← Chapters

ကိုယ်စီကိုယ်ငှ....

Vol. 18 Ch. 240

ကိုယ်စီကိုယ်ငှ....

Vol. 18 Ch. 240

လီလော့တို့အဖွဲ့ကို ကျန်းချင်းအာ ရွေးချယ်ခြင်းသည် အခြားကျောင်းသားများအတွက် အံ့သြစရာကောင်းသောဆုံးဖြတ်ချက်တစ်ခုဖြစ်နေခဲ့ပါသည်။

မဟူရာငန်းအဖွဲ့သည် ကြယ်သုံးပွင့်ခန်းမတွင် အင်အားအကောင်းဆုံးအဖွဲ့ဖြစ်သည့်အပြင် သုတ်သင်ရှင်းလင်းရေးမစ်ရှင်တိုင်းတွင် အမှတ်အများဆုံးရထားသည့် အဖွဲ့ဆိုလည်း မမှားနိုင်ပေ။

အဖွဲ့သားတစ်ဉီးချင်းစီ၏ အရည်အချင်းသည် တဖွဲ့လုံးအပေါ် များစွာသက်ရောက်မှုရှိသည်။

ထို့ကြောင့် လက်သစ်အဖွဲ့များနှင့်ပူးပေါင်းမည်ဟု မည်သူမျှထိမထားမိခဲ့ကြပေ။

အလယ်အလတ်အဆင့် အဖွဲ့များကသာ သအသစ်ဝင်ရောက်လာသူများကို လက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ ၎င်းတို့သည်  စွမ်းဆောင်ရည်ပိုင်းတွင် သိပ်မထူးချွန်ကြသည့်အတွက်  လက်သစ်အဖွဲ့များကို ဘေးကင်းလုံခြုံစွာပြန်ခေါ်နိုင်လျှငိရရှိမည့်အပိုရမှတ်များကိုသာ အားခဲထားကြပုံရသည်။

သို့သော်လည်း  အံ့အားသင့်နေမှုသည် မကြာမီပင် မနာလိုစိတ်အဖြစ်သို့ ပြောင်းလဲသွားကြလေသည်။

ဤသည်မှာလည်း ကျန်းချင်းအာက လီလော့ကို  ကာကွယ်ရန် ရွေးချယ်လိုက်သည့်အတွက်ပင်.....

အရိပ်လှိုဏ်ဂူအတွင်းရှိ သုတ်သင်ရှင်းလင်းရေး မစ်ရှင်များကိုလည်း အမှတ်ပေးဇယားသတ်မှတ်ပေးထားသည်။ ပထမရရှိသည့်အဖွဲ့သည် ထိုက်တန်သည့်အပိုဆုကြေးများကို ရရှိပေဉီးမည်။

ယခင်က သုတ်သင်ရှင်းလင်းရေး မစ်ရှင်များတွင် မဟူရာငန်းအဖွဲ့က  ကြယ်သုံးပွင့်ခန်းမတွင် အမြဲတမ်းဗိုလ်စွဲထားခဲ့သောကြောင့် ကျန်းချင်းအာတို့အဖွဲ့ လီလော့တို့နှငိ့ပူးပေါင်းသည်ကို ကြိတ်ဝမ်းသာနေသူများလည်း ရှိနေပါသည်။

"ချစ်ငှက်ငယ်လေးတွေပေါ့နော်..."

ကျန်းချင်းအာ၏ ဆုံးဖြတ်ချက်ကို ဒူဇီဟုန်လျန်က ပျက်ရယ်ပြုနေသည်။

" မြင့်မြတ်မှုမှာလည်း သူ့တန်ကြေးနဲ့သူရှိနေတာပဲ....."

