နယ်မြေအမှတ်(၁၃)ကိုရှင်းလင်းခြင်း.....
Vol. 18 Ch. 242
လီလော့ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ မှုန်မှိုင်းနေသော ခြောက်ခြားစရာလောကကြီးတစ်ခုဆီရောက်သွားသလားဟုပင်ထင်လိုက်ရသည်။ မီးခိုးရောင် တိမ်တိုက်များသည် အခိုးငွေ့များသဖွယ် ကောင်းကင်ထက်တွင် လွင့်ပျံနေပြီး မွန်းကြပ်ပိတ်လှောင်သော ခံစားချက်မျိုးပေးစွမ်းနေ၏။
မီးခိုးငွေ့များကြောင့် အမြင်အာရုံကို ကန့်သတ်ထားသလိုဖြစ်နေသည့်အတွက် အမှောင်ထုထဲကနေ ခပ်တိုးတိုး ပျံ့လွှင့်လာသော အသံအချို့သည် နှလုံးသားတည့်တည့်ဆီတိုးဝင်လာတော့မည့်နှယ်.....
နှလုံးခုန်သံများ မြန်ဆန်လာသော်လည်း ချင်းမုဆီမှ ထွက်ပေါ်လာသောအေးမြမှုကြောင့် တမဟုတ်ချင်း တည်ငြိမ်အေးချမ်းမှုက်ို ရှာတွေ့သွားခဲ့ကြသည်။
လီလောသည် လျင်မြန်စွာ သတိပြန်ဝင်လာပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည့်အခါ ကမ္ဘာခြားသက်ရှိများဟုယူဆရသော အလင်းရောင်များစွာကို သတိပြုမိသွားခဲ့သည်။
ထိုအရာများသည် လီလောတို့ရောက်ရှိနေသည့်နယ်မြေတွင် ရှိနေသော မျှော်စင်ဆီကို စုပြုံဉီးတည်သွားနေကြသည်။မျှော်စင်ထိပ်တွင် မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသော အလင်းတန်းတစ်ခုသည် အောက်ပိုင်းကိုအလင်းရောင်ဖြာကျစေသော မီးဆိုင်းတစ်ခုသဖွယ်တည်ရှိနေသည်။
အနက်ရောင် မြူခိုးများသည် အတားအဆီးရှေ့တွင် ရပ်တန့်သွားပြီး အလင်းရောင်နှင့် ထိတွေ့လိုက်သောအခါ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဤနေရာသည် ကျန်းချင်းအာ ပြောပြထားဖူးသည့် သန့်စင်နယ်မြေဖြစ်ပုံရသည်။
နယ်မြေ ၁၃ရှိ သန့်စင်ရေးမျှော်စင်သည် အရိပ်လှိုဏ်ဂူအတွင်း လီလော့တို့အတွက် တစ်ခုတည်းသော ကွန်းခိုရာတစ်ခုဖြစ်သည်။
"ဘယ်လိုခံစားရလဲ...."
ကျန်းချင်းအာက လီလော့ကို စိတ်ပူသည့်အတွက် ကျန်လေးယောက်ကိုနောက်တွင်ချန်ခဲ့ပြီး မေးလိုက်သည်။
"ခံစားချက်မကောင်းဘူး...."
လီလော့ကလည်း ရိုးသားစွာဝန်ခံခဲ့ပါသည်။
ထိုနေရာကိုစရောက်ကတည်းက ဖိနှိပ်ချုပ်ချယ်သည့် ခံစားချက်တစ်ခုကို ခံစားနေရပါသည်။ ဆိုးသွမ်းယုတ်မာသည့် အရာတစ်ခုသည် မြူခိုးများထဲတွင် ပုန်းအောင်းလှည့်ပတ်နေပြီး သူ့နှလုံးသားထဲသို့ ဝင်ရောက်ရန် အချိန်ကောင်းကိုစောင့်နေသည်ဟုသာ ခံစားနေရသည်။
သန့်စင်သည်နယ်မြေထဲတွင်ရှိသေး၍သာ တော်ပေတော့သည်။ဤနယ်မြေအပြင်ဘက်သို့ ခြေတလှမ်းလှမ်းမိလိုက်ပါက အခြေနေပိုဆိုးလာမည်သာ.....
" အရိပ်လှိုဏ်ဂူထဲကို စစချင်းဝင်ဖူးတဲ့သူတိုင်း ဒီလိုပါပဲ.......စိုးရိမ်စရာမရှိပါဘူး...."
