← Chapters

သဘောထားကွဲလွဲမှုများ.....

Vol. 17 Ch. 235

သဘောထားကွဲလွဲမှုများ.....

Vol. 17 Ch. 235

ကောလိပ်၏ ကြယ်သုံးပွင့်ခန်းမတွင်...

လေ့ကျင့်ရေးကွင်းထဲ၌.....

ဟောင်ရှုဟုခေါ်သော သက်လတ်ပိုင်း အမျိုးသမီးသည် သူမ၏ ကျောင်းသား သုံးဦး၏ တိုးတက်မှုကို စစ်ဆေးနေပြီး....

"မင်းတို့အားလုံး လေ့ကျင့်မှုကို ဒီအတိုင်းဆက်ထိန်းထားကြ.....

အထူးသဖြင့် ချင်းအာ...—မင်း ဒီအတိုင်း ဆက်ထိန်းထားရင် နှစ်ကုန်လောက်ဆို ကောင်းကင်နစ်မြှုပ်ခြင်းစစ်သူကြီးအဆင့်ကို   ဖြတ်ကျော်သွားနိုင်တယ်....အဲ့တာဆို အမာခံခုနှစ်ယောက်ကို အနိုင်ယူဖို့ အခွင့်အလမ်း ပိုမြင့်လာလိမ့်မယ်....."

ကျန်းချင်းအာက ခေါင်းညိတ်လိုက်သည်။

" မင်းတို့လည်း သတင်းကြားပြီးသားဖြစ်မှာ သေချာတယ်.....အရိပ်လှိုဏ်ဂူကို ဒီလထဲဖွင့်တော့မယ်.... သုတ်သင်ရှင်းလင်းရေး မစ်ရှင်တွေထဲမှာ မင်း တို့လည်း ပါ၀င်လိမ့်မယ်.... မင်းတို့အတွက် အသစ်အဆန်းတွေမဟုတ်တော့ဘူးဆိုတော့ အန္တာရာယ်ကိုသတိနဲ့ကြည့်ရှောင်ဖို့ကလွဲရင် တခြားမှာစရာမရှိတော့ဘူး....."

"မကြာခင် ငါတို့ ခရမ်းအဆင့်နည်းပြတွေ အရိပ်လှိုဏ်ဂူထဲ အရင်ဝင်နှင့်ကြမယ်......မင်းတို့တွေကာဂျူနီယာတွေနဲ့အတူ အဖွဲ့ဖွဲ့ပြီး လိုက်ခဲ့ရမယ်......"

ပြောစရာရှိတာ ပြောပြီးသည်နှင့် ဟောင်ရှုက

မတ်တပ်ထရပ်ပြီး လက်ပြ ထွက်ခွာသွားလေတော့သည်။

နည်းပြထွက်သွားချိန်တွင် ကျန်းချင်းအာသည် သူမ၏အသင်းဖော်နှစ်ယောက်ဆီသို့ လှည့်ကြည့်လိုက်ပြီး....

"ဆရာက အရင်အတိုင်း တင်းကြပ်တယ်....."

သူမ၏ အသင်းဖော်နှစ်ယောက်သည်  မိန်းကလေးတစ်ယောက်နှင့် ယောက်ျားလေးတစ်ယောက်ဖြစ်သည်။

ကောင်လေးက ပိန်ပိန်ပါးပါးနဲ့ ထက်​မြက်တဲ့ အသွင်အပြင်နဲ့ သူ့အသားအရည်က မီးတွင်းထဲက ကျောက်မီးသွေးလို မည်းမှောင်နေ၏။

သူ့ထံတွင် စိတ်အားထက်သန်မှုကြောင့်

စူးရှနေသော  မျက်ဝန်းတစ်စုံရှိပြီး ပြုံးလိုက်သောအခါတွင် ဖြူစင်တောက်ပသော သွားများကိုသာ မြင်နေရသည်။

သူ့နာမည်သည် ချိုးပိုင်ဖြစ်သည်။

မိန်းကလေးအသင်းဖော်သည် ဆံပင်ကို ခပ်မြင့်မြင့်စည်းနှောင်ထားပြီး ဖြူလွှသော ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသည်။

သူမ၏နာမည်သည်  ထျန်ထျန်း ဖြစ်သည်။

ချိုးပိုင်နှင့်ထျန်ထျန်းတို့သည် မဟူရာငန်းအဖွဲ့ဝင်များဖြစ်ကြသည်။

" ခေါင်းဆောင်.... နင်သာ အမာခံခုနှစ်ဉီးကို အောင်နိုင်ရင် စံချိန်သစ်တစ်ခု တင်နိုင်လိမ့်မယ်....." ဟု ထျန်ထျန်းက ဆိုလိုက်သည်။

ချိုးပိုင်က လက်ကိုင်မှန်ထဲကနေ သူ့ရုပ်သွင်ကိုအသည်းအသန်ကြည့်နေရင်းကနေ ခေါင်းညိတ်ထောက်ခံနေလေ၏။

ကျန်းချင်းအာက သူတို့ကို ကြည့်လိုက်ပြီး....