ဒူဇီပိုင်ရွှမ်းသည်လည်း မစ်ရှင်တွင်ပါဝင်သေည်လည်း အစ်မဖြစ်သူနှင့်ပူးပေါင်းခြင်းမရှိခဲ့ပေ။

ဒူဇီဟုန်လျန်သည် သူမအဖွဲ့တွင် ခေါင်းဆောင်ဖြစ်နေသော်လည်း ကျန်းချင်းအာကဲ့သို့ အဖွဲ့သားများကို သြဇာမငြောင်းသောကြောင့် အများသဘောအတိုင်းသာလိုက်နာခဲ့ရသည်။ထို့အပြင် သူမသည် လောဘကြီးသူတစ်ယောက်ပီပီ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ပထမနှစ်အဖွဲ့များနှင့် ပူး​ပေါင်းချင်စိတ်လုံးဝမရှိခဲ့ပေ။

သူမ အတွေးအရဆိုလျှင် အသစ်ရောက်လာသူများသည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ အရိပ်လှိုဏ်ဂူနှင့် အကျွမ်းတဝင်ရှိအောင် ကြိုးစားသင့်ပြီး ကျွမ်းကျင်လာတော့မှသာ အခြားအဖွဲ့များနှင့်ပူးပေါင်းသင့်သည်။

ကျန်းချင်းအာက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လီလော့ လက်ကိုဆွဲကာ နည်းပြများရှေ့တွင် သွားရပ်နေလိုက်သည်။

ကျန်းချင်းအာ၏ လှုပ်ရှားမှုများကို အမြဲသတိထားစောင့်ကြည့်နေသည့် မင်းသမီးကြီးကလည်း ဖြစ်စဉ်အစအဆုံးကို သေချာစွာမြင်တွေ့နေရသည်။

" ချင်းအာက လီလော့နဲ့ဆို အမြဲ နူးညံသိမ်မွေ့တယ်.....ဒါပေမယ့် ဒီလိုလုပ်ပေးနေတာတွေက လီလော့ကို တကယ်ကူညီရာရောက်ရဲ့လား....."

ကုန်းရှန်းကျွင်း ထိုသို့မှတ်ချက်ပေးလိုက်သည့်အခါ မင်းသမီးကြီး၏ မျက်ဝန်းထဲတွင် အရေးကြီးသော အခိုက်အတန့်များတွင်ကစားပွဲကို မှော်ဆန်ဆန်ပြောင်းလဲလိုက်နိုင်သည့် လီလော့၏ အရည်အချင်းများကိုမြင်ယောင်လာမိသည်။

"လီ​လော့က ဝန်ထုပ်ဝန်ပိုးဖြစ်မယ်လို့ နင်ဘာလို့ထင်တာလဲ....."

"ကြယ်သုံးပွင့်အဖွဲ့တွ သုတ်သင်ရမယ့်ထဲမှာ  ဘေးဒုက္ခအဆင့် ကမ္ဘခြားသက်ရှိတွေ ပါနေမှာသေချာတယ်....အန္တာရာယ်တွေအကြောင်း နင်လည်း သိနေတာပဲ.....လီလော့က အခုမှ လက်သစ်ပဲရှိသေးတယ်....ကွာခြားချက်သိပ်ကြီးလွန်းတယ်......"

" ဟုတ်ရင်လည်း ဟုတ်မှာပေါ့....."

မင်းသမီးကြီး၏ အပြုံးသည် တမျိုးတဖုံထူးဆန်းနေ၏။

မင်းသမီးကြီးဘက်က လီလော့အပေါ် အာရုံစိုက်နေသည်ဟုခံစားရသောကြောင့် ကုန်းရှန်ကျွင်း ညီမဖြစ်သူကိုလှည့်ကြည့်လိုက်မိသည်။

" လီလော့က ရုပ်ချောပေမယ့် မဖြစ်နိုင်မှန်းသိတယ်မလား..."

အကယ်၍ မင်းသမီးကြီးဘက်သဘောကျနေသည့်တိုင် လီလော့လို ပဲ့တင်ထပ်သံနှစ်ခုရှိနေသူသည် တော်ဝင်မိသားစုအတွက်တော့ သာမန်ထက် အနည်းငယ်မျှသာ ပိုသာသည်ထက်မပိုနိုင်ပေ။

ထို့ကြောင့် လီလော့နှင့် မင်းသမီးကြီးတို့သည် မည်သို့မျှ မဖြစ်နိုင်ပေ။

ကုန်းရှန်ကျွင်း စဉ်းစားခန်းဝင်နေချိန်တွင် ကျန်းချင်းအာက လီလော့လက်ကိုဆွဲကာ စာရင်းသွင်းပြီးနေပြီ.....

