိုင်သော သုခဘုံတစ်ခုအဖြစ် ထင်မှတ်ထားခဲ့​သော်လည်း ထိုမှလောက်ထိ အန္တရယ်များသာ အရာများရှိနေသည်ကို လုံးဝမသိခဲ့ပေ။

သို့သော်လည်း သုတ်သင်ရှင်းလင်းရေးသည် လုပ်သင့်လုပ်ထိုက်သော တာဝန်ဖြစ်သည်ကိုတော့ မငြင်းနိုင်ပေ။ ကမ္ဘာခြားသက်ရှိများသာ ရှပြည်ထောင်စုအတွင်း စိမ့်ဝင်လာပါက အကုန်ဒုက္ခရောက်ကုန်ကြလိမ့်မည်။

" အစပိုင်းတုန်းကတော့ သုတ်သင်ရှင်းလင်းရေးမစ်ရှင်မှာ ကြယ်လေးပွင့်ခန်းမက ကျောင်းသားတွေကိုပဲ ခွင့်ပြုပေးထားတယ်....နောက်ပိုင်းကြတော့ ကြယ်သုံးပွင့်ခန်းမအတွက်လည်း ခွင့်ပြုပေးလိုက်ကြတယ်...မနှစ်တုန်းကဆို ကြယ်နှစ်ပွင့်ခန်းမကကျောင်းသားတွေပါ ပါလာကြတယ်....."

" အဲ့တာ ဘာအဓိပ္ပါယ်လဲ နင်သိလား... "

" လှိုဏ်ဂူထဲမှာ အရေအတွက်ပိုများလာလို့ လူအင်အားထပ်လိုတာကြောင့်လား.... "

" အင်း... ကျောင်းအုပ်ကြီးကို မတွေ့ရတဲ့အချိန်တွေ ပိုများလာတယ်...ဒါဟာ ဘုရင်အဆင့်တစ်ယောက် သေချာအာရုံစိုက်ရလောက်တဲ့အထိ အခြေနေပြင်းထန်နေတဲ့ အဓိပ္ပါယ်ပဲ....."

"ဒါဆို ဒီတစ်ခါ ကြယ်တစ်ပွင့်ခန်းမက ကျောင်းသားတွေ ပါဝင်ဖို့ အခွင့်အလမ်းရှိလား..."

"ခရမ်းအဆင့်အဖွဲ့တွေကို ပါဝင်ဖို့ ကန့်သတ်ထားတဲ့အတွက် မဖြစ်နိုင်လောက်ဘူး..... ဒါပေမယ့် စည်းမျဉ်းတွေက တနှစ်နဲ့တနှစ် မတူဘူးဆိုတော့ အချိန်နီးလာရင် သေချာသိရမှာပါ.....အများသောအားဖြင့် ခရမ်းအဆင့်အဖွဲ့တွေကို အမိန့်ပေးခေါ်ယူကြတဲ့အခါ နင်တို့မှာ ငြင်းပယ်ပိုင်ခွင့်ရှိတယ်....ဒါပေမယ့် ငြင်းလိုက်တာနဲ့ ခရမ်းအဆင့်အဖွဲ့ကနေ ထွက်ရမယ်....."

ထိုစကားကြောင့် လီလော့ သိပ်မအံ့သြခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ခရမ်းအဆင့်အဖွဲ့မျသည် အရင်းအမြစ်ကြွယ်ဝစွာ ပုံအောပေးကမ်းခံထားရသည့် အခွင့်ထူးခံများဖြစ်သည့်အတွက် တာဝန်ယူစရာရှိလျှင်လည်း သူများထက် ကြီးလေးသောတာဝန်များကို ထမ်းဆောင်ကြရမည်သာ။

ကြယ်တာယာခရီးရှည်ကောလိပ်သည် အလှုအတမ်းလုပ်နေသော ပရဟိတဂေဟာတခုမဟုတ်ပေ။တန်ရာတန်ကြေး ပြန်ပေးရမည်သာ။

လောကတွင် အလကားစားရသော နေ့လည်စာမရှိဟူသော ဆိုရိုးစကားအတိုင်းသာပင်...

" ကောလိပ်မှာ ကျောင်းတက်ရတာ ထင်သလောက်လဲ မကောင်းပါလား...."

ရှပြည်ထောင်စုရှိ သန်မာအားကောင်းသော အင်အားစုများသည်လည်း အရိပ်လှိုဏ်ဂူအကြောင်း မသိဘဲနေလိမ့်မည်မဟုတ်....