ချိုးပိုင်နှင့်ထျန်ထျန်းတို့က ကျန်းချင်းအာ၏စကားကိုခေါင်းညိတ်ထောက်ခံနေကြပြီး လီလော့တို့ကို လှောင်ပြောင်ရယ်မောခြင်း မပြုခဲ့ပေ။
ဤသည်မှာ ကောလိပ် သမိုင်းတစ်လျှောက်တွင် ကြယ်တစ်ပွင့်အဖွဲ့များကို အရိပ်လှိုဏ်ဂူအတွင်း ပထမဆုံးဝင်ခိုင်းခြင်းဖြစ်သည်။
လူသစ်များအနေဖြင့် အရိပ်လှိုဏ်ဂူထဲတွင် မည်သို့ရုန်းကန်ရမည်ကို မည်သူမျှမသိနိုင်ကြသေးပေ။
လီလော့ သက်ပြင်းရှိုက်လိုက်မိပါသည်။
အနီးနားကို ဝေ့ဝဲကြည့်လိုက်သည့်အခါ လူတစ်ရာခန့် စုဝေးနေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်နေကြတာလဲ...မစ်ရှင်စပြီလား...."
"မလောစမ်းပါနဲ့....သုတ်သင်ရှင်းလင်းရေးမစ်ရှင်က ရက်အနည်းငယ်ကြာမှာဆိုတော့အရင်ဆုံး နေရာထိုင်ခင်းတွေပြင်ဆင်ရဉီးမယ်....ပြီးမှ မစ်ရှင်အတွက် အစီအစဉ်ဆွဲကြမှာ....."
ကျန်းချင်းအာက သူတို့နောက်က မျှော်စင်ကြီးကို ညွှန်ပြပြီး......
"အဲ့ဒါက ရှန်းလိသစ်ပင်ရဲ့ အကိုင်းအခက်တွေကို တုပပြီးဖန်တီးထားတဲ့ မျှော်စင်လေ.....ဒါပေမယ့် စားနပ်ရိက္ခာပို့ဆောင်ရေးကိုတော့ တစ်နေ့ တကြိမ်ပဲပို့ပေးနိုင်တယ်....."
" ဟူးးးးငါတို့ဒီမှာ အတော်ကြာကြာနေရဉီးမယ်ထင်တယ်....."
" စိတ်ဓာတ်ကျမနေစမ်းနဲ့..... အရိပ်လှိုဏ်ဂူထဲမှာနေရတာ ဘယ်လောက်အကျိုးရှိလဲ နင်သိရဲ့လား.....အပြင်မှာကျင့်ကြံတာထက် ဒီထဲမှာကျင့်ကြံတာက တိုးတက်မှုပိုမြန်တယ်....ပြီးတော့ အောင်အောင်မြင်မြင် အဆင့်တက်ဖို့လည်း အခွင့်ရေးပိုများတယ်....."
လီလော့တို့တဖွဲ့လုံး အံ့အားသင့်သွားလေသည်။
" တကယ်ကြီးလား...."
" ဒီနေရာက ကမ္ဘာနှစ်ခုကိုချိတ်ဆက်ထားတဲ့နေရာဆိုတော့ လောကနိယာမတွေ ကန့်သတ်ချက်တွေက ငါတို့ဆီမှာထက် ပိုနိမ့်ကျတယ်.....မြင့်မြတ်တဲ့စစ်တလင်းကလည်း ဒီနေရာလိုပဲ....အဲ့ကိုရောက်နေတဲ့ ဘုရင်အဆင့်တွေမြို့စားအဆင့်တွေက ဒီမှာကျန်နေခဲ့တဲ့သူတွေထက် တိုးတက်နှုန်းပိုမြန်တယ်.....ဒါ့ကြောင့်လည်း အချို့သောကျွမ်းကျင်သူတွေက ကန့်သတ်ချက်တွေကိုရှာဖွေဖို့ မြင့်မြတ်တဲ့စစ်တလင်းဆီ ကိုယ့်သဘောနဲ့ကိုယ် လိုက်သွားကြတာပေါ့......"
"ဒါ့အပြင်၊ စိတ်ဖိစီးမှုနဲ့ ကြမ်းတမ်းတဲ့ အန္တရာယ်တွေက စိတ်ဆန္ဒ ခိုင်မာအောင်
လေ့ကျင့်ပေးနိုင်တယ်....အရိပ်လှိုဏ်ဂူကညဒီအချက်တွေနဲ့ပြည့်စုံနေတဲ့ လေ့ကျင့်ဖို့နေရာကောင်းတစ်ခုပဲ....အကယ်၍ အမှောင်ဒီရေသာမရှိရင် အကုန်လုံး ဒီမှာလာပြီးလေ့ကျင့်ချင်ကြမှာ....."