"ဂျုနီယာအဖွဲ့တွေနဲ့ ပတ်သတ်ပြီး တွေးထားတာများရှိလား....."

" ခေါင်းဆောင်ကလည်း ငါတို့မှာ ရှိပြီးသားလေ....."

"အိုး .....ဘယ်သူလဲ...."

"ဘယ်သူဖြစ်ရမှာလဲ ကြယ်နှစ်ပွင့်ခန်းမထဲက နင့်​ရဲ့အမာခံပရိတ်သတ်လေး ရဲချူတင်းပေါ့......"

ချိုးပိုင်ကလည်း မှန်ကြည့်နေရာကနေ ခေါင်းထောင်လာပြီး။...

" ရဲချူတင်းက တော်တော်သန်မာတယ်......သူ့ရဲ့  သဘာဝဆေးအိုး အဖွဲ့က မီးန်သမီးအဖွဲ့ပြီးရင် ကြယ်နှစ်ပွင့်ခန်းမမှာ ဒုတိအဆင့်ချိတ်တယ်မလား.....ပြီးတော့ အရင်က မစ်ရှင်တစ်ခုမှာ ငါတို့နဲ့ပူးပေါင်းခဲ့ဖူးတယ်...သေချာစဉ်းစားကြည့်လိုက်ရင်  အဆင်ပြေနေတာပဲကို....."

"ငါသူ့ကို မရွေးဘူး...."

ကျန်းချင်းအာ  တည်ငြိမ်စွာပြောလိုက်သည့်အခါ ချိုးပိုင်နှင့်ထျန်ထျန်းတို့က သူမကို တအံ့တသြငေးကြည့်နေကြလေသည်။

"နင် ရဲချူတင်းကို မရွေးဘူးဆို  ဘယ်သူ့ကိုရွေးမှာလဲ....မီးနတ်သမီးအဖွဲ့ဆို ပိုတောင်ကောင်းမယ်ထင်တယ်....."

" တရားမျှတမှုအဖွဲ့ကို ရွေးဖို့စဉ်းစားထားတယ်....."

" တရားမျှတမှုအဖွဲ့.....ကြယ်နှစ်ပွင့်အဖွဲ့တွေထဲမှာ အဲ့နာမည်နဲ့အဖွဲ့ရှိလို့လား တခါမှမကြားဖူးဘူး......"

ထျန်ထျန်းက သေချာတွေးလိုက်ပြီး.....

" ခေါင်းဆောင် နင်ပြောနေတာ ကြယ်တစ်ပွင့်ခန်းမက အဖွဲ့မလား....အဖွဲ့ခေါင်းဆောင်က လီလော့ဆိုတော့...မဟုတ်မှလွဲရော....."

ချိုးပိုင်ပင်လျှင် မှန်ကို ဘေးချထားလိုက်ပြီး....

"ကြယ်တစ်ပွင့်အဖွဲ့တဲ့လား....အဆင်မပြေလောက်ဘူးနော်....."

ကျန်သည့်အချိန်တွင် လက်ခံပေးနိုင်သော်လည်း သုတ်သင်ရှင်းလင်းရေးမစ်ရှင်သည် တခုမှားရုံနှင့် အသက်ပျောက်နိုင်သော မစ်ရှင်ဖြစ်သောကြောင့် မည်သူမဆို သန်မာသော လက်တွဲဖော်များကိုသာ ရွေးချယ်ချင်ကြလိမ့်မည်။

ထို့အပြင် ကြယ်တပွင့်အဖွဲ့များသည် အရိပ်လှိုဏ်ဂူထဲသို့ တခါမျှမရောက်ဖူးကြပေ။

" ငါ တကိုယ်ကောင်းဆန်ပြီး ရွေးချယ်လိုက်မိတာကို ဝန်ခံပါတယ်...ဒါပေမယ့် တရားမျှတမှုအဖွဲ့က အားနည်းတဲ့အဖွဲ့မဟုတ်ပါဘူး....သူတို့က ကြယ်တစ်ပွင့်ခန်းမရဲ့ အထူးချွန်ဆုံးအဖွဲ့ပါ.....သူတို့တွေ ငါတို့ကို ဆွဲချသွားမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်.....သူတို့ကြောင့်ဖြစ်လာတဲ့ကွာဟချက်တွေကို ငါ့ဘက်က အတတ်နိုင်ဆုံးကြိုးစားဖြည့်ဆည်းပေးပါ့မယ်....."

ထျန်ထျန်းက သက်ပြင်းပြင်းပြင်းချလိုက်ပြီး....