ကြယ်တာယာခရီးရှည်ကောလိပ်တွင် အရင်းမြစ်ကြွယ်ဝစွာ ကျင့်ကြံမှုအတွက် အဖိုးအခသည် အရိပ်လှိုဏ်ဂူတွင် တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်။

" လီလော့.....တချို့အရာတွေက ရှောင်လွှဲလို့ မရဘူး...."

လီလော့ ခေါင်းညိတ်လိုက်သည်။

သူ့တွင် ရှောင်ဖို့အတွက်လည်း  ရည်ရွယ်ချက်မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့်  ယခုလို အရိပ်လှိုဏ်ဂူအကြောင်း သိလိုက်ရတော့ ထူးဆန်းသည့် စိတ်အားထက်သန်မှုတစ်ခုပင်ဖြစ်ပေါ်လာသေးသည်။

သူ့မိဘတွေ လက်ရှိရင်ဆိုင်နေရတဲ့ ရန်သူကို သူသိချင်သည်.......

"တစ်ခုကျန်သေးတယ် ​သုတ်သင်ရှင်းရေးကနေ အောင်အောင်မြင်မြင် ပြန်လာနိုင်သရွေ့ ရမယ့်အမှတ်တွေက အနည်းဆုံး ဂဏန်းငါးလုံးအထက်ပဒ.... စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ပိုရှိနိုငင်သေးတယ်..... "

“မစ်ရှင်တစ်ခုလုပ်ရုံနဲ့  ဂဏန်းငါးလုံးအထက် အမှတ်တွေရမှာ...…”

လပတ်စစ်ဆေးမှုတွင် ပင်ပန်းခက်ခဲစွာကြိုးစားပြီးမှ အမှတ်ငါးထောင်ခန့်သာစုဆောင်းနိူင်ခဲ့သည့်အတွက် ကျန်းချင်းအာပြောသည့် ပမဏကို လီလော့ သရည်ယိုနေလေပြီ။

" ဒီရှင်းလင်းရေးမစ်ရှင်မှာ ကြယ်တပွင့်ခန်းမက ခရမ်းအဆင့်အဖွဲ့တွေ ပါခဲ့ရင်  တဆင့်မြင့်တဲ့သူတွေနဲ့ အဖွဲ့ ဖွဲ့ပေးလိမ့်မယ်....ဒါမှ အတွေ့အကြုံမရှိလို့ သေကြေတာမျိုးတွေမဖြစ်မှာ....တကယ်လို့ နင်တို့သာ ပါဝင်ခွင့်ရမယ်ဆို ငါ နင်တို့အဖွဲ့နဲ့ ပူးပေါင်းပေးမယ်....."

ကျန်းချင်းအာတို့၏ မဟူရာငန်းအဖွဲ့သည် ကြယ်သုံးပွင့်ခန်းမ၏ ထိပ်တန်းအဖွဲ့ဖြစ်သောကြောင့် ထိုအဖွဲ့နှင့်သာ လက်တွဲခွင့်ရမည်ဆို အောင်မြင်မှု မလွဲမသွေ ရရှိမည်သာ....

လီလော့၏ နှလုံးခုန်သံများ ထိန်းမရအောင် မြန်ဆန်နေ၏......

"ငါတို့ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေပါဉီးမယ်...."

လီလော့သည် ကမ်းလှမ်းမှုကို လက်ခံချင်သော်လည်း မေးရန် လိုအပ်ဆဲပင်....

သူမ ခေါင်းခါလိုက်သည်။

"ဟားးဟားးး နင်တို့ အဖွဲ့က ကြယ်တပွင့်ခန်းမရဲ့ နံပါတ်တစ်အဖွဲ့ပဲဟာ....."

လီလော့က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူမပြောခဲ့သည့် အားနည်းသောအဖွဲ့များတွင် ကြယ်နှစ်ပွင့်ခန်းမက အဖွဲ့များပါ၀င်သည် ။ ဆိုလိုသည်မှာ ကြယ်သုံးပွင့်ခန်းမက အဖွဲ့များသည် များသောအားဖြင့်  ကြယ်နှစ်ပွင့်ခန်းမက အဖွဲ့များကို ရွေးချယ်ကြသည်။

လီလော့တို့ အဖွဲ့သည် ကြယ်နှစ်ပွင့်ခန်းမက  အဖွဲ့များထက် အားနည်းနေမည်မှာ သေချာပါသည်။

သို့သော်လည်း မက်လောက်စရာ အမှတ်များကို မည်သူလက်လွတ်ခံနိုင်မည်နည်း။

ရှင်းဖူနှင့်ပိုင်မျန်မျန်တို့ကို ရအောင် ဆွယ်ရမည်။ မရလျှင်လည်း ရသည်အထိ ကြိုးစားတိုက်ပွဲဝင်ရမည်.....

All Chapters