ကမ္ဘာခြားသက်ရှိများ၏သတင်း......
Vol. 17 Ch. 234
နောက်တစ်နေ့တွင် လီလော့နှင့်ကျန်းချင်းအာ တို့သည် အိမ်တော်ကိစ္စအဝဝကို ချိုင်ဝေထံ လွှဲပြောင်းပေးအပ်ပြီးနောက် ယုလန်တို့နှင့်အတူ ကောလိပ်သို့ပြန်လာခဲ့ကြသည်။
လီလော့သည် ကျောင်းဝင်းထဲသို့ ဝင်လာသည်နှင့် ချက်ချင်းပင် လွတ်လပ်လုံခြုံသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် စီနီယာကျောင်းသားများကြားတွင် တင်းမာမှုတစ်ခု သိသိသာသာပေါ်ပေါက်နေပြီး စိုးရိမ်သောကရောက်နေသည့်မျက်နှာများကို နေရာတိုင်းတွင် မြင်တွေ့နေရသည်။
ဤသည်မှာ အရိပ်လှိုဏ်ဂူကြောင့် ဖြစ်ပေလိမ့်မည်.....
နောက်ဆုံးအနေနှင့် လူအင်အား လိုအပ်လာပြီဆိုပါက စီနီယာကျောင်းသားတွေကို သေခြင်းတရားနှင့် နာကျင်မှုများ စောင့်ကြိုနေသည့်အရိပ်လှိုဏ်ဂူထဲကိုစေလွှတ်ကြလိမ့်မည်။
သေခြင်းတရားဟူသည် ရိုးရှင်းလှသော စကားစုတခုဖြစ်သော်လည်း ရဲဘော်ရဲဖက်များကြားတွင် ထိုစကားသည် ထင်ထားသလောက်ရိုးရှင်းနေလိမ့်မည်မဟုတ်.....
ကျန်းချင်းအာနှင့် ယန်လင်းချီ တို့သည် ကျောင်းသို့ရောက်ရှိချိန်တွင် လီလော့တို့နှင့် လူစုခွဲထွက်သွားကြသည်။
ထို့ကြောင့် လီလော့သည် ပိုင်မျန်မျန်နှင့်အတူ အဆောင်သို့ပြန်ခဲ့ကြသည်။
လမ်းတလျှောက်လုံးတွင် လီလော့၏ ပေါ်ပပါးသောစကားသံ ပိုင်မျန်မျန်၏ချိုသာသောရယ်မောသံများ ပျံ့လွှင့်နေလေ၏။
သူတို့နှစ်ယောက်သည် အဆောင်ရှေ့ရှိ ကျောက်လှေကားထစ်များရှေ့တွင် ပုံမှန်ထက်ပိုကြီးမားနေသော သစ်ပင်ရိပ်တခုကိုတွေ့လိုက်ရသောကြောင့် လီလော့ အရှိန်မီ ရပ်တန့်လိုက်ပြီး ပိုင်မျန်မျန်ကိုပါ လှမ်းဆွဲထားလိုက်ရသည်။
"ရှင်းဖူ....မင်း ဘာလို့ဒီမှာထိုင်နေတာလဲ...ကြည့်ရတာသနားစရာကောင်းလိုက်တာကွာ....."
ရှင်းဖူ၏လက်ရှိပုံစံသည် မွေးစားခံရဖို့ စောင့်ဆိုင်းနေသည့် မိဘမဲ့ကလေးတစ်ဦးနှင့်တူသည်။
ထိုအခါမှသာ ပိုင်မျန်မျန်က ကြောက်လန့်တကြားနောက်ဆုတ်လိုက်ပြီး..... က
"တောင်းပန်ပါတယ် ရှင်းဖူ... ငါ နင့်ကို မမြင်လိုက်လို့ပါ....."
ရှင်းဖူသည် ခေါင်းစွပ်အောက်ကနေ မှုန်ကုပ်ကုပ် မော့ကြည့်နေလေ၏။
လီလော့ အတွေးတစ်ခု ပေါ်လာသည်။
"မင်းရဲ့ အားလပ်ရက် တစ်ခုလုံးကို ဒီမှာပဲနေ နေတာတော့မဟုတ်ပါဘူးနော်.... မင်းမှာ အပြင်ထွက်ဖို့ သူငယ်ချင်း မရှိဘူးလား..."