နည်းပြက သူတို့နှစ်ယောက်ကို အစိမ်းရောင်သစ်သားပြားတစ်ခု ပေးလိုက်သည်။

လီလော့သစ်သားပြားကို ကိုင်ကြည့်လိုက်သည့်အခါ အထိအတွေ့က အေးမြသော်လည်း နွေးထွေးမှုအချို့က လက်က​နေတဆင့် ခန္ဓာကိုယ်ထဲသို့စီးဝင်နေ၏။

"ဒါကို ရှန်းလိသစ်ပင်ကနေ ဖန်တီးထားတာ.... ဒါကိုချင်းမုလို့ခေါ်တယ်.....သူက ကမ္ဘာခြားသက်ရှိတွေရဲ့ လွှမ်းမိုးမှုဒဏ်ကနေ မင်းတို့ရဲ့စိတ်နှလုံးသားကို ကာကွယ်ပေးလိမ့်မယ် အရိပ်လှိုဏ်ဂူထဲရောက်ရင် ဒါကို ကိုယ်နဲ့မကွာဆောင်ရမယ်...."

ကျန်းချင်းအာက အတွေ့အကြုံမရှိသေးသည့် လီလော့ကို သေချာရှင်းပြပေးနေသည်။

ပိုင်မျန်မျန်နဲ့ ရှင်းဖူတို့ကလည်း ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။

"အရိပ်လှိုဏ်ဂူထဲရောက်ရင် အတူတူလှုပ်ရှားရမှာဆိုတော့ အခုကတည်းက မိတ်ဆက်ထားကြရအောင်"

ကျန်ချင်းအာက လီလော့၏အဖွဲ့သားများကို ဖော်ရွေစွာပြုံးပြလိုက်သည်။

" အထဲရောက်ရင် ကူညီစောင့်ရှောက်ပေးပါဉီး စီနီယာတို့....."

ချိုးပိုင်နှင့် ထျန်ထျန်းတို့သည် လီလော့တို့အဖွဲ့၏စွမ်းဆောင်ရည်ကို သံသယရှိနေသော်လည်း ကျန်းချင်းအာကို မလှန်ရဲသည့်အတွက် အင်တင်တင်နဲ့သာလက်ခံလိုက်ရသည်။

"အကုန်ငါတို့နဲ့လွှဲထားလိုက်...ရူးကြောင်ကြောင်တွေသာလျှောက်မလုပ်နဲ့....."

ထျန်ထျန်းက ချိုသာသောအပြုံးဖြင့် ပြောလိုက်သည်။

" အချိန်ရှိပါသေးတယ်....ခရမ်းအဆင့်နည်းပြတွေ ရှင်းလင်းရေးလုပ်နေတာဆိုတော့ နေ့ဝက်လောက်တော့စောင့်ရလိမ့်မယ်..."

......................................................

ကြယ်တပွင့်အဖွဲ့များ ပူးပေါင်းမည့်အဖွဲ့ရှာတွေ့သွားကြသည့်အခါ  အရင်ကလောက် ယောက်ယက်ခတ်နေခြင်းမရှိတော့ပေ။

ထိုအချိန်တွင် ကြယ်နှစ်ပွင့်အဖွဲ့ဖြစ်သော မီးနတ်သမီးအဖွဲ့ သည် ချင်ဇူလု တို့ထံ ချဉ်းကပ်နေကြသည်။

"ချင်းအာ...ငါတို့အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းကြမလား....ငါတို့အဖွဲ့က ကြယ်နှစ်ပွင့်ခန်းမကဆိုတော့ အန္တာရယ်များတဲ့မစ်ရှင်တွေမလုပ်ရဘူး....အဲ့တော့ ရည်ရွယ်ချက်တူသူခြင်း ပူးပေါင်းလိုက်ကြတာပေါ့...."