ဤအဆိုပြုချက်ထဲတွင် ကျန်းချင်းအာ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များပါဝင်နေသည်မှာ သိသာလွန်းလှသည်။ ကျန်းချင်းအာသည် စိန်ခေါ်မှုများကိုနှစ်သက်သူတစ်ဉီးဖြစ်သည်။
"ခေါင်းဆောင်....နင်ကတော့ ပြောရှိတာပေါ့..... ငါတို့ကတော့ နင့်လောက် သတ္တိတွေလည်း မရှိဘူး"
ချိုးပိုင်က ခပ်တိုးတ်ိုးရေရွတ်လိုက်သည်။
"ငါကတော့ မစ်ရှင်ပြီးတာနဲ့ တစ်ခါတည်းပြန်မှာ...ဒီလိုနေရာကြီးမှာ ကြာကြာမနေချင်ဘူး....."
ထျန်ထျန်းကလည်း သူမ၏ သဘော
ထားကိုအတိအလင်းကြေငြာလိုက်သည်။
ထိုအချိန်တွင် ကျန်းချင်းအာတို့ဆီသို့ လူတစ်စု ချဉ်းကပ်လာနေပြီး ၎င်းတို့ကို ဦးဆောင်သူမှာ ဒူဇီဟုန်လျန် ဖြစ်နေသည်။
သူမ အနားတွင် ရဲချူတင်းတို့၏ သဘယသဆေးအိုးအဖွဲ့ပါ ပါလာကြသည်။
ကျန်းချင်းအာရှေ့သို့ရောက်သည်နှင့် ဒူဇီဟုန်လျန်က ဟန်ပါပါ လက်ပိုက်လိုက်ပြီး.....
" ကျန်းချင်းအာ...ဒီတခေါက်မစ်ရှင်မှာ နင် ပထမရဖို့မဖြစ်နိုင်တော့ဘူး....."
ကျန်းချင်းအာသည် မျက်နှာသေဖြင့် ရဲချူတင်းကိုသာတစ်ချက်ကြည့်လိုက်ပြီး ဒူဇီဟုန်လျန်ကို အဖက်မလုပ်ဘဲ ဖြတ်လျှောက်သွားလေ၏။
ကျန်းချင်းအာ၏အကြောတင်းမှုများသည် ဒူဇီဟုန်လျန်အတွက် အထူးအဆန်းမဟုတ်တော့ပေမယ့်လည်း လျစ်လျုရှူခံရတိုင် အသည်းပေါက်မတတ်ခံစားရစမြဲပင်.....
မည်သို့ပင်ဆိုစေ ယခုအချိန်တွင် ကျန်းချင်းအာကို ကျော်တက်နိုင်မည့်အခွင့်ရေးတစ်ခုရှိနေပြီမဟုတ်လား....
လီလော့ ဘေးကနေ ဖြတ်သွားချိန်တွင် ရဲချူတင်း လှမ်းပြောလိုက်သည်က....
"လီလော့....စီနီယာကျန်း ရွေးချယ်မှုမှားခဲ့ကြောင်း ငါသက်သေပြပေးမယ်....."
လီလော့ မျက်ခုံးပင့်လိုက်မိသွားသည်။
“အိုး..... မင်း အစွမ်းကုန်ကြိုးစားပါ....မင်းလည်းမြင်တယ်မလား...ဒီအတိုင်းသာဆို သုတ်သင်ရှင်းလင်းရေး မစ်ရှင်ရှိတိုင်း ငါကိုသူ့ဘေးမှာပဲခေါ်ထားတော့မှာ....မင်း ငါ့ကိုကယ်တင်ပေးနိုင်မယ်ဆို တကယ်ကျေးဇူးတင်နေမှာပါ......."
လီလော့ မရှိတော့ပေမယ့်လည်း ရဲချူတင်း အာစေးမိသလို ကြောင်တောင်တောင်ဖြစ််ကျန်ခဲ့ရှာသည်။
သူ့အဖွဲ့သားတွေကလည်း သနားစာနာသည့်အကြည့်များဖြင့် ကြည့်နေကြသည်။
ဖြစ်နိူင်လျှင် လီလော့ကို အမှောင်ဒီရေထဲသို့သာ ဆွဲချပစ်ချင်တော့တယ်.....
ဉီးနှောက်မရှိတဲ့ ငါးဆားနူကောင်.....