ရှင်းဖူ အသံတိတ်ခေါင်းခါပြနေသည်။ သူသည် ကောလိပ်ရောက်ကတည်းက လီလော့နှင့်ပိုင်မျန်မျန်တို့ကလွဲရင် မည်သူနှင့်မျှ စကားမပြောဖူးသည့်အတွက် အပေါင်းအသင်းလည်း မရှိရှာပေ။
// ဒီကောင်ကတော့ တလွဲဆံပင်ကောင်းနေပြန်ပြီ....အရိပ်ပဲ့တင်ထပ်သံရှိတိုင်း အရိပ်တခုလိုနေရမယ်လို့ဘယ်သူပြောထားလို့လဲ.....//
" သနားစရာပါလားကွာ..."
ပိုင်မျန်မျန်ကလည်း ရှင်းဖူကို စာနာစိတ်နဲ့ ကြည့်လိုက်ပြီး......
" ရှင်းဖူ... နောက်တစ်ခေါက်အပြင်ထွက်ရင် ငါတို့နဲ့အတူလိုက်ခဲ့နော်....ငါမသွားခင် နင့်ကိုလိုက်ရှာပါသေးတယ်....ဘယ်မှာမှ ရှာမတွေ့လို့ပါ....."
"နင် ထွက်သွားတုန်းကတည်းက ငါဒီမှာထိုင်နေတာ..."
ရှင်းဖူ၏ ခပ်တိုးတိုးစကားသံကြောင့် ပိုင်မျန်မျန် လုံးဝအေးခဲသွာလေ၏။
" ငါ...ငါတကယ် မတွေ့လိုက်လို့ပါ....."
ရှင်းဖူက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်လေတော့သည်။
"အိုး မင်းတို့က ဒီရောက်နေတာကိုး...."
သုံးယောက်သား ချီချန်း လျှောက်လာနေသွားသည်ကို မြင်လိုက်ရသည့်အတွက်သုံးယောက်စလုံးက ဆရာ့ကို အလျင်စလို နှုတ်ဆက်လိုက်ကြသည်။
ချီချန်းက သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး.....
"ကဲ... အားလုံးစုံပြီဆိုတော့ ဒီနေ့အတွက် သင်ခန်းစာ စလိုက်ကြရအောင်.... ဒီနေ့ မင်းတို့အတွက် အရေးကြီးတဲ့ သတင်းတစ်ခု ရှိတယ်...."
ချီချန်းလေးနက်နေပုံအရ သူမ ပြောမည့်သတင်းကို လီလော့ကြိုတင်ခန့်မှန်းမိနေပြီဖြစ်သည်။
ထိုသတင်းသည် အရိပ်လှိုဏ်ဂူအကြောင်းဖြစ်မည်ဟု အဆင့်ခြောက်ဝိဉာဉ်ရည် လောင်းကြေးထပ်လိုက်ချင်ပါသည်။
"ကောင်းပြီ....အရိပ်လှိုဏ်ဂူအကြောင်း အကြမ်းဖျဉ်းပြောပြခဲ့ဖူးတာ မှတ်မိကြသေးလား..... "
အရိပ်လှိုဏ်ဂူနှင့်ပတ်သက်သော အခြေခံအချက်အလက်အချို့ကို သူမဆီက ကြားခဲ့ရသည့်အပြင် ကျန်းချင်းအာဆီကပါ ကြားထားပြီးဖြစ်သည့်အတွက် လီလော့ အံ့သြမနေခဲ့ပေ။ သို့သော်လည်း ရှင်းဖူနှင့်ပိုင်မျန်မျန်တို့ကတော့ အကြီးအကျယ်တုန်လှုပ်အံ့သြနေကြသည်။အထူးသဖြင့် ပိုင်မျန်မျန်ဆိုလျှင် ဖြူစင်သော အသားအရေသည် ယခင်ကထက်ပင် ဖြူဖျော့နေပြီး သူမကိုကြည့်ရသည်မှာ မူးမေ့သွားလောက်အောင် ကြောက်လန့်နေပုံရသည်။
"ဒီလထဲမှာ သုတ်သင်ရှင်းလင်းရေး မစ်ရှင်တွေကို စီစဉ်ပေးလိမ့်မယ်... ကြယ်နှစ်ပွင့်၊ကြယ်သုံးပွင့်နဲ့ ကြယ်လေးပွင့်ခန်းမအဖွဲ့တွေ အားလုံးပါဝင်ကြလိမ့်မယ်....ဒီတခေါက်က အခြေနေအဆိုးဆုံးဖြစ်နေတဲ့အတွက် ကြယ်တစ်ပွင့်ခန်းမက ခရမ်းအဆင့်တွေကိုပါ ခေါ်ချင်ခေါ်လိမ့်မယ်....."
