← Chapters

မတူညီသောခံစားချက်များ.....

Vol. 18 Ch. 243

မတူညီသောခံစားချက်များ.....

Vol. 18 Ch. 243

ကျန်းချင်းအာတို့အဖွဲ့သည် သုတ်သင်ရှင်းလင်းရေးမစ်ရှင်အတွက် ပြင်ဆင်မှုများ စတင်ပြုနေပြီဖြစ်သည်။

...............

အရိပ်လှိုဏ်ဂူထဲက မှောင်မည်းနေသည့်နေရာတစ်ခုတွင်.....

တစ္ဆေနှင့်တူသော ပုံသဏ္ဍန်အချို့သည်အမှောင်ထုထဲတွင် မြူခိုးများသဖွယ် ရွေ့လျားနေကြီး တခါတရံတွင် ဆိုးဝါးသည်း အော်ညီးသံအချို့ ထုတ်လွှတ်နေကြသည်။

အမှောင်ထုထဲတွင် ခြေသံအချို့ကြားနေရသည်။

ခြေသံပိုင်ရှင်သည်  ကောလိပ်၏ ခရမ်းရောင်နည်းပြဝတ်စုံဝတ်ဆင်ထားသူတစ်ဉီးဖြစ်သည်။ ထိုသူသည် အခြားလူမဟုတ်....နည်းပြရှန်ကျင်းရှောင် သာပင်....

သူသည် အနီးနားတွင် ပုန်းအောင်းနေသော မကောင်းမှုကို လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ မြူခိုးများကို အလွယ်တကူဖြတ်ကျော်နိုင်သည်။

လမ်းလျှောက်နေရင်းကနေ ရပ်တန့်လ်ိုက်ပြီး သူ့ခြေကျင်းဝတ်ကို မြေများသဖွယ်ရစ်ပတ်လာသည့် လက်ချောင်းများကို ငုံ့ကြည့်လိုက်သည်။

ဆိုးယုတ်သောအော်ရာများသည် သူ့ခြေထောက်ကို လွှမ်းခြုံကာ သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးရန် ကြိုးစားနေကြသည်။

ရွှီးးးးးး

ကမ္ဘာခြားသက်ရှိများက အသက်ဝင်လှုပ်ရှားနေသည့်နှယ်  ပတ်ဝန်းကျင်တွင် မြူခိုးတွေ ဝေ့ဝဲနေပြီး အေးစက်သောလေပြင်းများလည်း တိုက်ခတ်နေပြီ.....

ပဲ့တင်ထပ်သံစွမ်းအားများက ခိုင်ခံ့စွာကာကွယ်ပေးထားသည့်အတွက် ရှန်ကျင်းရှောင်နည်းနည်းလေးမျှ ကြောက်ရွံ့မနေခဲ့ပေ။

"နတ်ဘုရားရောင်ဝါမီးတောက်...."

ခပ်တိုးတိုး ရေရွတ်သံနှင့်အတူ ကြီးမားသော  မီးတောက်ကြီးသည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး သူ့ပတ်ဝန်းကျင်တွင် အပူချိန်များ မြင့်တက်လာသည်။

မီးတောက်တစ်ခုလုံးကို နဂါးအကြေးခွံနှင့်တူသော မီးတောက်သင်္ကေတများဖြင့် ဖုံးလွှမ်းထားသည်။ အနက်ရောင်အခိုးအငွေ့များသည် မီးတောက်နှင့်ထိမိလိုက်သည်နှင့် တမဟုတ်ချင်း အငွေ့ပျံသွားပြီး ၎င်းတို့ထဲတွ်ပုန်းအောင်းနေသောအရာများပါ တ​ပါတည်း ပြာကျသွားလေပြီ။

တခဏအတွင်း  ဧရိယာတစ်ခုလုံး သန့်ရှင်းသွားခဲ့သည်။

ဤသည်မှာ မြို့စားအဆင့်တစ်ဦး၏ စွမ်းအားဖြစ်သည်။

ဧရိယာတစ်ခုလုံးကို ရှင်းလင်းပြီးသည်နှင့် ရှန်ကျင်းရှောင်သည် ပိန်းပိတ်နေအောင်မှောင်မိုက်နေသော အမှောင်ထုထဲသို့ တိုးဝင်သွားခဲ့ပြန်သည်။

ရှေ့နားတွင်ရှိနေသော တည်ရှိမှုသည် ရှန်ကျင်းရှောင်၏ခြေလှမ်းများကို ရပ်တန့်စေခဲ့သည်။

အမှောင်ထုထဲတွင် အန္တာရာယ်ကြီးသော စွမ်းအားတစ်ခုတည်ရှိနေသည်....

