← Chapters

အရိပ်လှိုဏ်ဂူပွင့်ပြီ.....

Vol. 17 Ch. 238

အရိပ်လှိုဏ်ဂူပွင့်ပြီ.....

Vol. 17 Ch. 238

ယဲ့ချန်ယင်းအကြောင်းရှင်းပြပြီးသည့်နောက်  အမာခံခုနှစ်ဉီးထဲမှ ကျန်ရှ်ိနေသူများအကြောင်း ချီချန်းက ဆက်လက်ရှင်းပြပေးခဲ့သည်။

" ဟိုတစ်ယောက်က ဝမ်ချောင်....သူက ရှပြည်ထောင်စုရဲ့ ထိပ်တန်းမိသားစုကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ ဝမ်မိသားစုက.....သူ့ရဲ့ ပဲ့တင်ထပ်သံက အဆင့်နိမ့် အဆင့်ရှစ်  ဥဿဖရားသားရဲဆိုတော့ အမာခံခုနှစ်ယောက်ထဲမှာ သူက ခံစစ်အားအကောင်းဆုံးပဲ..... "

ချီချန်း ညွှန်ပြနေသော လူငယ်သည် ရင်အုပ်ပိုင်းတွင် ရွှေရောင် ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသည်။ သူ့ပုံစံသည် မပြိုလဲနိုင်သော ရွှေရောင်တံတိုင်းကြီးသဖွယ်ပင်....

"သူက ကျုံတိုင်ချင်း.... သူ့အဖေက ရှပြည်ထောင်စုမှာ  ပြည်နယ်သုံးခုကို အုပ်ချူပ်ရတဲ့ ဘုရင်ခံအနည်းငယ်ထဲက တစ်ယောက်..... သူ့မှာ အဆင့်ရှစ် နတ်ဆိုးစပါးအုံး ပဲ့တင်ထပ်သံရှိတယ်....."

ကျုံတိုင်ချင်းသည်  ချောမောခန့်ညားပြီး နှစ်ီုဖွယ်ကောင်းသည့်အသွင့်အပြင်ရှိသည်။

"ပြည်နယ်သုံးခုရဲ့ ဘုရင်ခံ...."

ဤသည်မှာ ရှီဟွမ်၏ဖခင်နှင့် လုံးဝခြားနားသော အဆင့်တစ်ခုဖြစ်သည်။

ဘုရင်ခံတွေရဲ့သားတွေနဲ့ ရာဇဝင်ဆိုးရှိခဲ့သည့်အတွက် ​ကျုံတိုင်ချင်းကို လီလော့ မနှစ်မြို့ပေ။

"ဘယ်ဘက်တစ်ယောက်က  ချောင်ယု.... သူက အမာခံခုနှစ်ယောက်ထဲမှာ သာမန်အဖြစ်ဆုံးလို့​ပြောရမယ်...သူက သာမာန်မိသားစုတစ်ခုကနေ ကိုယ့်ထူးကိုယ်ချွန်ပြီး ကြိုးစားခဲ့တဲ့သူ....သူ့ရဲ့ပဲ့တင်ထပ်သံက အဆင့်နိမ့် အဆင့်ရှစ် လျှပ်စီးပဲ့တင်ထပ်သံ....သူကိုယ်တိုင်ကလည်း ပဲ့တင်ထပ်သံနဲ့လိုက်အောင် ကြမ်းတမ်းလွန်းတယ်...ပြီးတော့ မိသားစုနောက်ခံကြောင့် သွေးနထင်ရောက်နေတဲ့ ပါရမီရှင်တွေကို သိပ်မျက်မုန်းကျိုးနေတာ....လီလော့...နင် သူ့ကိုဝေးဝေးကရှောင်သင့်တယ်....."

ချောင်ယုသည် ငွေရောင်ဆံပင်တိုလေးများကို သေရပ်စွာဖြီးသင်ထားပြီး ရိုးရှင်းပေါ့ပါးသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။သူမသည် ယဲ့ချန်ယင်းလောက် မလှပသော်လည်း ယဲ့ချန်ယင်းထက်တော့ မိန်းမဆန်သည်ဟုဆိုရသည်။

" ဆရာ...ကျွန်တော်က နောက်ခံအင်အားကောင်းတယ်ဆိုပေမယ့် ဆရာပြောသလို လူရှပ်လူပွေတစ်ယောက်မှမဟုတ်တာ...."

ချီချန်းက ပိုင်မျန်မျန်ကို မျက်စပစ်ပြပြီး......

"အိုး ...ငါပြောတာဘာမှားလို့လဲ... "

ဘာ့ကြောင့်များ ချီချန်း သူ့အပေါ် နားလည်မှုလွဲနေရသနည်း....ရုပ်ချောရတာလဲ မလွယ်ပါလား.....ကျိန်စာသင့်နေသလိုပါပဲ.....