သူမသည် သူတို့ကို လေးလေးနက်နက် ကြည့်လိုက်ပြီး....
"ဆင့်ခေါ်စာကို ငြင်းပယ်ရင် ကျောင်းထုတ်ခံရမယ်.....အရိပ်လှိုဏ်ဂူက ကောလိပ်ကိုတင်မကဘူး ရှပြည်ထောင်စုကိုပါ ချိန်းခြောက်နေပြီ....မင်းတို့တွေ ကောလိပ်အတွက်ဖြစ်စေ၊ မင်းတို့မိသားစုဝင်တွေအတွက်ဖြစ်စေ သွားသင့်တယ်လို့ ထင်တယ်....."
" ဟုတ်ကဲ့....."
"ဒါပေမယ့် မင်းကို လက်လွတ်စံပါယ်တော့ မသွားခိုင်းပါဘူး.... စီနီယာအဖွဲ့တွေက မင်းကို ကာကွယ်ပေးဖို့ အတူလိုက်ပေးကြမှာပါ....."
"ဆရာ....ကမ္ဘာခြားသက်ရှိတွေအကြောင်း ပြောပြလို့ရမလား..."
လီလော့ မေးလိုက်ခြင်းဖြစ်သည်။မည်သို့ပင်ဆိုစေ နှံ့နှံ့စပ်စပ် သိထားလို့လည်း အရှုံးမရှိနိုင်ပေ။
"မင်းတို့ကိုပြောဖို့ အချိန်တန်ပြီ..... အရိပ်ကမ္ဘာက လူသားတွေရဲ့ မကောင်းမှုကနေ မွေးဖွားလာတယ်လို့ မင်းတို့ကို ငါပြောခဲ့ဖူးတယ်မလား....ကမ္ဘာခြားသက်ရှိတွေဆိုတာ လူသားအသွင်ယူထားတဲ့မကောင်းဆိုးဝါးတွေပဲ....."
"သူတို့တွေ သိပ်ကိုသန်မာပြီး ပုံသဏ္ဍာန်မျိုးစုံအသွင်ယူတတ်ကြတယ်.....သူတို့တွေကို ပျက်စီးမှုအဆင့်၊ ဘေးဒုက္ခအဆင့်၊ ကပ်ဘေးအဆင့်နဲ့ဘုရင်အဆင့်ဆိုပြီး အဆင့်လေးမျိုး ခွဲခြားထားတယ်..... ပျက်စီးမှုအဆင့်တွေက မင်းတို့ရဲ့စိတ်ကို ဝါးမြိုပြီး မင်းတို့ခန္ဓာကိုယ်ကို လိုသလိုထိန်းချုပ်နိုင်ကြတယ်.....သူတို့တွေရဲ့ အဓိကစွမ်းရည်က ဝါးမြိုတိုက်စားခြင်းပဲ....သုတ်သင်ရှင်းလင်းရေးသမိုင်းတလျှောက် သူတို့ကြောင့် ကျဆုံးခဲ့တဲ့ရဲဘော်
ရဲဘက်တွေ ပျက်စီဆုံးရှုံးမှုတွေ ရေတွက်လို့တောင်မရတော့ဘူး....."
လီလော့သည် ဤစကားကိုကြားသောအခါတွင်ပင် အံသြသွားသည်။ သူတို့သည် ကမ္ဘာခြားသက်ရှိများကိုသာမက မိမိတို့၏အသင်းဖော်များကိုပါ ဂရုစိုက်ရမည်လား.....