မီးနတ်သမီးအဖွဲ့၏ခေါင်းဆောင်သည် လုချင်းအာကို ပိုးပန်းနေသည့် ဇူရွှမ်းဖြစ်သည်။

လုချင်းအာသည် ကျန်းချင်းအာ လီလော့ကိုဆွဲခေါ်သွားသည်ကိုကြည့်ပြီး ဒေါသထွက်နေမိသည်။ သူမသည် ကျန်းချင်းအာလောက်သတ္တိရှိသူမဟုတ်ပေ။

မည်သို့ပင်ဆိုစေ ကျန်းချင်းအာသည် လီလော့း တရားဝင်ဇနီးလောင်းဖြစ်သည်။

ဒေါသထွက်နေချိန်တွင် လာမေးနေသော ဇူရွှမ်းကို လုချင်းအာက ဘုတော တောလိုက်လေတော့သည်။

" နင် ငါ့ကိုလာမမေးနဲ့...ခေါင်းဆောင်ကိုသွားမေး...."

မျှားဉီးသူ့ဘက်လှည့်လာသောကြောင့် ချင်ဇူလု မျက်လုံး ပြူးသွားသည်။

"အေး.... ငါက ခေါင်းဆောင်ဆိုတာ မှတ်မိကြသေးတယ်ပေါ့.... အခု ငါကို လူသားဒိုင်းကာ လုပ်ခိုင်းကြတော့မယ်ပေါ့....."

သို့သော်လည်း ချင်ဇူလူ၏ ခက်ထန်သောအသွင်အပြင်ကြောင့် ရူးကြောင်ကြောင်စကားလုံးများကို မည်သူမျှ ဂရုမစိုက်မိခဲ့ကြပေ။

"မင်းတို့အဖွဲ့ကမိန်းကလေးတွေကို ငါနဲ့ဝေးဝေးမှာထားနိုင်ရင် ပူးပေါင်းမယ်...."

ထိုတောင်းဆိုချက်သည် ဇူရွှမ်းကို အတော်လေးအကြပ်ရိုက်စေပါသည်။

// ငါ့ကောင်ရေ...လှိုဏ်ဂူထဲမှာ ဒီလောက်အန္တာရာယ်များတာကို ဘယ်လိုလုပ်ပြီး လူခွဲနေလို့ရမှာလဲကွာ....."

ဇူရွှမ်းတို့အဖွဲ့မှ မိန်းကလေးများကလည်း ချင်ဇူလုကို လူထူးဆန်းသဖွယ်စိုက်ကြည့်နေကြသည်။

ချင်ဇူလုလို လူထူးဆန်းနှင့် မည်သို့မျှ ပူးပေါင်း၍မဖြစ်သောကြောင့် ဇူရွှမ်း လက်လျှော့လိုက်ရပါတော့သည်။

........................................................

"ခေါင်းဆောင်....ငါတို့ ဘယ်လိုလုပ်ကြမလဲ...."

ရဲချူတင်းက ကျန်းချင်းအာကို ကြည့်နေသော်လည်း သူ့အဖွဲ့သားများကတော့ ရဲချူတင်းကျောပြင်ကို စာနာသနားစိတ်ဖြင့် ကြည့်နေကြလေ၏။

" ကျန်းချင်းအာ နမော်နမဲ့နိုင်လွန်းတယ်....ငါတို့အဖွဲ့က လီလော့တို့အဖွဲ့ ထက် အများကြီးပိုသန်မာတဲ့ဟာကို....."

ထိုစကားကြောင့် ရဲချူတင်း လက်သီးကို တင်းနေအောင် ဆုပ်ထားလိုက်မိသည်။

ရဲချူတင်း အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါသကို ထိန်းကာ အဖွဲ့သားများနှင့်အတူ  တိတ်တဆိတ် ထွက်ခွာလာခဲ့လိုက်သည်။

"ငါတို့နဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလား"

အသံကြားလို့ လှည့်ကြည့်လိုက်သည့်အခါ ဒူဇီဟုန်လျန်ကို မြင်လိုက်ရသောကြောင့် ရဲချူတင်း မျက်မှောင်ကြုတ်လိုက်သည်။

" ငါတို့နဲ့ပူးပေါင်းပြီး ပထမနေရာ ရအောင်လိုက်....ဒါဆို ကျန်းချင်းအာ မှားနေကြောင်း သက်သေပြနိုင်ပြီပေါ့......"

ရဲချုတင်း၏အကြည့်များသည် လီလော့နှင့် ကျန်းချင်းအာထံသို့ တဖန်ကျရောက်သွားပြီး.....

" ကောင်းပြီ..ပူးပေါင်းကြတာပေါ့....."

All Chapters