"မင်းအရင်က အမာခံ ခုနစ်ယောက်ရဲ့ နောက်ဆုံးအဖွဲ့ဝင်ကို မြင်ဖူးမယ်ထင်တယ်။သူက ကျင်းချွဲ့အိမ်တော်သခင်လေး စီထျန်းမင်လေ.... သူကတော့ မကြာသေးခင်ကမှ အမာခံ ခုနစ်ယောက်အဖွဲ့ဝင်ဖြစ်လာတာ...."

"စီထျန်းမင်......."

လီလော့သည်  အစိမ်းရောင်ဆံပင်များကို အဆီအရွှဲသားလိမ်းထားသော လုလင်ပျိုတဉီးကို ပြေးမြင်လိုက်သည်။

ယခုဆိုလျှင် အမာခံခုနှစ်ဉီးစလုံး လူစုံပြီဖြစ်သည်။

အရိပ်လှိုဏ်ဂူ၏အရေးပေါ်အခြေနေကြောင့် အမာခံခုနှစ်ဉီးစလုံး မပျက်မကွက် ရောက်လာခဲ့ကြသည်။

ကျောင်းသားတွေ ပိုများလာပြီး စုရုံးလာသည်နဲ့အမျှ သစ်ပင်ရဲ့ အကိုင်းအခက်တချို့ပေါ်တွင် အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ် ပေါ်လာပြီး ဒုကျောင်းအုပ် စုရှင်း ပေါ်လာခဲ့သည်။

သူမသည် အရင်လို နွေးထွေးဖော်ရွေမနေဘဲ တင်းမာခက်ထန်နေသည်။

" ကျောင်းသား ကျောင်းသူတို့ မင်းတို့ အခုလိုစုဝေးနေရတဲ့အကြောင်းအရင်းကိုသိပြီးကြပြီထင်ပါတယ်....အရိပ်လှိုဏ်ဂူပွင့်သွားပြီ....အတွင်းကနေ ပျံ့နှံ့လာတဲ့ တိုက်စားမှုတွေ လူ့လောကထဲဝင်မလာနိုင်အောင် အတတ်နိူင်ဆုံးတားဆီးရမယ်....ဒီနှစ်အတွက် သုတ်သင်ရှင်းလင်းရေးမစ်ရှင် စတင်ပြီ......"

" အခြေနေတော်တော်ဆိုးတဲ့အတွက် ကြယ်တပွင့်ခန်းမရဲ့ ခရမ်းအဆင့်အဖွဲ့တွေကိုပါ ပါဝင်ခိုင်းဖို့ စီစဉ်ထားတယ်....မင်းတို့နဲ့ တွဲမယ့် ကြယ်သုံးပွင့်ခန်းမအဖွဲ့ကို မင်းတို့ဘာသာရှာရမယ်"

ပထမနှစ်ကျောင်းသားများကို မစ်ရှင်တွင် ပါဝင်ခွင့်ပေးလိုက်သည့်အတွက် တီးတိုးဆွေးနွေးသံများ ပေါ်ထွက်လာသည်။

ထိုအချိန်တွင် မင်းသမီးကြီးကမျက်မှောင်ကြုတ်လိုက်ပြီး...

“ အခြေနေဘယ်လောက်ဆိုးလို့လဲ. .."

လက်ရှိတွင် ၎င်းတို့၏ ခရမ်းအဆင့်အဖွဲ့များသာ ပါဝင်သော်လည်း ၎င်းသည် စမ်းသပ်မှုသာတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ နောက်ဆုံးတွင် ကြယ်တပွင့်ခန်းမ၏ ရွှေဆအဆင့်အဖွဲ့များလည်း ပါဝင်လာနိုင်သည်။

အရိပ်လှိုဏ်ဂူ အခြေအနေမကောင်းသည်မှာ သေချာနေပြီ.....

ရှပြည်ထောင်စု၏  မင်းသမီးဖြစ်သည့် သူမသည် အခြားသူများထက် ပို၍ပင် စိုးရွံ့နေ၏၊ အရိပ်လှိုဏ်ဂူပြိုကျခဲ့လျှင်၎င်းသည် ကောလိပ်သာမကသူမ၏နယ်မြေအားလုံး ကပ်ဘေးဆိုက်ကုန်လိမ့်မည်။

ဒါဟာ သူမလက်ခံနိုင်တဲ့ ရလဒ်တစ်ခုဟုတ်မနေခဲ့ပေ။

ကုန်းရှန်ကျွင်းကလည်း ခေါင်းညိတ်သဘောတူလိုက်ပြီး.....

"အရင်က ကျွန်တော် ကျောင်းကို အကြံပေးခဲ့တယ်၊    ရှ​ပြည်ထောင်စုမှာရှိတဲ့ အင်အားစုတွေကို ဖိတ်ခေါ်ပြီး အရိပ်လှိုဏ်ဂူကို ပိတ်ဖို့ ဘာ့ကြောင့် အကူညီမတောင်းရတာလဲလို့....ဒါပေမယ့် ကောလိပ်ဘက်က အချိန်မတန်သေးဘူးလို့  ပြန်ဖြေတယ်.."