အရေးကြီးသော အခိုက်အတန့်တွင် ဝါးမြိုထိန်းချုပ်ခံလိုက်ရပါက အကုန်သေကုန်လိမ့်မည်။
"ဘေးဒုက္ခအဆင့်ကို အဖြူနဲ့အနီဆိုပြီးနှစ်မျိုးခွဲခြားထားတယ်....မကောင်းဆိုးဝါးစိတ်ပြင်းထန်လာတာနဲ့အမျှ အဖြူရောင်ကနေ အနီရောင်ပြောင်းသွားကြတယ်.....
"အဖြူရောင်တိုက်စားသူတွေရဲ့ ခွန်အားက အကြမ်းဖျင်းအားဖြင့် ဆရာသခင်ဒုတိယအဆင့်နဲ့အနီရောင်တိုက်စားသူ တွေကတော့ ဆရာသခင်တတိယအဆင့် ရှိကြတယ်..... မစ်ရှင်လုပ်ဖို့ တာဝန်ပေးခံရရင် ဒါတွေကိုမဖြစ်မနေ သိထားရမယ်...."
" ကပ်ဘေးအဆင့်မှာလည်း အဆင့်တွေရှိသေးတယ်....သူတို့တွေက မြို့စားအဆင့်နဲ့လက်ရည်တူတယ်....သူတို့တွေပေါ်ထွက်လာပြီဆို မြို့ကြီးတမြို့လုံးကိုတောင် မျက်စိတမှိတ်အတွင်း ဖျက်ဆီးပစ်နိုင်လောက်အောင် သန်မာကြတယ်....."
" ဘုရင်အဆင့်တွေကတော့....."
ချီချန်း၏ အသံ အနည်းငယ် ယိမ်းယိုင်သွားသဖြင့် အားလုံး ထိတ်လန့်ကုန်ကြသည်။
" ဘုရင်အဆင့်တွေနဲ့ မတွေ့ပါစေနဲ့လို့ ဆုတောင်းရမယ်....သူတို့တစ်ယောက်ချင်းစီမှာ တိုင်းပြည်ကြီးတခုလုံးကို မြေပုံကနေ ကွယ်ပျောက်သွားစေလောက်တဲ့အထိ ပြင်းထန်တဲ့စွမ်းအားတွေရှိကြတယ်....."
သူမ၏ ကျောင်းသားသုံးဦးစလုံး
တုန်လှုပ်ခြောက်ခြားသွားကြသည်။
သူမ တိတိကျကျမပြောခဲ့သော်လည်း ကမ္ဘာခြားသက်ရှိများ၏ ဘုရင်အဆင့်များသည် လူသားအးဘုရင်အဆင့်လောက်ထိတော့သန်မာမည်မှာ အမှန်ပင်.....
သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး....
" ကမ္ဘာခြားသက်ရှိတွေက ရုပ်ရည်ဆိုးဝါးပေမယ့် ပိုသန်မာလာလေ လူသားရုပ်ရည်နဲ့ပိုတူလာလေပဲ...အဲ့တော့ အရိပ်လှိုဏ်ဂူထဲရောက်ရင် ကိုယ့်ရုပ်ရည်နဲ့ တထပ်တည်းတူတဲ့သူကိုတွေ့လို့ကတော့ ဘာမှစဉ်းစားမနေတဲ့ ပြေးနိုင်သမျှ အဝေးဆုံးပြေး......"
လီလော့တို့သုံးယောက်စလုံး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ကြသည်။
"ကဲ..... ဒီနေ့အတွက် သင်ခန်းစာအကြောင်း ဆက်ပြောမယ်.... သုတ်သင်ရှင်းလင်းရေး မစ်ရှင်တွေနဲ့ ပတ်သက်ပြီး အတည်ပြုတဲ့ သတင်း မရှိသေးဘူး၊ ဒါကြောင့် လောလောဆယ်မှာ ကျင့်ကြံရေးကိုပဲအာရုံစိုက်ထားကြ......"
"မင်းတို့တွေ ဆင့်ခေါ်မခံရဖို့ပဲ မျှော်လင့်ပါတယ်....."
အကယ်၍ ကြယ်တပွင့်ခန်းမမှ ကျောင်းသားများသာ ဆင့်ခေါ်ခံရပါက ဤသည်မှာ အခြေနေအတော်ဆိုးနေပြီဟူသော အဓိပ္ပါယ်သာပင်.......