" ဒါပေမယ့် သူတို့က ​ကြယ်တစ်ပွင့်အဖွဲ့လေ...ပြန်စဉ်းစားပါဉီးလား ခေါင်းဆောင်ရယ်...."

ကျန်းချင်းအာသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းယမ်းလိုက်သည်။

"တောင်းပန်ပါတယ်.. ငါ့ရပ်တည်ချက်ပဲ..... သူတို့က နိမ့်ကျနေရင်တောင် ကွာဟချက်ကို ငါဖြည့်ပေးနိုင်တယ် ..... နင်တို့တွေ

ယုံကြည်နိုင်မယ်လို့ ငါမျှော်လင့်တယ်....."

အမြဲတစေ အေးဆေးတည်ငြိမ်ပြီး ဆင်ခြင်တုံတရားအပြည့်ရှိခဲ့သော ကျန်းချင်းအာသည် ယခုချိန်တွင် လီလော့စိတ်ကြောင့် မျက်ကန်းတစေတစ်ယောက်လိုဖြစ်နေလေပြီ။

"ခေါင်းဆောင်....အရိပ်လှိုဏ်ဂူရဲ့ အန္တရာယ်တွေကို နင်လည်း သိပါတယ်..... နင့်ရဲ့ အရည်အချင်းကို ငါတို့ ယုံကြည်တယ်.... ဒါပေမယ့် ဖြစ်မယ့် အကျပ်အတည်းကို ဘယ်လို ​ဖြေရှင်းကြမလဲ .."

" ငါ့ဘဝနဲ့ ဖုံးရင်းပြီး​ဖြေရှင်းပေးမယ်....."

ထျန်ထျန်း သက်ပြင်းရှိုက်လိုက်မိသည်။

ကျန်းချင်းအာသည် လီလော့နှင့်စေ့စပ်ရုံသာရှိသေးသော်လည်း ဘဝနှင့်လောင်း​ကြေးထပ်ပြီး အားလုံးကို စိန်ခေါ်နေလေပြီ.......

လီလော့ အမှန်ပင် ကံကောင်းလှသည်။

"ကောင်းပြီ....ဒါ နင်ရဲ့ရွေးချယ်မှုပဲ... ငါတို့အဖွဲ့ရဲ့ စည်းမျဥ်းစည်းကမ်းတွေအတိုင်း  ဖြေရှင်းရကြတာပေါ့....."

ချိုးပိုင်က ထိုသို့ ပေါ့ပေါ့ပါးပါး ပြောလိုက်ကြီးသည်နှင့်  ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး စွမ်းအားများထုတ်ဖော်လိုက်သည့်အခါ ခန္ဓာကိုယ်ကို အနက်ရောင်မီးတောက်များ ဖုံးလွှမ်းသွားပြီး လက်ထဲတွင်လည်း မီးတောင်နေသော လှံတစ်ချောင်းပေါ်ထွက်လာ၏။

ထျန်ထျန်းသည် သူမ၏လက်များကို ပွတ်သပ်ကာ နောက်ဆုတ်လိုက်သည်။ သူမ၏ အစိမ်းလန်းရောင်စွမ်းအားများသည် ငှက်တစ်ကောင် ပုံသဏ္ဌန်ဖြစ်ပေါ်လာပြီး တောင်ပံတဖျတ်ဖျတ်ခတ်နေလေသည်။

စည်းကမ်းက ရိုးရှင်းပါ၏။သဘောထားမတိုက်ဆိုင်တဲ့အခါ တိုက်ခိုက်ခြင်းဖြင့်သာ ဆုံးဖြတ်ပေးပါလိမ့်မည်။

ကျန်းချင်းအာ၏ ရွှေရောင်မျက်ဝန်းတစုံသည် ရွှင်မြူးမှုကြောင့် တလက်လက်တောက်ပနေ၏။

"ဒါကို စောစောကတည်းက လုပ်လိုက်သင့်တာ....မလိုအပ်ပဲစကားတွေအများကြီးပြောလိုက်ရပြီ.... "

"အင်း..... ကျေးဇူးပါ...."

ဒီအဆင့်ကို ရောက်တဲ့အခါမှာတော့ နှစ်ဖက်စလုံးက သူမရဲ့ အကြံပြုချက်ကို လက်ခံလိုက်ကြပြီမှန်း သေချာနေပြီဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ချိုးပိုင်နှင့်ထျန်ထျန်းတို့နှစ်ယောက်စလုံး ကျန်းချင်းအာကို မယှဉ်နိုင်သောကြောင့်ပင်......

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ လိုက်နာရမည့် ကျင့်ဝတ်တစ်ခုဖြစ်သည်။

နှစ်ယောက်သား ရှုံ့မဲ့ပြီး စွမ်းအားကိုယ်စီဖြင့် ကျန်းချင်းအာထံသို့ ပြေးဝင်သွားကြလေတော့သည်။

All Chapters