ထိုသူသည် ကျောင်းအုပ်ကြီးဖြစ်သည်။

ကျောင်းအုပ်ကြီးရှိနေသောကြောင့်သာ အရိပ်လှိုဏ်ဂူကို ဟန်ချက်ညီအောင်ထိန်းထားနိုင်ခြင်းဖြစ်သည်။

"ဘုရင်အဆင့် ကျွမ်းကျင်သူတွေက တမူထူးခြားလွန်းတယ်....."

ရှန်ကျင်းရှောင် သက်ပြင်းချလိုက်မိသည်။

သူလည်း ဒီလိုစွမ်းအားမျိုးလိုချင်နေခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ.....

သို့သော် ဘုရင်အဆင့် ရောက်ဖို့ဆိုသည်မှာ  အောင်မြင်ရန် အလွန်ခက်ခဲလှသည်။

သူ့ရှေ့က ပါရမီရှင်များစွာသည်လည်း ဤအဆင့်တွင်သာ ရပ်တန့်ကုန်ကြသည်။

"ဘုရင်အဆင့်ရောက်ဖို့ တခုခုတော့ကြံစည်မှဖြစ်မယ်....."

"အဆင့်ကိုး အလင်းပဲ့တင်ထပ်သံ... နေလိုတောက်ပပြီး ဖန်သားလို ကြည်လင်တဲ့နှလုံးသား၊ မည်သည့် မကောင်းမှုမှ မစွန်းထင်းနိုင်ဘူးတဲ့....လီလော့က နင့်အတွက်သိပ်အရေးပါနေတယ်ဆိုတော့ လီလော့သာ နင့်မျက်စိရှေ့မှာ ​သေသွားရင် မင်းရဲ့ဖြူစင်တဲ့နှလုံးသားလေးဘာဖြစ်သွားမလဲ....."

ရှန်ကျင်းရှောင်း မီးတောက်ဝတ်ရုံသည် လမ်းတစ်လျှောက်တွင် အမှောင်ခွင်း၍ အလင်းဆောင်နေလေ၏။

သူ ထွက်သွားပြီစ သိပ်မကြာခင်မှာ သူရပ်နေခဲ့သည့်နေရာ၌ မြေပြင်သည် အက်ကွဲစပြုလာကာ ရက်စက်ကြမ်းကြုတ်သော လူသားမျက်နှာတစ်ခု မြေပြင်သို့ တိုးထွက်လာသည်။

ထိုလူသားမျက်နှာသည် ရှန်ကျင်းရှောင်

ထွက်ခွာသွားသည့် လမ်းကြောင်းကို စိုက်ကြည့်ပြီးနောက် အနက်ရောင်ချည်မျှင်တစ်ခုသဖွယ် ​ပြောင်းလဲသွားကာ မြေကြီးထဲကနေတဆင့် နောက်ကြောင်းပြန်လှည့်သွားလေတော့သည်။

.......................................

ခဏအကြာတွင် လီလော့တို့အဖွဲ့သည် ကျောက်သားမျှော်စင်၏ အပေါ်ထပ်တွင် စခန်းချရန် နေရာတစ်ခုကို ရှာတွေ့ခဲ့ကြသည်။

ပရိဘောဂများ နည်းပါးသော်လည်း  လူတိုင်း ကိုယ်ပိုင် အခန်းရလောက်သည်အထိ ကျယ်ဝန်းသောကြောင့် ထိုနေရာကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကောလိပ်က ဝေငှပေးထားသော အသားခြောက်များသည် စွမ်းအင်အရည်ထဲတွင် စိမ်ထားသောကြောင့် အနာကျက်နှုန်းမြန်သည့်အပြင် တစ်ခုစားထားလျှင် တစ်နေ့တာအတွက် ဖူလှုံစေပါသည်။

ဝမ်းရေး​ဖြေရှင်းပြီးသည့်အခါ ကျန်းချင်းအာက ကျောက်စားပွဲပေါ်တွင် အကြမ်းရေးခြစ်ထားသည့်မြေပုံကို ဖြန့်လိုက်သည်။ မြေပုံ၏အလယ်ဗဟိုတွင် အလင်းတန်းများနှင့်အတူ ရောင်စုံလင်းလက်နေသော မြင့်မားသောမျှော်စင်ကြီးတစ်ခုရှိသည်။

ဤနေရာသည် သူတို့ရှိနေသည့် သန့်စင်သောနေရာဖြစ်သည်။

အနီးနားတွင် အခြား သေးငယ်သောမျှော်စင်

မျာကိုလည်း အနက်ရောင်ဖြင့် ပုံဖော်ထားသည်။

"ဒါတွေက သန့်စင်ရေးမျှော်စင်တွေရဲ့ တည်နေရာတွေ...... မကောင်းဆိုးဝါးတွေက သူတို့ကို လွှမ်းမိုးနေတာကြောင့် လောလောဆယ် မှောင်နေတယ်....သူတို့တွေ အခုထိ အသက်မဝင်သေးဘူး.....အားပြန်ဖြည့်ပြီးတာနဲ့... မြေပုံက သူတို့ကို အလင်းရောင်ပြောင်းပေးလိမ့်မယ်...."

