ယဲ့ချန်ယင်း....
Vol. 17 Ch. 237
လီလော့တို့အဖွဲ့သည် ချီချန်းသို့လိုက်မသွားခင် ပါးစပ်ထဲသို့ အစားအစာအချို့ကို အလျင်အမြန် ထိုးသွပ်လိုက်ကြသည်။
လမ်းတစ်လျှောက်တွင် အလျင်စလိုပြေးလွှားနေကြသော စီနီယာကျောင်းသားအချို့ကိုလည်း တွေ့မြင်ခဲ့ရသည်။
အချက်ပေးသံကြောင့် ကောလိပ်တခုလုံး အထိတ်တလန့်ဖြစ်ကုန်ကြသည်မှာ အမှန်ပင်. .
အေးချမ်းနေခဲ့သော ကျောင်းပရဝဏ်သည် ယခုဆိုလျှင် တင်းမာမှုအချို့ကြောင့် လေထုတခုလုံး မွန်းကြပ်နေလေ၏။
ပျားပန်းခတ်မျှအလုပ်များနေကြသော ကျောင်းသားများသည် ရှန်းလိသစ်ပင်များဆီ ဉီးတည်ရွေ့လျားနေကြသည်။
"အရိပ်လှိုဏ်ဂူက ရှန်းလိသစ်ပင်အောက်မှာ ရှိတာ...."
ချီချန်း၏ အတည်ပြုချက်ကြောင့်ကျောင်းသားများ အံ့သြကုန်ကြသည်။
// ဒါဆို သူတို့တွေ အရိပ်လှိုဏ်ဂူကို ဖင်ခုထိုင်ပြီး ကျင့်ကြံနေခဲ့တာပေါ့....//
"ရှန်းလိသစ်ပင်တွေက ကျင့်ကြံခြင်းအတွက်တင်သာမကဘူး အရိပ်လှိုဏ်ဂူရဲ့ စွမ်းအားတွေကို ဖိနှိပ်ပေးတဲ့နေရာမှာလည်း အသုံးဝင်တယ်.....ရှန်းလိသစ်ပင်တွေကြောင့်သာ မဟုတ်ရင် ကျောင်းအုပ်ကြီးတစ်ယောက်တည်း အရိပ်လှိုဏ်ဂူကို ထိန်းချုပ်ထားနိုင်မှာမဟုတ်ဘူး....."
ချီချန်းရှင်းပြသည့်အကြောင်းအရာကို ကြားသည့်အခါ လီလော့တို့ တံတွေးပင်မျိုချမိလိုက်ကြသည်။
အရိပ်လှိုဏ်ဂူသည် ရှမြို့တော်တွင် ကြယ်တာယာခရီးရှည်ကောလိပ်တည်ထောင်ထားရခြင်း၏ အကြောင်းအရင်းဖြစ်လိမ့်မည်။
လီလော့ အတွေးတခုပေါ်လာသည့်အတွက် ချက်ချင်း ထမေးလိုက်သည်။
"ဆရာ... တခြား ကောလိပ်တွေ အကုန်လုံးကလည်း အရိပ်လှိုဏ်ဂူလို အက်ကြောင်းရာတွေကို ဖိနှိပ်ဖို့ တည်ဆောက်ထားကြတာလား....."
"ထက်မြက်တယ်မဟုတ်လား....." ချီချန်းက သဘောကျသော အပြုံးဖြင့် ပြန်ဖြေသည်။
"တကယ်တော့ ကောလိပ်တွေ အားလုံးက ကျောင်းတော်သမဂ္ဂရဲ့ စည်းမျဉ်းတွေကို လိုက်နာကြရတာ.....ဒါဟာ အထင်ကြီးလောက်စရာ အစီအစဥ်ပါပဲ.....ဒါ့ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ အင်အားကြီးမားတဲ့
ကျောင်းတော်တွေ တည်ဆောက်ပြီး ကမ္ဘာခြားသက်ရှိတွေရဲ့ကျူးကျော်မှုကို တားဆီးပေးထားကြတာ...."
များမကြာမီတွင် ရှီးလိသစ်ပင်ခြေရင်း၌ ကျောင်းသားများ အုံခဲနေလေပြီ....သို့သော်လည်း ကျောင်းသားများကို နှး်အလိုက် သေချာခွဲထားသည့်အတွက် ရှုပ်ရှက်ခတ်နေတာမျိုးတော့မရှိပေ။
ကြယ်တစ်ပွင့်နှင့်ကြယ်နှစ်ပွင့်ခန်းမတို့ထက်စာလျှင် စီနီယာများက ပို၍ တိတ်ဆိတ်နေကြသည်။
ကြယ်လေးပွင့်ခန်းမမှ ကျောင်းသားများထဲတွင် ကုန်းရှန်ကျွင်းနှင့် မင်းသမီးကြီးတို့လည်းရှိနေသည်ကို လီလော့ လှမ်းမြင်နေရသည်။
ကုန်းရှန်ကျွင်းသည် ယောက်ကျားပီသသောသူတစ်ဉီးဟုဆိုရမည်။ ရုပ်ရည်၊နောက်ခံအင်အား၊ ကိုယ်ပိုင်ထူးချွန်မှု စသည်တို့နှင့်ပြည့်စုံနေသည့်အပြင် လေးစားခံထိုက်သော အမာထံခုနှစ်ယောက်ထဲမှ တစ်ယောက်လည်းဖြစ်နေသေးသည်။
ကုန်းရှန်ကျွင်းသည် မိန်းကလေးများအတွက် နတ်ဘုရားဖြစ်ခဲ့လျှင် မင်းသမီးကြီးသည် ယောက်ျားလေးများစွာအတွက် နတ်ဘုရားမဖြစ်သည်။
ကျန်းချင်းအာသာမရှိလျှင် ကောလိပ်တွင် အလှဆုံးမိန်းကလေးအဖြစ် မင်းသမီးကြီးကိုသာ လက်ညှိုးထိုးကြမည်သာ.....