"သူတို့မှာ ကိုယ်ပိုင် ထင်မြင်ချက်တွေ ရှိမှာ သေချာတယ်....အရိပ်လှိုဏ်ဂူကိစ္စက ပေါ့ပေါ့တန်တန် ပြောလို့ရတဲ့အရာမဟုတ်ဘူး.... လောင်းကြေး များတဲ့အတွက် ဂရုတစိုက် ကိုင်တွယ်မှဖြစ်မှာ.... "

"ဖြစ်နိုင်တယ်...."

ကုန်ရှန်ကျွင်းက ဒုကျောင်းအုပ်စုရှင်း ကိုကြည့်ရင်း ဖြည်းညှင်းစွာပြောသည်။

ဒုကျောင်းအုပ်ကြီး၏ အသံ ထွက်ပေါ်လာပြန်သည်။

"အရင်မစ်ရှင်တွေအတိုင်း ခရမ်းအဆင့်နည်းပြတွေအရင်ဝင်ပြီး အသန်မာဆုံး ကမ္ဘာခြားသက်ရှိတွေကို သုတ်သင်လိမ့်မယ်....သူတို့တွေက ကျောင်းအုပ်ကြီးကို ကူညီဖို့ အတွင်းပိုင်းအထိ ဝင်သွားကြလိမ့်မယ်.....ကြယ်လေးပွင့်အဖွဲ့တွေက  ပထမအသုတ်ကလူတွေ သတိမပြုမိလိုက်တဲ့ အန္တာရာယ်တွေကို ရှင်းပေးရမယ်.....ကြယ်သုံးပွင့်အဖွဲ့တွေနဲ့ ကြယ်နှစ်ပွင့်အဖွဲ့တွေက အတတ်နိုင်ဆုံး ဘေးကင်းအောင်ဂရုစိုက်ပြီး သုတ်သင်နိုင်သမျှ သုတ်သင်ပစ်ခဲ့ပါ....."

ရှင်းပြစရာရှိတာတွေ ရှင်းပြပြီးသည့်အခါ စုရှင်းက သူ့ဘေးနားရှိ ခရမ်းအဆင့်ဆရာများဘက်သို့​လှည့်လိုက်ပြီး...

"အားလုံး အဆင်သင့်ဖြစ်ရင်...သွားကြရအောင်..."

ဆရာသမားများက လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

တခဏအကြာတွင် သဘာဝစွမ်းအင်များသည် ရုပ်စုံမှန်ပြောင်းထဲမှ မှန်ကူကွက်များသဖွယ် အရောင်အသွေးစုံလင်စွာဖြင့် ကွန်ယက်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်မှာ ကျောင်းဝန်းတခုလုံးကို ဖုံးအုပ်တော့မတတ်ပင်....

ရွှီးးးးးးးးးး

သက်တံရောင် ပဲ့တင်ထပ်သံစွမ်းအားများဖြင့်ဖွဲ့စည်းထားသော ဖဲကြိုးတစ်ချောင်းသည် ကျောင်းဝန်းတခုလုံးကို ဖုံးအုပ်ထားသော သဘာဝစွမ်းအားများကို ရှန်းလိသစ်ပင်ဆီသွယ်တန်းပို့လွှတ်လိုက်သောအခါ.....

ဝုန်းးးးးးး

ကျယ်လောင်သော ပေါက်ကွယ်သံသည် ကမ္ဘာဉီးသားရဲကြီးများ နိုးထလာသကဲ့သို့ပင်....

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရှန်းလိသစ်ပင်၏ ပင်စည်သည်လည်း အက်ကွဲသွားသည်။ ပင်စည်ပေါ် အက်ကွဲကြောင်းပိုမိုကျယ်ပြန့်လာသည့်အခါ အထဲတွက် ပေပေါင်းဒါဇင်ခန့်ရှည်လျားသော  ရှေးဟောင်းတံခါးတစ်ခု ပေါ်ထွက်လာသည်။

ချောက်......

လေးလံသော သစ်သားတံခါး ဖြည်းညှင်းစွာ ပွင့်လာသည်။တံခါးနောက်ကွယ်တွင် ပိန်းပတ်အောင်မှောင်မည်းနေလေ၏။

ဝူးးးးးးး

အတွင်းမှ လေပြင်းများ တိုက်ခတ်လာသည့်အခါ ခြံဝင်းအတွင်းရှိ အပူချိန်များ ရုတ်တရက် ကျဆင်းသွားသည်။

ကျောင်းသားများအားလုံး အနက်ရောင် တွင်းပေါက်ကို ထိတ်လန့်စွာ ကြည့်နေကြ၏။

အရိပ်လှိုဏ်ဂူဆိုတာ ဒါလား.....

All Chapters