ထျန်ထျန်း ရှင်းပြသည်များကို လီလော့တို့က ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်မှတ်သားနေကြသည်။

// အကြမ်းဖျဉ်းရေးခြစ်ထားတဲ့မြေပုံက သူတို့ပြောသလို အသုံးဝင်ပါ့မလား//

" ဒီမြေပုံကို အထင်မသေးနဲ့ ...ဒါက အရမ်းအသုံးဝင်တယ်.... ချင်းမုနဲ့အတူတူပဲ....."

လီလော့ မြေပုံကို ထိကြည့်လိုက်သည့်အခါ အတော်လေး အံ့သြနေရလေသည်။

"ဒါကို ရှန်းလိသစ်ခေါက်နဲ့ လုပ်ထားတာလား....."

ထျန်ထျန်းနှင့်ချိုးပိုင်တို့ က လီလော့

ကို စိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

နားလည်ခဲ့ပြီ.....ကောလိပ်တစ်ခုလုံးကို အူပ့မိုးကာကွယ်ပေးထားသည့် ရှန်းလိသစ်ပင်ကြီးများသည်  နေ့စဉ်ဘဝတွင် အရေးအကြီးဆုံးသော အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေသည်။ထိုသစ်ပင်များသည် ကျောင်းသားများကျင့်ကြံရေးအတွက်တင်သာမပးကာအရိပ်လှိုဏ်ဂူကိုပါထိန်းချုပ်ပေးထားသေးသည်။ကောလိပ်တစ်ခုလုံးသည် ရှန်းလိသစ်ပင်ကိုဗဟိုပြုပြီး လည်ပတ်နေရသည့်သဘောပင်.....

"မျှော်စင်တွေရဲ့ အမှောင်ထု သိပ်သည်းဆက တခုနဲ့တခု မတူဘူး... အဲ့တာ ဝါးမျိုမှုအဆင့်အလိုက် ကွာခြားနေတာလား..."

ပိုင်မျန်မျန် မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်.... တွေးတတ်သားပဲ...."

ကျန်းချင်းအာ ချီးကျူးလိုက်သည့်အခါ ပိုင်မျန်မျန် ရှက်ပြီး ခေါင်းပြန်မဖော်ရဲတော့ပေ။

“သူပြောသလိုပဲ..... သန့်စင်ရေးမျှော်စင်တစ်ခုစီတိုင်းမှာ ဝါးမျိုမှုအဆင့်တွေ ကွဲပြားတဲ့အတွက် ကောလိပ်က မှတ်ရလွယ်အောင် အဆင့်သုံးခု ခွဲပေးထားတယ်....."

" ငါတို့ ရောက်နေတဲ့ သန့်စင်ရေးမျှော်စင် ပတ်ပတ်လည် ဧရိယာကို ယေဘုယျအားဖြင့် အဆင့်တစ်အဖြစ်သတ်မှတ်ထားတယ်.... ဒါပေမယ့် လုံခြုံတဲ့ အခြေစိုက်စခန်းကနေပိုဝေးလေလေ အမှောင်ထုက ပိုအားကောင်းလေလေပဲ အဲ့နေရာတွေက အဆင့် (၂) ဖြစ်လာမှာသေချာတယ်....."

သူမသည်  ပိုသိသာထင်ရှားသည့် မြေပုံပေါ်ရှိ နောက်ထပ်အမှတ်အချို့ကို ညွန်ပြနေသည်။

လီလော့ သေချာကြည့်ပြီး တွက်ချက်လိုက်သည့်အခါ အဝေးဆုံးနေရာတွင်ရှိနေသော မျှော်စင်များသည် အမှန်ပင် နက်စွေးနေကြသည်။

"အဲ့ဒါတွေက အဆင့်သုံး သန့်စင်ရေးမျှော်စင်တွေလား...."

လီလော့ မေးလိုက်သည်ကို ကျန်းချင်းအာ

က  ခေါင်းညိတ်လိုက်ပြီး....

“အဲ့မျှော်စင်နှစ်ခုက ​အန္တရာယ်အရှိဆုံးနေရာ နှစ်ခုဖြစ်တဲ့အပြင် ငါတို့ရဲ့ သုတ်သင်ရေးမစ်ရှင်ရဲ့ နောက်ဆုံးပန်းတိုင်ဆိုလည်း မမှားဘူး....."