"အရိပ်လှိုဏ်ဂူဖွင့်ပြီဆိုတော့ ကြယ်သုံးပွင့်နဲ့ကြယ်လေးပွင့်ခန်းမက ကျောင်းသားတွေ အင်အားဖြည့်ဖို့ မဖြစ်မနေ လာကြရတယ်....ဒီတစ်ခေါက်တော့ အမာခံခုနှစ်ယောက်ပါ ပါလာကြတယ်......"
အမာခံခုနှစ်ဉီးဆိုသည့် ဝေါဟာရကို မကြာခဏကြားဖူးသော်လည်း ကုန်းရှန်ကျွင်းနှင့်မင်းသမီးကြီးမှလွဲရင် ကျန်ငါးယောက်ကို တခါမှမမြင်ဖူးသည့်အတွက် လီလော့စိတ်ဝင်စားနေပြီဖြစ်သည်။
မည်သို့ပင်ဆိုစေ ကျန်းချင်းအာသည် နှစ်ကုန်လျှင် ထိုခုနှစ်ယောက်ထဲမှ တစ်ယောက်ကို စိန်ခေါ်လိမ့်မည်။
"ကြည့်.... ကြည့်....ဟိုမှာ.... အမာခံခုနှစ်ယောက်ထဲက နောက်တစ်ယောက်..... အဲ့စီနီယာရဲ့ ပုံစံက ထူးခြားတယ်နော်...."
ပိုင်မျန်မျန်က ရုတ်တရက် ချီးကျုးစကားဆိုနေ၏။
" အိုးးး"
လီလော့လည်း သိချင်စိတ်ဖြင့် ကြည့်လိုက်သည့်အခါ မင်းသမီးကြီးတို့နားတွင်ရပ်နေသည့် ခန္ဓာကိုယ် အချိုးအစားကျနပြီး ဆံပင်ရှည်ကို ခပ်မြင့်မြင့်စည်းနှောင်ထားသော မိန်းကလေးတစ်ကိုမြင်လိုက်ရသည်။
ထိုမိန်းကလေးသည် လှပသော်လည်း ကိုယ်နေဟန်ထားနှင့်အကြည့်များက လူသေကောင်တစ်ဉီးဖွယ် တောင့်တင်းအေးစက်နေ၏။တခြားသော မိန်းကလေးများနှင့် တကယ့်ကို ဆန့်ကျင်ဘက်ပင်....
သူမသည် ပိုင်မျန်မျန်လောက် မလှပသော်လည်း ခန္ဓာကိုယ်ကတော့ လုံးဝကိုအမိုက်စားပင်.....
"သူက လန်လင်းအိမ်တော်က ယဲ့ချန်ယင်း....တခါတလေ ကြားပေါက်အလုပ်တွေလက်ခံတယ်လို့ကြားဖူတယ်...."
ချီချန်းက လီလော့ကို လှမ်းသတိပေးနေသည်။
"ကြားပေါက်အလုပ်...."
"ဟုတ်တယ်...သူက...ကြေးစားလူသတ်သမား...."
"... ....."
" လီလော့..နင် လမ်းသွားရင်သတိထား...တစ်ယောက်ယောက်က သူ့ကိုငှားပြီး နင့်ကိုသတ်ခိုင်းလိုက်ရင်ဘယ်လိုလုပ်မလဲ....."
"... ..."
လီလော့ ဇောချွေးပျံနေလေပြီ။
"မဖြစ်နိုင်ပါဘူး..ကျွန်တော်တို့က တေစ်ကျောင်းတည်းသားတွေပဲကို......"
" ကျောင်းကကျောင်း....စီးပွားရေးက စီးပွားရေး.... မရောထွေးလိုက်နဲ့....."
"ဆရာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မခြောက်လန့်ပါနဲ့တော့....."
ချီချန်း ယဲ့ချန်ယင်းအကြောင်းရှင်းပြနေချိန်တွင် ရှင်းဖူက ခေါင်းစွပ်အောက်ကနေ မသိမသာခိုးကြည့်နေလေ၏။
ဤသည်ကို သတိထားမိလိုက်သော ယဲ့ချန်ယင်းကလည်း ရှင်းဖူကို ပြန်စိုက်ကြည့်လိုက်သောကြောင့် ရှင်းဖူ လန့်ဖြန့်သွားရှာသည်။
ယဲ့ချန်ယင်း၏အကြည့်များသည် အမှန်ပင် ထိတ်လန့်ဖွယ်ကောင်းနေ၏။