"အဲ့ဒီမှာ အခြေနေအတော်ဆိုးရွားနေပြီး ပိုအားကောင်းတဲ့ ကမ္ဘာခြားသက်ရှိတွေ ပေါ်လာဖို့ အခွင့်အလမ်းလည်း ပိုများတယ်..... ကိုင်တွယ်ဖြေရှင်းဖို့ ခက်တယ်....ဒါပေမယ့် ငါတို့သွားကိုသွားရလိမ့်မယ်....."

ချိုးပိုင်က ရယ်ပြီး တင်းမာမှုကို ချိုးဖျက်လိုက်သည်။

"အန္တရာယ်များတဲ့နေရာမှာ ​မြင့်မားတဲ့ဆုလာဘ်တွေရှိတယ်လေ.... အဆင့်သုံး သန့်စင်ရေးမျှော်စင်တွေက အမှတ် 10,000 တန်တ....မင်းသိတယ်မလား...."

လီလော့ ဆွံ့အနေလေပြီ.....

"အမှတ် 10,000....."

// ဟုတ်ပါ့မလား.....လပတ်စစ်ဆေးမှုမှာ ရေကုန်ရေခမ်း ကြိုးစားခဲ့ပေမယ့် အမှတ်ကလေး ငါးထောင်လောက်ပဲရခဲ့တာ...အခုဟာက မျှော်စင်တစ်ခုကိုတစ်သောင်းဆိုတော့.......//

ကျန်းချင်းအာ ခေါင်းညိတ်လိုက်သည်။

"အဆင့်သုံးမျှော်စင်အတွက် အမှတ် 10,000၊ အဆင့်နှစ်မျှော်စင်အတွက် အမှတ် 4,000 ၊အဆင့်တစ်သမျှော်စင်အတွက် အမှတ် 1,500......"

ဤသည်မှာ မက်လောက်စရာပင်.....

ယခုချိန်တွင် စားပွဲပေါ်ရှိ မြေပုံကို ရတနာမြေပုံတစ်ခုအဖြစ်သာ မြင်နေတော့သည်။ဟုတ်ပေသည် မြေပုံပေါ်တွင် အနက်ရောင်ခြယ်သထားသော မျှော်စင်အတော်များများရှိနေသည်။

စုစုပေါင်း ဘယ်လောက်ရှိမလဲ.......

// ဝိုးးး အမှတ်အလွယ်ရဖို့အကောင်းဆုံးနည်းလမ်းပဲ...ဒါ့ကြောင့်မို့ ချင်းအာက သူနဲ့အတူလိုက်ဖို့ ခေါ်နေတာပေါ့......//

"မျှော်စင်ရမှတ်တွေအပြင် ကမ္ဘာခြားသက်ရှိတွေကို သုတ်သင်နိုင်ရင်လည်း အမှတ်တွေရရဉီးမှာ.....အဖြူရောင်တိုက်စားသူတွေဆိုအမှတ် 500... အနီရောင်တိုက်စားသူတွေဆို eroder အမှတ် 800 .....ကပ်ဘေးအဆင့်တွေကို ကမ္ဘာမြေနဲ့ရင်းနှီးခြင်းနဲ့ ကောင်းကင်နစ်မြှုပ်ခြင်းဆိုပြီး နှစ်မျိုးခွဲခြားထားတယ်..... ကောင်းကင်နစ်မြုပ်ခြင်း အဆင့်တွေပေါ်လာဖို့ ရာခိုင်နှုန်းနည်းတဲ့အတွက် ကမ္ဘာမြေနဲ့ရင်းနှီးခြင်းအဆင့်တွေကိုပဲ သတိထားရမယ်.....ကမ္ဘာမြေနဲ့ရင်းနှီးခြင်းအဆင့်ကို

အဆင့်တွေ ထပ်ခွဲထားသေးတယ်.....တချို့သန်မာတဲ့ကမ္ဘာမြေနဲ့ရင်းနှီးခြင်းအဆင့်တွေဆို အမှတ် 4000တန်တယ်...အားနည်းတဲ့သူတွေဆို အမှတ် 2000 ပဲတန်တယ်....

ကြောက်ရွံ့ခြင်းကို လောဘက အနိုင်ယူသွားခဲ့လေပြီ.....

" ဒါဆို ဘယ်တော့ လုပ်ငန်းစကြမှာလဲ...."

ထျန်ထျန်းနှင့်ချိုးပိုင်တို့သည် လီလော့၏ စိတ်အားထက်သန်လွန်းသော အသွင်အပြင်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

ကျန်းချင်းအာက ရယ်မောလိုက်ပြီး....

“ကဲ....အချိန်မရှိဘူး..... အရိပ်လှိုဏ်ဂူရဲ့

ကြောက်မက်ဖွယ်စမ်းသပ်မှုတွေကို ကြိုဆိုလိုက်ရအောင်....."

All Chapters